iMyanmarHouse.com - Best Property Website for Myanmar
×

ရႈးဖိနပ္ေတြကို စီးရတာ သေဘာက်ရဲ့လား။ ဂ်င္းနဲ႔၀တ္၀တ္ စကတ္နဲ႔၀တ္၀တ္ ဘယ္လိုပဲ၀တ္၀တ္ အဆင္ေျပေစတဲ့ ဖိနပ္မ်ိဳးပါ။ ဒီထဲကမွာ အျဖဴေရာင္ကို စြဲစြဲလန္းလန္းႏွစ္သက္သူတို႔ေရ။ ညစ္ေပသြားတဲ့ အျဖဴေရာင္ ရႈးဖိနပ္ကို နဂိုအသစ္အတိုင္းျပန္ျဖစ္ဖို႔ သဘာ၀နည္းလမ္းနဲ႔ ေလွ်ာ္ဖြတ္လိုက္ရေအာင္။

မႈန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၁ ဇြန္း

ေရ စားပြဲတင္ဇြန္း တစ္၀က္
(0r)

ရွလကာရည္ (သို႔) ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုက္အရည္ စားပြဲတင္ဇြန္း တစ္၀က္

ဖိနပ္ႀကိဳးေတြကို အရင္ဖယ္လိုက္ပါ။

ပလတ္စတစ္ခြက္ထဲမွာ မႈန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၂ ဇြန္း နဲ႔ ရွလကာရည္ စားပြဲတင္ဇြန္း ၃ ဇြန္း ေရာၿပီး သြားတိုက္တံနဲ႔ ေသခ်ာစြာ ပြတ္တိုက္ေပးပါ။

ဖိနပ္ႀကိဳးကိုလည္း မႈန္႔ဖုတ္ဆိုဒါ ရွလကာရည္တို႔နဲ႔ စိမ္ထားေပးပါ။

ၿပီးရင္ ေနလွန္းေပးပါ။ ေရေဆးစရာမလိုပါဘူး။ ၃ နာရီေလာက္လွန္းေပးၿပီး ရင္ သြားတိုက္တံနဲ႔ အမႈန္႔ေတြကို ခါခ်ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle
#Unicode Version#
ရှုးဖိနပ်တွေကို စီးရတာ သဘောကျရဲ့လား။ ဂျင်းနဲ့ဝတ်ဝတ် စကတ်နဲ့ဝတ်ဝတ် ဘယ်လိုပဲဝတ်ဝတ် အဆင်ပြေစေတဲ့ ဖိနပ်မျိုးပါ။ ဒီထဲကမှာ အဖြူရောင်ကို စွဲစွဲလန်းလန်းနှစ်သက်သူတို့ရေ။ ညစ်ပေသွားတဲ့ အဖြူရောင် ရှုးဖိနပ်ကို နဂိုအသစ်အတိုင်းပြန်ဖြစ်ဖို့ သဘာဝနည်းလမ်းနဲ့ လျှော်ဖွတ်လိုက်ရအောင်။

မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ စားပွဲတင်ဇွန်း တစ်ဝက်
(0r)

ရှလကာရည် (သို့) ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည် စားပွဲတင်ဇွန်း တစ်ဝက်

ဖိနပ်ကြိုးတွေကို အရင်ဖယ်လိုက်ပါ။

ပလတ်စတစ်ခွက်ထဲမှာ မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ရှလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း ရောပြီး သွားတိုက်တံနဲ့ သေချာစွာ ပွတ်တိုက်ပေးပါ။

ဖိနပ်ကြိုးကိုလည်း မှုန့်ဖုတ်ဆိုဒါ ရှလကာရည်တို့နဲ့ စိမ်ထားပေးပါ။

ပြီးရင် နေလှန်းပေးပါ။ ရေဆေးစရာမလိုပါဘူး။ ၃ နာရီလောက်လှန်းပေးပြီး ရင် သွားတိုက်တံနဲ့ အမှုန့်တွေကို ခါချပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top