# Zawgyi Version ျဖင့္ ဖတ္ရန္ #
တစ္ခါတုန္းကပါ။
ဝိုင္ထုတ္တဲ့ေနရာမွာ ဝိုင္အရည္အေသြး ေကာင္းမေကာင္း ျမည္းရတဲ့ ကၽြမ္းက်င္သူ
ကြယ္လြန္သြားလို႔ လူသစ္အစားထိုးခန္႔ရန္ လိုအပ္ေၾကာင္း ေၾကာ္ၿငာပါတယ္။
မၾကာခင္မွာပဲ အ၀တ္အစား ၿဖစ္ကတတ္ဆန္းနဲ ့ေရခ်ိန္မွန္ေနပံုရတဲ့ လူတစ္ေယာက္
အလုပ္လာေလွ်ာက္ပါတယ္။

လူက ၾကည့္ရတာ အခ်ိန္ၿပည့္ မူးေနပံု ရတယ္ဆိုၿပိး
ကုမၼဏီပိုင္ရွင္ ဥကၠဌက အစပိုင္းေမာင္းထုတ္မလို ့လုပ္ၿပီးမွ
ေၾကာ္ၿငာအရ လာေလွ်ာက္တာမို ့ဒီအတိုင္း ၿပန္ခိုင္းရင္မေကာင္းတတ္တဲ့အတြက္
စဥ္းစားၿပီး စကားေၿပာတယ္။

“ေကာင္းၿပိေလ..ခင္ဗ်ား အရည္အခ်င္းကို စမ္းသပ္လို ့ၾကိဳက္ရင္ ခန္ ့မယ္…
ခင္ဗ်ားကို၀ိုင္ တစ္မ်ိဳးစီ ေပးမယ္ ။
ခင္ဗ်ား ေသာက္ၿပီးရင္ ၀ိုင္အမ်ိဳးအစားနဲ ့နာမည္ကို ေၿပာႏိုင္ရင္
စာေမးပြဲ ေအာင္ၿပီ..ဟုတ္လား…ကဲ စၾကရေအာင္ “

ဦးစြာ ဥကၠဌက ၀ိုင္တစ္ခြက္ ကမ္းေပးလိုက္တယ္…
ဒီလူက အနည္းငယ္ ေသာက္ၾကည့္ၿပီးတဲ့အခါ ေၿပာတယ္။

“ဒါ ေၿမာက္ဘက္ေတာင္ကုန္းေဒသက
စပ်စ္နဲ ့ခ်က္တဲ့ Muscat ၀ိုင္ပဲ..စတီးစည္နဲ႔စိမ္ထားတဲ့အၿပင္
၃ ႏွစ္သက္တမ္းေလာက္ပဲ ရွိမယ္၊ေရာင္းတမ္းေတာ့ ၀င္ပါတယ္..
ဒါေပမယ့္ အဆင့္နိမ့္တယ္”

“မွန္ပါတယ္ဗ်ာ..ကဲ ေနာက္တစ္မ်ိဳး စမ္းၿပပါဦး “
ဥကၠဌက မွန္ကန္ေၾကာင္း ေၿပာၿပီး ဒုတိယေၿမာက္ ၀ိုင္ခြက္ကို ေပးလိုက္တယ္။

ဆရာက အနံ ့ေလးခံၾကည့္၊ ပါးစပ္ထဲ တစ္ငံုစာေလာက္ ေမာ့ၿပီး မ်က္လံုးေလး
အသာမိွတ္ကာ စဥ္းစား ေၿဖတယ္။

“ဒါကေတာ့ Cabernet ၀ိုင္ပဲဗ်၊…
အေနာက္ေတာင္ပိုင္းက ထြက္တဲ့ စပ်စ္သီးကို ခ်က္ၿပီး
၀က္သစ္ခ်စည္ထဲမွာ အပူခ်ိန္ ၈ ဒီဂရီနဲ ့ေလွာင္ထားတယ္၊
သက္တမ္း ၈ ႏွစ္ေလာက္ရွိေလာက္ၿပီ..
ေနာက္ထပ္ ၃ ႏွစ္ေလာက္ ဆက္ထားလို ့ရင္အေကာင္းဆံုးေပါ့ဗ်ာ “

“မွန္ပါတယ္ဗ်ာ..ခင္ဗ်ား မဆိုးဘူးဗ်၊ ကဲ..ေနာက္တစ္မ်ိဳး ေၿပာပါဦး “
ဥကၠဌက မွန္ကန္ေၾကာင္း ၀န္ခံၿပီး တတိယေၿမာက္ ခြက္ကို ကမ္းလိုက္တယ္။

“ဒါက Pinot Blanc ရွန္ပိန္ အမ်ိဳးအစားဗ်၊အရမ္း ေစ်းၾကီးတယ္..
ေစ်းၾကီးသေလာက္လည္း အေတာ္ ေကာင္းတဲ့ အရက္ဗ် “

ကုမၼဏီ ဥကၠဌ အေတာ္ စိတ္ညစ္သြားတယ္။
ဒီလူက ကၽြမ္းက်င္တာေတာ့ မွန္ပါတယ္…
ဒါေပမယ့္ ဥပဓိရုပ္က လူေလးစားဘြယ္ရာ မရွိလို ့မခန္ ့ခ်င္တာပါ။

ဥကၠဌ ေနာက္ဆံုးအၾကံရလာတာနဲ ့
သူ ့ရဲ ့အတြင္းေရးမွဴးမေလးကို အခ်က္ၿပ ေခၚယူလိုက္တယ္။
အသက္ ႏွစ္ဆယ္ေက်ာ္…ရူပါ အပ်ံစား..
ရႈိက္ဖိုၾကီးငယ္ ေကာက္ေၾကာင္းေတြနဲ ့
ေရႊေရာင္ဆံပင္ရွိတဲ့ အတြင္းေရးမွဴးမေလး အနားေရာက္လာတဲ့အခါ..

ဥကၠဌက ႏွစ္ကိုယ္ၾကား
တိုးတိုးေလး ေၿပာလိုက္တယ္။
အတြင္းေရးမွဴးမေလး ေခါင္းၿငိမ့္ၿပိး ထြက္သြား…
သန္ ့စင္ခန္း ၀င္ ရႈရႈေပါက္ၿပီး
၀ိုင္ခြက္ထဲထည့္ကာ ၿပန္ေရာက္လာတယ္။

“ကဲပါဗ်ာ၊ဒါ ေနာက္ဆံုးပါပဲ၊
ေသာက္ၿပီး ေၿပာပါဦး “

ဥကၠဌက အတြင္းေရးမွဴးမေလး ယူလာတဲ့ ခြက္ကို ေပးလိုက္ၿပီး ေၿပာတယ္။
စိတ္ထဲမွာ. . . .

ၾကည့္ၾကေသးတာေပါ့ကြာ၊ဒီေလာက္ ကၽြမ္းတဲ့ ကိုယ့္ဆရာ ဘာၿပန္ေၿဖမလဲ ‘ ေပါ့။
ထံုးစံအတိုင္း ဟိုဆရာက ခြက္ကို အရင္ဆံုး အနံ ့ခံတယ္..

ၿပီး တစ္ငံုစာ ေမာ့လိုက္တယ္၊
မ်က္လံုးေလးမွတ္ၿပီးစဥ္းစားတယ္ ။
တေအာင့္ေလာက္ ၾကာတဲ့အခါ…

“ဒါကေတာ့ Blonde (ေရႊေရာင္ဆံပင္)အမ်ိဳးအစားဗ်၊..
သက္တမ္းက ၂၄ ႏွစ္..ကိုယ္၀န္၃ လ နဲ ့ဗ်ိဳ ဳ႕…
သူေဌးမင္း…က်ဳပ္ကို အလုပ္ခန္ ့ရင္ခန္ ့ဗ်၊ မဟုတ္လို ့ကေတာ့
ကေလးအေဖ နာမည္ကိုပါ ေဖာ္လိုက္မွာ “

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lu Lu Zaw
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါတုန်းကပါ။
ဝိုင်ထုတ်တဲ့နေရာမှာ ဝိုင်အရည်အသွေး ကောင်းမကောင်း မြည်းရတဲ့ ကျွမ်းကျင်သူ
ကွယ်လွန်သွားလို့ လူသစ်အစားထိုးခန့်ရန် လိုအပ်ကြောင်း ကြော်ငြာပါတယ်။
မကြာခင်မှာပဲ အဝတ်အစား ဖြစ်ကတတ်ဆန်းနဲ့ရေချိန်မှန်နေပုံရတဲ့ လူတစ်ယောက်
အလုပ်လာလျှောက်ပါတယ်။

လူက ကြည့်ရတာ အချိန်ပြည့် မူးနေပုံ ရတယ်ဆိုပြိး
ကုမ္မဏီပိုင်ရှင် ဥက္ကဌက အစပိုင်းမောင်းထုတ်မလို့လုပ်ပြီးမှ
ကြော်ငြာအရ လာလျှောက်တာမို့ဒီအတိုင်း ပြန်ခိုင်းရင်မကောင်းတတ်တဲ့အတွက်
စဉ်းစားပြီး စကားပြောတယ်။

“ကောင်းပြိလေ..ခင်ဗျား အရည်အချင်းကို စမ်းသပ်လို့ကြိုက်ရင် ခန့်မယ်…
ခင်ဗျားကိုဝိုင် တစ်မျိုးစီ ပေးမယ် ။
ခင်ဗျား သောက်ပြီးရင် ဝိုင်အမျိုးအစားနဲ့နာမည်ကို ပြောနိုင်ရင်
စာမေးပွဲ အောင်ပြီ..ဟုတ်လား…ကဲ စကြရအောင် “

ဦးစွာ ဥက္ကဌက ဝိုင်တစ်ခွက် ကမ်းပေးလိုက်တယ်…
ဒီလူက အနည်းငယ် သောက်ကြည့်ပြီးတဲ့အခါ ပြောတယ်။

“ဒါ မြောက်ဘက်တောင်ကုန်းဒေသက
စပျစ်နဲ့ချက်တဲ့ Muscat ဝိုင်ပဲ..စတီးစည်နဲ့စိမ်ထားတဲ့အပြင်
၃ နှစ်သက်တမ်းလောက်ပဲ ရှိမယ်၊ရောင်းတမ်းတော့ ဝင်ပါတယ်..
ဒါပေမယ့် အဆင့်နိမ့်တယ်”

“မှန်ပါတယ်ဗျာ..ကဲ နောက်တစ်မျိုး စမ်းပြပါဦး “
ဥက္ကဌက မှန်ကန်ကြောင်း ပြောပြီး ဒုတိယမြောက် ဝိုင်ခွက်ကို ပေးလိုက်တယ်။

ဆရာက အနံ့လေးခံကြည့်၊ ပါးစပ်ထဲ တစ်ငုံစာလောက် မော့ပြီး မျက်လုံးလေး
အသာမှိတ်ကာ စဉ်းစား ဖြေတယ်။

“ဒါကတော့ Cabernet ဝိုင်ပဲဗျ၊…
အနောက်တောင်ပိုင်းက ထွက်တဲ့ စပျစ်သီးကို ချက်ပြီး
ဝက်သစ်ချစည်ထဲမှာ အပူချိန် ၈ ဒီဂရီနဲ့လှောင်ထားတယ်၊
သက်တမ်း ၈ နှစ်လောက်ရှိလောက်ပြီ..
နောက်ထပ် ၃ နှစ်လောက် ဆက်ထားလို့ရင်အကောင်းဆုံးပေါ့ဗျာ “

“မှန်ပါတယ်ဗျာ..ခင်ဗျား မဆိုးဘူးဗျ၊ ကဲ..နောက်တစ်မျိုး ပြောပါဦး “
ဥက္ကဌက မှန်ကန်ကြောင်း ဝန်ခံပြီး တတိယမြောက် ခွက်ကို ကမ်းလိုက်တယ်။

“ဒါက Pinot Blanc ရှန်ပိန် အမျိုးအစားဗျ၊အရမ်း ဈေးကြီးတယ်..
ဈေးကြီးသလောက်လည်း အတော် ကောင်းတဲ့ အရက်ဗျ “

ကုမ္မဏီ ဥက္ကဌ အတော် စိတ်ညစ်သွားတယ်။
ဒီလူက ကျွမ်းကျင်တာတော့ မှန်ပါတယ်…
ဒါပေမယ့် ဥပဓိရုပ်က လူလေးစားဘွယ်ရာ မရှိလို့မခန့်ချင်တာပါ။

ဥက္ကဌ နောက်ဆုံးအကြံရလာတာနဲ့
သူ့ရဲ့အတွင်းရေးမှူးမလေးကို အချက်ပြ ခေါ်ယူလိုက်တယ်။
အသက် နှစ်ဆယ်ကျော်…ရူပါ အပျံစား..
ရှိုက်ဖိုကြီးငယ် ကောက်ကြောင်းတွေနဲ့
ရွှေရောင်ဆံပင်ရှိတဲ့ အတွင်းရေးမှူးမလေး အနားရောက်လာတဲ့အခါ..

ဥက္ကဌက နှစ်ကိုယ်ကြား
တိုးတိုးလေး ပြောလိုက်တယ်။
အတွင်းရေးမှူးမလေး ခေါင်းငြိမ့်ပြိး ထွက်သွား…
သန့်စင်ခန်း ဝင် ရှုရှုပေါက်ပြီး
ဝိုင်ခွက်ထဲထည့်ကာ ပြန်ရောက်လာတယ်။

“ကဲပါဗျာ၊ဒါ နောက်ဆုံးပါပဲ၊
သောက်ပြီး ပြောပါဦး “

ဥက္ကဌက အတွင်းရေးမှူးမလေး ယူလာတဲ့ ခွက်ကို ပေးလိုက်ပြီး ပြောတယ်။
စိတ်ထဲမှာ. . . .

ကြည့်ကြသေးတာပေါ့ကွာ၊ဒီလောက် ကျွမ်းတဲ့ ကိုယ့်ဆရာ ဘာပြန်ဖြေမလဲ ‘ ပေါ့။
ထုံးစံအတိုင်း ဟိုဆရာက ခွက်ကို အရင်ဆုံး အနံ့ခံတယ်..

ပြီး တစ်ငုံစာ မော့လိုက်တယ်၊
မျက်လုံးလေးမှတ်ပြီးစဉ်းစားတယ် ။
တအောင့်လောက် ကြာတဲ့အခါ…

“ဒါကတော့ Blonde (ရွှေရောင်ဆံပင်)အမျိုးအစားဗျ၊..
သက်တမ်းက ၂၄ နှစ်..ကိုယ်ဝန်၃ လ နဲ့ဗျို ု့…
သူဌေးမင်း…ကျုပ်ကို အလုပ်ခန့်ရင်ခန့်ဗျ၊ မဟုတ်လို့ကတော့
ကလေးအဖေ နာမည်ကိုပါ ဖော်လိုက်မှာ “

ဖိုးသူတော် (www.phothutaw.com)
Credit: Lu Lu Zaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top