ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ထုိင္းအမ်ဳိးသမီးေတြကို အငွားကိုယ္၀န္ေဆာင္ခုိင္းၿပီး ရလာခဲ့တဲ့ ကေလး ၁၃ ေယာက္အတြက္ တရား၀င္ မိဘအုပ္ထိန္းခြင့္ကိုေတာ့ ယခုအခါ ဖခင္ျဖစ္သူ ဂ်ပန္အမ်ဳိးသားထံ ဘန္ေကာက္တရားရံုးတစ္ခုက ခြင့္ျပဳလႊဲအပ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ မစ္ဆူတိုကီ ရွီကီတာ ဆိုသူ ဂ်ပန္အမ်ဳိးသားဟာ ယခုကိစၥမွာ ထိုင္းႏိုင္ငံက အငွားကိုယ္၀န္ေဆာင္သည္ မိခင္ေတြန႔ဲအတူ အဆိုပါ ကေလး ၁၃ ေယာက္ကို ေမြးဖြားထားခဲ့တာျဖစ္ပါတယ္။ ယင္းေနာက္ ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္မွာပဲ အဆုိပါ ၎ရဲ႕ ” ကေလး စက္ရံု” အရႈပ္ေတာ္ပံုဆိုၿပီး ေပၚေပါက္ခဲ့ၿပီး ရႈပ္ေထြးမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

ယင္းအခ်ိန္တုန္းက ဘန္ေကာက္ၿမိဳ႕ တိုက္ခန္းတစ္ခုမွာ ေတြ႕ရတဲ့ အငွားကိုယ္၀န္ေဆာင္ၿပီး ေမြးထားတဲ့ ေမြးကင္းစ ကေလး ၉ ေယာက္နဲ႔ အျခား ကေလး ၄ ေယာက္တို႔ ရဲ႕ DNA (မ်ဳိးဗီဇ) နမူနာေတြဟာ ရွီကီတာနဲ႔ တူညီပတ္သက္ေနတာကို ထုိင္းရဲေတြက စစ္ေဆးေတြ႕ရွိၿပီးေနာက္ အဆိုပါ အရႈပ္ေတာ္ပံု ေပၚထြက္လာတာျဖစ္ပါတယ္။

ထိုစဥ္အခ်ိန္တုန္းက အငွားကုိယ္၀န္ေဆာင္လုပ္ငန္းအေပၚ တရား၀င္ ထိန္းခ်ဳပ္ျပဌာန္းရေသးျခင္းမရွိတဲ့ ထုိင္းႏိုင္ငံအတြက္ကေတာ့ အဆိုပါ ျဖစ္စဥ္နဲ႔အတူ ရိုက္ခတ္မႈေတြျဖစ္ေပၚခဲ့ပါတယ္။ အာဏာပိုင္ေတြအေနနဲ႔ကေတာ့ ၂၀၁၅ ခုႏွစ္ကစလို႔ ႏိုင္ငံျခားသားေတြဘက္က ထုိင္းမိန္းကေလးေတြကို ပိုက္ဆံေပးၿပီး အငွားကိုယ္၀န္ေဆာင္ခိုင္းမႈအေပၚ တားျမစ္ခဲ့ရပါတယ္။

ဂ်ပန္သူေဌးႀကီးတစ္ဦးရဲ႕ သားတစ္ဦး ျဖစ္တဲ့ ရွီကီတာ ဟာ အဆုိပါ အရႈပ္ေတာ္ပံု ျဖစ္စဥ္ျဖစ္ၿပီးေနာက္ ထိုင္းႏိုင္ငံကေန ထြက္ခြာလာခဲ့ၿပီး မ်ားမၾကာမီမွာပဲ ထိုင္း အစိုးရ လူမႈဖြံ႔ၿဖဳိးေရးနဲ႔ လူမႈ ဖူလံုေရး ၀န္ႀကီးဌာနကုိ တရားစြဲဆိုခဲ့ပါတယ္။

” ဒီ ကေလး ၁၃ ေယာက္အတြက္ သူတုိ႔ရဲ႕ ဇီ၀ေဗဒဆိုင္ရာ ဖခင္ေတာ္စပ္သူဆီကေန ေပ်ာ္ရႊင္မႈေတြ၊ အခြင့္အလမ္းေတြ ရရွိႏိုင္မယ့္ အေပၚ ေထာက္ထားေသာအားျဖင့္ သူတို႔ကို ဒီ တရားလိုရဲ႕ တရား၀င္ သားသမီးေတြ ျဖစ္ခြင့္ ေပးလုိက္ပါၿပီ၊ ဒီအမႈမွာ ဖခင္ျဖစ္သူကိုယ္တိုင္ကလည္း ေနာက္ေၾကာင္းမွာ ဘာမွ ဆိုးရြားတဲ့ ျပစ္ခ်က္ေတြလည္း ရွိမေနပါဘူး၊ အငွားကိုယ္၀န္ေဆာင္ၿပီး ေမြးလာတယ္ဆိုေပမယ့္ ဒီကေလးေတြရဲ႕ မိဘအုပ္ထိန္းခြင့္ကိုေတာ့ ဒီတရားလိုျဖစ္သူ ဂ်ပန္အမ်ဳိးသားကိုပဲ ေပးလုိက္ပါၿပီ” ဆိုၿပီး ဘန္ေကာက္ ဗဟို လူငယ္တရားရံုးက ဆံုးျဖတ္သြားပါတယ္။

ယခုလို ကေလး ၁၃ ေယာက္ကို အငွားကိုယ္၀န္ေဆာင္ေစရာမွာေတာ့ ရွီကီတာဟာ ထုိင္းအမ်ဳိးသမီး တစ္ဦးစီကို ေဒၚလာ ၉,၃၀၀ ကေန ၁၂,၅၀၀ အၾကား ေပးခဲ့ေၾကာင္း ထုိင္းရဲတပ္ဖြဲ႕က ေျပာထားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima
# Unicode Version ဖြင့်ဖတ်ရန် #
ထိုင်းအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင်ခိုင်းပြီး ရလာခဲ့တဲ့ ကလေး ၁၃ ယောက်အတွက် တရားဝင် မိဘအုပ်ထိန်းခွင့်ကိုတော့ ယခုအခါ ဖခင်ဖြစ်သူ ဂျပန်အမျိုးသားထံ ဘန်ကောက်တရားရုံးတစ်ခုက ခွင့်ပြုလွှဲအပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် မစ်ဆူတိုကီ ရှီကီတာ ဆိုသူ ဂျပန်အမျိုးသားဟာ ယခုကိစ္စမှာ ထိုင်းနိုင်ငံက အငှားကိုယ်ဝန်ဆောင်သည် မိခင်တွေနဲ့အတူ အဆိုပါ ကလေး ၁၃ ယောက်ကို မွေးဖွားထားခဲ့တာဖြစ်ပါတယ်။ ယင်းနောက် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာပဲ အဆိုပါ ၎င်းရဲ့ ” ကလေး စက်ရုံ” အရှုပ်တော်ပုံဆိုပြီး ပေါ်ပေါက်ခဲ့ပြီး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယင်းအချိန်တုန်းက ဘန်ကောက်မြို့ တိုက်ခန်းတစ်ခုမှာ တွေ့ရတဲ့ အငှားကိုယ်ဝန်ဆောင်ပြီး မွေးထားတဲ့ မွေးကင်းစ ကလေး ၉ ယောက်နဲ့ အခြား ကလေး ၄ ယောက်တို့ ရဲ့ DNA (မျိုးဗီဇ) နမူနာတွေဟာ ရှီကီတာနဲ့ တူညီပတ်သက်နေတာကို ထိုင်းရဲတွေက စစ်ဆေးတွေ့ရှိပြီးနောက် အဆိုပါ အရှုပ်တော်ပုံ ပေါ်ထွက်လာတာဖြစ်ပါတယ်။

ထိုစဉ်အချိန်တုန်းက အငှားကိုယ်ဝန်ဆောင်လုပ်ငန်းအပေါ် တရားဝင် ထိန်းချုပ်ပြဌာန်းရသေးခြင်းမရှိတဲ့ ထိုင်းနိုင်ငံအတွက်ကတော့ အဆိုပါ ဖြစ်စဉ်နဲ့အတူ ရိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ကတော့ ၂၀၁၅ ခုနှစ်ကစလို့ နိုင်ငံခြားသားတွေဘက်က ထိုင်းမိန်းကလေးတွေကို ပိုက်ဆံပေးပြီး အငှားကိုယ်ဝန်ဆောင်ခိုင်းမှုအပေါ် တားမြစ်ခဲ့ရပါတယ်။

ဂျပန်သူဌေးကြီးတစ်ဦးရဲ့ သားတစ်ဦး ဖြစ်တဲ့ ရှီကီတာ ဟာ အဆိုပါ အရှုပ်တော်ပုံ ဖြစ်စဉ်ဖြစ်ပြီးနောက် ထိုင်းနိုင်ငံကနေ ထွက်ခွာလာခဲ့ပြီး များမကြာမီမှာပဲ ထိုင်း အစိုးရ လူမှုဖွံ့ဖြိုးရေးနဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

” ဒီ ကလေး ၁၃ ယောက်အတွက် သူတို့ရဲ့ ဇီဝဗေဒဆိုင်ရာ ဖခင်တော်စပ်သူဆီကနေ ပျော်ရွှင်မှုတွေ၊ အခွင့်အလမ်းတွေ ရရှိနိုင်မယ့် အပေါ် ထောက်ထားသောအားဖြင့် သူတို့ကို ဒီ တရားလိုရဲ့ တရားဝင် သားသမီးတွေ ဖြစ်ခွင့် ပေးလိုက်ပါပြီ၊ ဒီအမှုမှာ ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း နောက်ကြောင်းမှာ ဘာမှ ဆိုးရွားတဲ့ ပြစ်ချက်တွေလည်း ရှိမနေပါဘူး၊ အငှားကိုယ်ဝန်ဆောင်ပြီး မွေးလာတယ်ဆိုပေမယ့် ဒီကလေးတွေရဲ့ မိဘအုပ်ထိန်းခွင့်ကိုတော့ ဒီတရားလိုဖြစ်သူ ဂျပန်အမျိုးသားကိုပဲ ပေးလိုက်ပါပြီ” ဆိုပြီး ဘန်ကောက် ဗဟို လူငယ်တရားရုံးက ဆုံးဖြတ်သွားပါတယ်။

ယခုလို ကလေး ၁၃ ယောက်ကို အငှားကိုယ်ဝန်ဆောင်စေရာမှာတော့ ရှီကီတာဟာ ထိုင်းအမျိုးသမီး တစ်ဦးစီကို ဒေါ်လာ ၉,၃၀၀ ကနေ ၁၂,၅၀၀ အကြား ပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောထားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top