iMyanmarHouse.com - Best Property Website for Myanmar
×

ရတနာပုံအသင္းရဲ႕ ေတာင္ပံကစားသမားစည္သူေအာင္ဟာ ထိုင္းပရီးမီးယားလိဂ္အတြက္ jမန္မာျပည္ရဲ႕ေနာက္ဆုံးပို႔ကုန္တစ္ခုလားဆိုတာ စိတ္ဝင္စားစရာပါ။ မေန႔က ထိုင္းကလပ္အသင္းတစ္သင္းဟာ စည္သူေအာင္ကိုေခၚယူဖို႔ သေဘာတူညီမႈရထားၿပီလို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္ ။

ထိုင္းသတင္းေတြရဲ႕ေဖာ္ျပခ်က္အရစည္သူေအာင္အေျပာင္းအေ႐ႊ ့သတင္းဟာျမန္မာေဘာလုံးရပ္ဝန္းဆီကအတြင္းလူေတြဆီကလာတယ္လို႔ဆိုပါတယ္။တစ္ျခားသတင္းေတြအရေတာ့စည္သူေအာင္ဟာထိုင္းT-2ကလပ္အာမီယူႏိုက္တက္ကိုေျပာင္းေ႐ႊ ့ခဲ့ၿပီလို ့ဆိုပါတယ္။

ထိုင္းကစားသမားအေျပာင္းအေ႐ြဟာေဖေဖာ္ဝါရီငါးရက္မွာပိတ္မွာျဖစ္ၿပီးအခ်ိန္သိပ္မက်န္ေတာ့ပါဘူး။စည္သူေအာင္သာတကယ္ေျပာင္းျဖစ္ခဲ့ရင္ဒီရက္ပိုင္းတြင္းအေျပာင္းအေ႐ႊ ့ျဖစ္လာမွာပါ။စည္သူေအာင္ဟာအၿမဲတေစလိုလိုထိုင္းကလပ္ေတြနဲ႔သတင္းထြက္ေပၚေနတတ္သူျဖစ္ပါတယ္။လက္ရွိျမန္မာေနရွင္နယ္လိဂ္မွာလည္းေျခစြမ္းျပေနၿပီးသုံးပြဲမွာငါးဂိုးသြင္းယူထားၿပီးရတနာပုံအတြက္ေျခစြမ္းျပေနသူပါ။

ရတနာပုံအသင္းဟာလက္ရွိေဘာလုံးရာသီမွာေအာင္သူကိုလက္လြတ္ထားရၿပီးစည္သူေအာင္ကိုထပ္ၿပီးလက္လြတ္ခံမလားဆိုတာေတာ့စိတ္ဝင္စားစရာပါ။ လက္ရွိမွာစည္သူေအာင္ေနရာမွာ အစားထိုးေဆာ့ဖို႔အတြက္ လူငယ္ကစားသမား ျပည့္စုံႏိုင္ရွိေနတာမို႔ အေျပာင္းအေ႐ႊ ့ဟာ ရတနာပုံအသင္းက လက္ခံရင္ျဖစ္ေလာက္ပါတယ္။ ထိုင္းလိဂ္ဟာေဖေဖာ္ဝါရီကိုးရက္ေန ့ဆိုရင္ရာသီသစ္ျပန္စပါၿပီ။ မႏွစ္ကေဘာလုံးရာသီမွာထိုင္းလိဂ္ကိုေရာက္ဖို႔ေရပန္းအစားဆုံး သူသုံးေယာက္ရွိခဲ့ပါတယ္။ သူတို႔ကေတာ့ေအာင္သူ၊ေက်ာ္ကိုကိုနဲ႔စည္သူေအာင္ပါ။ လက္ရွိအေနအထားအရေအာင္သူနဲ႔ေက်ာ္ကိုကိုဟာ ထိုင္းကိုေရာက္သြားပါၿပီ။

စည္သူေအာင္ကေတာ့ဘယ္လိုဆက္ျဖစ္သြားမလဲေစာင့္ၾကည့္ရမွာပါ။ အေျပာင္းအေ႐ႊ ့ကလည္းမၾကာခင္ပိတ္သိမ္းေတာ့မွာျဖစ္လို႔ထိုင္းလိဂ္ကိုစည္သူေအာင္ေျပာင္းမေျပာင္းမၾကာခင္သိၾကရေတာ့မွာပါ။ ဒါေပမယ္လက္ရွိမွာသတင္းထြက္ေပၚေနတဲ့အာမီယူႏိုက္တက္ဟာထိုင္းဒုတိယတန္းကလပ္သာျဖစ္တာမို႔သူ႔အတြက္အဆင္ေျပပါ့မလားဆိုတာပရိသတ္ေတြကေတြးပူေနၾကပါတယ္။

from Sports TH Sports

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
ရတနာပုံအသင်းရဲ့တောင်ပံကစားသမားစည်သူအောင်ဟာထိုင်းပရီးမီးယားလိဂ်အတွက်မြန်မာပြည်ရဲ့နောက်ဆုံးပို့ကုန်တစ်ခုလားဆိုတာစိတ်ဝင်စားစရာပါ။မနေ့ကထိုင်းကလပ်အသင်းတစ်သင်းဟာစည်သူအောင်ကိုခေါ်ယူဖို့ သဘောတူညီမှုရထားပြီလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရစည်သူအောင်အပြောင်းအရွှေ့သတင်းဟာမြန်မာဘောလုံးရပ်ဝန်းဆီကအတွင်းလူတွေဆီကလာတယ်လို့ဆိုပါတယ်။တစ်ခြားသတင်းတွေအရတော့စည်သူအောင်ဟာထိုင်းT-2ကလပ်အာမီယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပြီလို့ဆိုပါတယ်။

ထိုင်းကစားသမားအပြောင်းအရွေဟာဖေဖော်ဝါရီငါးရက်မှာပိတ်မှာဖြစ်ပြီးအချိန်သိပ်မကျန်တော့ပါဘူး။စည်သူအောင်သာတကယ်ပြောင်းဖြစ်ခဲ့ရင်ဒီရက်ပိုင်းတွင်းအပြောင်းအရွှေ့ဖြစ်လာမှာပါ။စည်သူအောင်ဟာအမြဲတစေလိုလိုထိုင်းကလပ်တွေနဲ့သတင်းထွက်ပေါ်နေတတ်သူဖြစ်ပါတယ်။လက်ရှိမြန်မာနေရှင်နယ်လိဂ်မှာလည်းခြေစွမ်းပြနေပြီးသုံးပွဲမှာငါးဂိုးသွင်းယူထားပြီးရတနာပုံအတွက်ခြေစွမ်းပြနေသူပါ။

ရတနာပုံအသင်းဟာလက်ရှိဘောလုံးရာသီမှာအောင်သူကိုလက်လွတ်ထားရပြီးစည်သူအောင်ကိုထပ်ပြီးလက်လွတ်ခံမလားဆိုတာတော့စိတ်ဝင်စားစရာပါ။ လက်ရှိမှာစည်သူအောင်နေရာမှာ အစားထိုးဆော့ဖို့အတွက် လူငယ်ကစားသမား ပြည့်စုံနိုင်ရှိနေတာမို့ အပြောင်းအရွှေ့ဟာ ရတနာပုံအသင်းက လက်ခံရင်ဖြစ်လောက်ပါတယ်။ ထိုင်းလိဂ်ဟာဖေဖော်ဝါရီကိုးရက်နေ့ဆိုရင်ရာသီသစ်ပြန်စပါပြီ။ မနှစ်ကဘောလုံးရာသီမှာထိုင်းလိဂ်ကိုရောက်ဖို့ရေပန်းအစားဆုံး သူသုံးယောက်ရှိခဲ့ပါတယ်။ သူတို့ကတော့အောင်သူ၊ကျော်ကိုကိုနဲ့စည်သူအောင်ပါ။ လက်ရှိအနေအထားအရအောင်သူနဲ့ကျော်ကိုကိုဟာ ထိုင်းကိုရောက်သွားပါပြီ။

စည်သူအောင်ကတော့ဘယ်လိုဆက်ဖြစ်သွားမလဲစောင့်ကြည့်ရမှာပါ။ အပြောင်းအရွှေ့ကလည်းမကြာခင်ပိတ်သိမ်းတော့မှာဖြစ်လို့ထိုင်းလိဂ်ကိုစည်သူအောင်ပြောင်းမပြောင်းမကြာခင်သိကြရတော့မှာပါ။ ဒါပေမယ်လက်ရှိမှာသတင်းထွက်ပေါ်နေတဲ့အာမီယူနိုက်တက်ဟာထိုင်းဒုတိယတန်းကလပ်သာဖြစ်တာမို့သူ့အတွက်အဆင်ပြေပါ့မလားဆိုတာပရိသတ်တွေကတွေးပူနေကြပါတယ်။

from Sports TH Sports

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top