ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×


ကိုပု နဲ့ ဇနီးသည် မဝေ တို့ နှစ်ဦးစလုံး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အိမ်တော်ထိန်းများ အဖြစ် နှစ်ပေါင်းများစွာကတည်းက သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပါတယ်။



Credit: hlataw
#Unicode Version#
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အလုပ်လုပ်ကိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံတော် ကိုပု ဒီကနေ့(ဖေဖေါ်ဝါရီ ၂၂ရက်) ကြာသပတေးနေ့မနက်၁၀း၂၀ အချိန်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။

ကိုပု နဲ့ဇနီးသည် မေ၀ တို့နှစ်ဦးစလုံး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အိမ်တော်ထိန်းများ အဖြစ် နှစ်ပေါင်းများစွာကတည်းက သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ကိုပု နဲ့မဝေတို့ရဲ့ သားဦးလေး ဖိုးချမ်းကို မွေးဖွားခဲ့စဉ်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ဖိုးချမ်းရဲ့ ၆ လပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်ရှိ နေအိမ်မှာ ကိတ်မုန့်ခွဲပြီး မွေးနေ့ပွဲ ကျင်းပ ပေးခဲ့ပါသေးတယ်။

ကိုပုရဲ့ ဈာပနာ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၄ ရက် စနေနေ့ မနက် ၉ နာရီ နေပြည်တော်တွင် ကျင်းပသဂြိုဟ်မှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top