ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မိန္းကေလးေတြအတြက္ အခက္ခဲဆံုး အခ်ိန္တစ္ခ်ိန္လိုု႔ ဆိုလို႔ရတဲ့ ရာသီစက္ဝန္းကာလမွာ နာက်င္ ကိုက္ခဲမႈ ဒဏ္ကို အလူးအလဲ ခံစားရတတ္ပါတယ္။ လစဥ္လတုိင္း ဒီလိုနာက်င္ေနမယ္ ဆိုရင္ ဘာမွမလုပ္ႏုိင္၊ မကိုင္ႏိုင္ဘဲ မိမိကိုယ္ကို ယံုၾကည္မႈလည္း ေလ်ာ့က်ေစပါတယ္။ ဒီေဝဒနာဆိုးႀကီးကို အလ်င္ျမန္ဆံုး သက္သာေစႏုိင္မယ့္ နည္းလမ္းေကာင္းေလးကို အမ်ိဳးသမီးမ်ား သိခ်င္ၾကမယ္ထင္ပါတယ္။ ဒီတစ္ခါမွာေတာ့ က်န္းမာေရးအတြက္လည္း အေထာက္အကူျဖစ္ေစမယ့္ အာဟာရရွိတဲ့ အစားအေသာက္မ်ားကို စားသံုးၿပီး နာက်င္ကိုက္ခဲမႈ ေဝဒနာကိုလည္း အလ်င္ျမန္ဆံုး သက္သာ  ေစမယ့္ နည္းလမ္းေကာင္းေလးကို ေဝမွ်ေပးလိုက္ပါတယ္။

(၁) ဂ်င္းလက္ဖက္ရည္၊ ဂ်င္းျပဳတ္ရည္

ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲတဲ့အခါ ေရေႏြးအိတ္ကပ္ၿပီး ကုသၾကရပါတယ္။ အျပင္ဘက္ပိုင္းကေန ေရေႏြးအိတ္ကပ္ၿပီး ကုသတာက နာက်င္မႈဒဏ္ကို သက္သာေစတယ္ဆိုေပမယ့္ အတြင္းပိုင္းထိ ေႏြးေႏြးေလးျဖစ္ေနမွသာ နာက်င္္မႈဒဏ္ေလ်ာ့ပါးေစမွာပါေနာ္။ ဒီေတာ့… ဂ်င္းျပဳတ္ရည္ ဒါမွမဟုတ္ ဂ်င္းလက္ဖက္ရည္ ပူပူေလးကို ေသာက္သံုးေပးမယ္ဆိုရင္ ခႏၶာကိုယ္တြင္းပိုင္းက ေႏြးေထြးလာၿပီး ေတာ့ နာက်င္မႈဒဏ္ ကိုလည္း ေလ်ာ့ပါးသက္သာေစမွာပါ။

(၂) ဆယ္လ္မြန္ငါး

ရာသီစက္ဝန္းကာလမွာ အာဟာရမွ်တတဲ့ အစားအစာမ်ားကိုလည္း ေရြးခ်ယ္စားသံုးတတ္ဖုိ႔ အေရးႀကီးပါတယ္။ အရသာလည္းရွိတဲ့ အစားအစားကို စားသံုးၿပီး နာက်င္ကိုက္ခဲမႈ ေဝဒနာဆိုးႀကီးကို ကုသဖို႔ဆိုရင္ေတာ့ ဆယ္လ္မြန္ငါးကို သတိရလိုက္ပါ။ ဆယ္လ္မြန္ငါးမွာပါဝင္တဲ့ Omega 3s က ခႏၶာကိုယ္တြင္း ေဟာ္မုန္းမညီမွ်မႈကို ထိန္းညွိေပးႏုိင္တဲ့အျပင္ တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ပံုမွန္စားသံုးေပးမယ္ဆိုရင္ လစဥ္ဓမၼတာလာခ်ိန္တိုင္း နာက်င္မႈဒဏ္ကို ခံစားရေတာ့မွာ မဟုတ္ပါဘူး။

(၃) အမဲသား

အမ်ိဳးသမီးမ်ားအေနနဲ႔ ဒီလိုရာသီစက္ဝန္းကာလမွာ သံဓာတ္အားနည္းခ်ိဳ႕တဲ့မႈႈကို လ်စ္လ်ဴရႈ မထားသင့္ပါဘူး။ သံဓာတ္ခ်ိဳ႕တဲ့အခါ မလိုလားအပ္တဲ့ က်န္းမာေရးဆိုင္ရာ ျပႆနာေတြ ျဖစ္ေပၚ လာႏိုင္တဲ့အတြက္ သံဓာတ္ျဖည့္တင္းေပးဖို႔ကိုလည္း မေမ့ပါနဲ႔။ အနီေရာင္ရွိတဲ့အသားမ်ားနဲ႔ အမဲသား က သံဓာတ္ျပည့္ဝစြာ ပါဝင္တဲ့အတြက္ စားသံုးေပးမယ္ဆိုရင္ သံဓာတ္ခ်ိဳ႕တဲ့မႈ မျဖစ္ေတာ့ဘဲ နာက်င္မႈ ဒဏ္ကိုလည္း ေလ်ာ့ပါးသက္သာေစမွာပါ။

(၄) အစိမ္းေရာင္ဟင္းသီးဟင္းရြက္မ်ား

ဒီလိုအခ်ိန္မွာ အစိမ္းေရာင္အဆင္းရွိတဲ့ ဟင္းသီးဟင္းရြက္၊ အသီးအႏွံမ်ားကို မ်ားမ်ားစားသံုးဖို႔ မေမ့ပါနဲ႔။ ဟင္းႏုႏြယ္ရြက္၊ အစိမ္းေရာင္ပန္းေဂၚဖီ စတဲ့အသီးအရြက္မ်ားမွာ ပါဝင္တဲ့ မဂၢနီဆီယမ္ဓာတ္၊ ပိုတက္ဆီယမ္ဓာတ္၊ ဗီတာမင္ဓာတ္မ်ားနဲ႔ အျခားေသာ အာဟာရဓာတ္ပစၥည္း မ်ားစြာ ပါဝင္တဲ့အတြက္ေၾကာင့္ စားသံုးေပးမယ္ဆိုရင္ သင့္ရဲ႕အခက္ခဲဆံုးကာလေတြမွာ နာက်င္မႈမရွိေစဘဲ ေက်ာ္လႊားႏုိင္မွာပါ။

(၅) သဘာဝဒိန္ခ်ဥ္

ဓာတုုပစၥည္းမ်ားနဲ႔ ေပါင္းစပ္ထားျခင္းမရွိတဲ့ သဘာဝဒိန္ခ်ဥ္ကလည္း ဓမၼတာလာစဥ္အတြင္း နာက်င္မႈဒဏ္ကို အလ်င္ျမန္ဆံုး သက္သာေစမယ့္ အစားအေသာက္တစ္မ်ိဳးပါပဲ။ ကယ္လ္ဆီယမ္ဓာတ္ ျပည့္ဝစြာပါဝင္မႈေၾကာင့္ ရာသီစက္ဝန္းအခ်ိန္မမွန္ျခင္း၊ နာက်င္ျခင္း စတာေတြအတြက္ ကုသေပးႏုိင္တဲ့ ေဆးစြမ္းေကာင္းတစ္လက္ပါပဲ။

(၆) ေခ်ာကလက္နက္

အနက္ေရာင္ ေခ်ာကလက္ကလည္း နာက်င္မႈဒဏ္ကို ေျဖေလ်ာ့ေပးႏုိင္တာကို ေတြ႔ရပါတယ္။ ဒါေပမယ့္ သၾကားဓာတ္မ်ားစြာ ပါဝင္တဲ့ ေခ်ာကလက္ကို စားသံုးမိမယ္ဆိုရင္ေတာ့ အေျခအေနပိုဆိုး သြားႏုိင္တာကို သတိျပဳပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတွေအတွက် အခက်ခဲဆုံး အချိန်တစ်ချိန်လိုု့ ဆိုလို့ရတဲ့ ရာသီစက်ဝန်းကာလမှာ နာကျင် ကိုက်ခဲမှု ဒဏ်ကို အလူးအလဲ ခံစားရတတ်ပါတယ်။ လစဉ်လတိုင်း ဒီလိုနာကျင်နေမယ် ဆိုရင် ဘာမှမလုပ်နိုင်၊ မကိုင်နိုင်ဘဲ မိမိကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ ဒီဝေဒနာဆိုးကြီးကို အလျင်မြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းကောင်းလေးကို အမျိုးသမီးများ သိချင်ကြမယ်ထင်ပါတယ်။ ဒီတစ်ခါမှာတော့ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမယ့် အာဟာရရှိတဲ့ အစားအသောက်များကို စားသုံးပြီး နာကျင်ကိုက်ခဲမှု ဝေဒနာကိုလည်း အလျင်မြန်ဆုံး သက်သာ  စေမယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။

(၁) ဂျင်းလက်ဖက်ရည်၊ ဂျင်းပြုတ်ရည်

ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတဲ့အခါ ရေနွေးအိတ်ကပ်ပြီး ကုသကြရပါတယ်။ အပြင်ဘက်ပိုင်းကနေ ရေနွေးအိတ်ကပ်ပြီး ကုသတာက နာကျင်မှုဒဏ်ကို သက်သာစေတယ်ဆိုပေမယ့် အတွင်းပိုင်းထိ နွေးနွေးလေးဖြစ်နေမှသာ နာကျင်မှုဒဏ်လျော့ပါးစေမှာပါနော်။ ဒီတော့… ဂျင်းပြုတ်ရည် ဒါမှမဟုတ် ဂျင်းလက်ဖက်ရည် ပူပူလေးကို သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းပိုင်းက နွေးထွေးလာပြီး တော့ နာကျင်မှုဒဏ် ကိုလည်း လျော့ပါးသက်သာစေမှာပါ။

(၂) ဆယ်လ်မွန်ငါး

ရာသီစက်ဝန်းကာလမှာ အာဟာရမျှတတဲ့ အစားအစာများကိုလည်း ရွေးချယ်စားသုံးတတ်ဖို့ အရေးကြီးပါတယ်။ အရသာလည်းရှိတဲ့ အစားအစားကို စားသုံးပြီး နာကျင်ကိုက်ခဲမှု ဝေဒနာဆိုးကြီးကို ကုသဖို့ဆိုရင်တော့ ဆယ်လ်မွန်ငါးကို သတိရလိုက်ပါ။ ဆယ်လ်မွန်ငါးမှာပါဝင်တဲ့ Omega 3s က ခန္ဓာကိုယ်တွင်း ဟော်မုန်းမညီမျှမှုကို ထိန်းညှိပေးနိုင်တဲ့အပြင် တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန်စားသုံးပေးမယ်ဆိုရင် လစဉ်ဓမ္မတာလာချိန်တိုင်း နာကျင်မှုဒဏ်ကို ခံစားရတော့မှာ မဟုတ်ပါဘူး။

(၃) အမဲသား

အမျိုးသမီးများအနေနဲ့ ဒီလိုရာသီစက်ဝန်းကာလမှာ သံဓာတ်အားနည်းချို့တဲ့မှုှုကို လျစ်လျူရှု မထားသင့်ပါဘူး။ သံဓာတ်ချို့တဲ့အခါ မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ် လာနိုင်တဲ့အတွက် သံဓာတ်ဖြည့်တင်းပေးဖို့ကိုလည်း မမေ့ပါနဲ့။ အနီရောင်ရှိတဲ့အသားများနဲ့ အမဲသား က သံဓာတ်ပြည့်ဝစွာ ပါဝင်တဲ့အတွက် စားသုံးပေးမယ်ဆိုရင် သံဓာတ်ချို့တဲ့မှု မဖြစ်တော့ဘဲ နာကျင်မှု ဒဏ်ကိုလည်း လျော့ပါးသက်သာစေမှာပါ။

(၄) အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ဒီလိုအချိန်မှာ အစိမ်းရောင်အဆင်းရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို များများစားသုံးဖို့ မမေ့ပါနဲ့။ ဟင်းနုနွယ်ရွက်၊ အစိမ်းရောင်ပန်းဂေါ်ဖီ စတဲ့အသီးအရွက်များမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ဗီတာမင်ဓာတ်များနဲ့ အခြားသော အာဟာရဓာတ်ပစ္စည်း များစွာ ပါဝင်တဲ့အတွက်ကြောင့် စားသုံးပေးမယ်ဆိုရင် သင့်ရဲ့အခက်ခဲဆုံးကာလတွေမှာ နာကျင်မှုမရှိစေဘဲ ကျော်လွှားနိုင်မှာပါ။

(၅) သဘာဝဒိန်ချဉ်

ဓာတုုပစ္စည်းများနဲ့ ပေါင်းစပ်ထားခြင်းမရှိတဲ့ သဘာဝဒိန်ချဉ်ကလည်း ဓမ္မတာလာစဉ်အတွင်း နာကျင်မှုဒဏ်ကို အလျင်မြန်ဆုံး သက်သာစေမယ့် အစားအသောက်တစ်မျိုးပါပဲ။ ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝစွာပါဝင်မှုကြောင့် ရာသီစက်ဝန်းအချိန်မမှန်ခြင်း၊ နာကျင်ခြင်း စတာတွေအတွက် ကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

(၆) ချောကလက်နက်

အနက်ရောင် ချောကလက်ကလည်း နာကျင်မှုဒဏ်ကို ဖြေလျော့ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် သကြားဓာတ်များစွာ ပါဝင်တဲ့ ချောကလက်ကို စားသုံးမိမယ်ဆိုရင်တော့ အခြေအနေပိုဆိုး သွားနိုင်တာကို သတိပြုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top