iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၀၇ ၾသဂုတ္လမွာ.. ကၽြန္မမိခင္.. အမ်ိဳးသမီး..ေရာဂါတစ္ခုေၾကာင့္.. ေျမာက္ဥကၠလာေဆးရံုမွာ.. ၂ လခန္႔ၾကာေအာင္.. ေဆးကုသမႈခံယူရပါတယ္.. ေဆးရံုဆိုေတာ့.. သိတဲ့အတိုင္း မည္သူမွ.. သြားခ်င္တဲ့..ေနရာ.. မဟုတ္ေပမယ့္.. တကယ္တမ္း.. ျဖစ္လာေတာ့လည္း.. သြားရတာပါပဲ.. ၂ လဆိုတဲ့.. သက္တမ္းမွာ.. အဲ့ဒီေဆးရံုအေၾကာင္းမွာရွိတဲ့..ေပတေတြရဲ႕..အေၾကာင္းကို.. သိလာရတဲ့အျပင္.. ကုိယ္ကိုယ္တိုင္ပါ… ႀကံဳခဲ့ရပါတယ္.. ေဆးရံုမွာ.. ေရခဲတိုက္ပါရွိေတာ့.. ေန႔စဥ္.. ေသေနတဲ့.. သူေတြကို… သံအုပ္ေဆာင္း အေခါင္းနဲ႔..ေခၚေခၚသြားတာကိုလည္း.. ျမင္ရပါမ်ားလို႔..ရိုးေနပါၿပီ…

လူေသလို႔. သံအုပ္ေဆာင္း အလြတ္နဲ႔..လာေခၚရင္.. ဂလုန္းဂလုန္း နဲ႔..အသံကလည္း.. ညဘက္ဆိုရင္..စိတ္ေျခာက္ျခားဖြယ္ရာပါ.. လူေသကို.. ေရခဲတိုက္ေခၚသြားတဲ့..လုပ္သားေတြကလည္း.. ညဆိုရင္.. အရက္ကို… မူးေအာင္.. ေသာက္ၿပီးမွ.. ေရခဲတိုက္ထဲကို.. ၀င္ရဲတယ္ဆိုတဲ့အေၾကာင္းလည္း.. တဆင့္စကားနဲ႔.. သိရပါတယ္.. ကၽြန္မကိုယ္တိုင္ကလည္း.. သရဲဆို… ေသေလာက္ေအာင္.. ေၾကာက္တတ္ေပမဲ့.. ငယ္ငယ္ထဲက.. သရဲကားဆိုရင္.. မၾကည့္ရမေနႏိုင္ပဲ.. ယပ္ေတာင္ၾကားက.. ခိုးၾကည့္ရင္းနဲ႔. ၁ ကားလံုးၿပီးတဲ့အထိၾကည့္သူပါ…. အသုဘသြားပို႔ရင္လည္း.. လူေသရဲ႕… လက္တို႔.. ေျခေထာက္တို႔ကို.. သြားကိုင္ၾကည့္တတ္တယ္..

ညအိပ္ေတာ့မွ… ေစာင္ႀကီးေခါင္းမူးၿခံဳၿပီး… ငါကိုင္ခဲ့တာႀကီးက.. ေအးစက္ေနတာပဲဆိုၿပီး.. ေၾကာက္ရတဲ့.. အရသာကို.. တစိမ့္စိမ့္နဲ႔.. ခံစားတတ္သူပါ… ဒီေတာ့.. ေဆးရံုေရာက္တုန္းလည္း.. ဘယ္ေနလိမ့္မလဲ… ေဘးကုတင္က. လူနာေစာင့္ကို.. အေဖာစပ္ၿပီး.. ေရခဲတိုက္.. ဘက္ကို.. ေန႔ခင္းဘက္.. သြားစပ္စုလိုက္ေသးတယ္… သရဏံဂုဏ္.. တင္တဲ့ဇရပ္လည္း.. ေရခဲတိုက္အေရွ႕မွာ..ရွိပါတယ္..

ေန႔တိုင္းေန႔ေရာ ညေရာ.. တြန္းတြန္းေနတဲ့.. လူေသတင္တဲ့.. လွည္းနဲ႔.. အေခါင္း တခုကိုလည္း.. အဲ့ဒီ့အနီးတ၀ိုက္မွာပဲေတြ႕တယ္… လူေသေတြရွိတဲ့… ေနရာမို႔လို႔လားပဲ..မသိပါဘူး….. တကယ့္ကို.. တစျပင္ပါပဲ… ေဆးရံုနားတ၀ိုက္မွာ.. ဟိုဟိုဒီဒီ… တြန္ေနတဲ့… ငွက္ကေလးေတြအသံကိုေတာင္.. အဲ့ဒီ့နားမွာ.. မၾကားရဘူး.. က်ီးကန္း ၂ ေကာင္.. ၃ ေကာက္ေလာက္.. အာေနတဲ့..အသံပဲ.ၾကားရတယ္… ေန႔ခင္းေတာင္.. ေျခာက္ျခားစရာပါပဲ…

ေရခဲတိုက္က..မွန္ေတြကိုေတာ့… သတင္းစာစကၠဴေတြ.. ကပ္ထားတယ္.. အထဲကိုေတာ့.. လွမ္းၾကည့္လို႔မရပါဘူး.. ကၽြန္မတို႔ ၂ေယာက္လည္း.. အေဆာက္အဦး.. တ၀က္အထိပဲေရာက္လိုက္တယ္.. အဆံုးအထိသြားဖို႔ကို… ကိုယ့္စိတ္က..ခြင့္မျပဳဘူး… ဒါနဲ႔ပဲ.. ျပန္လွည့္ခဲ့ၾကတယ္…

ဒီၾကားထဲမွာ.. ေမြးဖြားေဆာင္ဘက္မွာလည္း.. ခဏခဏ.. သရဲေျခာက္တယ္ဆိုတဲ့.. အသံေတြ.. ၾကားရပါတယ္.. ညဘက္ကို… ညည္းသံၾကားရတာေတြ… နာ့စ္တစ္ေယာက္… လူနာၾကည့္ၿပီး အျပန္မွာ.. သူ႔ေဘးနားက.. ေခါင္းမပါပဲ.. ကိုယ္ႀကီးသက္သက္.. ျဖတ္သြားတာေတြ… ဆရာ၀န္မ တစ္ေယာက္.. ညဘက္.. ဂ်ဴတီက်လို႔.. နားေနခန္းမွာ.. ၀င္အိပ္ေနတုန္း… ေဘးနားမွာ.. သရဲက.. ယပ္လာခပ္ေပးေနတာေတြ.. မ်ိဳးစံုပါပဲ… ေအာ္.. ဒါနဲ႔… ေမြးေဆာင္နဲ႔. ကၽြန္မတို႔.. အမ်ိဳးသမီးေဆာင္နဲ႔က.. မ်က္ႏွာခ်င္းဆိုင္ပါ…..

ေမြးေဆာင္အျပင္ဘက္က.. ေကာ္ရစ္တာမွာေတာ့. လူေတြ.. ရႈပ္ေနတာပါပဲ.. အမ်ိဳးသားေတြက… ေမြးေဆာင္မွာ.. ညမအိပ္ရဘူးဆိုေတာ့.. ေမြးဖြားသူ.. ေယာက္်ားေတြနဲ႔.. ကေလးေတြ.. အမ်ိဳးေတြနဲ႔.. ေကာ္ရစ္တာမွာ.. ျပည့္ေနတာပါပဲ…. ကဲ.. ထားပါေတာ့.. လုိရင္းက.. အခုမွ.. ေရာက္မွာ…. အဲ့ဒီ့ေန႔ညက.. မိုးေလး.. ခပ္ဖြဲဖြဲရြာေနတယ္.. ဒီေတာ့…. ကၽြန္မတို႔အခန္းမွာ.. ျပဴတင္းေပါက္.. တံခါးေတြကို.. အားလံုးနီးပါ.. ပိတ္ထားတယ္… အခန္း၁ ခန္းမွာ.. ကုတင္က.. ၁၅ လံုး.. ၁၆ လံုးခန္႔.. ေျခရင္းျခင္းဆိုင္ၿပီးေတာ့.. ထားထားပါတယ္… အခန္းက.. အမ်ိဳးသမီးေဆာင္မွာ.. စုစုေပါင္း.. ခန္းမက်ယ္.. ၃ ခန္းရွိတယ္… အခန္းေတြတိုင္းမွာ… ထြက္ေပါက္က… ၂ ခုရွိပါတယ္…

ကၽြန္မတို႔က.. အမ်ိဳးသမီးေဆာင္.. ၀င္၀င္ခ်င္း ပထမဆံုးအခန္း…. အဲ့ဒီ့ေန႔က.. ကၽြန္မတို႔ေဘးကုတင္က.. လူနာဆင္းသြားေတာ့.. ကၽြန္မမိခင္က.. အဲဒီ့.. ကုတင္မွာ.. သြားအိပ္ပါတယ္… ခါတိုင္းက.. ကုတင္၁ ခု ထဲမွာပဲ.. သားအမိ၂ ေယာက္… အိပ္တယ္.. ထားပါ.. အဲ့ေန႔ကေတာ့.. ကၽြန္မ.. ၁ ေယာက္ထဲ.. လူနာကုတင္မွာ.. အိပ္ေနတာေပါ့ေနာ္… ည ၃ နာရီလည္း ထိုးေရာ.. ကၽြန္မရုတ္တရက္.. ႏိုးလာပါတယ္

လူတိုင္း ညဘက္ အိပ္ေနရင္း တေရးႏိုးဖူးၾကမွာပါ… ဒါေပမဲ့.. အိပ္ခ်င္မူးတူးေတာ့..ျဖစ္ေနတတ္ပါတယ္.. ကၽြန္မႏိုးလာပံုက.. အဲ့လိုမဟုတ္ဘူး.. ႏိုးႏိုးခ်င္း.. ေခါင္းက.. ၾကည္ေနတာပဲ.. အျမင္လည္းၾကည္ေနတယ္… မ်က္ႏွာခ်င္းဆိုင္က.. ေဆးရံုနာရီၾကည့္လိုက္ေတာ့.. ၃ နာရီ.. တိတိ… လူကလည္း.. ၾကည္ၾကည္လင္လင္ႏိုးလာေတာ့.. အူေၾကာင္ေၾကာင္ျဖစ္ေနတယ္.. အဲ့ဒီအခ်ိန္မွာ.. ေျခသံ. တဖ်ပ္ဖ်ပ္.. ၾကားရပါတယ္..

အမ်ိဳးသမီးေဆာင္.. အ၀င္ေပါက္ ညာဘက္က..ေလွ်ာက္လာတာပါ… ေစာေစာက.. ကၽြန္မေျပာသလို.. မိုးရြာလို႔.. တခါးေတြအားလံုးပိတ္ထားေပမဲ့… ဘယ္ဘက္က.. ၀င္ေပါက္ကေတာ့…တျခမ္းပဲ.. ေစ့ထားပါတယ္.. ေလွ်ာက္လာတာက.. မိန္းမတစ္ေယာက္ဆိုတာကို.. ပိတ္ထားတဲ့… တံခါးမွန္ေတြထဲက.. ျမင္ရပါတယ္.. ပုပု.. ၀၀… ကၽြန္မလည္း.. သတိလက္လြတ္ပဲ.. သူေလွ်ာက္ရင္းေပၚလာတဲ့.. တံခါးမွန္တိုင္းကို… လိုက္ၾကည့္ေနမိတယ္..

စိတ္ထဲမွာလဲ.. ဘယ္ဘက္က.. တံခါးမႀကီးေရာက္ရင္.. သူ႕ကို.. တကိုယ္လံုးျမင္ရမယ္ေပါ့… ဒါနဲ႔.. သူက.. တျခမ္းပိတ္ထားတဲ့… တံခါးကို..ေရာက္ေတာ့.. တံု႔ခနဲ.. ရပ္လိုက္တယ္…. ၿပီးေတာ့.. အခန္းထဲကို..လွမ္းၾကည့္ပါတယ္.. သူ႕ကိုလည္း.. ကၽြန္မ.. ျမင္ေနရၿပီ… စစ္အက်ၤ ီလက္ရွည္ကို.. တံေတာင္နားအထိ.. ေခါက္ၿပီး၀တ္ထားတယ္… စစ္အက်ၤ ီဆိုေတာ့.. ရင္ဘက္ ၂ ဖက္လံုးက.. အိတ္၂ အိတ္ကိုေတာင္..ျမင္ရတယ္.. အသားက.. ခပ္ညိဳညိဳ… ပါးအျပည့္မွာလည္း…. ပါးကြက္လိုမ်ိဳး.. ျဖဴျဖဴႏွစ္ဖက္က..ထင္းေနပါတယ္..

သူကလည္း.. ကၽြန္မကို..ၾကည့္ေနတယ္.. ကၽြန္မကလည္း.. ဒီမိန္းမ.. ဘာလာၾကည့္ေနတာလည္းဆိုၿပီး.. ကုတင္ေပၚမွာ… အိပ္ေနရာက.. ထၿပီး.. ေျခႀကီးဆင္း ခါးႀကီးကုန္းၿပီး.. မ်က္ေမွာက္ကုပ္ၿပီးၾကည့္ေနမိတယ္.. အနည္းဆံုးေတာ့.. သူနဲ႔.. ကၽြန္မ..ၾကည့္ေနၾကတာ.. စကၠန္႔၃၀ ေလာက္ေတာ့..ၾကာမယ္.. ၾကည့္ေနရင္းနဲ႔… လမ္းေလွ်ာက္သြားတာလည္းမဟုတ္.. ေပ်ာက္သြားေရာ.. မ်က္ေတာင္မခတ္ပဲ.. ကၽြန္မ..ၾကည့္ေနမိလို႔.. သူေပ်ာက္သြားတယ္လို႔.. တပ္အပ္ေျပာႏိုင္တာပါ…

ေပ်ာက္သြားေတာ့.. အူေၾကာင္ေၾကာင္ျဖစ္သြားတယ္.. ေနာက္ေတာ့.. ေခါင္းထဲ.. ၀င္လာတဲ့..အေတြးက.. ကၽြန္မတို႔.. အမ်ိဳးသမီးေဆာင္မွာ.. ညဘက္.. ၉း၀၀ ဆိုရင္… အေဆာင္ကို… တာ၀န္က်.. နာ့စ္ေတြက… ပိတ္လိုက္ပါတယ္. ဘာလို႔လဲဆိုေတာ့.. ဟိုဘက္ေမြးေဆာင္က.. လူနာရွင္ေတြက.. အိမ္သာလာသံုးမွာ.. စိုးလို႔ပါ…

လူနာေစာင့္ေတြ..မ်ားေနေတာ့..၀င္လိုက္ထြက္လိုက္နဲ႔ဆိုရင္.. အမ်ိဳးသမီးေဆာင္က.. လူနာေတြ… မအိပ္ရမွာ..စိုးလို႔ဆိုၿပီးေတာ့.. .. ကၽြန္မ..သတိရလိုက္ေတာ့.. တံခါးက.. ပိတ္ထားတယ္.. ထိပ္ဆံုးခန္းျဖစ္လို႔.. သူေလွ်ာက္လာတဲ့ဘက္မွာလည္း.. အခန္းမရွိဘူး… ဒါဆိုရင္.. ေစာေစာက.. မိန္းမကဘယ္ကလဲ…… !!!!!!

အဲ့ေတာ့မွပဲ.. ေဘးကုတင္က.. အေမ့ကိုႏိႈး… သရဲေျခာက္ခံရတယ္.. အေမေရဆိုၿပီး.. မိုးလင္းတဲ့အထိ.. အိပ္မေပ်ာ္ေတာ့ပါဘူး… အၿမဲလိုလို.. ေၾကာက္လိုက္ရတာေနာ္..အေမွာင္ထဲဆိုမသြားရဲ… သရဲဆိုရင္… ဆံပင္က. ဖားယားႀကီးနဲ႔လား.. မ်က္လံုးက.. ဘယ္ေလာက္… ျပဴးလဲ.. လွ်ာက.. တန္းလန္းႀကီးလားနဲ႔… အမ်ိဳးမ်ိဳးပံုေဖာ္ေၾကာက္ေနတာ… ေတြ႕လိုက္ေတာ့လည္း… ေျခာက္လို႔.. ေျခာက္မွန္းေတာင္မသိ… သရဲလည္း.. စကၠန္း ၃၀ ေလာက္.. ေျခာက္ျပတာေတာင္.. မ်က္ေမွာင္ကုပ္ၿပီးျပန္ၾကည့္ေနသဟ ဆိုၿပီး စိတ္ပ်က္သြားတယ္.. ထင္ပါရဲ႕… ေနာက္၁ႏွစ္ခန္႔အၾကာမွာမွ.. သူငယ္ခ်င္းဆီက.. ျပန္သိလုိက္ရတာက… ေျမာက္ဥကၠလာေဆးရံုမွာ.. ပါးကြက္.. သရဲရွိတယ္ဆိုပဲ… သူလည္း.. တဆင့္ၾကားလာတာပါ..

ဒီေတာ့မွ.. ငါႀကံဳခဲ့ရတာ.. အဲဒီ့.. ပါးကြက္..သရဲပဲထင္တယ္..ဆိုၿပီး…… စာအေရးအသားမေကာင္းရင္.. ခြင့္လႊတ္ၾကပါ… ေပတမွာ.. ၀င္၀င္ဖတ္ေနေပမဲ့.. အခုတေလာ.. ကုန္ၾကမ္းရွားေနတယ္ဆိုလို႔… အခုလို.. ၀င္ေရးရျခင္းပါ…. သရဲေျခာက္ခံရတာလည္း.. အဲ့ဒါက… ပထမဆံုးနဲ႔..ေနာက္ဆံုးပါပဲ.. ေနာက္ထပ္.. သူငယ္ခ်င္းရဲ႕.. အေဒၚ.. ခ်ီးစားစုန္းနဲ႔..ေတြ႕တာေလးလည္း… အခ်ိန္ရရင္.. ၀င္ေရးပါအံုးမယ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Su Zaw @ ေပတေလာက စိတ္၀င္စားသူမ်ား

# Unicode Version ျဖင့္ ဖတ္ပါ #
၂၀၀၇ သြဂုတ်လမှာ.. ကျွန်မမိခင်.. အမျိုးသမီး..ရောဂါတစ်ခုကြောင့်.. မြောက်ဥက္ကလာဆေးရုံမှာ.. ၂ လခန့်ကြာအောင်.. ဆေးကုသမှုခံယူရပါတယ်.. ဆေးရုံဆိုတော့.. သိတဲ့အတိုင်း မည်သူမှ.. သွားချင်တဲ့..နေရာ.. မဟုတ်ပေမယ့်.. တကယ်တမ်း.. ဖြစ်လာတော့လည်း.. သွားရတာပါပဲ.. ၂ လဆိုတဲ့.. သက်တမ်းမှာ.. အဲ့ဒီဆေးရုံအကြောင်းမှာရှိတဲ့..ပေတတွေရဲ့..အကြောင်းကို.. သိလာရတဲ့အပြင်.. ကိုယ်ကိုယ်တိုင်ပါ… ကြုံခဲ့ရပါတယ်.. ဆေးရုံမှာ.. ရေခဲတိုက်ပါရှိတော့.. နေ့စဉ်.. သေနေတဲ့.. သူတွေကို… သံအုပ်ဆောင်း အခေါင်းနဲ့..ခေါ်ခေါ်သွားတာကိုလည်း.. မြင်ရပါများလို့..ရိုးနေပါပြီ…

လူသေလို့. သံအုပ်ဆောင်း အလွတ်နဲ့..လာခေါ်ရင်.. ဂလုန်းဂလုန်း နဲ့..အသံကလည်း.. ညဘက်ဆိုရင်..စိတ်ခြောက်ခြားဖွယ်ရာပါ.. လူသေကို.. ရေခဲတိုက်ခေါ်သွားတဲ့..လုပ်သားတွေကလည်း.. ညဆိုရင်.. အရက်ကို… မူးအောင်.. သောက်ပြီးမှ.. ရေခဲတိုက်ထဲကို.. ဝင်ရဲတယ်ဆိုတဲ့အကြောင်းလည်း.. တဆင့်စကားနဲ့.. သိရပါတယ်.. ကျွန်မကိုယ်တိုင်ကလည်း.. သရဲဆို… သေလောက်အောင်.. ကြောက်တတ်ပေမဲ့.. ငယ်ငယ်ထဲက.. သရဲကားဆိုရင်.. မကြည့်ရမနေနိုင်ပဲ.. ယပ်တောင်ကြားက.. ခိုးကြည့်ရင်းနဲ့. ၁ ကားလုံးပြီးတဲ့အထိကြည့်သူပါ…. အသုဘသွားပို့ရင်လည်း.. လူသေရဲ့… လက်တို့.. ခြေထောက်တို့ကို.. သွားကိုင်ကြည့်တတ်တယ်..

ညအိပ်တော့မှ… စောင်ကြီးခေါင်းမူးခြုံပြီး… ငါကိုင်ခဲ့တာကြီးက.. အေးစက်နေတာပဲဆိုပြီး.. ကြောက်ရတဲ့.. အရသာကို.. တစိမ့်စိမ့်နဲ့.. ခံစားတတ်သူပါ… ဒီတော့.. ဆေးရုံရောက်တုန်းလည်း.. ဘယ်နေလိမ့်မလဲ… ဘေးကုတင်က. လူနာစောင့်ကို.. အဖောစပ်ပြီး.. ရေခဲတိုက်.. ဘက်ကို.. နေ့ခင်းဘက်.. သွားစပ်စုလိုက်သေးတယ်… သရဏံဂုဏ်.. တင်တဲ့ဇရပ်လည်း.. ရေခဲတိုက်အရှေ့မှာ..ရှိပါတယ်..

နေ့တိုင်းနေ့ရော ညရော.. တွန်းတွန်းနေတဲ့.. လူသေတင်တဲ့.. လှည်းနဲ့.. အခေါင်း တခုကိုလည်း.. အဲ့ဒီ့အနီးတဝိုက်မှာပဲတွေ့တယ်… လူသေတွေရှိတဲ့… နေရာမို့လို့လားပဲ..မသိပါဘူး….. တကယ့်ကို.. တစပြင်ပါပဲ… ဆေးရုံနားတဝိုက်မှာ.. ဟိုဟိုဒီဒီ… တွန်နေတဲ့… ငှက်ကလေးတွေအသံကိုတောင်.. အဲ့ဒီ့နားမှာ.. မကြားရဘူး.. ကျီးကန်း ၂ ကောင်.. ၃ ကောက်လောက်.. အာနေတဲ့..အသံပဲ.ကြားရတယ်… နေ့ခင်းတောင်.. ခြောက်ခြားစရာပါပဲ…

ရေခဲတိုက်က..မှန်တွေကိုတော့… သတင်းစာစက္ကူတွေ.. ကပ်ထားတယ်.. အထဲကိုတော့.. လှမ်းကြည့်လို့မရပါဘူး.. ကျွန်မတို့ ၂ယောက်လည်း.. အဆောက်အဦး.. တဝက်အထိပဲရောက်လိုက်တယ်.. အဆုံးအထိသွားဖို့ကို… ကိုယ့်စိတ်က..ခွင့်မပြုဘူး… ဒါနဲ့ပဲ.. ပြန်လှည့်ခဲ့ကြတယ်…

ဒီကြားထဲမှာ.. မွေးဖွားဆောင်ဘက်မှာလည်း.. ခဏခဏ.. သရဲခြောက်တယ်ဆိုတဲ့.. အသံတွေ.. ကြားရပါတယ်.. ညဘက်ကို… ညည်းသံကြားရတာတွေ… နာ့စ်တစ်ယောက်… လူနာကြည့်ပြီး အပြန်မှာ.. သူ့ဘေးနားက.. ခေါင်းမပါပဲ.. ကိုယ်ကြီးသက်သက်.. ဖြတ်သွားတာတွေ… ဆရာဝန်မ တစ်ယောက်.. ညဘက်.. ဂျူတီကျလို့.. နားနေခန်းမှာ.. ဝင်အိပ်နေတုန်း… ဘေးနားမှာ.. သရဲက.. ယပ်လာခပ်ပေးနေတာတွေ.. မျိုးစုံပါပဲ… အော်.. ဒါနဲ့… မွေးဆောင်နဲ့. ကျွန်မတို့.. အမျိုးသမီးဆောင်နဲ့က.. မျက်နှာချင်းဆိုင်ပါ…..

မွေးဆောင်အပြင်ဘက်က.. ကော်ရစ်တာမှာတော့. လူတွေ.. ရှုပ်နေတာပါပဲ.. အမျိုးသားတွေက… မွေးဆောင်မှာ.. ညမအိပ်ရဘူးဆိုတော့.. မွေးဖွားသူ.. ယောက်ျားတွေနဲ့.. ကလေးတွေ.. အမျိုးတွေနဲ့.. ကော်ရစ်တာမှာ.. ပြည့်နေတာပါပဲ…. ကဲ.. ထားပါတော့.. လိုရင်းက.. အခုမှ.. ရောက်မှာ…. အဲ့ဒီ့နေ့ညက.. မိုးလေး.. ခပ်ဖွဲဖွဲရွာနေတယ်.. ဒီတော့…. ကျွန်မတို့အခန်းမှာ.. ပြူတင်းပေါက်.. တံခါးတွေကို.. အားလုံးနီးပါ.. ပိတ်ထားတယ်… အခန်း၁ ခန်းမှာ.. ကုတင်က.. ၁၅ လုံး.. ၁၆ လုံးခန့်.. ခြေရင်းခြင်းဆိုင်ပြီးတော့.. ထားထားပါတယ်… အခန်းက.. အမျိုးသမီးဆောင်မှာ.. စုစုပေါင်း.. ခန်းမကျယ်.. ၃ ခန်းရှိတယ်… အခန်းတွေတိုင်းမှာ… ထွက်ပေါက်က… ၂ ခုရှိပါတယ်…

ကျွန်မတို့က.. အမျိုးသမီးဆောင်.. ဝင်ဝင်ချင်း ပထမဆုံးအခန်း…. အဲ့ဒီ့နေ့က.. ကျွန်မတို့ဘေးကုတင်က.. လူနာဆင်းသွားတော့.. ကျွန်မမိခင်က.. အဲဒီ့.. ကုတင်မှာ.. သွားအိပ်ပါတယ်… ခါတိုင်းက.. ကုတင်၁ ခု ထဲမှာပဲ.. သားအမိ၂ ယောက်… အိပ်တယ်.. ထားပါ.. အဲ့နေ့ကတော့.. ကျွန်မ.. ၁ ယောက်ထဲ.. လူနာကုတင်မှာ.. အိပ်နေတာပေါ့နော်… ည ၃ နာရီလည်း ထိုးရော.. ကျွန်မရုတ်တရက်.. နိုးလာပါတယ်

လူတိုင်း ညဘက် အိပ်နေရင်း တရေးနိုးဖူးကြမှာပါ… ဒါပေမဲ့.. အိပ်ချင်မူးတူးတော့..ဖြစ်နေတတ်ပါတယ်.. ကျွန်မနိုးလာပုံက.. အဲ့လိုမဟုတ်ဘူး.. နိုးနိုးချင်း.. ခေါင်းက.. ကြည်နေတာပဲ.. အမြင်လည်းကြည်နေတယ်… မျက်နှာချင်းဆိုင်က.. ဆေးရုံနာရီကြည့်လိုက်တော့.. ၃ နာရီ.. တိတိ… လူကလည်း.. ကြည်ကြည်လင်လင်နိုးလာတော့.. အူကြောင်ကြောင်ဖြစ်နေတယ်.. အဲ့ဒီအချိန်မှာ.. ခြေသံ. တဖျပ်ဖျပ်.. ကြားရပါတယ်..

အမျိုးသမီးဆောင်.. အဝင်ပေါက် ညာဘက်က..လျှောက်လာတာပါ… စောစောက.. ကျွန်မပြောသလို.. မိုးရွာလို့.. တခါးတွေအားလုံးပိတ်ထားပေမဲ့… ဘယ်ဘက်က.. ဝင်ပေါက်ကတော့…တခြမ်းပဲ.. စေ့ထားပါတယ်.. လျှောက်လာတာက.. မိန်းမတစ်ယောက်ဆိုတာကို.. ပိတ်ထားတဲ့… တံခါးမှန်တွေထဲက.. မြင်ရပါတယ်.. ပုပု.. ၀၀… ကျွန်မလည်း.. သတိလက်လွတ်ပဲ.. သူလျှောက်ရင်းပေါ်လာတဲ့.. တံခါးမှန်တိုင်းကို… လိုက်ကြည့်နေမိတယ်..

စိတ်ထဲမှာလဲ.. ဘယ်ဘက်က.. တံခါးမကြီးရောက်ရင်.. သူ့ကို.. တကိုယ်လုံးမြင်ရမယ်ပေါ့… ဒါနဲ့.. သူက.. တခြမ်းပိတ်ထားတဲ့… တံခါးကို..ရောက်တော့.. တုံ့ခနဲ.. ရပ်လိုက်တယ်…. ပြီးတော့.. အခန်းထဲကို..လှမ်းကြည့်ပါတယ်.. သူ့ကိုလည်း.. ကျွန်မ.. မြင်နေရပြီ… စစ်အင်္ကျ ီလက်ရှည်ကို.. တံတောင်နားအထိ.. ခေါက်ပြီးဝတ်ထားတယ်… စစ်အင်္ကျ ီဆိုတော့.. ရင်ဘက် ၂ ဖက်လုံးက.. အိတ်၂ အိတ်ကိုတောင်..မြင်ရတယ်.. အသားက.. ခပ်ညိုညို… ပါးအပြည့်မှာလည်း…. ပါးကွက်လိုမျိုး.. ဖြူဖြူနှစ်ဖက်က..ထင်းနေပါတယ်..

သူကလည်း.. ကျွန်မကို..ကြည့်နေတယ်.. ကျွန်မကလည်း.. ဒီမိန်းမ.. ဘာလာကြည့်နေတာလည်းဆိုပြီး.. ကုတင်ပေါ်မှာ… အိပ်နေရာက.. ထပြီး.. ခြေကြီးဆင်း ခါးကြီးကုန်းပြီး.. မျက်မှောက်ကုပ်ပြီးကြည့်နေမိတယ်.. အနည်းဆုံးတော့.. သူနဲ့.. ကျွန်မ..ကြည့်နေကြတာ.. စက္ကန့်၃၀ လောက်တော့..ကြာမယ်.. ကြည့်နေရင်းနဲ့… လမ်းလျှောက်သွားတာလည်းမဟုတ်.. ပျောက်သွားရော.. မျက်တောင်မခတ်ပဲ.. ကျွန်မ..ကြည့်နေမိလို့.. သူပျောက်သွားတယ်လို့.. တပ်အပ်ပြောနိုင်တာပါ…

ပျောက်သွားတော့.. အူကြောင်ကြောင်ဖြစ်သွားတယ်.. နောက်တော့.. ခေါင်းထဲ.. ဝင်လာတဲ့..အတွေးက.. ကျွန်မတို့.. အမျိုးသမီးဆောင်မှာ.. ညဘက်.. ၉း၀၀ ဆိုရင်… အဆောင်ကို… တာဝန်ကျ.. နာ့စ်တွေက… ပိတ်လိုက်ပါတယ်. ဘာလို့လဲဆိုတော့.. ဟိုဘက်မွေးဆောင်က.. လူနာရှင်တွေက.. အိမ်သာလာသုံးမှာ.. စိုးလို့ပါ…

လူနာစောင့်တွေ..များနေတော့..ဝင်လိုက်ထွက်လိုက်နဲ့ဆိုရင်.. အမျိုးသမီးဆောင်က.. လူနာတွေ… မအိပ်ရမှာ..စိုးလို့ဆိုပြီးတော့.. .. ကျွန်မ..သတိရလိုက်တော့.. တံခါးက.. ပိတ်ထားတယ်.. ထိပ်ဆုံးခန်းဖြစ်လို့.. သူလျှောက်လာတဲ့ဘက်မှာလည်း.. အခန်းမရှိဘူး… ဒါဆိုရင်.. စောစောက.. မိန်းမကဘယ်ကလဲ…… !!!!!!

အဲ့တော့မှပဲ.. ဘေးကုတင်က.. အမေ့ကိုနှိုး… သရဲခြောက်ခံရတယ်.. အမေရေဆိုပြီး.. မိုးလင်းတဲ့အထိ.. အိပ်မပျော်တော့ပါဘူး… အမြဲလိုလို.. ကြောက်လိုက်ရတာနော်..အမှောင်ထဲဆိုမသွားရဲ… သရဲဆိုရင်… ဆံပင်က. ဖားယားကြီးနဲ့လား.. မျက်လုံးက.. ဘယ်လောက်… ပြူးလဲ.. လျှာက.. တန်းလန်းကြီးလားနဲ့… အမျိုးမျိုးပုံဖော်ကြောက်နေတာ… တွေ့လိုက်တော့လည်း… ခြောက်လို့.. ခြောက်မှန်းတောင်မသိ… သရဲလည်း.. စက္ကန်း ၃၀ လောက်.. ခြောက်ပြတာတောင်.. မျက်မှောင်ကုပ်ပြီးပြန်ကြည့်နေသဟ ဆိုပြီး စိတ်ပျက်သွားတယ်.. ထင်ပါရဲ့… နောက်၁နှစ်ခန့်အကြာမှာမှ.. သူငယ်ချင်းဆီက.. ပြန်သိလိုက်ရတာက… မြောက်ဥက္ကလာဆေးရုံမှာ.. ပါးကွက်.. သရဲရှိတယ်ဆိုပဲ… သူလည်း.. တဆင့်ကြားလာတာပါ..

ဒီတော့မှ.. ငါကြုံခဲ့ရတာ.. အဲဒီ့.. ပါးကွက်..သရဲပဲထင်တယ်..ဆိုပြီး…… စာအရေးအသားမကောင်းရင်.. ခွင့်လွှတ်ကြပါ… ပေတမှာ.. ဝင်ဝင်ဖတ်နေပေမဲ့.. အခုတလော.. ကုန်ကြမ်းရှားနေတယ်ဆိုလို့… အခုလို.. ဝင်ရေးရခြင်းပါ…. သရဲခြောက်ခံရတာလည်း.. အဲ့ဒါက… ပထမဆုံးနဲ့..နောက်ဆုံးပါပဲ.. နောက်ထပ်.. သူငယ်ချင်းရဲ့.. အဒေါ်.. ချီးစားစုန်းနဲ့..တွေ့တာလေးလည်း… အချိန်ရရင်.. ဝင်ရေးပါအုံးမယ်…

ဖိုးသူတော် (www.phothutaw.com)
Credit: Su Zaw @ ပေတလောက စိတ်ဝင်စားသူများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top