ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #
ထိုင္းေတာင္ပိုင္း လိပ္ကၽြန္းမွာ လြန္ခဲ့တဲ့ ၃ ႏွစ္ေက်ာ္က ၿဗိတိန္ႏိုင္ငံသား ၂ ဦး အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး ေသဒဏ္အျပစ္ေပးခံထားရတဲ့ ျမန္မာ အလုပ္သမားလူငယ္ႏွစ္ဦး လြတ္ေျမာက္ေရး ထိုင္း-ျမန္မာသံ႐ုံးနဲ႔ အလုပ္သမားကူညီေရးအဖြဲ႔ေတြက ဆက္လက္ ႀကိဳးပမ္းေနပါတယ္။

ျမန္မာလူငယ္ႏွစ္ဦးကို ေသဒဏ္က်ေစခဲ့တဲ့ ထိုင္းရဲဘက္က တင္ျပခဲ့တဲ့ သက္ေသအေထာက္အထားေတြဟာ ခိုင္လံုမႈမရွိေၾကာင္း၊ ျမန္မာႏိုင္ငံ ဥပေဒေရးရာ ကၽြမ္းက်င္သူမ်ားအဖြဲ႔နဲ႔ ထိုင္းလူ႔အခြင့္အေရးဆိုင္ရာ ေရွ႕ေနမ်ားေကာင္စီက အမႈတြဲကို ျပန္လည္ေလ့လာေထာက္ျပၿပီး အဆင့္အျမင့္ဆံုး ဋီကာတရား႐ံုးထံ ေလွ်ာက္လဲ တင္ျပထားပါတယ္။

သူတို႔ေထာက္ျပခ်က္ေတြကို ထိုင္းအစိုးရေရွ႕ေနေတြအေနနဲ႔ တရား႐ံုးက ခ်ိန္းဆိုထားတဲ့ ေန႔ရက္အတိုင္း ျပန္လည္ခုခံေခ်ပေလွ်ာက္လဲခ်က္ေပးရမွာျဖစ္ေပမယ့္ မလာေရာက္ႏိုင္ဘဲ အႀကိမ္ႀကိမ္ ရက္ျပန္ခ်ိန္းဆိုေနရာမွာ ေဖေဖာ္၀ါရီ ၂၂ ရက္ေန႔ဆိုရင္ ၆ ႀကိမ္ရွိသြားၿပီ ျဖစ္ပါတယ္။

ျမန္မာလူငယ္ႏွစ္ဦးဘက္က ေလွ်ာက္လဲတင္ျပခ်က္ေတြဟာ စာမ်က္ႏွာေပါင္း ၃၁၉ မ်က္နွာ အခ်က္ေပါင္း ၈ ခ်က္၊ အခ်က္ငယ္ေပါင္း ၅၀ ေက်ာ္ရွိၿပီး အားလံုးဟာကြက္မရွိ ျပည့္စံုလို႔ အစိုးရ ေရွ႔ေနဘက္က ျပန္လည္ခုခံေခ်ပဖို႔ အခက္အခဲျဖစ္ေနဟန္တူေၾကာင္း ဒီအမႈမွာ တစိုက္မတ္မတ္လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔က ဒီဗြီဘီကို ခုလိုေျပာပါတယ္။

“အဆင့္အျမင့္ဆံုးတရား႐ံုးက မွန္ကန္စြာဆံုးျဖတ္တယ္၊ အခ်က္အလက္ ျပည့္စံုေအာင္ယူ တယ္၊ အခုလည္း ဒီလိုပဲ အခ်က္အလက္ ျပည့္စံုေအာင္ယူဖို႔အတြက္ကို က်ေနာ္တို႔ဘက္က အယူခံေလွ်ာက္လႊာတင္ၿပီးၿပီ။ ထိုင္းအစိုးရေရွ႕ေနဘက္က အယူခံေလွ်ာက္လဲခ်က္ကို သူတို႔က လက္ခံဖို႔ ေစာင့္ေနတာပါ။ ႏွစ္ဘက္ေလွ်ာက္လဲခ်က္ေပၚမူတည္ၿပီး သင့္ေတာ္တဲ့အမိန္႔ကို ခ်ဖို႔ပါ။ မွန္ကန္စြာ အမိန္႔ခ်ႏိုင္ဖို႔ ႏွစ္ဘက္စာရြက္စာတမ္းေစာင့္တဲ့သေဘာပါ။ ေနာက္တခုက အစိုးရေရွ႕ေနဘက္ကည္း က်ေနာ္တို႔ရဲ႕ စာမ်က္ႏွာ ၃၁၉ မ်က္ႏွာ အခ်က္ေပါင္း ၈ ခ်က္၊ အခ်က္ငယ္ေပါင္း ၅၀ ေက်ာ္နဲ႔ တင္ျပထားတဲ့ဟာမွာလည္း အားလံုးဟာကြက္မရွိ ျပည့္စံုတဲ့အခါမွာ ျပန္လည္ခုခံေခ်ပဖို႔ အခက္အခဲျဖစ္ေနဟန္လည္းရွိတဲ့ သေဘာရွိပါတယ္။ ဒါေၾကာင့္ သူတို႔ရက္ခ်ိန္းေတြဟာ ၆ ႀကိမ္ေျမာက္ထိ ခ်ိန္းရျခင္းျဖစ္ပါတယ္။”

အစိုးရေရွ႕ေနဘက္က မေန႔က႐ုံးခ်ိန္းမွာ ခုခံေခ်ပေလွ်ာက္လဲခ်က္မတင္ႏိုင္လို႔ ေရွ႕ လာမယ့္ မတ္လ ၂၃ ရက္ေန႔ထိ ေနာက္ထပ္တစ္လ ခ်ိန္းဆိုလိုက္တယ္လို႔ သူကဆက္ေျပာပါတယ္။

အစိုးရေရွ႕ေနေတြဘက္က ဘယ္ႏွႀကိမ္ထိ ထပ္မံရက္ေရႊ႔ခ်ိန္းဆိုခြင့္ရွိသလဲ ဆိုတာေတာ့ သက္ဆိုင္ရာ တရားသူႀကီးေပၚမွာ မူတည္ေၾကာင္း၊ သူ႔အေနနဲ႔ေတာ့ အဆင့္ျမင့္တရား႐ုံးအေနနဲ႔ ေနာက္ထပ္အႀကိမ္မ်ားစြာ ရက္ေရႊ႕ခြင့္ျပဳေတာ့မွာ မဟုတ္ဘူးလို႔ ယံုၾကည္ေၾကာင္း ဦးေအာင္မ်ိဳး သန္႔က ေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံသား၂ ဦး အသတ္ခံရမႈမွာ မုဒိမ္းက်င့္ခံရသူအမ်ိဳးသမီးရဲ႕ ဒီအန္ေအစစ္ေဆးခ်က္ ခိုင္လံုစနစ္က်မႈမရွိျခင္း၊ သက္ေသခံပစၥည္းသိမ္းဆည္းရာမွာ လုပ္ထံုးလုပ္နည္းနဲ႔ မညီျခင္း၊ လူသတ္ရာမွာ အသံုးျပဳတဲ့ ေပါက္တူးလက္ကိုင္႐ုိးေပၚမွ ဒီအန္ေအမွာ ျမန္မာလူငယ္ႏွစ္ဦး ဒီအန္ေအႏွင့္မတူညီျခင္း၊ လူငယ္ ႏွစ္ဦး ဖတ္႐ႈနားမလည္တဲ့ ထိုင္းလိုေရးသားထားတဲ့ ၀န္ခံခ်က္မွာ လက္မွတ္ထိုးေစျခင္း အစရွိတဲ့ သံသယျဖစ္ဖြယ္အခ်က္ေတြ မ်ားစြာပါ၀င္ေနပါတယ္။

ျမန္မာလူငယ္ ၂ ဦးျဖစ္တဲ့ ေဇာ္လင္းနဲဲ႔ ဝင္းေဇာ္ထြန္းတို႔ ၂ ဦးဟာ ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလဆန္းကတည္းက အဖမ္းခံရၿပီး ၂၀၁၅ ဒီဇင္ဘာလမွာ ေသဒဏ္စီရင္ခံခဲ့ရကာ ေလာေလာဆယ္ ႏြန္ထပူရီခ႐ိုင္ ဘန္ခြမ္အက်ဥ္းေထာင္မွာ အက်ဥ္းက်ခံေနရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာ အလုပ်သမားလူငယ်နှစ်ဦး လွတ်မြောက်ရေး ထိုင်း-မြန်မာသံရုံးနဲ့ အလုပ်သမားကူညီရေးအဖွဲ့တွေက ဆက်လက် ကြိုးပမ်းနေပါတယ်။

မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ကျစေခဲ့တဲ့ ထိုင်းရဲဘက်က တင်ပြခဲ့တဲ့ သက်သေအထောက်အထားတွေဟာ ခိုင်လုံမှုမရှိကြောင်း၊ မြန်မာနိုင်ငံ ဥပဒေရေးရာ ကျွမ်းကျင်သူများအဖွဲ့နဲ့ ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကောင်စီက အမှုတွဲကို ပြန်လည်လေ့လာထောက်ပြပြီး အဆင့်အမြင့်ဆုံး ဋီကာတရားရုံးထံ လျှောက်လဲ တင်ပြထားပါတယ်။

သူတို့ထောက်ပြချက်တွေကို ထိုင်းအစိုးရရှေ့နေတွေအနေနဲ့ တရားရုံးက ချိန်းဆိုထားတဲ့ နေ့ရက်အတိုင်း ပြန်လည်ခုခံချေပလျှောက်လဲချက်ပေးရမှာဖြစ်ပေမယ့် မလာရောက်နိုင်ဘဲ အကြိမ်ကြိမ် ရက်ပြန်ချိန်းဆိုနေရာမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ဆိုရင် ၆ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာလူငယ်နှစ်ဦးဘက်က လျှောက်လဲတင်ပြချက်တွေဟာ စာမျက်နှာပေါင်း ၃၁၉ မျက်နှာ အချက်ပေါင်း ၈ ချက်၊ အချက်ငယ်ပေါင်း ၅၀ ကျော်ရှိပြီး အားလုံးဟာကွက်မရှိ ပြည့်စုံလို့ အစိုးရ ရှေ့နေဘက်က ပြန်လည်ခုခံချေပဖို့ အခက်အခဲဖြစ်နေဟန်တူကြောင်း ဒီအမှုမှာ တစိုက်မတ်မတ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အဆင့်အမြင့်ဆုံးတရားရုံးက မှန်ကန်စွာဆုံးဖြတ်တယ်၊ အချက်အလက် ပြည့်စုံအောင်ယူ တယ်၊ အခုလည်း ဒီလိုပဲ အချက်အလက် ပြည့်စုံအောင်ယူဖို့အတွက်ကို ကျနော်တို့ဘက်က အယူခံလျှောက်လွှာတင်ပြီးပြီ။ ထိုင်းအစိုးရရှေ့နေဘက်က အယူခံလျှောက်လဲချက်ကို သူတို့က လက်ခံဖို့ စောင့်နေတာပါ။ နှစ်ဘက်လျှောက်လဲချက်ပေါ်မူတည်ပြီး သင့်တော်တဲ့အမိန့်ကို ချဖို့ပါ။ မှန်ကန်စွာ အမိန့်ချနိုင်ဖို့ နှစ်ဘက်စာရွက်စာတမ်းစောင့်တဲ့သဘောပါ။ နောက်တခုက အစိုးရရှေ့နေဘက်ကည်း ကျနော်တို့ရဲ့ စာမျက်နှာ ၃၁၉ မျက်နှာ အချက်ပေါင်း ၈ ချက်၊ အချက်ငယ်ပေါင်း ၅၀ ကျော်နဲ့ တင်ပြထားတဲ့ဟာမှာလည်း အားလုံးဟာကွက်မရှိ ပြည့်စုံတဲ့အခါမှာ ပြန်လည်ခုခံချေပဖို့ အခက်အခဲဖြစ်နေဟန်လည်းရှိတဲ့ သဘောရှိပါတယ်။ ဒါကြောင့် သူတို့ရက်ချိန်းတွေဟာ ၆ ကြိမ်မြောက်ထိ ချိန်းရခြင်းဖြစ်ပါတယ်။”

အစိုးရရှေ့နေဘက်က မနေ့ကရုံးချိန်းမှာ ခုခံချေပလျှောက်လဲချက်မတင်နိုင်လို့ ရှေ့ လာမယ့် မတ်လ ၂၃ ရက်နေ့ထိ နောက်ထပ်တစ်လ ချိန်းဆိုလိုက်တယ်လို့ သူကဆက်ပြောပါတယ်။

အစိုးရရှေ့နေတွေဘက်က ဘယ်နှကြိမ်ထိ ထပ်မံရက်ရွှေ့ချိန်းဆိုခွင့်ရှိသလဲ ဆိုတာတော့ သက်ဆိုင်ရာ တရားသူကြီးပေါ်မှာ မူတည်ကြောင်း၊ သူ့အနေနဲ့တော့ အဆင့်မြင့်တရားရုံးအနေနဲ့ နောက်ထပ်အကြိမ်များစွာ ရက်ရွှေ့ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဦးအောင်မျိုး သန့်က ပြောပါတယ်။

ဗြိတိန်နိုင်ငံသား၂ ဦး အသတ်ခံရမှုမှာ မုဒိမ်းကျင့်ခံရသူအမျိုးသမီးရဲ့ ဒီအန်အေစစ်ဆေးချက် ခိုင်လုံစနစ်ကျမှုမရှိခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းရာမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီခြင်း၊ လူသတ်ရာမှာ အသုံးပြုတဲ့ ပေါက်တူးလက်ကိုင်ရိုးပေါ်မှ ဒီအန်အေမှာ မြန်မာလူငယ်နှစ်ဦး ဒီအန်အေနှင့်မတူညီခြင်း၊ လူငယ် နှစ်ဦး ဖတ်ရှုနားမလည်တဲ့ ထိုင်းလိုရေးသားထားတဲ့ ဝန်ခံချက်မှာ လက်မှတ်ထိုးစေခြင်း အစရှိတဲ့ သံသယဖြစ်ဖွယ်အချက်တွေ များစွာပါဝင်နေပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက အဖမ်းခံရပြီး ၂၀၁၅ ဒီဇင်ဘာလမှာ သေဒဏ်စီရင်ခံခဲ့ရကာ လောလောဆယ် နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top