န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မႏၱေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ခရိုင္ ျမစ္သားၿမိဳ႕နယ္ ကူမဲ ဆည္ေတာ္နံဘုရားပြဲတြင္ ေဖေဖာ္ဝါရီလ (၁၀) ရက္ေန႔ ည (၁၁) နာရီခြဲအခ်ိန္ခန္႔က ခိုက္ရန္ျဖစ္ပြားရာမွ တပ္မေတာ္အရာရွိတစ္ဦး ေသဆံုးခဲ့ေၾကာင္း ေက်ာက္ဆည္ခရိုင္ရဲတပ္ဖြဲ႕က သိရသည္။

ေသဆံုးသူသည္ ရန္ကုန္ၿမိဳ႕ အမွတ္ ၂ တပ္မေတာ္ေဆးရံုတြင္ စစ္ေဆး သူနာျပဳအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ ဒုဗိုလ္ေအာင္ခန္႔ေက်ာ္ (၂၄) နွစ္ျဖစ္ၿပီး မဂၤလာေဆာင္ရန္အတြက္ ျမစ္သားၿမိဳ႕သို႔ ေခတၱေရာက္ရွိ ေနျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ကူမဲ ဆည္ေတာ္နံဘုရားပြဲသို႔ ေအာင္ခန္႔ေက်ာ္ သည္ ညီျဖစ္သူမ်ားနွင့္အတူသြားေရာက္ခဲ့ၿပီးအျပန္တြင္ အမည္မသိလူငယ္ (၅) ဦးနွင့္ေတြ႔ကာ ခိုက္ရန္ျဖစ္ပြားခဲ့သည္ ။ ထိုသို႔ခိုက္ရန္ျဖစ္ပြားရာတြင္ အမည္မသိလူငယ္မ်ားက ဒုဗိုလ္ေအာင္ခန္႔ေက်ာ္အား ဓားျဖင့္ထိုးျခင္း၊ ၎၏ ညီအား သံတုတ္မ်ားျဖင့္ ရိုက္ႏွက္ျခင္းတုိ႔ကို ခံခဲ့ရျခင္းျဖစ္ၿပီး ေအာင္ခန္႔ေက်ာ္၏ ေနာက္ေက်ာတြင္ ထိုးသြင္းဒဏ္ရာရရွိခဲ့ကာ ကူမဲေဆးရံုသို႔တင္ပို႔စဥ္ ရရွိခဲ့သည့္ ဒဏ္ရာမ်ားျဖင့္ ေဆးရံုတြင္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခိုက္ရန္ျဖစ္ပြားခဲ့သူမ်ားကို ရဲတပ္ဖြဲ႕က စံုစမ္းေဖာ္ထုတ္မႈမ်ား ျပဳလုပ္ခဲ့ရာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ နံနက္ ငါးနာရီအခ်ိန္ခန္႔က ခိုက္ရန္ျဖစ္ပြား ခဲ့သည့္ လူငယ္မ်ားျဖစ္ေသာ ဟိန္းမင္းထက္ (၁၉) နွစ္ ၊ စည္သူေက်ာ္ (၁၈) နွစ္၊ ညီညီေအာင္ (၁၆) နွစ္ ၊ ေနထက္ဝင္း (၂၃) နွစ္ ႏွင့္ ဖိုးသား (၂၀) နွစ္တုိ႔ကို ဖမ္းဆီးရမိခဲ့သည္။ ၄င္းတို႔အထဲမွ ဟိန္းမင္းထက္ (၁၉) နွစ္သည္ ဒုဗိုလ္ေအာင္ခန္႔ေက်ာ္ကို ဓားျဖင့္ထိုးသူျဖစ္သည္။

ယင္းျဖစ္စဥ္ႏွင့္ ပက္သက္ၿပီး ျမစ္သားၿမိဳ႕နယ္ ကူမဲေက်းရြာ ရဲစခန္းတြင္ (ပ)၂၃/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/၃၂၅/၁၁၄ တုိ႔ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lwinpyin

#Unicode Version#
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲ ဆည်တော်နံဘုရားပွဲတွင် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည (၁၁) နာရီခွဲအချိန်ခန့်က ခိုက်ရန်ဖြစ်ပွားရာမှ တပ်မတော်အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့က သိရသည်။

သေဆုံးသူသည် ရန်ကုန်မြို့ အမှတ် ၂ တပ်မတော်ဆေးရုံတွင် စစ်ဆေး သူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒုဗိုလ်အောင်ခန့်ကျော် (၂၄) နှစ်ဖြစ်ပြီး မင်္ဂလာဆောင်ရန်အတွက် မြစ်သားမြို့သို့ ခေတ္တရောက်ရှိ နေခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ကူမဲ ဆည်တော်နံဘုရားပွဲသို့ အောင်ခန့်ကျော် သည် ညီဖြစ်သူများနှင့်အတူသွားရောက်ခဲ့ပြီးအပြန်တွင် အမည်မသိလူငယ် (၅) ဦးနှင့်တွေ့ကာ ခိုက်ရန်ဖြစ်ပွားခဲ့သည် ။ ထိုသို့ခိုက်ရန်ဖြစ်ပွားရာတွင် အမည်မသိလူငယ်များက ဒုဗိုလ်အောင်ခန့်ကျော်အား ဓားဖြင့်ထိုးခြင်း၊ ၎င်း၏ ညီအား သံတုတ်များဖြင့် ရိုက်နှက်ခြင်းတို့ကို ခံခဲ့ရခြင်းဖြစ်ပြီး အောင်ခန့်ကျော်၏ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ကာ ကူမဲဆေးရုံသို့တင်ပို့စဉ် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုက်ရန်ဖြစ်ပွားခဲ့သူများကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ငါးနာရီအချိန်ခန့်က ခိုက်ရန်ဖြစ်ပွား ခဲ့သည့် လူငယ်များဖြစ်သော ဟိန်းမင်းထက် (၁၉) နှစ် ၊ စည်သူကျော် (၁၈) နှစ်၊ ညီညီအောင် (၁၆) နှစ် ၊ နေထက်ဝင်း (၂၃) နှစ် နှင့် ဖိုးသား (၂၀) နှစ်တို့ကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အထဲမှ ဟိန်းမင်းထက် (၁၉) နှစ်သည် ဒုဗိုလ်အောင်ခန့်ကျော်ကို ဓားဖြင့်ထိုးသူဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်ပြီး မြစ်သားမြို့နယ် ကူမဲကျေးရွာ ရဲစခန်းတွင် (ပ)၂၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၅/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top