iMyanmarHouse.com - Best Property Website for Myanmar
×

စပ်စ္သီးအနီေရာင္မွ ထုတ္လုပ္ထားတဲ့ ဝိုင္နီဟာ အခ်စ္ကိုေဖာ္ညႊန္းတဲ့ သေကၤတတစ္ခုအျဖစ္ ယူဆခံရပါတယ္။ ေယာက်္ားေလးေတြ သူတို႔ခ်စ္ရတဲ့ မိန္းကေလးေတြကုိ လက္ထပ္ခြင့္ေတာင္းေတာ့မယ္ဆိုရင္ ဆိုင္ေကာင္းေကာင္းမွာ ဝိုင္နီေကာင္းေကာင္းနဲ႔ ညစာလိုက္ေကြ်းၿပီးမွ ႀကိဳးစားတတ္ၾကပါတယ္။

တနည္းအားျဖင့္ ဝိုင္နီေသာက္ျခင္းဟာ ဦးေႏွာက္ထဲက ဆာ႐ိုတိုနင္ (Serotonin) လို႔ေခၚတဲ့ ေပ်ာ္႐ႊင္မႈကိုျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ဝိုင္နီေသာက္ျခင္းမွာ တျခားက်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း ပါ႐ွိပါေသးတယ္။
၁။ ႏွလံုးက်န္းမာေရးကို အားေကာင္းေစတယ္

ဝိုင္နီထဲမွာပါဝင္တဲ့ antioxidant ေတြက ခႏၶာကိုယ္အတြက္ ေကာင္းမြန္တဲ့ ကိုလက္စ္ထေရာ လယ္ဗယ္ကို ျမင့္တက္ေစႏိုင္ပါတယ္။ ဒီအခ်က္က ႏွလံုးေရာဂါ ျဖစ္ပြားႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ၿပီးေတာ့ ဝိုင္နီထဲမွာပါဝင္တဲ့ resveratrol ဆိုတဲ့ polyphenol ဓာတ္ကလည္း ႏွလံုးေသြးေၾကာနံရံေတြကို ကာကြယ္ေပးႏိုင္စြမ္း ႐ွိပါတယ္။ ဒါတင္မကေသးပါဘူး။ Resveratrol ဓာတ္က ေသြးတြင္းမွာ ေသြးခဲႏိုင္ေျခကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါေသးတယ္။ ဒါေၾကာင့္ အဝလြန္ေနသူေတြအေနနဲ႔ ဝိုင္နီကို ပံုမွန္ေသာက္ေပးသင့္ပါတယ္။
၂။ ဆီးခ်ိဳေရာဂါကို တိုက္ဖ်က္ေပးႏိုင္တယ္

အေမရိကန္ ဆီးခ်ိဳေရာဂါ အဖြဲ႔အစည္းႀကီးရဲ႕ အဆုိအရ ဝိုင္နီေသာက္ျခင္းဟာ ေသြးတြင္းအခ်ိဳဓာတ္ကို (၂၄) နာရီၾကာ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္တဲ့။ ဒါတင္မကေသးပါဘူး။ ဝိုင္နီကို ပံုမွန္ေသာက္သံုးျခင္းက Type 2 ဆီးခ်ိဳေရာဂါကို ေလွ်ာ့ပါးေစႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ပတ္မွာ ဝိုင္နီ သံုးေလးႀကိမ္ ေသာက္ျခင္းက ဆီးခ်ိဳျဖစ္ႏိုင္ေျခ (၃၀) ရာခိုင္ႏႈန္း ေလ်ာ့နည္းေစႏိုင္ပါတယ္။
၃။ ကင္ဆာကို တိုက္ခိုက္ေပးႏိုင္တယ္

Rochester ေဆးကုသ႒ာနရဲ႕ သုေတသနစာတမ္းအရ ဝိုင္နီထဲမွာ ပါဝင္တဲ့ Resveratrol ဓာတ္ဟာ ပန္ကရိယ ကင္ဆာဆဲလ္ေတြကို ဖ်က္ဆီးပစ္ႏိုင္စြမ္း ႐ွိတယ္လို႔ ဆိုထားပါတယ္။ ကင္ဆာေရာဂါသည္ေတြအတြက္ ဝိုင္နီရဲ႕အက်ိဳးသက္ေရာက္မႈက ထိေရာက္မႈ႐ွိတဲ့အတြက္ ဝိုင္ေသာက္တတ္တဲ့လူနာေတြကို ဆရာဝန္ေတြက ဆက္ၿပီးမေသာက္သံုးဖို႔ တိုက္တြန္းထားျခင္း မ႐ွိပါဘူး။ ဒါ့အျပင္ ဝိုင္နီဟာ ခႏၶာကုိယ္ထဲက ကိုယ္ခံအားစနစ္ကိုလည္း ပိုမိုေကာင္းမြန္ေစတဲ့အတြက္ ကင္ဆာတိုက္ဖ်က္ရာမွာ အသံုးဝင္ေစမွာပါ။
၄။ အဝလြန္ေရာဂါကို တိုက္ဖ်က္ႏိုင္တယ္

သုေတသနေတြအရ ဝိုင္နီထဲမွာပါဝင္တဲ့ resveratrol ဓာတ္ဟာ ခႏၶာကုိယ္ထဲက မေကာင္းတဲ့အဆီပိုေတြကို ကယ္လိုရီေလာင္ကြ်မ္းေစတဲ့ အဆီဓာတ္ေတြအျဖစ္ ေျပာင္းလဲေပးႏိုင္ပါတယ္တဲ့။ ဒါေၾကာင့္ ဝိုင္နီေသာက္ျခင္းျဖင့္ ဝိတ္က်ေစႏိုင္တယ္လို႔ အာဟာရေဗဒပညာ႐ွင္ေတြ ဆိုၾကတာျဖစ္ပါတယ္။ တကယ္ေတာ့ resveratrol ဓာတ္ဟာ အဆီဓာတ္ေတြရဲ႕ ေအာက္ဆီဂ်င္ဓာတ္ျပဳျခင္းကို အားျဖည့္ေပးႏိုင္ၿပီး ခႏၶာကိုယ္မွာ အဆီပိုေတြ စုေဆာင္းမိျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။
၅။ ေသြးတိုးနဲ႔ ေလျဖတ္ေလငန္းေရာဂါအႏၱရာယ္မွ ကာကြယ္ေပးႏိုင္တယ္

ဟားဗတ္ေဆးေက်ာင္းမွ ထုတ္ျပန္တဲ့ သုေတသနတစ္ေစာင္အရ အယ္လ္ကိုေဟာပါဝင္မႈ နည္းပါးတဲ့ ဝိုင္နီကို ပံုမွန္ေသာက္ေပးျခင္းက ေသြးဖိအားကို ထိန္းညွိေပးႏိုင္ပါတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဝိုင္နီေသာက္ျခင္းက ေသြးထဲက ႏိုက္ထရစ္ေအာက္ဆိုဒ္ လယ္ဗယ္ကိုလည္း ျမွင့္တင္ေပးႏိုင္ပါေသးတယ္။ ႏိုက္ထရစ္အက္ဆစ္က ေသြးေၾကာနံရံေတြကို ေခ်ာေမြ႕ေစႏိုင္ၿပီး ေသြးလည္ပတ္မႈ ပိုမိုေကာင္းမြန္ေစေရးအတြက္ ေထာက္ခံအားေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေသြးတိုးသမားေတြ ဘားထိုင္ရင္ ဝိုင္နီေသာက္တာ အေကာင္းဆံုးပါပဲေနာ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Stylecraze

#Unicode Version#
စပျစ်သီးအနီရောင်မှ ထုတ်လုပ်ထားတဲ့ ဝိုင်နီဟာ အချစ်ကိုဖော်ညွှန်းတဲ့ သင်္ကေတတစ်ခုအဖြစ် ယူဆခံရပါတယ်။ ယောကျ်ားလေးတွေ သူတို့ချစ်ရတဲ့ မိန်းကလေးတွေကို လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင် ဆိုင်ကောင်းကောင်းမှာ ဝိုင်နီကောင်းကောင်းနဲ့ ညစာလိုက်ကျွေးပြီးမှ ကြိုးစားတတ်ကြပါတယ်။

တနည်းအားဖြင့် ဝိုင်နီသောက်ခြင်းဟာ ဦးနှောက်ထဲက ဆာရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဝိုင်နီသောက်ခြင်းမှာ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပါရှိပါသေးတယ်။
၁။ နှလုံးကျန်းမာရေးကို အားကောင်းစေတယ်

ဝိုင်နီထဲမှာပါဝင်တဲ့ antioxidant တွေက ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ကိုလက်စ်ထရော လယ်ဗယ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒီအချက်က နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပြီးတော့ ဝိုင်နီထဲမှာပါဝင်တဲ့ resveratrol ဆိုတဲ့ polyphenol ဓာတ်ကလည်း နှလုံးသွေးကြောနံရံတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ Resveratrol ဓာတ်က သွေးတွင်းမှာ သွေးခဲနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ ဒါကြောင့် အဝလွန်နေသူတွေအနေနဲ့ ဝိုင်နီကို ပုံမှန်သောက်ပေးသင့်ပါတယ်။
၂။ ဆီးချိုရောဂါကို တိုက်ဖျက်ပေးနိုင်တယ်

အမေရိကန် ဆီးချိုရောဂါ အဖွဲ့အစည်းကြီးရဲ့ အဆိုအရ ဝိုင်နီသောက်ခြင်းဟာ သွေးတွင်းအချိုဓာတ်ကို (၂၄) နာရီကြာ လျှော့ချပေးနိုင်ပါတယ်တဲ့။ ဒါတင်မကသေးပါဘူး။ ဝိုင်နီကို ပုံမှန်သောက်သုံးခြင်းက Type 2 ဆီးချိုရောဂါကို လျှော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်မှာ ဝိုင်နီ သုံးလေးကြိမ် သောက်ခြင်းက ဆီးချိုဖြစ်နိုင်ခြေ (၃၀) ရာခိုင်နှုန်း လျော့နည်းစေနိုင်ပါတယ်။
၃။ ကင်ဆာကို တိုက်ခိုက်ပေးနိုင်တယ်

Rochester ဆေးကုသဋ္ဌာနရဲ့ သုတေသနစာတမ်းအရ ဝိုင်နီထဲမှာ ပါဝင်တဲ့ Resveratrol ဓာတ်ဟာ ပန်ကရိယ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိတယ်လို့ ဆိုထားပါတယ်။ ကင်ဆာရောဂါသည်တွေအတွက် ဝိုင်နီရဲ့အကျိုးသက်ရောက်မှုက ထိရောက်မှုရှိတဲ့အတွက် ဝိုင်သောက်တတ်တဲ့လူနာတွေကို ဆရာဝန်တွေက ဆက်ပြီးမသောက်သုံးဖို့ တိုက်တွန်းထားခြင်း မရှိပါဘူး။ ဒါ့အပြင် ဝိုင်နီဟာ ခန္ဓာကိုယ်ထဲက ကိုယ်ခံအားစနစ်ကိုလည်း ပိုမိုကောင်းမွန်စေတဲ့အတွက် ကင်ဆာတိုက်ဖျက်ရာမှာ အသုံးဝင်စေမှာပါ။
၄။ အဝလွန်ရောဂါကို တိုက်ဖျက်နိုင်တယ်

သုတေသနတွေအရ ဝိုင်နီထဲမှာပါဝင်တဲ့ resveratrol ဓာတ်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီပိုတွေကို ကယ်လိုရီလောင်ကျွမ်းစေတဲ့ အဆီဓာတ်တွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် ဝိုင်နီသောက်ခြင်းဖြင့် ဝိတ်ကျစေနိုင်တယ်လို့ အာဟာရဗေဒပညာရှင်တွေ ဆိုကြတာဖြစ်ပါတယ်။ တကယ်တော့ resveratrol ဓာတ်ဟာ အဆီဓာတ်တွေရဲ့ အောက်ဆီဂျင်ဓာတ်ပြုခြင်းကို အားဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်မှာ အဆီပိုတွေ စုဆောင်းမိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ သွေးတိုးနဲ့ လေဖြတ်လေငန်းရောဂါအန္တရာယ်မှ ကာကွယ်ပေးနိုင်တယ်

ဟားဗတ်ဆေးကျောင်းမှ ထုတ်ပြန်တဲ့ သုတေသနတစ်စောင်အရ အယ်လ်ကိုဟောပါဝင်မှု နည်းပါးတဲ့ ဝိုင်နီကို ပုံမှန်သောက်ပေးခြင်းက သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝိုင်နီသောက်ခြင်းက သွေးထဲက နိုက်ထရစ်အောက်ဆိုဒ် လယ်ဗယ်ကိုလည်း မြှင့်တင်ပေးနိုင်ပါသေးတယ်။ နိုက်ထရစ်အက်ဆစ်က သွေးကြောနံရံတွေကို ချောမွေ့စေနိုင်ပြီး သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေရေးအတွက် ထောက်ခံအားပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးသမားတွေ ဘားထိုင်ရင် ဝိုင်နီသောက်တာ အကောင်းဆုံးပါပဲနော်။
ဖိုးသူတော် (www.phothutaw.com)
Credit:  Stylecraze
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top