ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ညီမလေး.. သူများကို သိပ်ပြီးအားကျစရာမလိုပါဘူး။ ကိုယ့်လျှောက်မဲ့လမ်းကိုသာ အကောင်းဆုံးဖြစ်အောင်လျှောက်ပါ။ လူဆိုတာ ပြောမရဘူး၊ သူများလည်း ကိုယ့်ကို အားကျရင် အားကျနေမှာ။
ညီမလေး... လူဆိုတာ ကိုယ့်စိတ်ကို ကိုယ်နိုင်နင်းရတယ်။ လူဆိုတာ..ကိုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုရင် ကိုယ့်စိတ်ရဲ့ ကျေးကျွန် ဖြစ်သွားတတ်တယ်။
ညီမလေး.... တိုးတက်ချင်တဲ့စိတ်၊ အလုပ်ကို မြတ်နိုးတဲ့စိတ် မွေးရတယ်။ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ကောင်းကွက်ကို ရွေးချယ်ကြည့် တတ်ရမယ်။ အကောင်းမြင်မယ်။ အလုပ်အပေါ် တိကျမယ်။ ကောင်းမွန်ပြီးဆုံးအောင် ကြိုးစားနေမယ် ဆိုရင် အကျိုးအမြတ်ဆိုတာ ဘေးထွက်ပစ္စည်းပါ။
ညီမလေး.... သနားကျင်နာ တတ်တဲ့စိတ်၊ သူများကို ကူညီတတ်တဲ့ စေတနာ၊ နားလည်ခွင့်လွတ်တတ်တဲ့ သဘောထား ဒါတွေ အားလုံးဟာ ညီမလေးကို ပိုမို လှပသွားစေမှာပါ။
အားကစား တစ်ခု စွဲစွဲမြဲမြဲ လုပ်ပါ။ ပုံမှန် ဆေးစစ်ပါ။ မိန်းခလေးဟာ ရောဂါနည်းနည်း ပိုများတတ်သလိုပဲ။ ကိုယ့်ကျန်းမာရေးကို ကိုယ်တာဝန် ယူရပါမယ်။ ဒါဟာ မိသားစုအပေါ် တာဝန်ယူတာနဲ့ အတူတူပါပဲ။
ညီမလေး.… အခြေအနေအရ ဘာကိုပဲ စွန့်လွတ်စွန့်လွတ် အကျင့်စာရိတ္တရယ်၊ အပြုံးရယ်၊ ကိုယ့်ကိုကို ယုံကြည်ချက်ရယ် မစွန့်လွတ်ရဘူး။ ဒါတွေ အားလုံးဟာ ညီမလေး ဘ၀လှစေဖို့ ပံပိုးပေးမဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ချည်းပဲ။
Credit: Original
#Unicode Version#
ညီမလေး…. လွတ်လွတ်လပ်လပ် တွေးခေါ်ပါ။ မိန်းမဆိုုတာ... မေတ္တာအရရော၊ ငွေရေးကြေးရေး အရပါ သူတစ်ပါးကိုု နည်းနည်းပါးပါး အားကိုုးလိုု့ ရရင်ရမယ်။ ဒါပေမဲ့.... အကောင်းဆုံုးကတော့ ကိုုယ့်ကိုုယ်ကိုု အားကိုုးခြင်းပါပဲ။
ညီမလေး… စာများများဖတ်ပါ။ များများ လေ့လာပါ။ ပန်းအိုုးဆိုုတာ ကျကွဲလွယ်လွန်း တတ်သလိုု လှပခြင်းဆိုုတာလည်း ရင့်ရော်လွယ်လွန်း လှပါတယ်။ ညီမလေးရဲ့ ရင်တွင်းအလှ နဲ့ ပင်ကိုုယ်အရည်အသွေး များသာ ညီမလေးကိုု အမြဲ အဖေါ် ပြုသွားမှာပါ။
ညီမလေး.… အထီးကျန်ခြင်းနဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား အဖွဲ့ကျနိုုင်ပေမဲ့ မိမိကိုုယ်မိမိ မိမိ အတွင်းစိတ်နဲ့ အဆင်ပြေအောင် နေထိုုင်တတ်ခြင်းသာ ဘဝတစ်ခုုလုံုးအတွက် အားအကိုုးရဆုံုး ဖြစ်တတ်တယ်။
ညီမလေး.. သူများကိုု သိပ်ပြီးအားကျစရာမလိုုပါဘူး။ ကိုုယ့်လျှောက်မဲ့လမ်းကိုုသာ အကောင်းဆုံုးဖြစ်အောင်လျှောက်ပါ။ လူဆိုုတာ ပြောမရဘူး၊ သူများလည်း ကိုုယ့်ကိုု အားကျရင် အားကျနေမှာ။
ညီမလေး... လူဆိုုတာ ကိုုယ့်စိတ်ကိုု ကိုုယ်နိုုင်နင်းရတယ်။ လူဆိုုတာ..ကိုုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုုရင် ကိုုယ့်စိတ်ရဲ့ ကျေးကျွန် ဖြစ်သွားတတ်တယ်။
ညီမလေး.... တိုုးတက်ချင်တဲ့စိတ်၊ အလုုပ်ကိုု မြတ်နိူးတဲ့စိတ် မွေးရတယ်။ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ကောင်းကွက်ကိုု ရွေးချယ်ကြည့် တတ်ရမယ်။ အကောင်းမြင်မယ်။ အလုုပ်အပေါ် တိကျမယ်။ ကောင်းမွန်ပြီးဆုံုးအောင် ကြိုးစားနေမယ် ဆိုုရင် အကျိုးအမြတ်ဆိုုတာ ဘေးထွက်ပစ္စည်းပါ။
ညီမလေး.... သနားကျင်နာ တတ်တဲ့စိတ်၊ သူများကိုု ကူညီတတ်တဲ့ စေတနာ၊ နားလည်ခွင့်လွတ်တတ်တဲ့ သဘောထား ဒါတွေ အားလုံုးဟာ ညီမလေးကိုု ပိုုမိုု လှပသွားစေမှာပါ။
အားကစား တစ်ခုု စွဲစွဲမြဲမြဲ လုုပ်ပါ။ ပုံုမှန် ဆေးစစ်ပါ။ မိန်းခလေးဟာ ရောဂါနည်းနည်း ပိုုများတတ်သလိုုပဲ။ ကိုုယ့်ကျန်းမာရေးကိုု ကိုုယ်တာဝန် ယူရပါမယ်။ ဒါဟာ မိသားစုုအပေါ် တာဝန်ယူတာနဲ့ အတူတူပါပဲ။
ညီမလေး.… အခြေအနေအရ ဘာကိုုပဲ စွန့်လွတ်စွန့်လွတ် အကျင့်စာရိတ္တရယ်၊ အပြုံးရယ်၊ ကိုုယ့်ကိုုကိုု ယုံုကြည်ချက်ရယ် မစွန့်လွတ်ရဘူး။ ဒါတွေ အားလုံုးဟာ ညီမလေး ဘဝလှစေဖိုု့ ပံပိုုးပေးမဲ့ ကိုုယ်ရည်ကိုုယ်သွေးတွေ ချည်းပဲ။
ဖိုးသူတော် (www.phothutaw.com)
Credit: Original
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top