န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ကိုယ္ဝန္ ရရွိေအာင္ ႀကိဳးစားေနတယ္ ဆိုရင္ေတာ့ က်န္းမာေရးေကာင္းေစတဲ့ ဟင္းသီးဟင္းရြက္၊ အသီးအႏွံေတြ အျပင္ ဗီတာမင္ဓာတ္ေတြလည္း ျပည့္စံုလံုေလာက္ဖို႔ လိုပါတယ္။

မာက်ဴရီ အမ်ားစုက ပင္လယ္စာ အစားအစာေတြထဲမွာ အမ်ားဆံုး ပါဝင္ပါတယ္

ေဆးလိပ္၊ အရက္နဲ႔ ကဖင္းဓာတ္ပါဝင္တဲ့ အစားအစာေတြကို ေလ်ာ့ခ်ၿပီး ေလ့က်င့္ခန္းေတြလည္း ျပဳလုပ္ေပးရမွာပါ။ ဒါေတြအျပင္ ဆရာဝန္ညႊန္ၾကားတဲ့ ေဆးဝါးေတြကိုလည္း ေသာက္သံုးေပးရမွာပါ။ သတိမထားမိတဲ့ ေနာက္တခ်က္ကေတာ့ အဆိပ္အေတာက္ေတြ ပါဝင္ေနတဲ့ အိမ္သံုးပစၥည္းေတြပါ။

အဆိပ္ပါဝင္ေနတဲ့ အိမ္သံုးပစၥည္းေတြက ကိုယ္ဝန္မရေအာင္ ဘယ္လို တားဆီးေပးေနတာလဲ။ အဆိပ္ပါဝင္တဲ့ အိမ္သံုးပစၥည္းေတြက က်န္းမာတဲ့ သုတ္ပိုးေတြကို အေရအတြက္ ေလ်ာ့နည္းေစၿပီး မမ်ိဳးဥေၾကြတာကိုလည္း အေႏွာက္အယွက္ ေပးႏိုင္ပါတယ္။ ဘယ္လိုပစၥည္းေတြမွာ အဆိပ္ေတြပါဝင္ႏိုင္တာလဲ။

PBA
သံဗူး၊ ပလက္စတစ္ဗူး နဲ႔ ပလက္စတစ္ပံုးေတြမွာ အမ်ားဆံုးပါဝင္ေနပါတယ္။ Estrogen ေဟာ္မုန္းထုတ္လြတ္မႈေတြကို ေလ်ာ့က်ေစပါတယ္။ ခႏၶာကိုယ္ထဲမွာ PBA ဓာတ္ ေတြမ်ားလာပါက မ်ိဳးမပြားႏိုင္တာနဲ႔ ကင္ဆာေရာဂါေတြျဖစ္ေစပါတယ္။ ေနာက္ၿပီး မ်ိဳးပြားအဂၤါရဲ႕ လုပ္ငန္းစဥ္ေတြကို အားနည္းလာေစပါတယ္။ ဒါေၾကာင့္ အရည္အေသြးျမင့္တဲ့ ပလက္စတစ္ဗူး၊ ပံုးေတြနဲ႔ သံဗူးေတြကိုသာ သံုးစြဲေပးတာက အေကာင္းဆံုး ျဖစ္ပါတယ္။

Parabens
အသင့္စားသံုးႏိုင္တဲ့ အစားအစာေတြထဲမွာ အမ်ားဆံုး ေတြ႕ရပါတယ္။ အဲဒီ အသင့္စား အစာေတြထဲမွာ ၾကာရွည္ခံေဆးေတြ ပါဝင္တာေၾကာင့္ပါ။ မမ်ိဳးဥေၾကြတဲ့ အႀကိမ္အေရအတြက္ နည္းေစပါတယ္။

Phthalates မပါဝင္တဲ့ ပစၥည္းေတြကို ေရြးခ်ယ္အသံုးျပဳေပးပါ

Phthalates
အိမ္သံုးပစၥည္း ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ေနပါတယ္။ Phthalates ဟာ ပလက္စတစ္ ထဲမွာ ေပ်ာ္ဝင္လြယ္ပါတယ္။ ဆပ္ျပာ၊ ေခါင္းေလ်ာ္ရည္၊ ဆံပင္နဲ႔ပတ္သက္တဲ့ အလွကုန္ပစၥည္းမ်ား၊ လက္သည္းဆိုးေဆး၊ မိတ္ကပ္၊ မိုးကာပစၥည္း နဲ႔ ပလက္စတစ္ကုလားထိုင္ စတာေတြမွာ ပါဝင္တတ္ပါတယ္။ ဒါေၾကာင့္ Phthalates မပါဝင္တဲ့ ပစၥည္းေတြကို ေရြးခ်ယ္အသံုးျပဳေပးပါ။

မာက်ဴရီ
မာက်ဴရီ အမ်ားစုက ပင္လယ္စာ အစားအစာေတြထဲမွာ အမ်ားဆံုး ပါဝင္ပါတယ္။ ဂဏန္းခြက္၊ တူနာငါး နဲ႔ ေျမာက္အတၱလႏၱတိတ္မွငါးတစ္မ်ိဳးျဖစ္တဲ့ mackerel တို႔မွာ အမ်ားဆံုးပါဝင္ပါတယ္။ မာက်ဴရီဓာတ္ဟာ ဥေၾကြတာကို ျပႆနာျဖစ္ေစသလို သေႏၶသားေလာင္းကိုလည္း အႏၱရာယ္ျဖစ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kalay

#Unicode Version#
ကိုယ်ဝန် ရရှိအောင် ကြိုးစားနေတယ် ဆိုရင်တော့ ကျန်းမာရေးကောင်းစေတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ အပြင် ဗီတာမင်ဓာတ်တွေလည်း ပြည့်စုံလုံလောက်ဖို့ လိုပါတယ်။

မာကျူရီ အများစုက ပင်လယ်စာ အစားအစာတွေထဲမှာ အများဆုံး ပါဝင်ပါတယ်

ဆေးလိပ်၊ အရက်နဲ့ ကဖင်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို လျော့ချပြီး လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ပေးရမှာပါ။ ဒါတွေအပြင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကိုလည်း သောက်သုံးပေးရမှာပါ။ သတိမထားမိတဲ့ နောက်တချက်ကတော့ အဆိပ်အတောက်တွေ ပါဝင်နေတဲ့ အိမ်သုံးပစ္စည်းတွေပါ။

အဆိပ်ပါဝင်နေတဲ့ အိမ်သုံးပစ္စည်းတွေက ကိုယ်ဝန်မရအောင် ဘယ်လို တားဆီးပေးနေတာလဲ။ အဆိပ်ပါဝင်တဲ့ အိမ်သုံးပစ္စည်းတွေက ကျန်းမာတဲ့ သုတ်ပိုးတွေကို အရေအတွက် လျော့နည်းစေပြီး မမျိုးဥကြွေတာကိုလည်း အနှောက်အယှက် ပေးနိုင်ပါတယ်။ ဘယ်လိုပစ္စည်းတွေမှာ အဆိပ်တွေပါဝင်နိုင်တာလဲ။

PBA
သံဗူး၊ ပလက်စတစ်ဗူး နဲ့ ပလက်စတစ်ပုံးတွေမှာ အများဆုံးပါဝင်နေပါတယ်။ Estrogen ဟော်မုန်းထုတ်လွတ်မှုတွေကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ PBA ဓာတ် တွေများလာပါက မျိုးမပွားနိုင်တာနဲ့ ကင်ဆာရောဂါတွေဖြစ်စေပါတယ်။ နောက်ပြီး မျိုးပွားအင်္ဂါရဲ့ လုပ်ငန်းစဉ်တွေကို အားနည်းလာစေပါတယ်။ ဒါကြောင့် အရည်အသွေးမြင့်တဲ့ ပလက်စတစ်ဗူး၊ ပုံးတွေနဲ့ သံဗူးတွေကိုသာ သုံးစွဲပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

Parabens
အသင့်စားသုံးနိုင်တဲ့ အစားအစာတွေထဲမှာ အများဆုံး တွေ့ရပါတယ်။ အဲဒီ အသင့်စား အစာတွေထဲမှာ ကြာရှည်ခံဆေးတွေ ပါဝင်တာကြောင့်ပါ။ မမျိုးဥကြွေတဲ့ အကြိမ်အရေအတွက် နည်းစေပါတယ်။

Phthalates မပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပေးပါ

Phthalates
အိမ်သုံးပစ္စည်း တော်တော်များများမှာ ပါဝင်နေပါတယ်။ Phthalates ဟာ ပလက်စတစ် ထဲမှာ ပျော်ဝင်လွယ်ပါတယ်။ ဆပ်ပြာ၊ ခေါင်းလျော်ရည်၊ ဆံပင်နဲ့ပတ်သက်တဲ့ အလှကုန်ပစ္စည်းများ၊ လက်သည်းဆိုးဆေး၊ မိတ်ကပ်၊ မိုးကာပစ္စည်း နဲ့ ပလက်စတစ်ကုလားထိုင် စတာတွေမှာ ပါဝင်တတ်ပါတယ်။ ဒါကြောင့် Phthalates မပါဝင်တဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပေးပါ။

မာကျူရီ
မာကျူရီ အများစုက ပင်လယ်စာ အစားအစာတွေထဲမှာ အများဆုံး ပါဝင်ပါတယ်။ ဂဏန်းခွက်၊ တူနာငါး နဲ့ မြောက်အတ္တလန္တတိတ်မှငါးတစ်မျိုးဖြစ်တဲ့ mackerel တို့မှာ အများဆုံးပါဝင်ပါတယ်။ မာကျူရီဓာတ်ဟာ ဥကြွေတာကို ပြဿနာဖြစ်စေသလို သန္ဓေသားလောင်းကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kalay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top