စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေလာင္းကစားအေၾကြးမ်ားစြာတင္႐ွိေနတဲ့ တ႐ုတ္အမ်ဳိးသမီး ကေလးထိန္းတစ္ဦးကုိ အလုပ္႐ွင္ရဲ႕ဇနီးနဲ႕ ကေလးေတြ ေသဆုံးခဲ့ရတဲ့ မီး႐ႈိ႕မႈက်ဴးလြန္ခဲ့မႈျဖင့္ ေဖေဖၚဝါရီ ၉ ရက္မွာ တရား႐ုံးက ေသဒဏ္ခ်မွတ္လုိက္ပါတယ္။

တ႐ုတ္ႏုိင္ငံမွာ အဆုိပါအမႈဟာ တစ္ႏုိင္ငံလုံးရဲ႕ အာ႐ုံစုိက္မႈခံခဲ့ရၿပီး အာဏာပိုင္ေတြက အမႈအေပၚ ကုိင္တြယ္ေဆာင္႐ြက္မႈကုိလည္း ေမးခြန္းထုတ္မႈေတြ အမ်ားအျပား႐ွိခဲ့ပါတယ္။

တ႐ုတ္အေ႐ွ႕ပုိင္း Hangzhou ၿမဳိ႕ တရား႐ုံးက Mo Huanjing အမည္႐ွိ ကေလးထိန္းအမ်ဳိးသမီးဟာ ယမန္ႏွစ္ ဇြန္လ ၂၂ ရက္မွာ အလုပ္႐ွင္ရဲ႕ အိမ္ခန္းကုိမီး႐ႈိ႕ခဲ့မႈေၾကာင့္ မိခင္နဲ႕ကေလးသုံးဦး ေသဆုံးခဲ့ရမႈအတြက္ အျပစ္႐ွိေၾကာင္း ဆုံးျဖတ္ခဲ့ၿပီး ေသဒဏ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

အဆုိပါ ျဖစ္ရပ္ဟာ တ႐ုတ္ႏုိင္ငံမွာ လူေျပာမ်ားခဲ့ၿပီး မီးေလာင္မႈကုိၿငိွမ္းသတ္ရန္ ေႏွာင့္ေႏွးၾကန္ၾကာခဲ့ေၾကာင္း ေဝဖန္မႈေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ေဖေဖၚဝါရီ ၉ ရက္က အဆုိပါျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ကေလးထိန္းအမ်ဳိးသမီးကုိ တရား႐ုံးက ေသဒဏ္ခ်မွတ္ခဲ့တဲ့ သတင္းဟာ တ႐ုတ္မွာ စိတ္ဝင္စားမႈအမ်ားဆုံး ျဖစ္ခဲ့ေၾကာင္းနဲ႕ အြန္လုိင္းမွာဖတ္႐ႈမႈ သန္းနဲ႕ခ်ီ႐ွိခဲ့ေၾကာင္းလည္း သိရပါတယ္။

ေသဒဏ္ခ်ခံရတဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ ကေလးထိန္းအမ်ဳိးသမီး Mo Huanjing ဟာ ေလာင္းကစားကုိ စြဲလမ္းေနသူျဖစ္ၿပီး အေၾကြးမ်ားစြာတင္႐ွိလာရာ အိမ္႐ွင္မိသားစုထံမွ ေငြးေခ်းယူမႈအျပင္ ခုိးယူမႈေတြလည္း ႐ွိခဲ့ပါတယ္။

တ႐ား႐ုံးမွာ ၾကားနာစစ္ေဆးမႈအတြင္း Mo Huanjing က Hangzhou ၿမဳိ႕ လူေနတုိက္ခန္းတြဲ အေဆာက္အအုံ ၁၈ ထပ္႐ွိ အလုပ္႐ွင္မိသားစု ေနထုိင္ရာ အိမ္ခန္းရဲ႕ ဧည့္ခန္းေနရာမွာ မီးစ႐ႈိ႕ခဲ့ေၾကာင္း ဝန္ခံထြက္ဆုိခဲ့ပါတယ္။ ထို႕ေနာက္ ၎ကုိယ္တုိင္ သူရဲေကာင္းပုံစံလုပ္ၿပီး မီးေလာင္မႈကို အလ်င္အျမန္ ၿငိွမ္းသတ္ေပးႏုိင္ခဲ့ဟန္ ဇာတ္လမ္းဆင္လိုခဲ့တာ ျဖစ္ပါတယ္။

အိမ္ခန္းမီးေလာင္မႈကုိ ၿငိွမ္းသတ္ေပးတဲ့ ၎အေပၚ အိမ္႐ွင္မိသားစုက စိတ္ထားေကာင္းသူအျဖစ္ မွတ္ယူေစကာ ထုိမိသားစုထံမွ ေငြပုိမိုရရန္ ကေလးထိန္းအမ်ဳိးသမီး Mo Huanjing က ႀကံစည္ခဲ့တယ္လုိ႕ ဆုိပါတယ္။ သုိ႕ေသာ္ Mo Huanjing ႐ႈိ႕ခဲ့တဲ့မီးဟာ အိမ္ခန္းအတြင္း လ်င္ျမန္စြာ ကူးစက္ေလာင္ကၽြမ္းခဲ့ၿပီး ထိန္းမရႏုိင္ျဖစ္ခဲ့ပါတယ္။

အဆုိပါ မီးေလာင္မႈအတြင္း ကေလးထိန္းအမ်ဳိးသမီး ထြက္ေျပးလြတ္ေျမာက္ခဲ့ေပမဲ့ အလုပ္႐ွင္ Lin ရဲ႕ အသက္ ၃၄ ႏွစ္အ႐ြယ္ ဇနီးျဖစ္သူ Zhu Xiaozhen နဲ႕ အသက္ေျခာက္ႏွစ္၊ ကုိးႏွစ္နဲ႕ ၁၁ ႏွစ္အ႐ြယ္ ကေလးသုံးဦးတုိ႕ မီးခုိးမ်ားေၾကာင့္ အသက္႐ွဴက်ပ္ၿပီး ေသဆုံးခဲ့ၾကပါတယ္။

ထုိျဖစ္ရပ္ၿပီးေနာက္ Lin က Weibo မွာ အေကာင့္တစ္ခုဖြင့္ၿပီး အမႈမွန္ေပၚေပါက္ေရး ႀကဳိးပမ္းအားထုတ္မႈေတြကုိ မွ်ေဝခဲ့ရာ ၎ရဲ႕အေကာင့္မွာ follower ၂.၃ သန္းအထိ ႐ွိလာခဲ့ပါတယ္။


"ေနာက္ဆုံးမွာေတာ့ မေကာင္းဆုိးဝါးကို ဥေပဒအရ အျပစ္ေပးႏုိင္ခဲ့ပါၿပီ၊ ေသဒဏ္ျဖစ္ပါတယ္" လုိ႕ ဇနီးနဲ႕ကေလးသုံးဦးကုိ ဆုံး႐ႈံးခဲ့ရသူ Lin က Weibo မွာ ေရးသားခဲ့ပါတယ္။ "ၿပီးခဲ့တဲ့ ရက္ ၂၀၀ လုံး ကၽြန္ေတာ္ ေန႕ေရာညပါ ဒီအမႈအတြက္ ခံစားေနခဲ့ရပါတယ္၊ ဒီေန႕ ေနာက္ဆုံးမွာေတာ့ တရား႐ုံးအမိန္႕ခ်မႈကုိ ၾကားသိရပါၿပီ" လုိ႕လည္း ၎က ေျပာခဲ့ပါတယ္။

ယမန္ႏွစ္က ျဖစ္ပြားခဲ့တဲ့ Lin ရဲ႕ အိမ္ခန္းမီးေလာင္မႈကုိ ၿငိွမ္းသတ္ရန္ ေႏွာင့္ေႏွးၾကန္႕ၾကာခဲ့ေၾကာင္း စြပ္စြဲမႈေတြကုိ မီးသတ္တပ္ဖြဲ႕က ျငင္းဆိုထားခဲ့ပါတယ္။

မီးၿငိွမ္းသတ္ရာမွာ ေရတြန္းအားနည္းမႈနဲ႕ အေဆာက္အအုံ တည္ေဆာက္ရာမွာ မီးေဘးအႏၱရာယ္အတြက္ လိုအပ္တဲ့ စံခ်ိန္စံညြန္းအတုိင္း လိုက္နာမႈမ႐ွိျခင္းတုိ႕ေၾကာင့္ ျဖစ္တယ္လို႕ မီးသတ္တပ္ဖြဲ႕က ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံမွာ မီးေဘးအႏၱရာယ္ဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကုိ လုိက္နာေဆာင္႐ြက္မႈ ေလ်ာ့နည္းတာေၾကာင့္ လူေသဆုံးမႈမ်ားတဲ့ မီးေလာင္မႈေတြ ျဖစ္ပြားေလ့႐ွိေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
လောင်းကစားအကြွေးများစွာတင်ရှိနေတဲ့ တရုတ်အမျိုးသမီး ကလေးထိန်းတစ်ဦးကို အလုပ်ရှင်ရဲ့ဇနီးနဲ့ ကလေးတွေ သေဆုံးခဲ့ရတဲ့ မီးရှို့မှုကျူးလွန်ခဲ့မှုဖြင့် ဖေဖေါ်ဝါရီ ၉ ရက်မှာ တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ အဆိုပါအမှုဟာ တစ်နိုင်ငံလုံးရဲ့ အာရုံစိုက်မှုခံခဲ့ရပြီး အာဏာပိုင်တွေက အမှုအပေါ် ကိုင်တွယ်ဆောင်ရွက်မှုကိုလည်း မေးခွန်းထုတ်မှုတွေ အများအပြားရှိခဲ့ပါတယ်။

တရုတ်အရှေ့ပိုင်း Hangzhou မြို့ တရားရုံးက Mo Huanjing အမည်ရှိ ကလေးထိန်းအမျိုးသမီးဟာ ယမန်နှစ် ဇွန်လ ၂၂ ရက်မှာ အလုပ်ရှင်ရဲ့ အိမ်ခန်းကိုမီးရှို့ခဲ့မှုကြောင့် မိခင်နဲ့ကလေးသုံးဦး သေဆုံးခဲ့ရမှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ လူပြောများခဲ့ပြီး မီးလောင်မှုကိုငြှိမ်းသတ်ရန် နှောင့်နှေးကြန်ကြာခဲ့ကြောင်း ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၉ ရက်က အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကလေးထိန်းအမျိုးသမီးကို တရားရုံးက သေဒဏ်ချမှတ်ခဲ့တဲ့ သတင်းဟာ တရုတ်မှာ စိတ်ဝင်စားမှုအများဆုံး ဖြစ်ခဲ့ကြောင်းနဲ့ အွန်လိုင်းမှာဖတ်ရှုမှု သန်းနဲ့ချီရှိခဲ့ကြောင်းလည်း သိရပါတယ်။

သေဒဏ်ချခံရတဲ့ အသက် ၃၅ နှစ်အရွယ် ကလေးထိန်းအမျိုးသမီး Mo Huanjing ဟာ လောင်းကစားကို စွဲလမ်းနေသူဖြစ်ပြီး အကြွေးများစွာတင်ရှိလာရာ အိမ်ရှင်မိသားစုထံမှ ငွေးချေးယူမှုအပြင် ခိုးယူမှုတွေလည်း ရှိခဲ့ပါတယ်။

တရားရုံးမှာ ကြားနာစစ်ဆေးမှုအတွင်း Mo Huanjing က Hangzhou မြို့ လူနေတိုက်ခန်းတွဲ အဆောက်အအုံ ၁၈ ထပ်ရှိ အလုပ်ရှင်မိသားစု နေထိုင်ရာ အိမ်ခန်းရဲ့ ဧည့်ခန်းနေရာမှာ မီးစရှို့ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ထို့နောက် ၎င်းကိုယ်တိုင် သူရဲကောင်းပုံစံလုပ်ပြီး မီးလောင်မှုကို အလျင်အမြန် ငြှိမ်းသတ်ပေးနိုင်ခဲ့ဟန် ဇာတ်လမ်းဆင်လိုခဲ့တာ ဖြစ်ပါတယ်။

အိမ်ခန်းမီးလောင်မှုကို ငြှိမ်းသတ်ပေးတဲ့ ၎င်းအပေါ် အိမ်ရှင်မိသားစုက စိတ်ထားကောင်းသူအဖြစ် မှတ်ယူစေကာ ထိုမိသားစုထံမှ ငွေပိုမိုရရန် ကလေးထိန်းအမျိုးသမီး Mo Huanjing က ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် Mo Huanjing ရှို့ခဲ့တဲ့မီးဟာ အိမ်ခန်းအတွင်း လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပြီး ထိန်းမရနိုင်ဖြစ်ခဲ့ပါတယ်။

အဆိုပါ မီးလောင်မှုအတွင်း ကလေးထိန်းအမျိုးသမီး ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ အလုပ်ရှင် Lin ရဲ့ အသက် ၃၄ နှစ်အရွယ် ဇနီးဖြစ်သူ Zhu Xiaozhen နဲ့ အသက်ခြောက်နှစ်၊ ကိုးနှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးသုံးဦးတို့ မီးခိုးများကြောင့် အသက်ရှူကျပ်ပြီး သေဆုံးခဲ့ကြပါတယ်။

ထိုဖြစ်ရပ်ပြီးနောက် Lin က Weibo မှာ အကောင့်တစ်ခုဖွင့်ပြီး အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းအားထုတ်မှုတွေကို မျှဝေခဲ့ရာ ၎င်းရဲ့အကောင့်မှာ follower ၂.၃ သန်းအထိ ရှိလာခဲ့ပါတယ်။

"နောက်ဆုံးမှာတော့ မကောင်းဆိုးဝါးကို ဥပေဒအရ အပြစ်ပေးနိုင်ခဲ့ပါပြီ၊ သေဒဏ်ဖြစ်ပါတယ်" လို့ ဇနီးနဲ့ကလေးသုံးဦးကို ဆုံးရှုံးခဲ့ရသူ Lin က Weibo မှာ ရေးသားခဲ့ပါတယ်။ "ပြီးခဲ့တဲ့ ရက် ၂၀၀ လုံး ကျွန်တော် နေ့ရောညပါ ဒီအမှုအတွက် ခံစားနေခဲ့ရပါတယ်၊ ဒီနေ့ နောက်ဆုံးမှာတော့ တရားရုံးအမိန့်ချမှုကို ကြားသိရပါပြီ" လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

ယမန်နှစ်က ဖြစ်ပွားခဲ့တဲ့ Lin ရဲ့ အိမ်ခန်းမီးလောင်မှုကို ငြှိမ်းသတ်ရန် နှောင့်နှေးကြန့်ကြာခဲ့ကြောင်း စွပ်စွဲမှုတွေကို မီးသတ်တပ်ဖွဲ့က ငြင်းဆိုထားခဲ့ပါတယ်။

မီးငြှိမ်းသတ်ရာမှာ ရေတွန်းအားနည်းမှုနဲ့ အဆောက်အအုံ တည်ဆောက်ရာမှာ မီးဘေးအန္တရာယ်အတွက် လိုအပ်တဲ့ စံချိန်စံညွန်းအတိုင်း လိုက်နာမှုမရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံမှာ မီးဘေးအန္တရာယ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်မှု လျော့နည်းတာကြောင့် လူသေဆုံးမှုများတဲ့ မီးလောင်မှုတွေ ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top