ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒီတစ္ခါလည္းဂါထာပါပဲ၊၊ လူေခါ္ လာဘ္ေခါ္ ဧည့္လာ ဂါထာရဲ႔ အက်ိုးကေတာ့ ရြတ္ဖူးသူတိုင္းသိမွာပါ၊၊…
ဒါကေတာ့ ေပ်ာက္ကြယ္လုျဖစ္ေနတယ္ ေရွးေးဟာင္းရွင္သီဝလိဂါထာပါ၊၊
ေစ်းေရာင္းေကာင္းဖို့၊ ဆိုင္မွာစားသံုးသူမ်ားေစဖို့၊
စီးပြားေရးလုပ္ငန္းမ်ား အဆင္ေျပဖို့
အလုပ္ရွင္ကခ်စ္ခင္ေစဖို့ ရာထူးလစာတိုးေပးေစလိုတာ
စာေမးပြဲအင္တာဗ်ဴးေတြမွာ ဆရာဆရာမ/ လူျကီးမ်ားခ်စ္ခင္ေစဖို့ ေအာင္ျမင္ေစဖို့
၇ာထူးတိုးေပးေအာင္ ေနရာေကာင္းရေအာင္ အထက္လူျကီး၏ အကူအညီရေစဖို့ အလုပ္ေျပာင္းေ၇ႊ႕ ရေစဖို့ လာဘ္ပြင့္ေျကြးေျကေစဖို့
လာဘ္ရႊင္ေစဖို့
လူအမ်ားကျမင္ကာမ်ွျဖင့္ေမတၱာသက္ဝင္ခ်စ္ခင္ေစဖို့
ပါမစ္/လိုင္စင္ /ဗီဇာ ႏိုင္ငံကူးလက္မတ္ေတြေလ်ွာက္ထားတာ အျမန္ရေစဖို့၊
ႏိုင္ငံျခားသြားရေအာင္ ခြင့္ျပုေပးမယ့္သူက အျမန္ဆံုးခြင့္ျပုေပးေအာင္
အိမ္ျခံ ေျမ ကား စသျဖင့္ အက်ိုးေဆာင္မ်ား လုပ္ငန္းအဆင္ေျပ မိမိေျပာသမ်ွေအာင္ျမင္ေစဖို့
စတဲ့ကိစၥေတြမွာ သံုးပါတယ္၊၊

ဂါထာကေတာ့

ဘေႏၱ သီဝလိ နာမာတိ
သီတုေလာေကတု ပါကေတာ
အနဂေတာ ကမၸေႏၷာဣ၀
ေဒဟိေမသုခ ဇိဝေႏၱာ
သဗၺဒုကၡ ပမုဥၨယ
ေယပုရိသာ ေယဣတၳိဝါ
ႏုေရဝ သႏၱိေဒဝတာ
ေသာ ယ. ႆ ႏုဘာေဝန
သဒၵါ ေဟာႏၱဳ ပိယံမမ၊၊

ဂါထာရဲ႔ အဓိပၸါယ္က
ရွင္သီဝလိနာမအမည္ရွိေတာ္မူေသာ အရွင္သည္ ေလာက၌ ထင္ရွားရွိခဲ႔ပါေပ၏
အရွင္ဘုရားတန္ခိုးေတာ္အာနုေဘာ္ေျကာင့္ တုန္လႈပ္ဖြယ္
ျဖစ္သကဲ႕သို႕ တပည့္ေတာ္အား သက္ရွင္သမ်ွကာလပတ္လုံး ခ်မ္းသာသုခကို ေပးသနားေတာ္မူပါ ဆင္းရဲအေပါင္းမွ လြတ္ေျမာက္ပါေစသတည္း ေလာက၌ ေယာက်္ား မိန္းမ နတ္တို႕သည္လည္း ထင္းရွားရွိျကပါေပကုန္၏ အျကင္နတ္ေဒဝတာတို႕
၏ အာနုေဘာ္ေတာ္ေျကာင့္
လည္းေကာင္း ငါ၏ အသံကိုျကားသည္နွင့္ အျမဲ ထာဝရခ်စ္ခင္ေစာင့္ေရွာက္ျကပါေစကုန္သတည္း၊၊

အထူးမွတ္ခ်က္ ၊၊ ၊၊ဘန္ေတ ဟုရြတ္ရပါမည္ ဘန္းေတမဟုတ္ပါ၊၊
ပိယံ ဟုရြတ္ရပါမည္ ပီယံမဟုတ္ပါ၊၊
တစ္ေန့ကို အနည္းဆံုး ၁၀၈ေခါက္ရြတ္ရပါမယ္၊၊ ပိုရြတ္လိုပါကရြတ္ႏိုင္ပါသည္၊၊
၁၀၈ေခါက္ထက္မနည္းရပါ၊၊ ၇ြတ္ဆိုေနခ်ိန္ ဂါထာရဲ႔ အဓိပၸါယ္ကို ႏွလံုးသြင္းထားရပါမယ္၊၊

အေဆာင္အျဖစ္ေဆာင္ရြက္လိုပါက
ေက်ာက္စရစ္ခဲ သန့္သန့္တစ္လံုးကို ေကာက္ယူျပီး
ေရေသခ်ာေဆးေျကာကာ လက္ဝါးထဲထည့္ကိုင္ျပီး တစ္ေန့လ်ွင္ ပုတီး၁၀ပါတ္ တစ္ထိုင္တည္းစိပ္ရပါမယ္၊၊ တစ္လဆိတိစိပ္ရပါမယ္ တစ္လျပည့္ပါက ပီယအပြင့္ အေဆာင္ရပါျပီ၊၊
အေရးျကိးကိစၥ၇်ိလ်ွင္ ငါးပါးသီလခံယူျပီး မိမိျဖစ္လိုေသာကိစၥကို အာရံုျပဳကာ ထိုအေဆာင္ေက်ာက္ခဲကို လက္မႏွင့္ပြတ္ခါ ဂါထာ၁၀၈ေခါက္ ၇ြတ္ဆိုပါ၊၊ျဖစ္ႏိုင္ေသာကိစၥမွန္သမ်ွ ပြင့္လန္းေအာင္ျမင္လာပါလိမ့္မည္ဟုညႊန္းဆိုထားပါသည္၊၊

ေရွးေဟာင္း ရွင္သီဝလိရုပ္တုေတာ္ထဲမွာ ဌာပနာသြင္း ထားခဲ႔တဲ့ပညာရပ္ပါ၊၊

ဂါထာက္ု အနက္ျပန္ေပးပါေသာ
အရွင္ဣျႏၵာစာရ (လူငယ့္အားမာန္ဆရာေတာ္) ေခတ ၱျပည္ျမို့အား ရွစ္ခိုးဦးတင္ပါသည္၊၊

အားလံုးပဲရြတ္ဆို အက်ိုးမ်ားႏိုင္ျကပါေစ၊၊

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zayar Oo (လူ့ျပည္သို့ အလည္တစ္ေခါက္ေရာက္ျခင္းအမွတ္တရ)

#Unicode Version#
ဒီတစ်ခါလည်းဂါထာပါပဲ၊၊ လူခေါ် လာဘ်ခေါ် ဧည့်လာ ဂါထာရဲ့ အကျိုးကတော့ ရွတ်ဖူးသူတိုင်းသိမှာပါ၊၊…
ဒါကတော့ ပျောက်ကွယ်လုဖြစ်နေတယ် ရှေးေးဟာင်းရှင်သီဝလိဂါထာပါ၊၊
ဈေးရောင်းကောင်းဖို့၊ ဆိုင်မှာစားသုံးသူများစေဖို့၊
စီးပွားရေးလုပ်ငန်းများ အဆင်ပြေဖို့
အလုပ်ရှင်ကချစ်ခင်စေဖို့ ရာထူးလစာတိုးပေးစေလိုတာ
စာမေးပွဲအင်တာဗျူးတွေမှာ ဆရာဆရာမ/ လူကြီးများချစ်ခင်စေဖို့ အောင်မြင်စေဖို့
ရာထူးတိုးပေးအောင် နေရာကောင်းရအောင် အထက်လူကြီး၏ အကူအညီရစေဖို့ အလုပ်ပြောင်းရွှေ့ ရစေဖို့ လာဘ်ပွင့်ကြွေးကြေစေဖို့
လာဘ်ရွှင်စေဖို့
လူအများကမြင်ကာမျှဖြင့်မေတ္တာသက်ဝင်ချစ်ခင်စေဖို့
ပါမစ်/လိုင်စင် /ဗီဇာ နိုင်ငံကူးလက်မတ်တွေလျှောက်ထားတာ အမြန်ရစေဖို့၊
နိုင်ငံခြားသွားရအောင် ခွင့်ပြုပေးမယ့်သူက အမြန်ဆုံးခွင့်ပြုပေးအောင်
အိမ်ခြံမြေ ကား စသဖြင့် အကျိုးဆောင်များ လုပ်ငန်းအဆင်ပြေ မိမိပြောသမျှအောင်မြင်စေဖို့
စတဲ့ကိစ္စတွေမှာ သုံးပါတယ်၊၊

ဂါထာကတော့

ဘန္တေ သီဝလိ နာမာတိ
သီတုလောကေတု ပါကတော
အနဂတော ကမ္ပန္နောဣဝ
ဒေဟိမေသုခ ဇိဝန္တော
သဗ္ဗဒုက္ခ ပမုဉ္ဇယ
ယေပုရိသာ ယေဣတ္ထိဝါ
နုရေဝ သန္တိဒေဝတာ
သော ယ. ဿ နုဘာဝေန
သဒ္ဒါ ဟောန္တု ပိယံမမ၊၊

ဂါထာရဲ့ အဓိပ္ပါယ်က
ရှင်သီဝလိနာမအမည်ရှိတော်မူသော အရှင်သည် လောက၌ ထင်ရှားရှိခဲ့ပါပေ၏
အရှင်ဘုရားတန်ခိုးတော်အာနုဘော်ကြောင့် တုန်လှုပ်ဖွယ်
ဖြစ်သကဲ့သို့ တပည့်တော်အား သက်ရှင်သမျှကာလပတ်လုံး ချမ်းသာသုခကို ပေးသနားတော်မူပါ ဆင်းရဲအပေါင်းမှ လွတ်မြောက်ပါစေသတည်း လောက၌ ယောကျ်ား မိန်းမ နတ်တို့သည်လည်း ထင်းရှားရှိကြပါပေကုန်၏ အကြင်နတ်ဒေဝတာတို့
၏ အာနုဘော်တော်ကြောင့်
လည်းကောင်း ငါ၏ အသံကိုကြားသည်နှင့် အမြဲ ထာဝရချစ်ခင်စောင့်ရှောက်ကြပါစေကုန်သတည်း၊၊

အထူးမှတ်ချက် ၊၊ ၊၊ဘန်တေ ဟုရွတ်ရပါမည် ဘန်းတေမဟုတ်ပါ၊၊
ပိယံ ဟုရွတ်ရပါမည် ပီယံမဟုတ်ပါ၊၊
တစ်နေ့ကို အနည်းဆုံး ၁၀၈ခေါက်ရွတ်ရပါမယ်၊၊ ပိုရွတ်လိုပါကရွတ်နိုင်ပါသည်၊၊
၁၀၈ခေါက်ထက်မနည်းရပါ၊၊ ရွတ်ဆိုနေချိန် ဂါထာရဲ့ အဓိပ္ပါယ်ကို နှလုံးသွင်းထားရပါမယ်၊၊

အဆောင်အဖြစ်ဆောင်ရွက်လိုပါက
ကျောက်စရစ်ခဲ သန့်သန့်တစ်လုံးကို ကောက်ယူပြီး
ရေသေချာဆေးကြောကာ လက်ဝါးထဲထည့်ကိုင်ပြီး တစ်နေ့လျှင် ပုတီး၁၀ပါတ် တစ်ထိုင်တည်းစိပ်ရပါမယ်၊၊ တစ်လဆိတိစိပ်ရပါမယ် တစ်လပြည့်ပါက ပီယအပွင့် အဆောင်ရပါပြီ၊၊
အရေးကြိးကိစ္စ၇ျိလျှင် ငါးပါးသီလခံယူပြီး မိမိဖြစ်လိုသောကိစ္စကို အာရုံပြုကာ ထိုအဆောင်ကျောက်ခဲကို လက်မနှင့်ပွတ်ခါ ဂါထာ၁၀၈ခေါက် ရွတ်ဆိုပါ၊၊ဖြစ်နိုင်သောကိစ္စမှန်သမျှ ပွင့်လန်းအောင်မြင်လာပါလိမ့်မည်ဟုညွှန်းဆိုထားပါသည်၊၊

ရှေးဟောင်း ရှင်သီဝလိရုပ်တုတော်ထဲမှာ ဌာပနာသွင်း ထားခဲ့တဲ့ပညာရပ်ပါ၊၊

ဂါထာက်ု အနက်ပြန်ပေးပါသော
အရှင်ဣန္ဒြာစာရ (လူငယ့်အားမာန်ဆရာတော်) ခေတ ္တပြည်မြို့အား ရှစ်ခိုးဦးတင်ပါသည်၊၊

အားလုံးပဲရွတ်ဆို အကျိုးများနိုင်ကြပါစေ၊၊

ဖိုးသူတော် (www.phothutaw.com)
Credit: Zayar Oo (လူ့ပြည်သို့ အလည်တစ်ခေါက်ရောက်ခြင်းအမှတ်တရ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top