မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ျမန္မာ့႐ုပ္ရွင္ေလာကဟာ လက္ရွိမွာဆိုရင္ တျဖည္းျဖည္းတိုးတက္ေျပာင္းလဲလာၿပီပဲျဖစ္ပါ တယ္။ ႏွစ္စဥ္ႏွစ္တိုင္းေပးအပ္ခဲ့တဲ့ အကယ္ဒမီေတြဟာ ဆိုရင္လည္း တကယ့္ကို အရည္ အခ်င္းျပည့္ဝတဲ့ သ႐ုပ္ေဆာင္ေတြကိုေ႐ြးခ်ယ္ၿပီး ထူးခြၽန္ဆုေပးအပ္ခဲ့တာပဲျဖစ္ပါတယ္။

ကယ္ဒမီ ဆုေပါင္း ၁၁ ဆု ရွိရာကေန ယခုေနာက္ထပ္အသစ္တစ္ခုအေနနဲ႕ ” ႐ုပ္ရွင္တစ္သက္တာ ဂုဏ္ထူးေဆာင္ ” ဆုကိုေပးအပ္ေတာ့မွာပဲျဖစ္ပါတယ္။ ဒီဆုေပးအပ္ ဖို႔အေၾကာင္းကို ႐ုပ္ရွင္အစည္းအ႐ုံးက တာဝန္ရွိသူေတြဟာ ေပးအပ္ခ်င္တဲ့ဆႏၵလည္းရွိၿပီး အဆိုတင္သြင္းမႈေတြလည္း ေရာက္ရွိလာ တာေၾကာင့္ ေပးအပ္ဖို႔ဆုံးျဖတ္ခ်က္ခ်လိဳက္တာ ျဖစ္ပါတယ္။ မၾကာခင္မွာက်င္းပေတာ့မယ့္ 2017 ခုႏွစ္႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲ အခမ္းအနား မွာ ဒီဆုကိုစတင္ေပးအပ္ေတာ့မွာျဖစ္ပါတယ္။

ဒီအေၾကာင္းအရာကို အကယ္ဒမီဦးဇင္ဝိုင္းက Interview တစ္ခုမွာေျဖၾကားခဲ့တာျဖစ္ပါ တယ္။ ဒီဆုကိုရရွိပိုင္ဆိုင္မယ့္ အႏုပညာရွင္ေတြကို ေ႐ြးခ်ယ္ရာမွာ သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္အခ်ိဳ႕လည္းရွိပါတယ္။ ဒါေတြကေတာ့ ႐ုပ္ရွင္ေလာကထဲမွာ ျဖတ္သန္းခဲ့တဲ့ ႏွစ္အတိုင္းအတာ၊ ႐ုပ္ရွင္ေလာကအတြက္ ပံ့ပိုးေပးနိုင္မယ့္သူ စတဲ့အခ်က္ေတြေပၚမူတည္ ၿပီး ေပးအပ္သြားမွာျဖစ္တယ္လို႔ဆိုပါတယ္။ ဒီ ” ႐ုပ္ရွင္တစ္သက္တာ ဂုဏ္ထူးေဆာင္ ” ဆုကို ရရွိပိုင္ဆိုင္ခဲ့တဲ့ သက္ႀကီးဝါႀကီး ပညာႀကီးတဲ့ အႏုပညာရွင္ဟာဆိုရင္ ေ႐ႊစင္ၾကယ္ ငါးက်ပ္သားပါဝင္တဲ့ အကယ္ဒမီ ေ႐ႊစင္႐ုပ္ထုကိုပိုင္ဆိုင္ရရွိမည့္အျပင္ သက္ရွိထင္ရွား ရွိစဥ္ ကာလပတ္လုံး တစ္လကို ဂုဏ္ျပဳခ်ီးျမႇင့္ေငြ ငါးသိန္းက်ပ္ရရွိပိုင္ဆိုင္မွာျဖစ္ပါတယ္။

ဒီလိုမ်ိဳးလုပ္ေပးျခင္းအားျဖင့္ အသက္႐ြယ္ႀကီးရင့္ၿပီး အလုပ္မလုပ္နိုင္ေတာ့ပဲ စီးပြားေရး က်န္းမာေရးခ်ိဳ႕တဲ့ေနတဲ့ ႐ုပ္ရွင္ေလာကသားေတြအဖို႔ အမ်ားႀကီးအဆင္ေျပတဲ့ အတိုင္း အတာတစ္ခုထိ ေရာက္ရွိသြားနိုင္တာေၾကာင့္ မြန္ျမတ္တဲ့အလႉတစ္ခုလို႔လည္းဆိုနိုင္ပါ တယ္။ ၿပီးခဲ့တဲ့ 2012 ခုႏွစ္တုန္းကလည္း ျမန္မာ့႐ုပ္ရွင္ေန႕မွာ ႐ုပ္ရွင္ဂုဏ္ထူးေဆာင္ဆုကို ခ်ီးျမႇင့္ခဲ့ဖူးတာရွိတယ္လို႔လည္းဆိုပါတယ္။ ထိုအခ်ိန္တုန္းကေတာ့ ဆုသပ္သပ္အေနနဲ႕သာ ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး ယခုအခ်ိန္မွသာ ထူးခြၽန္ဆုတစ္ခုအျဖစ္ တခမ္းတနားေပးအပ္မွာ ျဖစ္ပါ တယ္။ ဒီလိုလုပ္ေပးတာဟာ အႏုပညာေလာကသားေတြရဲ႕ မွတ္တိုင္တစ္ခုျဖစ္တာေၾကာင့္ အားလုံးရဲ႕ဆႏၵကိုအေကာင္အထည္ေဖာ္လိုက္ျခင္းျဖစ္ပါတယ္လို႔ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ အကယ္ဒမီဇင္ဝိုင္းက Interview တစ္ခုမွာေျဖၾကားခဲ့ပါတယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Celebrity
#Unicode Version#
မြန်မာ့ရုပ်ရှင်လောကဟာ လက်ရှိမှာဆိုရင် တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာပြီပဲဖြစ်ပါ တယ်။ နှစ်စဉ်နှစ်တိုင်းပေးအပ်ခဲ့တဲ့ အကယ်ဒမီတွေဟာ ဆိုရင်လည်း တကယ့်ကို အရည် အချင်းပြည့်ဝတဲ့ သရုပ်ဆောင်တွေကိုရွေးချယ်ပြီး ထူးချွန်ဆုပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

ကယ်ဒမီ ဆုပေါင်း ၁၁ ဆု ရှိရာကနေ ယခုနောက်ထပ်အသစ်တစ်ခုအနေနဲ့ ” ရုပ်ရှင်တစ်သက်တာ ဂုဏ်ထူးဆောင် ” ဆုကိုပေးအပ်တော့မှာပဲဖြစ်ပါတယ်။ ဒီဆုပေးအပ် ဖို့အကြောင်းကို ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေဟာ ပေးအပ်ချင်တဲ့ဆန္ဒလည်းရှိပြီး အဆိုတင်သွင်းမှုတွေလည်း ရောက်ရှိလာ တာကြောင့် ပေးအပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ မကြာခင်မှာကျင်းပတော့မယ့် 2017 ခုနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား မှာ ဒီဆုကိုစတင်ပေးအပ်တော့မှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို အကယ်ဒမီဦးဇင်ဝိုင်းက Interview တစ်ခုမှာဖြေကြားခဲ့တာဖြစ်ပါ တယ်။ ဒီဆုကိုရရှိပိုင်ဆိုင်မယ့် အနုပညာရှင်တွေကို ရွေးချယ်ရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်အချို့လည်းရှိပါတယ်။ ဒါတွေကတော့ ရုပ်ရှင်လောကထဲမှာ ဖြတ်သန်းခဲ့တဲ့ နှစ်အတိုင်းအတာ၊ ရုပ်ရှင်လောကအတွက် ပံ့ပိုးပေးနိုင်မယ့်သူ စတဲ့အချက်တွေပေါ်မူတည် ပြီး ပေးအပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီ ” ရုပ်ရှင်တစ်သက်တာ ဂုဏ်ထူးဆောင် ” ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ သက်ကြီးဝါကြီး ပညာကြီးတဲ့ အနုပညာရှင်ဟာဆိုရင် ရွှေစင်ကြယ် ငါးကျပ်သားပါဝင်တဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုကိုပိုင်ဆိုင်ရရှိမည့်အပြင် သက်ရှိထင်ရှား ရှိစဉ် ကာလပတ်လုံး တစ်လကို ဂုဏ်ပြုချီးမြှင့်ငွေ ငါးသိန်းကျပ်ရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုးလုပ်ပေးခြင်းအားဖြင့် အသက်ရွယ်ကြီးရင့်ပြီး အလုပ်မလုပ်နိုင်တော့ပဲ စီးပွားရေး ကျန်းမာရေးချို့တဲ့နေတဲ့ ရုပ်ရှင်လောကသားတွေအဖို့ အများကြီးအဆင်ပြေတဲ့ အတိုင်း အတာတစ်ခုထိ ရောက်ရှိသွားနိုင်တာကြောင့် မွန်မြတ်တဲ့အလှူတစ်ခုလို့လည်းဆိုနိုင်ပါ တယ်။ ပြီးခဲ့တဲ့ 2012 ခုနှစ်တုန်းကလည်း မြန်မာ့ရုပ်ရှင်နေ့မှာ ရုပ်ရှင်ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ခဲ့ဖူးတာရှိတယ်လို့လည်းဆိုပါတယ်။ ထိုအချိန်တုန်းကတော့ ဆုသပ်သပ်အနေနဲ့သာ ချီးမြှင့်ခဲ့တာဖြစ်ပြီး ယခုအချိန်မှသာ ထူးချွန်ဆုတစ်ခုအဖြစ် တခမ်းတနားပေးအပ်မှာ ဖြစ်ပါ တယ်။ ဒီလိုလုပ်ပေးတာဟာ အနုပညာလောကသားတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တာကြောင့် အားလုံးရဲ့ဆန္ဒကိုအကောင်အထည်ဖော်လိုက်ခြင်းဖြစ်ပါတယ်လို့ ရုပ်ရှင်အစည်းအရုံးရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အကယ်ဒမီဇင်ဝိုင်းက Interview တစ်ခုမှာဖြေကြားခဲ့ပါတယ်
ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Celebrity
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top