မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
Source:Rachfeed
Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
ပုံ ၂ပုံလုံးက ထူးဆန်းနေတာပါ…
ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုပါ။ဘွဲ့ရကျောင်းသားလေးတစ်ယောက်က သူ့သူငယ်ချင်းတွေနဲ့အုပ်စုလိုက်ရိုက်ထားတဲ့ဓာတ်ပုံကိုပြန်ကြည့်ခဲ့ပြီးနောက် ထိတ်လန့်စရာအဖြစ်အပျက် ကိုမြင်တွေ့ခဲ့ရပါတယ်။သူကအဲ့ဒီဓာတ်ပုံတွေကိုဖေ့ဘွတ်ခ်မှာပြန်တင်ခဲ့တာဖြစ်ပါတယ်။
Jayson Posadas ဆိုတဲ့ကျောင်းသားလေးဟာ မကြာခင်ဘွဲ့ယူရမှာဖြစ်ပြီးသူ့ရဲ့အထက်တန်းကျောင်းကသူငယ်ချင်းတွေနဲ့တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။အဲ့ဒီနောက် ဓာတ်ပုံတွေလည်းအမှတ်တရအဖြစ်အတူတူရိုက်ခဲ့ကြပါတယ်တဲ့။
ဒါပေမဲ့ ဓာတ်ပုံတွေပြန်ကြည့်လိုက်တဲ့အခါမှာ ပထမတစ်ပုံမှာJayson ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းပဲပါတာကိုမြင်တေ့ွရပြီး  သူ့ရဲ့ခြေထောက်တွေကိုတော့မတွေ့ခဲ့ရပါဘူး။ဒါကလည်းထိတ်လန့်စရာလို့မဆိုနိုင်သေးပါဘူး။ အရှေ့ကလူတွေနဲ့ကွယ်နေလို့သူ့ခြေထောက်ပျောက်နေတာလို့ထင်စရာရှိပါတယ်။
ဒုတိယပုံမှာတော့ တော်တော်လေးလန့်စရာဖြစ်သွားပါတယ်။မြင်တွေ့ရတဲ့အတိုင်းဒုတိယပုံမှာ သူ့ရဲ့အပေါ်ပိုင်းလည်းမတေ့ွရပဲ သူရပ်နေတဲ့နေရာအတိုင်းဖိနပ်ကိုသာမြင်တွေ့ရပါတယ်။Jayson ကတော့ သူအဲ့ဒီနေရာမှာသေချာပေါက်ရှိခဲ့တယ်လို့ပြောခဲ့ပါတယ်။
သူက အဲ့ဒီဓာတ်ပုံတွေမြင်ပြီးတဲ့နောက် အရမ်းထိတ်လန့်သွားပြီးသူ့ဆီမှာမကောင်းတဲ့အရာတစ်ခုခုဖြစ်နေပြီလို့ထင်ကာ ဖေ့ဘွတ်ခ်ပေါ်မှာပုံတွေတင်ခဲ့ပြီး သူဘာလုပ်သင့်လဲဆိုပြီးအကူအညီတောင်းခဲ့တာပဲဖြစ်ပါတယ်။
လူတစ်ချို့က ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံလာတဲ့အတွက် အဲ့ဒီနေ့ကဓာတ်ပုံရိုက်ခဲ့တဲ့ အဝတ်အစားတွေကိုမီးရှို့သင့်ကြောင်းအကြံပေးခဲ့ပါတယ်။ အယူသည်းမှု၊အစွဲအလမ်းတွေကို သူသာယုံကြည်ပြီးလိုက်လုပ်မယ်ဆိုရင် မီးရှို့လိုက်တဲ့အဝတ်အစားတွေကလွဲလို့ဘာမှဆုံးရှုံးမှာမဟုတ်ဘူး လို့ပြောခဲ့ပါတယ်။
အခုလောလောဆယ်မှာတော့ Jayson ဟာ ဓာတ်ပုံထဲကအဖြစ်အပျက်တွေကသတိပေးချက်တွေဖြစ်မယ် လို့ထင်မှတ်ပြီး အရင်ကထက် ၂ဆလောက်သူ့ကိုယ်သူဂရုတစိုက်နေနေတယ်လို့သိရပါတယ်။
Source:Rachfeed
ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top