ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

အမ်ိဳးသမီးေတြရဲ႕ ေက်ာ႐ုိးမႀကီးအတြင္းပိုင္းမွ အာ႐ုံေၾကာအရည္ေတြကို ခိုးထုတ္ၿပီး ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့ၾကတဲ့ ပါကစၥတန္ ေမွာင္ခိုဂိုဏ္းကို ရဲေတြက ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ဘီဘီစီသတင္းတပုဒ္မွာ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က ေဖာ္ျပပါတယ္။

အဖြဲ႔ဝင္ေလးဦးပါတဲ့ ေမွာင္ခိုအဖြဲ႔ဟာ အစိုးရတာဝန္ရွိသူေတြ အေယာင္ေဆာင္ကာ အမ်ိဳးသမီး ၁၂ ဦးထက္မနည္းဆီကေန ခုလို ခိုးထုတ္ယူခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အဲဒီအမ်ိဳးသမီးေတြကို ေမွာင္ခိုဂိုဏ္းက ပန္ဂ်ပ္ျပည္နယ္အစိုးရရဲ႕ ဘ႑ာေရး ေထာက္ပံ့ကူညီေငြနဲ႔ ေဆးသုေတသနလုပ္ငန္းေတြ လုပ္ေဆာင္ရာမွာ ေသြးနမူနာ ေကာက္ယူမႈ ျပဳလုပ္ဖို႔အတြက္ဆိုၿပီး ေျပာခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္ သူတို႔က ေသြးအစား ေက်ာ႐ုိးမႀကီး အတြင္းပိုင္းမွ အာ႐ုံေၾကာအရည္ေတြကို ထုတ္ယူခဲ့ၾကၿပီး ေမွာင္ခိုေစ်းကြက္တင္ ေရာင္းခ်ဖို႔ ရည္ရြယ္ခဲ့တာလို႔ ရဲေတြက ေျပာပါတယ္။

ဒါေပမယ့္ အဲဒီအမ်ိဳးသမီးေတြထဲက ၁၇ ႏွစ္အရြယ္ မိန္းကေလးတဦးဟာ သူ႔ရဲ႕ခႏၶာကိုယ္တြင္းမွ အခုလိုထုတ္ယူခံခဲ့ရၿပီးေနာက္ပိုင္းမွာ အားနည္းလာခဲ့တာကို ဖခင္ျဖစ္သူက သတိျပဳမိခဲ့ပါတယ္။

ဒီေနာက္ သူက သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ခ်ိန္မွာေတာ့ တာဝန္ရွိသူေတြက သတိျပဳမိခဲ့ၿပီး ကြင္းဆက္လိုက္ ရွာေဖြဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

ဒီေမွာင္ခိုဂိုဏ္းဟာ ဟာဖီဇာဘက္ဒ္ေဒသတြင္းမွာ က်င္လည္က်က္စားေနခဲ့တာျဖစ္ၿပီး သူတို႔ထဲက တေယာက္ကေတာ့ သူ႔ကိုယ္သူ ခ႐ုိင္ေဆး႐ုံမွ ဝန္ထမ္းတဦးအျဖစ္ ဟန္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ေဒသတြင္း ရဲအရာရွိတဦးျဖစ္တဲ့ အက္ရွ္ဖက္ခ္အာမက္ဒ္ခန္က ေျပာပါတယ္။

“သူတို႔ဟာ အမ်ိဳးသမီးေတြကို ေသြးနမူနာထုတ္ယူဖို႔ ေဆး႐ံုကို ေခၚမသြားဘဲ အဖြဲ႔ဝင္ အမ်ိဳးသမီးတေယာက္ရဲ႕ အိမ္ကို ေခၚသြားခဲ့ၾကတာ။”

လက္ရွိမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ေကာ္မတီတခုဖြဲ႔စည္းၿပီး စံုစမ္းစစ္ေဆးဖို႔ လုပ္ေဆာင္ေနကာ ေက်ာ႐ုိးမႀကီးတြင္း အာ႐ုံေၾကာအရည္ေတြကို ဘယ္လိုေရာင္းခ် အသံုးျပဳသလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ဆိုပါတယ္။

လူ႔ခႏၶာကိုယ္ အစိတ္အပိုင္းေတြ တရားမဝင္ေရာင္းခ်မႈကို ပါကစၥတန္ႏိုင္ငံမွာ တရားမဝင္ဘူးလို႔ ၂၀၁၀ ျပည့္ႏွစ္က စတင္သတ္မွတ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိ အနည္းအက်ဥ္း လုပ္ေဆာင္မႈေတြ ရွိေနတုန္းပဲျဖစ္တယ္လို႔ ကၽြမ္းက်င္သူေတြက သံုးသပ္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
# ZawGyi Version ဖြင့်ဖတ်ရန် #

အမျိုးသမီးတွေရဲ့ ကျောရိုးမကြီးအတွင်းပိုင်းမှ အာရုံကြောအရည်တွေကို ခိုးထုတ်ပြီး ရောင်းချဖို့ ကြိုးစားခဲ့ကြတဲ့ ပါကစ္စတန် မှောင်ခိုဂိုဏ်းကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖော်ပြပါတယ်။

အဖွဲ့ဝင်လေးဦးပါတဲ့ မှောင်ခိုအဖွဲ့ဟာ အစိုးရတာဝန်ရှိသူတွေ အယောင်ဆောင်ကာ အမျိုးသမီး ၁၂ ဦးထက်မနည်းဆီကနေ ခုလို ခိုးထုတ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသမီးတွေကို မှောင်ခိုဂိုဏ်းက ပန်ဂျပ်ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာရေး ထောက်ပံ့ကူညီငွေနဲ့ ဆေးသုတေသနလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ သွေးနမူနာ ကောက်ယူမှု ပြုလုပ်ဖို့အတွက်ဆိုပြီး ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့က သွေးအစား ကျောရိုးမကြီး အတွင်းပိုင်းမှ အာရုံကြောအရည်တွေကို ထုတ်ယူခဲ့ကြပြီး မှောင်ခိုဈေးကွက်တင် ရောင်းချဖို့ ရည်ရွယ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဒါပေမယ့် အဲဒီအမျိုးသမီးတွေထဲက ၁၇ နှစ်အရွယ် မိန်းကလေးတဦးဟာ သူ့ရဲ့ခန္ဓာကိုယ်တွင်းမှ အခုလိုထုတ်ယူခံခဲ့ရပြီးနောက်ပိုင်းမှာ အားနည်းလာခဲ့တာကို ဖခင်ဖြစ်သူက သတိပြုမိခဲ့ပါတယ်။

ဒီနောက် သူက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ချိန်မှာတော့ တာဝန်ရှိသူတွေက သတိပြုမိခဲ့ပြီး ကွင်းဆက်လိုက် ရှာဖွေဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဒီမှောင်ခိုဂိုဏ်းဟာ ဟာဖီဇာဘက်ဒ်ဒေသတွင်းမှာ ကျင်လည်ကျက်စားနေခဲ့တာဖြစ်ပြီး သူတို့ထဲက တယောက်ကတော့ သူ့ကိုယ်သူ ခရိုင်ဆေးရုံမှ ဝန်ထမ်းတဦးအဖြစ် ဟန်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်း ရဲအရာရှိတဦးဖြစ်တဲ့ အက်ရှ်ဖက်ခ်အာမက်ဒ်ခန်က ပြောပါတယ်။

“သူတို့ဟာ အမျိုးသမီးတွေကို သွေးနမူနာထုတ်ယူဖို့ ဆေးရုံကို ခေါ်မသွားဘဲ အဖွဲ့ဝင် အမျိုးသမီးတယောက်ရဲ့ အိမ်ကို ခေါ်သွားခဲ့ကြတာ။”

လက်ရှိမှာတော့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ကော်မတီတခုဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေကာ ကျောရိုးမကြီးတွင်း အာရုံကြောအရည်တွေကို ဘယ်လိုရောင်းချ အသုံးပြုသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တရားမဝင်ရောင်းချမှုကို ပါကစ္စတန်နိုင်ငံမှာ တရားမဝင်ဘူးလို့ ၂၀၁၀ ပြည့်နှစ်က စတင်သတ်မှတ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ အနည်းအကျဉ်း လုပ်ဆောင်မှုတွေ ရှိနေတုန်းပဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top