iMyanmarHouse.com - Best Property Website for Myanmar
×

စႏိုက္ေၾကာ္ေတြ ေပါမ်ားလာတဲ့ေခတ္မွာ ေဖာက္ျပန္တဲ့ကိစၥေတြက စံုတြဲေတြၾကား အျဖစ္မ်ားေနၾကပါတယ္ ။ ေဖာက္ျပန္တဲ့ကိစၥေတြဆိုတာ တေယာက္နဲ႔တေယာက္အေနနီးရာကေန ျဖစ္လာတာ အမ်ားဆံုးေပါ့ ။

တခ်ိဴ့လူေတြကေတာ့ ႏွလံုးသားက တည္ၿငိမ္မႈမရွိဘဲ စိတ္ကစားမိတာကေန ေဖာက္ျပန္မိၾကတယ္။ လူ႔သေဘာသဘာဝေတြကလဲ တခါတေလ နည္းလမ္းက်က် ရွင္းျပမရေအာင္ ဆန္းၾကယ္တတ္တယ္။ ဖို မ သဘာဝ အေနနီးတဲ့အခ်ိန္ ကာယကံရွင္မွာ သမာဓိအားနည္းတဲ့အခါ ဒီလို ျပသနာမ်ိဴးေတြ ျဖစ္လာၾကေတာ့တာပါပဲ။

ကိုယ့္ေနာက္ကြယ္မွာ ကိုယ့္ခ်စ္သူ ဇယားရႈပ္တာေတြ သိလိုက္ရတဲ့အခ်ိန္မွာ  ကမၻာႀကီးတစ္ခုလံုး ေဇာက္ထိုးမိုးေမၽွာ္ျဖစ္သြားသလို ခံစားရပါလိမ့္မယ္ ။

ကိုယ့္ခ်စ္သူ ကိုယ့္ကို ေနာက္ေက်ာဓားထိုးလိုက္တယ္ဆိုတဲ့ နာက်င္မႈက ငရဲက်သလိုပါပဲ။ ဒီလိုအေျခအေနၾကံဳလာၿပီဆိိုရင္ ဘယ္သူမဆို မယံုႏိုင္ အံဩ တုန္လႈပ္သြားမွာပဲ။

၁။ ဒါေပမယ့္ လဲၿပိဳမသြားပါနဲ႔ ပထမဆံုးလုပ္ရမွာက

"အိုေက သူငါ့အေပၚ သစၥာေဖာက္ခဲ့တယ္" ဆိုၿပီး အဲ့ဒီအမွန္တရားကို စိတ္တည္ၿငိမ္စြာနဲ႔ လက္ခံလိုက္ပါ။ သူက သူ႔အမွားေတြအတြက္ ေနာင္တရပါၿပီ ကိုယ့္ဆီျပန္လာခ်င္ပါတယ္ဆိုရင္ ...

၂။ ဒုတိယစဥ္းစားရမွာက သင္သူနဲ႔ဆက္တြဲခ်င္ေသးရဲ႕လား? ဆိုတာပါ။

"ဟင့္အင္း ခြင့္မလြတ္ႏိုင္ဘူး ငါဒီလိုေယာက်ာ္းမ်ိဴး ဆက္မတြဲႏိုင္ဘူး"
ဒီလိုဆိုရင္ေတာ့ တခ်က္မွေနာက္ျပန္မၾကည့္ဘဲထားခဲ့လိုက္ပါ။

"ငါ သူနဲ႔ မျပတ္ႏိုင္ေသးဘူး ငါသူ႔ကိုခ်စ္တုန္းပဲ" ဆိုရင္ေတာ့ ဒီတႀကိမ္ေတာ့ ခြင့္လြတ္လိုက္မယ္ဆိုၿပီး အခြင့္အေရးေပးလိုက္ပါ။

၃။ ဒါေပမယ့္ ေနာက္တစ္ႀကိမ္ေဖာက္ျပန္မယ္ဆို ...

- လံုးဝခြင့္မလႊတ္ေတာ့မယ့္အေၾကာင္း လံုးဝျပတ္ျပတ္သားသား လမ္းခြဲမယ့္အေၾကာင္း ေသခ်ာေျပာျပပါ ။

- သင္လြယ္လြယ္နဲ႔ ခြင့္လႊတ္ခဲ့တာမဟုတ္ေၾကာင္း သိပ္ခ်စ္လြန္းလို႔ ရင္နာနာနဲ႔ခြင့္လြတ္ခဲ့တာျဖစ္ေၾကာင္းကို ေသခ်ာေျပာဖို႔လိုပါမယ္။

- အဲ့ဒီ၂ခ်က္ကို သင္ေသခ်ာ မေျပာခဲ့ရင္ သူ႔စိတ္ထဲမွာ "ငါလုပ္လဲရတာပဲ ေနာက္ဆံုးေတာ့ သူငါ့ကိုမျပတ္ႏိုင္ေတာ့လဲ ခြင့္လြတ္ရတာပဲေလ"ဆိုၿပီး ေတြးႏိုင္ၿပီး ေနာင္တခ်ိန္မွာ မလိုလားအပ္တဲ့အလားတူကိစၥမ်ိဴးေတြ ထပ္ျဖစ္လာႏိုင္ပါတယ္။

၄။ သင္သူ႔ကို ျပန္လက္ခံခ်င္တယ္ဆိုရင္ ဒီအခ်က္ေတြေတာ့ လိုက္နာႏိုင္မွ အဆင္ေျပမယ္ေနာ္။

- သူ႔အမွားကို တကယ္ခြင့္လြတ္ႏိုင္ရမယ္။
ျပန္သာတြဲလိုက္တယ္ ရင္ထဲမွာေတာ့ အခဲမေၾက ခြင့္မလြတ္ႏိုင္ျဖစ္ေနမယ္ဆိုရင္ေတာ့ သင္တို႔ရဲ႕ေရွ႕ဆက္မယ့္ခရီးမွာ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ျဖစ္ၿပီး ၂ေယာက္လံုးစိတ္ဆင္းရဲရမယ္။ ဒီေတာ့ တကယ္ခြင့္လြတ္ႏိုင္မွတြဲပါ။

- သူအမွားလုပ္ခဲ့တာဟုတ္တယ္။ ဒါကိုလဲ သင္လက္ခံခဲ့ၿပီးလို႔ျပန္တြဲေနၾကၿပီပဲ ရန္ျဖစ္တဲ့အခါ စကားမ်ားတဲ့အခါမွာ အဲ့ဒီေဖာက္ျပန္တဲ့ကိစၥေတြပါ ျပန္ေျပာ စကားနာေတြထိုးၿပီး တေယာက္နဲ႔တေယာက္ ဒဏ္ရာေတြ အျပန္အလွန္ မေပးမိပါေစနဲ႔။ အဲ့ဒီကိစၥေတြကို လံုးဝေမ့ေပးႏိုင္မွ သူနဲ႔ ေပ်ာ္စရာေန႔ရက္ေတြ ဆက္ဖန္တီးႏိုင္မွာပါ ။

ကဲ... ဒီေတာ့ သင္ဘာဆက္လုပ္ရမလဲဆိုတာ ျပတ္ျပတ္သားသား ဆံုးျဖတ္ၿပီးေရြးခ်ယ္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Love Shop

#Unicode Version#
စနိုက်ကြော်တွေ ပေါများလာတဲ့ခေတ်မှာ ဖောက်ပြန်တဲ့ကိစ္စတွေက စုံတွဲတွေကြား အဖြစ်များနေကြပါတယ် ။ ဖောက်ပြန်တဲ့ကိစ္စတွေဆိုတာ တယောက်နဲ့တယောက်အနေနီးရာကနေ ဖြစ်လာတာ အများဆုံးပေါ့ ။

တချိူ့လူတွေကတော့ နှလုံးသားက တည်ငြိမ်မှုမရှိဘဲ စိတ်ကစားမိတာကနေ ဖောက်ပြန်မိကြတယ်။ လူ့သဘောသဘာဝတွေကလဲ တခါတလေ နည်းလမ်းကျကျ ရှင်းပြမရအောင် ဆန်းကြယ်တတ်တယ်။ ဖို မ သဘာဝ အနေနီးတဲ့အချိန် ကာယကံရှင်မှာ သမာဓိအားနည်းတဲ့အခါ ဒီလို ပြသနာမျိူးတွေ ဖြစ်လာကြတော့တာပါပဲ။

ကိုယ့်နောက်ကွယ်မှာ ကိုယ့်ချစ်သူ ဇယားရှုပ်တာတွေ သိလိုက်ရတဲ့အချိန်မှာ  ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို ခံစားရပါလိမ့်မယ် ။

ကိုယ့်ချစ်သူ ကိုယ့်ကို နောက်ကျောဓားထိုးလိုက်တယ်ဆိုတဲ့ နာကျင်မှုက ငရဲကျသလိုပါပဲ။ ဒီလိုအခြေအနေကြုံလာပြီဆိုရင် ဘယ်သူမဆို မယုံနိုင် အံဩ တုန်လှုပ်သွားမှာပဲ။

၁။ ဒါပေမယ့် လဲပြိုမသွားပါနဲ့ ပထမဆုံးလုပ်ရမှာက

"အိုကေ သူငါ့အပေါ် သစ္စာဖောက်ခဲ့တယ်" ဆိုပြီး အဲ့ဒီအမှန်တရားကို စိတ်တည်ငြိမ်စွာနဲ့ လက်ခံလိုက်ပါ။ သူက သူ့အမှားတွေအတွက် နောင်တရပါပြီ ကိုယ့်ဆီပြန်လာချင်ပါတယ်ဆိုရင် ...

၂။ ဒုတိယစဉ်းစားရမှာက သင်သူနဲ့ဆက်တွဲချင်သေးရဲ့လား? ဆိုတာပါ။

"ဟင့်အင်း ခွင့်မလွတ်နိုင်ဘူး ငါဒီလိုယောကျာ်းမျိူး ဆက်မတွဲနိုင်ဘူး"
ဒီလိုဆိုရင်တော့ တချက်မှနောက်ပြန်မကြည့်ဘဲထားခဲ့လိုက်ပါ။

"ငါ သူနဲ့ မပြတ်နိုင်သေးဘူး ငါသူ့ကိုချစ်တုန်းပဲ" ဆိုရင်တော့ ဒီတကြိမ်တော့ ခွင့်လွတ်လိုက်မယ်ဆိုပြီး အခွင့်အရေးပေးလိုက်ပါ။

၃။ ဒါပေမယ့် နောက်တစ်ကြိမ်ဖောက်ပြန်မယ်ဆို ...

- လုံးဝခွင့်မလွှတ်တော့မယ့်အကြောင်း လုံးဝပြတ်ပြတ်သားသား လမ်းခွဲမယ့်အကြောင်း သေချာပြောပြပါ ။

- သင်လွယ်လွယ်နဲ့ ခွင့်လွှတ်ခဲ့တာမဟုတ်ကြောင်း သိပ်ချစ်လွန်းလို့ ရင်နာနာနဲ့ခွင့်လွတ်ခဲ့တာဖြစ်ကြောင်းကို သေချာပြောဖို့လိုပါမယ်။

- အဲ့ဒီ၂ချက်ကို သင်သေချာ မပြောခဲ့ရင် သူ့စိတ်ထဲမှာ "ငါလုပ်လဲရတာပဲ နောက်ဆုံးတော့ သူငါ့ကိုမပြတ်နိုင်တော့လဲ ခွင့်လွတ်ရတာပဲလေ"ဆိုပြီး တွေးနိုင်ပြီး နောင်တချိန်မှာ မလိုလားအပ်တဲ့အလားတူကိစ္စမျိူးတွေ ထပ်ဖြစ်လာနိုင်ပါတယ်။

၄။ သင်သူ့ကို ပြန်လက်ခံချင်တယ်ဆိုရင် ဒီအချက်တွေတော့ လိုက်နာနိုင်မှ အဆင်ပြေမယ်နော်။

- သူ့အမှားကို တကယ်ခွင့်လွတ်နိုင်ရမယ်။
ပြန်သာတွဲလိုက်တယ် ရင်ထဲမှာတော့ အခဲမကြေ ခွင့်မလွတ်နိုင်ဖြစ်နေမယ်ဆိုရင်တော့ သင်တို့ရဲ့ရှေ့ဆက်မယ့်ခရီးမှာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဖြစ်ပြီး ၂ယောက်လုံးစိတ်ဆင်းရဲရမယ်။ ဒီတော့ တကယ်ခွင့်လွတ်နိုင်မှတွဲပါ။

- သူအမှားလုပ်ခဲ့တာဟုတ်တယ်။ ဒါကိုလဲ သင်လက်ခံခဲ့ပြီးလို့ပြန်တွဲနေကြပြီပဲ ရန်ဖြစ်တဲ့အခါ စကားများတဲ့အခါမှာ အဲ့ဒီဖောက်ပြန်တဲ့ကိစ္စတွေပါ ပြန်ပြော စကားနာတွေထိုးပြီး တယောက်နဲ့တယောက် ဒဏ်ရာတွေ အပြန်အလှန် မပေးမိပါစေနဲ့။ အဲ့ဒီကိစ္စတွေကို လုံးဝမေ့ပေးနိုင်မှ သူနဲ့ ပျော်စရာနေ့ရက်တွေ ဆက်ဖန်တီးနိုင်မှာပါ ။

ကဲ... ဒီတော့ သင်ဘာဆက်လုပ်ရမလဲဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးရွေးချယ်လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Love Shop


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top