iMyanmarHouse.com - Best Property Website for Myanmar
×







Credit: ဇင်မီကို

#Unicode Version#
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၄) ထိန်ကုန်းရပ်ကွက်က ဆယ်အိမ်မှူး ဇနီးနဲ့ သမီးနှစ်ယောက်က အဘွားအိုအား ဝိုင်းရိုက်

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၄) ထိန်ကုန်းရပ်ကွက်က ဆယ်အိမ်မှူး ဦးမြင့်စိုး၏ ဇနီးနဲ့ သမီးနှစ်ယောက်က ကျွန်မရဲ့အဖွားဖြစ်သူကို ဝိုင်းရိုက်ကြတာပါ . .

(၁၁.၂.၂၀၁၈)ရက်နေ့ ညနေ(၄)နာရီအချိန်လောက်က အိမ်မှာကျွန်မအဖွားက အသိတစ်ယောက်နဲ့ စကားပြောနေတဲ့အချိန်မှာ လာရောက် ဝိုင်းရိုက်သွားတာပါ . .

ဖြစ်စဉ်က ` ဒေါ်လှလှဝင်း သမီးဖြစ်သူ မသွယ်သွယ်ထွန်းနဲ့ မဖူးဖူးတို့ သုံးယောက်က အိမ်ရှေ့ကိုလာကြပြီးကျွန်မအဖွား ဒေါ်ခင်သိန်းအိမ်ထဲမှာနေတာကို အပြင်ကနေ ဆဲပါတယ် ၊

အဖွားပြန်ပြောတော့ အိမ်ကိုခဲနဲ့ပစ်ပါတယ်ခဲ့နဲ့ပစ်တော့ အဖွားက အပြင်ထွက်ပြီးမေတယ်ဘာကြောင့် လုပ်တာလဲလို့အဖွားကိုရိုက်ချင်လို့ပြောပြီးတော့ ဝင်ရိုက်သွားကြတာဖြစ်ပါတယ်´ . . .

မုဒုံရဲစခန်းကို သွားရောက်တိုင်ကြားတော့လည်း ဒဏ်ရာမရှိတဲ့အတွက် ရဲနဲ့မပတ်သက်ဘူးပြောလို့တရားရုံးကိုသွားရောက်တိုင်ကြားထားရပါတယ်။

သို့ပါ၍ ရုံးချိန်းရက်များအတွက် မတတ်နိုင်သော လူဆင်းရဲများအား နာကျင်စေရန် အရှက်ရစေရန်ပြုမူခဲ့သော ဒေါ်လှလှဝင်းနှင့် သမီးနှစ်ဦးတို့အားမုံဒုံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာမှ အမြန်ဆုံး ကွင်းဆင်းစစ်ဆေး အရေးယူပေးစေလိုကြောင်း ကျိုက်မရော/မုဒုံ သတင်းစုံမှတဆင့် တိုင်းကြားအပ်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: ဇင်မီကို
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top