ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အိအိမြန္ဟာ ေက်ာက္တလံုးရြာကပါ။

ကခ်င္ျပည္နယ္၊ ေရႊကူၿမိဳ႕ကေန ျမစ္ကိုျဖတ္ၿပီး စက္ေလွနဲ႔တစ္နာရီေလာက္ သြားရပါတယ္။

အိအိမြန္ဟာ အသက္(၁၉)ႏွစ္အရြယ္မွာ ရာသီေသြး အဆက္မျပတ္ဆင္းတဲ့ေ၀ဒနာကို ခံစားခဲ့ရပါတယ္။ ဒါ ေၾကာင့္ ေရႊကူေဆးရံုကို အေရးေပၚပို႔ေဆာင္ခဲ့ရပါတယ္။

“ေရာက္တဲ့ေန႔ကတည္းက တပါတ္ေလာက္အထိ ဘာေရာဂါမွန္းလည္း မသိရဘူး။ ေသြးေတြပဲ တစ္ပုလင္းၿပီး တစ္ပုလင္းသြင္းခိုင္းၾကတယ္” လို႕  အိအိမြန္ရဲ႕မိခင္ျဖစ္သူက သူ႔အေတြ႔အၾကံဳကို ျပန္ေျပာပါတယ္။

ေဆးရံုကေရာဂါရဲ႕အေျဖကုိ မရွာေပးႏိုင္ပဲ အခ်ိန္ေတြ ၾကာလာတာေၾကာင့္ ကိုယ္၀န္ပ်က္က်တာလို႔ ထင္ၿပီး မိသားစုေတြက စိုးရိမ္ခဲ့ရပါတယ္။

ဓမၼတာလာခ်ိန္မွာ ေသြးေပၚတာမ်ဳိးမဟုတ္ေပမယ့္ ပံုမွန္အတုိင္း ေတာင္ယာစိုက္ခင္းမွာ သြားလာလုပ္ကိုင္ေန ႏိုင္တာေၾကာင့္ စိုးရိမ္စရာမဟုတ္ဘူးလို႕ ထင္ခဲ့ေပမယ့္ တစ္ပါတ္ေက်ာ္လာေတာ့မွ မသကၤာတာနဲ႕ ဗိုက္ကို စမ္းၾကည့္ခဲ့ရာမွာ ဗိုက္ထဲမွာ အလံုးတစ္ခုခုရိွေနသလို ခံစားလာရတယ္လို႔ အိအိမြန္က ေဆြမ်ဳိးေတြကို ေျပာျပခဲ့ ပါတယ္။

ပတ္၀န္းက်င္ကတမ်ိဳးထင္ျမင္မွာစိုးတာေၾကာင့္ မိဘေဆြမ်ိဳးေတြက တိုးတိုးတိတ္တိတ္နဲ႔ အေျဖရွာခဲ့ၾကတယ္။

ကိုယ္၀န္ရွိေနတယ္လို႕ထင္ၿပီး အိအိမြန္ကို ေမးရာမွာလည္း သူမမွာ ကိုယ္၀န္မရိွမွန္း ကိုယ္တိုင္သိတာေၾကာင့္ အိမ္ထဲမွာသာ အျငင္းပြားေနၾကရင္း အခ်ိန္ကာလၾကာလာၿပီးမွ ေရႊကူေဆးရံုကို ေရာက္ရိွလာခဲ့ပါတယ္။

ေရႊကူေဆးရံုမွာ တပတ္ၾကာေသြးသြင္းေနခဲ့ရာမွ က်န္းမာေရးျပန္မေကာင္းလာပဲ ခုနစ္ရက္ေျမာက္တဲ့ေန႔မွာ  အိအိမြန္ဟာ နလန္မထူႏိုင္ေအာင္ ခံစားလာရၿပီး ကုတင္ေပၚကေန ျပဳတ္က်တဲ့အထိ ေသြးအားနည္းပါးသြားခဲ့ ရပါတယ္။

ဒီေနာက္မွာ နီးစပ္ရာေဆြမ်ဳိးေတြရဲ႕ အၾကံျပဳခ်က္နဲ႕ ေရႊကူေဆးရံုကတဆင့္ ဗန္းေမာ္ေဆးရံုကို အေရးေပၚပို႕ ေဆာင္ခဲ့ရပါတယ္။ ဗန္းေမာ္ေဆးရံုကို မနက္(၈)နာရီေလာက္မွာ ေရာက္ရိွခဲ့ၿပီး ဆရာ၀န္ေတြက အစပိုင္းမွာ ေတာ့ ေသြးအားနည္းတဲ့ေရာဂါလို႕ ယူဆခဲ့ၾကပါတယ္။

ဒါေပမယ့္ ဓာတ္မွန္ရိုက္ၾကည့္တဲ့အခ်ိန္မွာေတာ့ မိန္းကေလးငယ္ရဲ႕ သားအိမ္တစ္ျခမ္းလံုးဟာ ပ်က္စီးဆံုးရံႈးေန တာကို ေတြ႕လိုက္ရပါတယ္။

အေရးေပၚခြဲစိပ္ကုသဖို႕အတြက္ ျပင္ဆင္ခဲ့ေပမယ့္ ေ၀ဒနာရွင္ အိအိမြန္ဟာ ေသြးအားအလြန္နည္းေနတာ ေၾကာင့္ ေသြးသြင္းၿပီးမွ ခြဲစိပ္လို႕ရမယ္လို႕ ဆရာ၀န္ေတြကေျပာပါတယ္။ ဒါနဲ႕ေသြးတစ္လံုးသြင္းၿပီး ေစာင့္ၾကည့္ ေနရာက ေသြးအားျပန္တက္မလာေတာ့ပဲ ည(၈)နာရီခန္႔မွာ (၁၉)ႏွစ္အရြယ္ အိအိမြန္ဟာ အသက္ဆံုးပါးသြား ခဲ့ပါတယ္။

“ဆရာ၀န္ေတြေျပာတာေတာ့ တစ္ရက္ေလာက္ေစာေရာက္လာခဲ့ရင္ေတာင္ အခ်ိန္မွီႏိုင္တယ္လို႔ေျပာတယ္” လို႕ အိအိမြန္ရဲ႕မိခင္က ၀မ္းနည္းပူေဆြးစြာေျပာပါတယ္။

အမွန္ေတာ့ မိန္းကေလးေတြမွာျဖစ္တတ္တဲ့ သားအိမ္အတြင္းအလံုးတည္ျခင္းဟာ အရြယ္အစားေပၚမူတည္ ကာ ေသာက္ေဆးနဲ႕ကုသႏိုင္သလို အရြယ္အစားၾကီးမွ ေရာဂါအေျခအေနသိရတယ္ဆိုရင္ေတာ့ ခြဲစိပ္ကာ အလံုးကို ထုတ္ပစ္ျခင္းျဖင့္ အသက္မဆံုးရံႈးႏိုင္သလို ေနာက္ဆံုးအဆင့္ျဖစ္တဲ့ သားအိမ္ကိုထုတ္ျခင္းျဖင့္လည္း ေရာဂါကိုေျဖရွင္းကုသႏိုင္တယ္လို႕ ဆရာ၀န္ေတြက မိသားစုကို ရွင္းျပခဲ့ပါတယ္။

အခုလို အခ်ိန္ေႏွာင္းမွ ေရာဂါအေျခအေနကို သိရိွခဲ့တာေၾကာင့္ အသက္ဆံုးရံႈးခဲ့ရသလို အမ်ိဳးသမီးေတြနဲ႕ ပတ္ သက္တဲ့ေရာဂါေတြကို မသိရိွတဲ့ ေက်းလက္က အမ်ိဳးသမီးေတြအတြက္ေတာ့ အခုလို ဓမၼတာပံုမွန္မဟုတ္ပဲ ေသဆံုးသြားခဲ့တဲ့ အမ်ိဳးသမီးေတြကိုဆိုရင္ ကိုယ္၀န္ပ်က္က်တာလို႔ပဲ ယူဆေနၾကဆဲျဖစ္ပါတယ္။

    “ၾကိဳၾကိဳတင္တင္ တျခားေနရာကို အခ်ိန္မွီသြားလို႕ရရင္ေတာ့ အခုလိုအသက္ဆံုးရံႈးမွာမဟုတ္ဘူး။ ေနာက္ထပ္ မိန္းကေလးေတြကိုလည္း ဒီလိုမ်ိဳးမျဖစ္ေစခ်င္ဘူး။ အပိ်ဳအရြယ္မိန္းကေလးတစ္ေယာက္ဗိုက္ထဲမွာ အလံုးၾကီး ရွိတယ္ဆိုရင္ ဒါကိုယ္၀န္ရိွတာလို႕ပဲ ျမင္ၾကတယ္” လို႕ အိအိမြန္ရဲ႕ အိမ္နီးခ်င္းမိတ္ေဆြ မရီရီမြန္က ေျပာပါ တယ္။

သူတို႕ရဲ႕ရြြာေလးမွာေတာ့ အခုလိုအမ်ိဳးသမီးေတြနဲ႕ ပါတ္သက္တဲ့ေရာဂါမ်ိဳး ခံစားလာၿပီဆိုရင္ ေတာဓေလ့နည္း လမ္းေတြနဲ႕သာ ေျဖရွင္းတတ္ၾကတယ္လို႕လည္း ေျပာျပၾကပါတယ္။

မိန္းကေလးတစ္ေယာက္ လစဥ္ပံုမွန္ဓမၼတာမလာဘူးဆိုရင္ အရပ္ထဲကေဆးဆရာ (ေဒသအေခၚ သမားေတာ္) ေတြဆီသြားကာ ဗမာေဆးဆိုတာေတြေသာက္ၿပီး ေျဖရွင္းေလ့ရိွသလို ရာသီေသြးအလြန္အကြ်ံလာရင္လည္း အဲဒီအရပ္ထဲက ေဆးဆရာေတြဆီမွာသာ သြားေရာက္ကုသခံၾကသလို အိမ္မွာပဲ ဘိုးဘြားစဥ္ဆက္အသံုးလာျပဳ လာၾကတဲ့ ေရွးရိုးနည္းလမ္းေတြနဲ႕ပဲ ေျဖရွင္းတတ္ၾကတယ္လို႕ ဆိုပါတယ္။

ဗမာေဆးဆိုတဲ့ တိုင္းရင္းေဆးနည္းေတြနဲ႕ ကုသလို႕မရေတာ့တဲ့အခါမွသာ ျမိဳ႕ေပၚက ေဆးရံုသို႕ သြားေရာက္ ၾကပါတယ္။

ေဆးရံုေဆးခန္းေတြနဲ႕အလွမ္းေ၀းတာေၾကာင့္ အေျခခံက်န္းမာေရး၀န္ေဆာင္မႈေတြ မရရိွတဲ့ ေက်းလက္ေဒသ ေတြထဲမွာ ေရႊကူျမိဳ႕က ေက်ာက္တလံုးရြာေလးလည္း အပါအ၀င္ျဖစ္ပါတယ္။

ဒါ့အျပင္ ေက်ာက္တလံုးရြာေလးမွာ အေျခခံပညာမူလတန္းေက်ာင္းအထိပဲ ရိွတာေၾကာင့္ မိန္းကေလးငယ္ အမ်ားစုဟာအတန္းပညာကို ဆံုးခန္းတိုင္ေအာင္ မတက္ေရာက္ႏိုင္ၾကပါဘူး။ နီးစပ္္ရာ ျမိဳ႕ေပၚမွာ သြားေရာက္ သင္ၾကားပါမွ အမ်ားဆံုး အေျခခံပညာ(၇)တန္းထိသာ ေအာင္ျမင္ခဲ့ရတဲ့သူေတြ ရိွတယ္လို႕ သိရပါတယ္။

အခုလို အေျခခံပညာေရး၊ က်န္းမာေရး၀န္ေဆာင္မႈေတြကို မရရိွတဲ့ေဒသက အမ်ိဳးသမီးေတြအတြက္ အမ်ိဳး သမီးေတြနဲ႕ ပတ္သက္တဲ့ေရာဂါတခုခုျဖစ္လာျပီဆိုရင္ ဖံုးဖံုးဖိဖိနဲ႕ေျဖရွင္းေနရျခင္း၊ ေဆးရံုေဆးခန္းေတြမွာ ေရာ ဂါရွာေဖြဖို႕ ေခတ္မီနည္းပညာစက္ပစည္းေတြ၊ ဆရာ၀န္ေတြ၊ သူနာျပဳေတြ လံုလံုေလာက္ေလာက္ ရိွမေနျခင္း ကလည္း လိုအပ္ခ်က္တစ္ခုအေနနဲ႕ရိွေနၿပီး အခ်ိန္မွီမကုသႏိုင္တာေၾကာင့္ အခုလိုအသက္ပါဆံုးရံႈးတဲ့ အေျခအ ေနအထိျဖစ္လာခဲ့တာပါ။

“အစ္မတို႕ဆီမွာ မိန္းကေလးေတြနဲ႔႔ပတ္သက္လို႕ က်န္းမာေရးအသိပညာေပးဖုိ႕ မရိွသေလာက္ကို ရွားတယ္။ ေရႊကူဆိုတာဘယ္နားေလးလဲလို႕ေတာင္ ေမးၾကတယ္ေလ။ ဘယ္နားရိွမွန္းေတာင္ သိပ္မသိၾကဘူး။ အမ်ိဳး သမီးနဲ႕ပါတ္သက္တဲ့ အသိပညာေပးမႈေတြကို လာေရာက္လုပ္ေဆာင္ေပးဖို႕ကိုလည္း ဖိတ္ေခၚခ်င္ပါတယ္” လို႔ မရီရီမြန္က ေျပာပါတယ္။

    “မိန္းကေလးေတြဆို ကိုယ္၀န္ပ်က္က်တာေတြရိွတယ္။ အဓမၼျပဳက်င့္ခံရတာေတြ လည္းရွိတယ္။ ဒါေပမယ့္ ဘယ္သူမွသိမေနဘူး”

အစိုးရအဖြဲ႕အစည္းေတြနဲ႕ အမ်ိဳးသမီးအေရး လႈပ္ရွားေဆာင္ရြက္ေနတဲ့ ျပည္တြင္းျပည္ပအဖြဲအစည္းေတြက လည္း အမ်ဳိးသမီးေတြနဲ႕ပါတ္သက္တဲ့ အေၾကာင္းအရာေတြ လာေရာက္အသိပညာေပးမႈ လုပ္ေဆာင္တာ မရိွ သေလာက္နည္းပါးတယ္လို႕ ေရႊကူၿမိဳ႕ခံမိသားစုေတြက ေျပာျပပါတယ္။

သားသမီး(၃)ေယာက္မွာ တစ္ဦးတည္းေသာသမီးနဲ႔ အငယ္ဆံုးျဖစ္တဲ့ အိအိမြန္ဆံုးသြားတဲ့အခါ အေမျဖစ္သူဟာ တျခားမိန္းကေလးငယ္ေတြ အခုလိုအျဖစ္ဆိုးမ်ိဳးနဲ႔ မၾကံဳေတြ႕ရေလေအာင္ မိန္းကေလးေတြရဲ႕ က်န္းမာေရးနဲ႕ ဆိုင္တဲ့ ဗဟုသုတေတြကို ေက်းလက္ေတာရြာေတြမွာ အသိပညာေပးမႈေတြ က်ယ္က်ယ္ျပန္႕ျပန္႕လုပ္ေဆာင္ ေပးေစခ်င္တယ္လို႕ေျပာပါတယ္။

    “သမီးေလးရဲ႕အသက္ကို ေငြနဲ႕အရွက္နဲ႕လဲၿပီးေတာ့မွ သိလိုက္ရတယ္။ ဗန္းေမာ္ေဆးရံုေရာက္သြားလို႕သာ သမီးေလးဟာ ဂုဏ္သိကၡာရိွရိွနဲ႕ အသက္ဆံုးရံႈးရတယ္လို႕ အစ္မကေတာ့ ျမင္တယ္။ မဟုတ္ရင္ က်န္ခဲ့တဲ့ မိ သားစုေတြလည္း အေျဖကို ေသခ်ာမသိေတာ့ ကိုယ့္ျမိဳ႕မွာဆို ကေလးပ်က္လို႕ေသတယ္ဆိုၿပီး သတ္မွတ္ၾက ဦးမွာ” လို႕ မရီရီမြန္က သူမရဲ႕အျမင္ကိုေျပာျပခဲ့ပါတယ္။

အခုလိုဖြံျဖိဳးတိုးတက္မႈေနာက္က်ေနတဲ့ ေ၀းလံေခါင္ဖ်ားတဲ့ေဒသက အမ်ိဳးသမီးေတြရဲ႕ အသက္အႏၱရာယ္ဟာ သူတုိ႔ရရိွတဲ့ ဗဟုသုတ၊ အသိပညာ၊ အတတ္ပညာနဲ႕ အေျခခံလူမႈဖူလံုေရး ရရိွမႈအေပၚ မ်ားစြာမူတည္ေနတာ ျဖစ္ပါတယ္။  ေရႊကူက အျဖစ္အပ်က္ကို ၾကည့္မယ္ဆိုရင္ အမ်ိဳးသမီးေတြနဲ႔ ပါတ္သက္တဲ့ေရာဂါတခုခုျဖစ္ၿပီဆို ရင္ ရွက္ေနေၾကာက္ေနရမွာထက္ အခ်ိန္မီကုသဖို႕၊  မျဖစ္မီ ၾကိဳတင္ကာကြယ္ဖို႕ စတာေတြကို သိနားလည္ ထားဖို႕ လိုအပ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ျမိဳ႕ျပေနလူဦးေရထက္ ေက်းလက္ေနလူဦးေရက ပိုမိုမ်ားျပားၿပီး အမ်ားစုက အမ်ိဳးသမီးေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ေက်းလက္ေနအမ်ိဳးသမီးေတြရဲ႕ဘ၀ဖြံျဖိဳးတိုးတက္ဖို႕ လူသားတိုင္း တန္းတူရသင့္တဲ့ အေျခခံ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ မလဲြမေသြလိုအပ္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  hiburma

# Unicode Version ျဖင့္ ဖတ္ပါ #
အိအိမွန်ဟာ ကျောက်တလုံးရွာကပါ။

ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ မြစ်ကိုဖြတ်ပြီး စက်လှေနဲ့တစ်နာရီလောက် သွားရပါတယ်။

အိအိမွန်ဟာ အသက်(၁၉)နှစ်အရွယ်မှာ ရာသီသွေး အဆက်မပြတ်ဆင်းတဲ့ဝေဒနာကို ခံစားခဲ့ရပါတယ်။ ဒါ ကြောင့် ရွှေကူဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။

“ရောက်တဲ့နေ့ကတည်းက တပါတ်လောက်အထိ ဘာရောဂါမှန်းလည်း မသိရဘူး။ သွေးတွေပဲ တစ်ပုလင်းပြီး တစ်ပုလင်းသွင်းခိုင်းကြတယ်” လို့  အိအိမွန်ရဲ့မိခင်ဖြစ်သူက သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။

ဆေးရုံကရောဂါရဲ့အဖြေကို မရှာပေးနိုင်ပဲ အချိန်တွေ ကြာလာတာကြောင့် ကိုယ်ဝန်ပျက်ကျတာလို့ ထင်ပြီး မိသားစုတွေက စိုးရိမ်ခဲ့ရပါတယ်။

ဓမ္မတာလာချိန်မှာ သွေးပေါ်တာမျိုးမဟုတ်ပေမယ့် ပုံမှန်အတိုင်း တောင်ယာစိုက်ခင်းမှာ သွားလာလုပ်ကိုင်နေ နိုင်တာကြောင့် စိုးရိမ်စရာမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တစ်ပါတ်ကျော်လာတော့မှ မသင်္ကာတာနဲ့ ဗိုက်ကို စမ်းကြည့်ခဲ့ရာမှာ ဗိုက်ထဲမှာ အလုံးတစ်ခုခုရှိနေသလို ခံစားလာရတယ်လို့ အိအိမွန်က ဆွေမျိုးတွေကို ပြောပြခဲ့ ပါတယ်။

ပတ်ဝန်းကျင်ကတမျိုးထင်မြင်မှာစိုးတာကြောင့် မိဘဆွေမျိုးတွေက တိုးတိုးတိတ်တိတ်နဲ့ အဖြေရှာခဲ့ကြတယ်။

ကိုယ်ဝန်ရှိနေတယ်လို့ထင်ပြီး အိအိမွန်ကို မေးရာမှာလည်း သူမမှာ ကိုယ်ဝန်မရှိမှန်း ကိုယ်တိုင်သိတာကြောင့် အိမ်ထဲမှာသာ အငြင်းပွားနေကြရင်း အချိန်ကာလကြာလာပြီးမှ ရွှေကူဆေးရုံကို ရောက်ရှိလာခဲ့ပါတယ်။

ရွှေကူဆေးရုံမှာ တပတ်ကြာသွေးသွင်းနေခဲ့ရာမှ ကျန်းမာရေးပြန်မကောင်းလာပဲ ခုနစ်ရက်မြောက်တဲ့နေ့မှာ  အိအိမွန်ဟာ နလန်မထူနိုင်အောင် ခံစားလာရပြီး ကုတင်ပေါ်ကနေ ပြုတ်ကျတဲ့အထိ သွေးအားနည်းပါးသွားခဲ့ ရပါတယ်။

ဒီနောက်မှာ နီးစပ်ရာဆွေမျိုးတွေရဲ့ အကြံပြုချက်နဲ့ ရွှေကူဆေးရုံကတဆင့် ဗန်းမော်ဆေးရုံကို အရေးပေါ်ပို့ ဆောင်ခဲ့ရပါတယ်။ ဗန်းမော်ဆေးရုံကို မနက်(၈)နာရီလောက်မှာ ရောက်ရှိခဲ့ပြီး ဆရာဝန်တွေက အစပိုင်းမှာ တော့ သွေးအားနည်းတဲ့ရောဂါလို့ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် ဓာတ်မှန်ရိုက်ကြည့်တဲ့အချိန်မှာတော့ မိန်းကလေးငယ်ရဲ့ သားအိမ်တစ်ခြမ်းလုံးဟာ ပျက်စီးဆုံးရှုံးနေ တာကို တွေ့လိုက်ရပါတယ်။

အရေးပေါ်ခွဲစိပ်ကုသဖို့အတွက် ပြင်ဆင်ခဲ့ပေမယ့် ဝေဒနာရှင် အိအိမွန်ဟာ သွေးအားအလွန်နည်းနေတာ ကြောင့် သွေးသွင်းပြီးမှ ခွဲစိပ်လို့ရမယ်လို့ ဆရာဝန်တွေကပြောပါတယ်။ ဒါနဲ့သွေးတစ်လုံးသွင်းပြီး စောင့်ကြည့် နေရာက သွေးအားပြန်တက်မလာတော့ပဲ ည(၈)နာရီခန့်မှာ (၁၉)နှစ်အရွယ် အိအိမွန်ဟာ အသက်ဆုံးပါးသွား ခဲ့ပါတယ်။

“ဆရာဝန်တွေပြောတာတော့ တစ်ရက်လောက်စောရောက်လာခဲ့ရင်တောင် အချိန်မှီနိုင်တယ်လို့ပြောတယ်” လို့ အိအိမွန်ရဲ့မိခင်က ဝမ်းနည်းပူဆွေးစွာပြောပါတယ်။

အမှန်တော့ မိန်းကလေးတွေမှာဖြစ်တတ်တဲ့ သားအိမ်အတွင်းအလုံးတည်ခြင်းဟာ အရွယ်အစားပေါ်မူတည် ကာ သောက်ဆေးနဲ့ကုသနိုင်သလို အရွယ်အစားကြီးမှ ရောဂါအခြေအနေသိရတယ်ဆိုရင်တော့ ခွဲစိပ်ကာ အလုံးကို ထုတ်ပစ်ခြင်းဖြင့် အသက်မဆုံးရှုံးနိုင်သလို နောက်ဆုံးအဆင့်ဖြစ်တဲ့ သားအိမ်ကိုထုတ်ခြင်းဖြင့်လည်း ရောဂါကိုဖြေရှင်းကုသနိုင်တယ်လို့ ဆရာဝန်တွေက မိသားစုကို ရှင်းပြခဲ့ပါတယ်။

အခုလို အချိန်နှောင်းမှ ရောဂါအခြေအနေကို သိရှိခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရသလို အမျိုးသမီးတွေနဲ့ ပတ် သက်တဲ့ရောဂါတွေကို မသိရှိတဲ့ ကျေးလက်က အမျိုးသမီးတွေအတွက်တော့ အခုလို ဓမ္မတာပုံမှန်မဟုတ်ပဲ သေဆုံးသွားခဲ့တဲ့ အမျိုးသမီးတွေကိုဆိုရင် ကိုယ်ဝန်ပျက်ကျတာလို့ပဲ ယူဆနေကြဆဲဖြစ်ပါတယ်။

    “ကြိုကြိုတင်တင် တခြားနေရာကို အချိန်မှီသွားလို့ရရင်တော့ အခုလိုအသက်ဆုံးရှုံးမှာမဟုတ်ဘူး။ နောက်ထပ် မိန်းကလေးတွေကိုလည်း ဒီလိုမျိုးမဖြစ်စေချင်ဘူး။ အပျိုအရွယ်မိန်းကလေးတစ်ယောက်ဗိုက်ထဲမှာ အလုံးကြီး ရှိတယ်ဆိုရင် ဒါကိုယ်ဝန်ရှိတာလို့ပဲ မြင်ကြတယ်” လို့ အိအိမွန်ရဲ့ အိမ်နီးချင်းမိတ်ဆွေ မရီရီမွန်က ပြောပါ တယ်။

သူတို့ရဲ့ရွာလေးမှာတော့ အခုလိုအမျိုးသမီးတွေနဲ့ ပါတ်သက်တဲ့ရောဂါမျိုး ခံစားလာပြီဆိုရင် တောဓလေ့နည်း လမ်းတွေနဲ့သာ ဖြေရှင်းတတ်ကြတယ်လို့လည်း ပြောပြကြပါတယ်။

မိန်းကလေးတစ်ယောက် လစဉ်ပုံမှန်ဓမ္မတာမလာဘူးဆိုရင် အရပ်ထဲကဆေးဆရာ (ဒေသအခေါ် သမားတော်) တွေဆီသွားကာ ဗမာဆေးဆိုတာတွေသောက်ပြီး ဖြေရှင်းလေ့ရှိသလို ရာသီသွေးအလွန်အကျွံလာရင်လည်း အဲဒီအရပ်ထဲက ဆေးဆရာတွေဆီမှာသာ သွားရောက်ကုသခံကြသလို အိမ်မှာပဲ ဘိုးဘွားစဉ်ဆက်အသုံးလာပြု လာကြတဲ့ ရှေးရိုးနည်းလမ်းတွေနဲ့ပဲ ဖြေရှင်းတတ်ကြတယ်လို့ ဆိုပါတယ်။

ဗမာဆေးဆိုတဲ့ တိုင်းရင်းဆေးနည်းတွေနဲ့ ကုသလို့မရတော့တဲ့အခါမှသာ မြို့ပေါ်က ဆေးရုံသို့ သွားရောက် ကြပါတယ်။

ဆေးရုံဆေးခန်းတွေနဲ့အလှမ်းဝေးတာကြောင့် အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေ မရရှိတဲ့ ကျေးလက်ဒေသ တွေထဲမှာ ရွှေကူမြို့က ကျောက်တလုံးရွာလေးလည်း အပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်တလုံးရွာလေးမှာ အခြေခံပညာမူလတန်းကျောင်းအထိပဲ ရှိတာကြောင့် မိန်းကလေးငယ် အများစုဟာအတန်းပညာကို ဆုံးခန်းတိုင်အောင် မတက်ရောက်နိုင်ကြပါဘူး။ နီးစပ်ရာ မြို့ပေါ်မှာ သွားရောက် သင်ကြားပါမှ အများဆုံး အခြေခံပညာ(၇)တန်းထိသာ အောင်မြင်ခဲ့ရတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။

အခုလို အခြေခံပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို မရရှိတဲ့ဒေသက အမျိုးသမီးတွေအတွက် အမျိုး သမီးတွေနဲ့ ပတ်သက်တဲ့ရောဂါတခုခုဖြစ်လာပြီဆိုရင် ဖုံးဖုံးဖိဖိနဲ့ဖြေရှင်းနေရခြင်း၊ ဆေးရုံဆေးခန်းတွေမှာ ရော ဂါရှာဖွေဖို့ ခေတ်မီနည်းပညာစက်ပစည်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ လုံလုံလောက်လောက် ရှိမနေခြင်း ကလည်း လိုအပ်ချက်တစ်ခုအနေနဲ့ရှိနေပြီး အချိန်မှီမကုသနိုင်တာကြောင့် အခုလိုအသက်ပါဆုံးရှုံးတဲ့ အခြေအ နေအထိဖြစ်လာခဲ့တာပါ။

“အစ်မတို့ဆီမှာ မိန်းကလေးတွေနဲ့ပတ်သက်လို့ ကျန်းမာရေးအသိပညာပေးဖို့ မရှိသလောက်ကို ရှားတယ်။ ရွှေကူဆိုတာဘယ်နားလေးလဲလို့တောင် မေးကြတယ်လေ။ ဘယ်နားရှိမှန်းတောင် သိပ်မသိကြဘူး။ အမျိုး သမီးနဲ့ပါတ်သက်တဲ့ အသိပညာပေးမှုတွေကို လာရောက်လုပ်ဆောင်ပေးဖို့ကိုလည်း ဖိတ်ခေါ်ချင်ပါတယ်” လို့ မရီရီမွန်က ပြောပါတယ်။

    “မိန်းကလေးတွေဆို ကိုယ်ဝန်ပျက်ကျတာတွေရှိတယ်။ အဓမ္မပြုကျင့်ခံရတာတွေ လည်းရှိတယ်။ ဒါပေမယ့် ဘယ်သူမှသိမနေဘူး”

အစိုးရအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ပြည်တွင်းပြည်ပအဖွဲအစည်းတွေက လည်း အမျိုးသမီးတွေနဲ့ပါတ်သက်တဲ့ အကြောင်းအရာတွေ လာရောက်အသိပညာပေးမှု လုပ်ဆောင်တာ မရှိ သလောက်နည်းပါးတယ်လို့ ရွှေကူမြို့ခံမိသားစုတွေက ပြောပြပါတယ်။

သားသမီး(၃)ယောက်မှာ တစ်ဦးတည်းသောသမီးနဲ့ အငယ်ဆုံးဖြစ်တဲ့ အိအိမွန်ဆုံးသွားတဲ့အခါ အမေဖြစ်သူဟာ တခြားမိန်းကလေးငယ်တွေ အခုလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရလေအောင် မိန်းကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေကို ကျေးလက်တောရွာတွေမှာ အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် ပေးစေချင်တယ်လို့ပြောပါတယ်။

    “သမီးလေးရဲ့အသက်ကို ငွေနဲ့အရှက်နဲ့လဲပြီးတော့မှ သိလိုက်ရတယ်။ ဗန်းမော်ဆေးရုံရောက်သွားလို့သာ သမီးလေးဟာ ဂုဏ်သိက္ခာရှိရှိနဲ့ အသက်ဆုံးရှုံးရတယ်လို့ အစ်မကတော့ မြင်တယ်။ မဟုတ်ရင် ကျန်ခဲ့တဲ့ မိ သားစုတွေလည်း အဖြေကို သေချာမသိတော့ ကိုယ့်မြို့မှာဆို ကလေးပျက်လို့သေတယ်ဆိုပြီး သတ်မှတ်ကြ ဦးမှာ” လို့ မရီရီမွန်က သူမရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

အခုလိုဖွံဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသက အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ဟာ သူတို့ရရှိတဲ့ ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာနဲ့ အခြေခံလူမှုဖူလုံရေး ရရှိမှုအပေါ် များစွာမူတည်နေတာ ဖြစ်ပါတယ်။  ရွှေကူက အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေနဲ့ ပါတ်သက်တဲ့ရောဂါတခုခုဖြစ်ပြီဆို ရင် ရှက်နေကြောက်နေရမှာထက် အချိန်မီကုသဖို့၊  မဖြစ်မီ ကြိုတင်ကာကွယ်ဖို့ စတာတွေကို သိနားလည် ထားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပြနေလူဦးရေထက် ကျေးလက်နေလူဦးရေက ပိုမိုများပြားပြီး အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ကျေးလက်နေအမျိုးသမီးတွေရဲ့ဘဝဖွံဖြိုးတိုးတက်ဖို့ လူသားတိုင်း တန်းတူရသင့်တဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မလွဲမသွေလိုအပ်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  hiburma
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top