ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ထိုင္းငါးဖမ္းစက္ေလွတစီးေပၚမွာအလုပ္လုပ္ေနတဲ့ ျမန္မာေရလုပ္သား ၂ ဦးဟာ အဆိပ္ျပင္းငါးေဘာ လံုးဥစားမိရာက အဆိပ္မိၿပီး ေသဆံုးသြားခဲ့တယ္လို႔ ေဒးလီးနယူးစ္ထိုင္းသတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

နခြန္ဆီရိသမာရက္တ္ခရိုင္ထဲမွ ခန္ႏြန္ဆိပ္ကမ္းမွာ ဆိုက္ ကပ္ထားတဲ့ ဆြဲပိုက္ခ်ငါးဖမ္းေလွတစင္းေပၚမွာ ျဖစ္ခဲ့တာပါ။

ျမန္မာေရလုပ္သား ၂ ဦးဟာညေနစာကို အဲဒီငါးဥနဲ႔ စားခဲ့ၾကၿပီးေနာက္မွာ ေသ ဆံုးခဲ့ၾကတာျဖစ္ၿပီး ရဲေတြေရာက္ရွိလာခ်ိန္မွာ သူတို႔ ပါးစပ္ထဲက အျမဳပ္ေတြ ထြက္ေန ခဲ့တာကို စစ္ေဆးေတြ႔ရွိခဲ့တာပါ။

ေနာက္ထပ္စားမိတဲ့ ေရလုပ္သားတေယာက္ကိုေတာ့ ေဆး႐ံုကို ပို႔ေဆာင္ထားၿပီး စစ္ေဆးကုသေပးေနပါတယ္။

အဆိုပါ ငါးဖမ္းေလွေပၚမွာ ျမန္မာ ၅ ဦးပါ၀င္ၿပီး ၁၀ ရက္ၾကာ ငါးဖမ္းထြက္ၿပီး ေနာက္မွာ ေက်ာက္ခ်ရပ္နားထားခဲ့တာျဖစ္တယ္လို႔ အသက္ ၆၂ ႏွစ္အရြယ္ ပိုင္ရွင္ေလွ ဦးစီး ၀ီရတ္ ဆီရိ၀ီရတ္က ေျပာပါတယ္။

ျမန္မာေရလုပ္သားေတြဟာ ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔ကေတာ့ အဆိပ္ျပင္း ငါး ေဘာလံုးအႀကီးတေကာင္ကုိ ဖမ္းမိခဲ့ၿပီးေနာက္မွာ ငါးကိုခြဲၿပီး ဥေတြကို စားေသာက္ကာ ငါးကိုေတာ့ ခြဲၿပီး ဆားနယ္အေျခာက္လွမ္းဖို႔ လုပ္ထားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ခ်စ္အမည္ရတဲ့ ေရလုပ္သားဟာ ညစာအတြက္ ငါးဥေတြ ကို ေၾကာ္ခဲ့ၿပီးေနာက္မွာ အေဖာ္ ၂ ဦးနဲ႔ စားေသာက္ခဲ့တာျဖစ္ပါတယ္။

စားၿပီး မိနစ္ ၃၀ အတြင္းမွာ အသက္ ၂၉ ႏွစ္အရြယ္ တယ္လ္က ေသဆံုးသြားခဲ့ၿပီး ေနာက္တဦးျဖစ္တဲ့ ဆူဂရီက နည္းနည္းသာစားခဲ့လို႔ လြတ္ေျမာက္သြားခဲ့ၿပီး ေဆး႐ံုကို ပို႔ေဆာင္ထားခဲ့ရတာ ျဖစ္ပါတယ္။

ပိုင္ရွင္ျဖစ္တဲ့ ၀ီရတ္ကေတာ့ သူဟာ ျမန္မာေရလုပ္သားေတြကို ဒီငါးေတြဟာ အဆိပ္ရွိလို႔ မစားဖို႔ တားျမစ္ခဲ့ေပမယ့္ သူတို႔က နားမေထာင္ခဲ့ဘူးလို႔ ေျပာပါတယ္။

ငါးေဘာလံုးကို တျခားအမည္ေတြအေနနဲ႔ ကမၻာ့ငါး၊ ပူဖာငါး၊ ငါးေလးထိုး၊ ပင္ လယ္ဘူဇြာစသည္ျဖင့္ အမ်ိဳးမ်ိဳးေခၚေ၀ၚၾကၿပီး ကမၻာ့ဒုတိယအဆိပ္အျပင္းဆံုး ငါးအျဖစ္ သတ္မွတ္ထားၾကကာ တခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ စားသံုးဖို႔ တားျမစ္ထားတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ထိုင်းငါးဖမ်းစက်လှေတစီးပေါ်မှာအလုပ်လုပ်နေတဲ့ မြန်မာရေလုပ်သား ၂ ဦးဟာ အဆိပ်ပြင်းငါးဘော လုံးဥစားမိရာက အဆိပ်မိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေးလီးနယူးစ်ထိုင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

နခွန်ဆီရိသမာရက်တ်ခရိုင်ထဲမှ ခန်နွန်ဆိပ်ကမ်းမှာ ဆိုက် ကပ်ထားတဲ့ ဆွဲပိုက်ချငါးဖမ်းလှေတစင်းပေါ်မှာ ဖြစ်ခဲ့တာပါ။

မြန်မာရေလုပ်သား ၂ ဦးဟာညနေစာကို အဲဒီငါးဥနဲ့ စားခဲ့ကြပြီးနောက်မှာ သေ ဆုံးခဲ့ကြတာဖြစ်ပြီး ရဲတွေရောက်ရှိလာချိန်မှာ သူတို့ ပါးစပ်ထဲက အမြုပ်တွေ ထွက်နေ ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

နောက်ထပ်စားမိတဲ့ ရေလုပ်သားတယောက်ကိုတော့ ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ဆေးကုသပေးနေပါတယ်။

အဆိုပါ ငါးဖမ်းလှေပေါ်မှာ မြန်မာ ၅ ဦးပါဝင်ပြီး ၁၀ ရက်ကြာ ငါးဖမ်းထွက်ပြီး နောက်မှာ ကျောက်ချရပ်နားထားခဲ့တာဖြစ်တယ်လို့ အသက် ၆၂ နှစ်အရွယ် ပိုင်ရှင်လှေ ဦးစီး ဝီရတ် ဆီရိဝီရတ်က ပြောပါတယ်။

မြန်မာရေလုပ်သားတွေဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတော့ အဆိပ်ပြင်း ငါး ဘောလုံးအကြီးတကောင်ကို ဖမ်းမိခဲ့ပြီးနောက်မှာ ငါးကိုခွဲပြီး ဥတွေကို စားသောက်ကာ ငါးကိုတော့ ခွဲပြီး ဆားနယ်အခြောက်လှမ်းဖို့ လုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ချစ်အမည်ရတဲ့ ရေလုပ်သားဟာ ညစာအတွက် ငါးဥတွေ ကို ကြော်ခဲ့ပြီးနောက်မှာ အဖော် ၂ ဦးနဲ့ စားသောက်ခဲ့တာဖြစ်ပါတယ်။

စားပြီး မိနစ် ၃၀ အတွင်းမှာ အသက် ၂၉ နှစ်အရွယ် တယ်လ်က သေဆုံးသွားခဲ့ပြီး နောက်တဦးဖြစ်တဲ့ ဆူဂရီက နည်းနည်းသာစားခဲ့လို့ လွတ်မြောက်သွားခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာ ဖြစ်ပါတယ်။

ပိုင်ရှင်ဖြစ်တဲ့ ဝီရတ်ကတော့ သူဟာ မြန်မာရေလုပ်သားတွေကို ဒီငါးတွေဟာ အဆိပ်ရှိလို့ မစားဖို့ တားမြစ်ခဲ့ပေမယ့် သူတို့က နားမထောင်ခဲ့ဘူးလို့ ပြောပါတယ်။

ငါးဘောလုံးကို တခြားအမည်တွေအနေနဲ့ ကမ္ဘာ့ငါး၊ ပူဖာငါး၊ ငါးလေးထိုး၊ ပင် လယ်ဘူဇွာစသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပြီး ကမ္ဘာ့ဒုတိယအဆိပ်အပြင်းဆုံး ငါးအဖြစ် သတ်မှတ်ထားကြကာ တချို့နိုင်ငံတွေမှာတော့ စားသုံးဖို့ တားမြစ်ထားတာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top