×

မိတီၳလာၿမိဳ႕နယ္ ဥယ်ာဥ္ကုန္းေက်းရြာတြင္ န၀မတန္းေက်ာင္းသားတစ္ဦးက အသက္ ၁၁ ႏွစ္ေက်ာ္ ငါးတန္းေက်ာင္းသူ မိန္းကေလးငယ္တစ္ဦးအား ဓမၼတာႏွင့္ ဆန္႔က်င္ကာ သားမယားျပဳက်င့္မႈျဖစ္ပြားခဲ့သျဖင့္ အေရးယူေပးပါရန္ တိုင္တန္းမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီ ၁၇ ရက္ ညေနပိုင္းက မိတီၳလာၿမိဳ႕နယ္ ဥယ်ာဥ္ကုန္းေက်းရြာေန ေဒၚ…သည္ အလုပ္မွ အိမ္ျပန္လာစဥ္ သားျဖစ္သူ မွ သမီးမ…မွာ အမူအယာ ပ်က္ေနေၾကာင္း ေျပာျပသိရွိရသျဖင့္ သမီးျဖစ္သူ မ… အသက္ ၁၁ ႏွစ္ ၁၁ လ၊ ငါးတန္းေက်ာင္းသူအား ေမးျမန္းခဲ့ရာ အဆိုပါေန႔ မြန္းလြဲပိုင္းက ေနအိမ္ အနီးသူငယ္ခ်င္းအိမ္သုိ႔ အလည္သြားစဥ္ ေခြးေဟာင္သျဖင့္ ေနာက္သို႔ျပန္ထြက္လာရာ အိမ္နီးနားခ်င္းျဖစ္သူ ေမာင္… အသက္ ၁၅ ႏွစ္ ခုႏွစ္လေက်ာ္ န၀မတန္းေက်ာင္းသားမွ အနီးသို႔ေရာက္ရွိလာၿပီး မေအာ္ရန္ ပါးစပ္ပိတ္လက္ဆြဲကာ ေဘာလုံးကြင္းအနီး ခ်ဳံပုတ္သို႔ဆြဲေခၚကာ ဓမၼတာႏွင့္ ဆန္႔က်င္ၿပီး သားမယားျပဳက်င့္ခဲ့ေၾကာင္း သိရွိရသျဖင့္ မိခင္ျဖစ္သူက တရားလိုျပဳလုပ္ကာ မိတီၳလာၿမိဳ႕မ ရဲစခန္းသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ကနဦးစစ္ေဆးခ်က္အရ သိရသည္။

“ဒီျဖစ္စဥ္ကိုေလ့လာၾကည့္ရင္ ဘယ္ေလာက္ထိ သက္ငယ္မုဒိမ္းကိစၥေတြက ဆိုးရြားေနၿပီလဲဆိုတာ ေတြ႕ရတယ္။ ေကာင္ေလးကလည္း ကိုးတန္းေက်ာင္းသား အသက္မျပည့္ေသးဘူး။ က်ဴးလြန္ခံရတဲ့ ေကာင္မေလးက ငါးတန္းေက်ာင္းသူ၊ တကယ္ကို ငယ္ငယ္ ေလးရွိေသးတယ္။ အဲဒါက်ေတာ့ ေကာင္ေလးကလည္း အသက္မျပည့္ေသးေတာ့ ဘယ္လို အေရးယူၾကမလဲ။ စိတ္ပုိင္းဆိုင္ရာလည္း ေကာင္မေလးကို ဘယ္လိုျပန္ကုသၾကမလဲ။ ဒါေတြကို ဘယ္လိုလုပ္ၾကမလဲ။ တာ၀န္ရွိသူေတြအေနနဲ႔ စဥ္းစားသင့္ၿပီ။ ေခတ္ကာလအေျခအေနအရ ကိုယ့္သား၊ သမီးကို မ်က္စိေအာက္ကကို အေပ်ာက္မခံရဲေတာ့ဘူး” ဟု မိတီၳလာၿမိဳ႕ နန္းေတာ္ကုန္းရပ္ကြက္ေနသူ တစ္ဦးက ေျပာၾကားသည္။ အဆိုပါအမႈအား မိတီၱလာၿမိဳ႕မရဲစခန္းမွ စခန္းမႈးဒုရဲမွဴး ေက်ာ္ထင္က အမႈစစ္ျပဳလုပ္ကာ (ပ) ၇၅/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၇ ျဖင့္ အမႈဖြင့္စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#

မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာတွင် နဝမတန်းကျောင်းသားတစ်ဦးက အသက် ၁၁ နှစ်ကျော် ငါးတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးအား ဓမ္မတာနှင့် ဆန့်ကျင်ကာ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့သဖြင့် အရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာနေ ဒေါ်…သည် အလုပ်မှ အိမ်ပြန်လာစဉ် သားဖြစ်သူ မှ သမီးမ…မှာ အမူအယာ ပျက်နေကြောင်း ပြောပြသိရှိရသဖြင့် သမီးဖြစ်သူ မ… အသက် ၁၁ နှစ် ၁၁ လ၊ ငါးတန်းကျောင်းသူအား မေးမြန်းခဲ့ရာ အဆိုပါနေ့ မွန်းလွဲပိုင်းက နေအိမ် အနီးသူငယ်ချင်းအိမ်သို့ အလည်သွားစဉ် ခွေးဟောင်သဖြင့် နောက်သို့ပြန်ထွက်လာရာ အိမ်နီးနားချင်းဖြစ်သူ မောင်… အသက် ၁၅ နှစ် ခုနှစ်လကျော် နဝမတန်းကျောင်းသားမှ အနီးသို့ရောက်ရှိလာပြီး မအော်ရန် ပါးစပ်ပိတ်လက်ဆွဲကာ ဘောလုံးကွင်းအနီး ချုံပုတ်သို့ဆွဲခေါ်ကာ ဓမ္မတာနှင့် ဆန့်ကျင်ပြီး သားမယားပြုကျင့်ခဲ့ကြောင်း သိရှိရသဖြင့် မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ မိတ္ထီလာမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“ဒီဖြစ်စဉ်ကိုလေ့လာကြည့်ရင် ဘယ်လောက်ထိ သက်ငယ်မုဒိမ်းကိစ္စတွေက ဆိုးရွားနေပြီလဲဆိုတာ တွေ့ရတယ်။ ကောင်လေးကလည်း ကိုးတန်းကျောင်းသား အသက်မပြည့်သေးဘူး။ ကျူးလွန်ခံရတဲ့ ကောင်မလေးက ငါးတန်းကျောင်းသူ၊ တကယ်ကို ငယ်ငယ် လေးရှိသေးတယ်။ အဲဒါကျတော့ ကောင်လေးကလည်း အသက်မပြည့်သေးတော့ ဘယ်လို အရေးယူကြမလဲ။ စိတ်ပိုင်းဆိုင်ရာလည်း ကောင်မလေးကို ဘယ်လိုပြန်ကုသကြမလဲ။ ဒါတွေကို ဘယ်လိုလုပ်ကြမလဲ။ တာဝန်ရှိသူတွေအနေနဲ့ စဉ်းစားသင့်ပြီ။ ခေတ်ကာလအခြေအနေအရ ကိုယ့်သား၊ သမီးကို မျက်စိအောက်ကကို အပျောက်မခံရဲတော့ဘူး” ဟု မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်နေသူ တစ်ဦးက ပြောကြားသည်။ အဆိုပါအမှုအား မိတ္တီလာမြို့မရဲစခန်းမှ စခန်းမှုးဒုရဲမှူး ကျော်ထင်က အမှုစစ်ပြုလုပ်ကာ (ပ) ၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top