ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဦးတင္ထြန္း ဒီအိမ္ကိုစေရာက္ကတည္းက စိတ္အဝင္စားဆံုး ကဒီပန္းခ်ီ ကားပဲ။စုတ္ခ်က္ေတြကၾကမ္းေပမယ့္ ဘာရယ္ေၾကာင့္မွန္းမသိဘူး သည္ပန္းခ်ီကားကို ၾကည့္ၿပီးရင္းၾကည့္ခ်င္ေနမိတယ္။ အိမ္ႀကီးက နွစ္ထပ္အိမ္ႀကီး က်ယ္က်ယ္ဝန္းဝန္း န႔ဲ ၊ၿခံႀကီးကလည္းအက်ယ္ႀကီး၊ေရွ႕မ်က္နွာစာမွာ ျမက္ခင္းစိမ္းစိမ္းန႔ဲ အလြန္ကို ပနံ ရပါတယ္။စၿပီး ဝယ္ကတည္းကအိမ္ရွင္က ရွိသမ်ွပစၥည္းေတြအားလံုးကို ထားသြားတယ္။ သူတို႔က တစ္ျခားၿမိဳ႕ကိုေျပာင္းမွာဆိုေတာ့ ဘာပစၥည္းမွသယ္မသြားခ်င္ၾကဘူးေလ။ဆက္တီ၊မီးဖိုေခ်ာင္ပစၥည္း၊ကုတင္ အစရွိသျဖင့္ အိမ္အသံုးအေဆာင္ပစၥည္း ေတာ္ေတာ္စံုစံုလင္လင္ပါ။
သူစိတ္ဝင္စားတ့ဲ ပန္းခ်ီ ကား က အေပၚထပ္က ဧည့္ခန္းမွာခ်ိတ္ထားတယ္။ပန္းခ်ီ ကားထဲမွာက အခုလက္ရွိေနတ႔ဲ အိမ္ကိုျပန္ဆြဲထားတယ္လို႔ထင္တယ္။အိမ္ေရွ႕ကျမက္ခင္းစိမ္းေလးရယ္၊လ ေလးကတစ္ဝက္သာေနတယ္။ညဘက္မွာဆြဲထားတာထင္ပါတယ္။ ဦးတင္ထြန္းကတစ္ေယာက္တည္းသမား။ဘေမာင္ဆိုတ႔ဲတပည့္ေလးတစ္ေယာက္န႔ဲအတူေနတယ္။ဒီအိမ္ကိုေျပာင္းလာေတာ့ အရင္အိမ္ရွင္ ေတြငွားထားတ့ဲ ထမင္းခ်က္န႔ဲမာလီ လင္မယားနွစ္ေယာက္ကိုဆက္ေခၚထားလိုက္တယ္။သူတို႔ကလည္း အရင္အိမ္ရွင္ေတြန႕ဲအတူတစ္ျခားၿမိဳ ႕ကိုလိုက္မသြားနိုင္ေတာ့ ဦးတင္ထြန္းက "ဆက္လုပ္နိုင္မလား "လို႔ေမးၿပီးေတာ့သူတို႔ေနခ်င္တာန႔ဲ အေတာ္ျဖစ္သြားတယ္။ ၃ ရက္ေျမာက္ေန႔မွာ ဦးတင္ထြန္းပန္းခ်ီ ကားကိုၾကည့္မိေတာ့ ေအာက္နားအစပ္ကလူေခါင္းလိုလို ပံုသဏၭန္ တစ္ခုကိုေတြ႕မိေတာ့ ဘာမ်ားေပသြားပါလိမ့္လုိ႔ ေသခ် ာၾကည့္မိတယ္။ေဆးစက္ လို႔ပဲေကာက္ခ်က္ခ် မိတယ္။

ဘယ္ကလာတ့ဲေဆးစက္ျဖစ္မလဲလို႔ေတြးၾကည့္တယ္။ေတြးလို႔မရတာန႔ဲ အိမ္က တပည့္ေလးန႔ဲ မာလီလင္မယားကိုေခၚေမးေတာ့လည္း သူတို႔မသိပါဘူး ဆိုတ႔ဲအေျဖပဲရတယ္။ဒါန႔ဲ "ငါ့အခန္းထဲယူထားတာပဲစိတ္ခ်ရပါတယ္" ဆိုၿပီး အခန္းထဲ ယူခ်ိတ္ထားလိုက္တယ္။ေန႔လည္ဘက္ အလုပ္ကိစၥန႔ဲအျပင္သြားၿပီးျပန္လာေတာ့ ညေနေတာ္ေတာ္ေစာင္းေနၿပီ။ အခန္းထဲ တန္းဝင္ၿပီးေတာ့ကုတင္ေပၚေျခပစ္လက္ပစ္ အိပ္လိုက္တယ္။ အဲဒီမွာ မ်က္လံုးက ပန္းခ်ီကားေပၚေရာက္သြားတ့ဲအခါ ေတြ႕လိုက္ရတ႕ဲ အရာေၾကာင့္ ထထိုင္မိသြားတယ္။ၿပီးေတာ့ေသေသခ်ာခ်ာအနီးကပ္သြားၾကည့္လိုက္မိတယ္။ လူတစ္ေယာက္ ကိုယ္တစ္ပိုင္း ပံု ေနာက္ေက်ာ ကိုျမင္လိုက္ရတယ္။

အိမ္ဘက္ကိုၾကည့္ေနတယ္လို႔ထင္တယ္။"ဒါေတာ့ထူးဆန္းသြားၿပီ ငါ့အခန္းကိုေသာ့ခတ္ထားခ့ဲတာပါ ဘယ္သူမွဝင္လို႔မရေလာက္ပါဘူး" ဒါန႔ဲမေက်နပ္ေသးဘူး အိမ္ရွိလူကုန္ အခန္းထဲဝင္ေသးလား လိုက္ေမးလိုက္ေသးတယ္။ "ဟာ ဆရာကလည္း ဆရာ႕အခန္းကေသာ့ခတ္ထားတာက်ေနာ္တို႔ဘယ္လိုဝင္လို႔ရမလဲ က်ေနာ္ေတာင္သန္႔ရွင္းေရးဝင္လုပ္ေပးမလို႔ ကိုတံခါးဖြင့္လို႔မရတာန႔ဲ ဆရာ႕ကိုေစာင့္ေနတာ ဘာျဖစ္လို႔လဲဆရာ" "ဘာမွ မဟုတ္ပါဘူးကြာ " ဟု ခပ္မဆိတ္ပဲေနေနလိုက္တယ္။ စိတ္ထဲမွာေတာ့ေတာ္ေတာ္ ထူးဆန္းလို႔စိတ္ဝင္စားေနၿပီ။"တစ္ခုခုေတာ့တစ္ခုခုပဲ။ဘာလုပ္ရရင္ေကာင္းမလဲ အင္းး ဆက္ေစာင့္ၾကည့္လိုက္ပါဦးမယ္" တစ္ေယာက္တည္းေမးတစ္ေယာက္တည္းေျဖရင္း ခဏမွိန္းေနလိုက္တယ္။

ပန္းခ်ီ ကားကိုေတာ့ယူၿပီးေတာ့ ကုတင္ေဘးကစားပြဲေပၚယူတင္ထားလိုက္တယ္။ ည ၁၁ နာရီေလာက္မွာျပန္နိုးလာတယ္။ထမင္းမစားပဲအိပ္ေပ်ာ္သြားေတာ့ဗိုက္ထဲကဆာလာတာန႔ဲ ေအာက္ထပ္ဆင္းၿပီး ထမင္းစားပြဲကိုတန္းသြားလိုက္တယ္။စားပြဲ ေပၚမွာထမင္းဟင္း အားလံုးခူးခပ္ၿပီးေတာ့ အုပ္ေဆာင္းေလးန႔ဲအုပ္ေပးထားတယ္။ဗိုက္ဆာဆာန႔ဲစားလိုက္တာ ခူးထားေပးသမ်ွအကုန္ေျပာင္သြားတာပဲ။စားၿပီးတာန႔ဲ အေပၚျပန္တက္ၿပီးအခန္းထဲဝင္ "ျပန္အိပ္လိုက္ဦးမယ္ေလ" ဆိုၿပီးကုတင္ေပၚတက္ရင္း မ်က္လံုးက ပနး္ခ်ီ ကားကိုေရာက္သြားျပန္ေရာ။ ဟင္......... ဒီတစ္ခါ ပါးစပ္ကထြက္က်လာတ့ဲ အာေမဋိတ္ ကေတာ္ေတာ္ေလးက်ယ္သြားတယ္။ ေတြ႕လိုက္ရတာက လူတစ္ေယာက္မိုးကာအကီႌ် ဝတ္ၿပီး အိမ္ထဲကိုဝင္ေနၿပီ။ "ဘုရား ဘုရား ငါအျမင္မ်ား မွားေနတာလား" ညအိပ္ေပ်ာ္သြားေတာ့ မီးမပိတ္မိဘူး တစ္ခန္းလံုးလင္းထိန္ေနတာပဲ။ေနာက္တစ္ေခါက္ အနီးကပ္ဆြဲယူၿပီး ၾကည့္မိတယ္။ဒီအတိုင္းပဲ။ "ငါ ဘာဆက္လုပ္ရမလဲ ဒီပန္းခ်ီကား ကတစ္ခုခုေတာ့ တစ္ခုခုပဲ။ေၾသာ္ ငါ့သူငယ္ခ်င္း ကိုေက်ာ္ႀကီး ကဒီနားမွာေနတာပဲ ေခၚလိုက္ရရင္ေကာင္းမယ္ထင္တယ္ ဒီလိုကိစၥမ်ိဳးေတြက ငါ့တပည့္ေတြကိုေျပာလို႔လည္းမေကာင္းဘူး မယံုရင္ငါ့ကိုပ်က္ရယ္ျပဳ လိမ့္မယ္။ေနာက္ကြယ္မွာရယ္ေနလိမ့္မယ္။

ငါန႔ဲစိတ္တူကိုယ္တူျဖစ္ၿပီးအေတာ့္ကိုစဥ္းစားဥာဏ္ေကာင္းတ့ဲသူကိုဖြင့္ေျပာျပမွအကူအညီရလိမ့္မယ္ကိုေက်ာ္ႀကီးကိုေခၚလိုက္တာေကာင္းမယ္ထင္ပါတယ္ ဒါေပမယ့္ ခုလိုညသန္းေခါင္ေခၚလို႔ေတာ့ မေတာ္ပါဘူးေလ မနက္မွဖုန္းဆက္ေခၚလိုက္တာေပါ့" ဦးတင္ထြန္းတစ္ေယာက္တည္း အၾကာႀကီးစဥ္းစားခန္းဝင္ၿပီးေတာ့ ဆံုးျဖတ္ခ်က္ခ် ၿပီးမွ ပန္းခ်ီကားကိုမၾကည့္ေတာ့ပဲ မီးပိတ္၍ အိပ္လိုက္ေလေတာ့သည္။ မနက္ေစာေစာထၿပီး ညတုန္းကအစီအစဥ္ခ်ထားတ့ဲအတိုင္း ကိုေက်ာ္ႀကီးကိုဖုန္းဆက္မေခၚေတာ့ပဲ ကိုယ္တိုင္ပဲသြားေတာ့မည္ ဆိုကာ မ်က္နွာသစ္၊ေရမိုးခ်ိဳး၊အဝတ္အစားလဲၿပီး အျပင္ထြက္ခါနီး ပန္းခ်ီကားကိုတစ္ခ်က္ၾကည့္မိလိုက္ေသးသည္။ "ဟင္ ဟိုလူဘယ္ေရာက္သြားပါလိမ့္ " ပန္းခ်ီကားထဲတြင္လူရုပ္ ရွိမေနေတာ့ ။ ဘာမွဆက္မစဥ္းစားေတာ့ပဲ ကိုေက်ာ္ႀကီးဆီသို႔သာခပ္သုတ္သုတ္ေလ်ွာက္လာခ့ဲလိုက္သည္။ ၁၅ မိနစ္ခန္႔ေလ်ွာက္မိေသာအခါ ကိုေက်ာ္ႀကီးေနထိုင္ရာအိမ္သို႔ ေရာက္ရွိလာခ့ဲသည္။ "ဟာ ကိုတင္ထြန္း လာလာ ခင္ဗ်ားဗ်ာ အေတာ္ေနနိုင္တ့ဲလူ က်ဳပ္ဆီမလာတာဘယ္ေလာက္ၾကာေနၿပီလဲ။" "ကုိေက်ာ္ႀကီးေရ က်ေနာ္ခင္ဗ်ာတို႔ရပ္ကြက္ကိုေျပာင္းလာၿပီဗ်။မလာျဖစ္ေသးလို႔ပါဗ်ာ အိမ္အသစ္ဆိုေတာ့ပစၥည္းေတြေနရာခ်ေနရေသးေတာ့ ၊ခုလာတာေတာ့ထူးဆန္းတ့ဲ ကိစၥတစ္ခုတိုင္ပင္မလို႔ဗ်ိဳ႕"ဟုအစခ်ီကာအျဖစ္အပ်က္အစံုကိုေျပာျပလိုက္ေလသည္။ "ဟာဒါဆို ကိုတင္ထြန္း ခင္ဗ်ားကိစၥ က်ေနာ္လည္းစိတ္ဝင္စားတယ္ ညေန က်ရင္က်ေနာ္လာခ့ဲမယ္ဗ်ာ ခင္ဗ်ားအိမ္မွာညအ္ိပ္ရင္းေစာင့္ၾကည့္ၾကမယ္ေလ " "အိုေက ကိုေက်ာ္ႀကီး က်ေနာ္ေစာင့္ေနမယ္ေနာ္ဆက္ဆက္သာလာခ့ဲပါ ညစာအတြက္ေတာ့မပူန႔ဲဗ်ိဳ႕ အစားအေသာက္အကုန္ရေစရမယ္" "စိတ္မပူန႔ဲဗ်ိဳ႕ လာျဖစ္ေအာင္ကိုလာခ့ဲမွာ က်ေနာ္လည္းစိတ္ဝင္စားတ့ဲ ကိစၥဆိုေတာ့" ကိုေက်ာ္ႀကီးန႔ဲစကားေျပာၿပီးေတာ့ အိမ္ကိုမျပန္ေသးပဲ ဝယ္စရာရွိေသာပစၥည္းမ်ားကို ေစ်းသို႔သြားေရာက္၍ ဝယ္ခ့ဲေလသည္။

ေန႔လည္ေလာက္က်မွအိမ္သို႔ျပန္ေရာက္ခ့ဲေလသည္။ အိမ္ျပန္ေရာက္တာန႔ဲ တပည့္ေတြျပင္ေပးတ့ဲ ေန႔လည္စာစားၿပီး အေပၚထပ္သို႔တက္ခ့ဲေတာ့သည္။အေပၚထပ္မွာက ဦးတင္ထြန္းတစ္ေယာက္ပဲေနသည္။က်န္တ့ဲသူေတြက အလုပ္မရွိလ်ွင္အေပၚသို႔ဘယ္သူမွမတက္ၾက။သန္႔ရွင္းေရးလုပ္ရန္၊ဦးတင္ထြန္း၏အဝတ္အစားမ်ားေလ်ွာ္ဖြတ္ရန္ လိုအပ္မွသာတက္ေလ့ရွိသည္။ အခန္းတံခါးဖြင့္လိုက္တာန႔ဲတစ္ၿပိဳင္နက္ ၾကည့္လိုက္မိတာက စားပြဲေပၚမွာတင္ထားတ့ဲ ပန္းခ်ီကား ပဲဆိုတာ ေျပာစရာေတာင္လိုမယ္မထင္ပါဘူး။ "ေဟာ ဘာလဲဟ" ပန္းခ်ီကားကိုေသေသခ်ာခ်ာယူၾကည့္မိျပန္သည္။ ပံုထဲ၌ကား မိုးကာအက်ီီီႌဝတ္ထားေသာလူပဲ အိမ္ထဲမွတစ္ခုခုကို္ိုဆြဲလာသလိုလို ပံုသဏၭန္ကိုျမင္လိုက္ရေလေတာ့သည္။မနိုင္မနင္း ဒ႐ြတ္တိုက္ဆြဲ လာေသာအရာမွာ ဘယ္အရာနည္း။ေနာက္မွပါလာေသာအရာမွာ မည္သည့္အရာဝတၳဳ ျဖစ္သည္ဟုမျမင္ရေပ။ ဒီအခါမွာေတာ့ ဦးတင္ထြန္းရ႕ဲအသက္ရွဴ သံမွာျမန္ဆန္ေနၿပီး ရင္ခုန္သံမ်ားလည္းတစ္ဒုန္းဒုန္းန႔ဲ ျမည္ဟီးေနေလၿပီ။ု ဦးတင္ထြန္းေအာက္ထပ္သို႔ ျပန္ဆင္းလာခ့ဲသည္။

ဒီပန္းခ်ီကား၏ရာဇဝင္ကိုသိခ်င္စိတ္ျပင္းပ်လာသည္။ဘယ္ကသိနိုင္မလဲ စဥ္းစားၾကည့္သည္။ေအာက္ထပ္သို႔ေရာက္ေသာအခါ မာလီလင္မယားကိုေတြ႕ရေသာအခါမွ သတိရမိသည္။ "ဒီလင္မယားကိုေမးၾကည့္ရင္သိနိုင္မယ္ထင္တယ္ သူတို႔က အရင္ကတည္းက ေနလာၾကတ့ဲ သူေတြဆိုေတာ့ ဟုတ္ၿပီ" ဦးတင္ထြန္းလက္ေဖ်ာက္တစ္ခ်က္တီးလိုက္သည္။ကိုယ့္စိတ္ကူးကိုယ္သေဘာက်မိသြားသည္။ " ဟာ ဆရာဘာလိုလို႔လဲ ခင္ဗ် က်ေနာ္ဘာလုပ္ေပးရမလဲ" "ေအး ကြ မင္းတို႔ကိုေမးစရာရွိလိ့ု ဘာမွလုပ္ေပးစရာမလိုပါဘူး" " ဟုတ္က့ဲ ဆရာ ေမးပါ က်ေနာ္တို႔သိသေလာက္ေတာ့အကုန္ေျပာျပပါ့မယ္" " အရင္ကဒီအိမ္မွာ မိသားစုဘယ္နွစ္ေယာက္ေနသလဲ ၿပီးေတာ့ပန္းခ်ီဆြဲတတ္တ့ဲ သူေရာရွိလား" " ဟုတ္က့ဲ ဆရာ ဒီအိမ္ႀကီးမွာ မိသားစု ၃ ေယာက္ေနခ႔ဲပါတယ္။သူတို႔သားေလးက ၁၃ နွစ္အ႐ြယ္ေလာက္ေပါ့ ။အ့ဲဒီ ကေလးက ပန္းခ်ီဆြဲ တာသိပ္ဝါသနာ ပါတယ္။သူ႔မိဘေတြက စီးပြားေရးအဆင္မေျပျဖစ္လာေတာ့ ဒီအိမ္ႀကီးကိုေရာင္းရေတာ့မယ္ဆိုေတာ့သူအရမ္းစိတ္မေကာင္းျဖစ္သြားတယ္။သူကဒီအိမ္ႀကီးကိုသိပ္ခင္တြယ္တယ္။ဒါေပမယ့္လည္း မိသားစုအဆင္ေျပဖို႔အတြက္ဆိုေတာ့ဘာေျပာလိုရမလဲေလ။

အစားအေသာက္လည္းသိပ္မစားေတာ့ဘူး တစ္ေျဖးေျဖးနဲ အားနည္းလာတယ္။ဆရာတို႔ကိုေရာင္းေတာ့မယ္ဆိုေတာ့ သူေတာ္ေတာ္ဝမ္းနည္းသြားတယ္ႏ့ုဲတူတယ္။မ်က္ရည္ေတြေတာင္ဝဲ လို႔။တစ္ညမွာေတာ့အိမ္အျပင္ထြက္ၿပီး ျမက္ခင္းျပင္ေပၚမွာ ပန္းခ်ီ ဆြဲတယ္။က်ေနာ္ကေတာင္ေမးလိုက္ေသးတယ္။"ညေမွာင္ေမွာင္န႔ဲ ျမင္ရရ႕ဲလား"လို႔ေမးေတာ့ "က်ေနာ႔မ်က္စိထဲမွာ ဒီအိမ္ရ႕ဲ ပံုစံကစြဲေနၿပီးသားပါ"တဲ့ ဆရာတို႔ကလည္းမၾကာခင္ေျပာင္းလာၾကေတာ့မွာဆိုေတာ့ သူ႔အ္ိမ္ကို အမွတ္တစ္ရအေနန႔ဲ ပန္းခ်ီ ဆြဲ ၿပီးယူသြားခ်င္လို႔႔ လို႔ထင္မိတယ္။အ့ဲဒီတစ္ညလံုး သူပန္းခ်ီထိုင္ဆြဲတယ္။ေဆာင္းတြင္းဆိုေတာ့အရမ္းေအးၿပီးေနမေကာင္းျဖစ္မွာစိုးလို႔ သူ႔မိဘေတြကအထဲဝင္ဖို႔ေျပာေပမယ့္ အရမ္းေခါင္းမာတ့ဲ ကေလးကဘယ္လိုမွေခၚလို႔မရဘူး။အရင္ကတည္းက တစ္ေယာက္တည္းေမြးထားတ့ဲကေလးဆိုေတာ့မိဘေတြကလည္းအလိုလိုက္ထားေတာ့နည္းနည္းဆိုးခ်င္တယ္။ေျပာလို႔မရတ႕ဲအဆံုးေတာ့ေႏြးေႏြးေထြးေထြးျဖစ္ေအာင္ အေႏြးထည္ေတြအထပ္ထပ္ဝတ္ခိုင္း၊ေကာ္ဖီ ပူပူေလးေဖ်ာ္ေပးၿပီးေတာ့ အိမ္ထဲဝင္ခ့ဲၾကတယ္။ ည ၂ နာရီေလာက္ရွိေတာ့ဆူဆူညံညံ အသံေတြၾကားလို႔ ထၾကည့္လိုက္ေတာ့ ကေလးကပန္းခ်ီဆြဲရင္း လဲက်ေန တာကိုသူ႔မိဘေတြကစိတ္မခ်လို႔ ထၾကည့္ရင္းေတြ႕ေတာ့တာ။ေဆးရံုေတာင္မပို႔လိုက္ရပါဘူး ဆံုးသြားရွာတယ္။ဆရာေတြ႕ တ့ဲပန္းခ်ီကား ေလးကအ့ဲဒီကေလးဆြဲထားတာေပါ့ဆရာ။" ရွည္လ်ွားစြာ ရွင္းျပလို႔ၿပီးသြားေသာအခါ ဘာေၾကာင့္ဆိုတာကို ဦးတင္ထြန္းသိသြားသလိုလို ျဖစ္လာခ့ဲသည္။ "ေက်းဇူးပဲကြာ သိခ်င္တာလည္းသိရၿပီဆိုေတာ့ မင္းလုပ္စရာရွိတာဆက္လုပ္လိုက္ဦးကြာ" "ဟုတ္က့ဲဆရာ" မာလီေလးထြက္သြားၿပီးေသာအခါ ဦးတင္ထြန္းသည္ အေပၚထပ္သို႔ျပန္တက္လာခ့ဲသည္။

ပန္းခ်ီကားကိုျပန္ၾကည့္လိုက္ေသာအခါ ခုနက မျမင္ခ့ဲရေသာအရာမွာယခုထင္ထင္ရွားရွားျမင္ေတြ႕ခ့ဲရေလၿပီ။၎ဆြဲလာေသာအရာမွာလူတစ္ေယာက္ျဖစ္ေၾကာင္းအရိပ္ကိုၾကည့္၍ခန္႔မွန္းမိသည္။တံုးလံုးလဲက်ေနေသာလူတစ္ေယာက္ကို လက္နွစ္ဖက္မွကိုင္၍ ဒ႐ြတ္တိုက္ဆြဲလာခ့ဲပံုကို ထင္ရွားစြာျမင္လာရသည္။ထိုအခ်ိန္မွာ ညေန ေနဝင္ရီတေရာအခ်ိန္သို႔ေရာက္ရွိလာခ့ဲေလၿပီ။စိတ္ထဲမွာတစ္ခုခုျဖစ္ေတာ့မည္ဟု ထင္ေနသည္။ထိုအခ်ိန္တြင္ ကိုေက်ာ္ႀကီး လည္းေရာက္ရွိလာခ့ဲေလသည္။ "ခင္ဗ်ားလာတာန႔ဲအေတာ္ပဲ ကိုေက်ာ္ႀကီးေရ လာျမန္ျမန္"ဟုအေပၚထပ္သို႔ခပ္သြက္သြက္တက္လာခ့ဲၾကေလသည္။ ကိုေက်ာ္ႀကီးအား ေနာက္ထပ္သိရေသာအေၾကာင္းအရာမ်ားကိုေျပာျပၿပီးေနာက္ ဘာဆက္လုပ္ရမည္ကို နွစ္ေယာက္သားတိုင္ပင္ၾကေတာ့သည္။

အခ်ိန္ေတြကလည္းတစ္ေျဖးေျဖးကုန္မွန္းမသိကုန္လြန္သြားၿပီးညအေတာ္ပင္နက္ခ့ဲေလသည္။ "ဒီအတိုင္းဆို တစ္ေယာက္ေယာက္ကိုမ်ားဆြဲေခၚသြားမလားမသိနိုင္ဘူးေနာ္" ကိုေက်ာ္ႀကီးမွစဥ္းစား၍ေျပာလိုက္၏။ "ဟုတ္တယ္ဗ် က်ေနာ္လည္းစိတ္ထဲမွာထင့္ေနတယ္ တစ္ခုခုမ်ားျဖစ္ေတာ့မွာလားလို႔" "ဒါဆိုဘာဆက္လုပ္ၾကမလဲ" ထိုသိုမွေျပာၿပီးယံုရွိေသး ကိုေက်ာ္ႀကီးမွထိတ္လန္႔တၾကားအသံျဖင့္ "ကိုတင္ထြန္း ဒီမွာၾကည့္ပါဦးဗ် လူတစ္ကိုယ္လံုး အိမ္ျပင္ေရာက္ေနၿပီဗ် " အားးးးးးးးးးး ထိုအခ်ိန္မွာပဲ ေၾကာက္မက္ဖြယ္ေကာင္းေသာအသံနက္ႀကီးကိုၾကားလိုက္ၾကရေလေတာ့သည္။နွစ္ေယာက္သားကမန္းကတန္းေအာက္ထပ္သို ေျပးဆင္းလာခ့ဲၾကရာ မာလီလင္မယားမွာလည္းေျပးထြက္လာသည္နွင့္ဆံုမိၾကေလသည္။ "ေဟ့ ဘာျဖစ္ၾကတာလဲ" "က်ေနာ္တို႔လည္းမသိဘူးဆရာ ေအာ္သံၾကားလို လာၾကည့္တာ" အားလံုး အိမ္ေရွ႕ေပါက္ဝသို႔ေရာက္ေသာအခါ ဦးတင္ထြန္း၏ တပည့္ႀကီးဘေမာင္မွာ အိမ္ေရွ႕သို႔ေခါင္းတည္၍ ဆန္႔ဆန္႔ႀကီးလဲက်ေနေလသည္။ "လုပ္ၾကပါဦးဟ ဘေမာင္ ဘေမာင္" ဘေမာင္မွာ အသက္မရူေတာ့ေပ။

ဦးတင္ထြန္း နွင့္ ကိုေက်ာ္ႀကီး မွာတစ္ေယာက္မ်က္နွာတစ္ေယာက္ၾကည့္၍အေျဖတစ္ခုခု ကိုယခုပင္သိလိုက္ရၿပီးေနာက္ေနာက္က်သြားၿပီဆိုေသာအသိနွင့္ ရင္ထဲတြင္ဆို႔နစ္လာသည္။ဘာလုပ္ရမလဲ ဆိုတာကိုနွစ္ေယာက္သားတိုင္ပင္မထားပဲသိလိုက္ၾကသည္။ဒီပန္းခ်ီကားကို ဖ်က္ဆီးပစ္မွျဖစ္ေတာ့မည္။ ဘေမာင္၏ရုပ္အေလာင္းကိုရင္ခြဲရံုသို႔ပို႔ၿပီးျပန္လာၾကေသာအခါမနက္ ၈ နာရီထိုးၿပီးၿပီ။ထို႔ေနာက္ ဦးတင္ထြန္းနွင့္ ကိုေက်ာ္ႀကီး တို႔နွစ္ေယာက္သားအေပၚထပ္မွပန္းခ်ီကား ဆီသို႔တန္းလာခ့ဲၾကေလသည္။ပန္းခ်ီကား မွာ တစ္ဖန္ေျပာင္းလဲသြားခ့ဲျပန္သည္။ ပထမစေတြ႕တုန္းကလို အိမ္ထဲသို႔ လူတစ္ေယာက္ဝင္လာဟန္ကို ျမင္လိုက္ၾကရသည္။ ဒီတစ္ခါေတာ့ ေနာက္ထပ္အသက္တစ္ေခ်ာင္းအဆံုးရွံူးမခံေတာ့ၿပီ။ဘေမာင္ကိုမကယ္လိုက္နိုင္ေပမယ့္ ေနာက္တစ္ေယာက္ကိုေတာ့ ဘယ္သူ႔အလွည့္မွန္းမသိေပမယ့္ ရေအာင္ကယ္ရေတာ့မည္။ ပန္းခ်ီကားကို အိမ္အျပင္သို႔ ယူေဆာင္လာခ့ဲၾကသည္။ ထင္းပံုတစ္ပံု ပံုၿပီး မီးေမႊးလိုက္သည္။ ထို႔ေနာက္ အရွိန္တစ္ညီးညီးေတာက္ေလာင္ေနေသာမီးပံုထဲသို႔ ထိုပန္းခ်ီကားကို ပစ္ခ်လိုက္ၾကေတာ့သည္။ ပန္းခ်ီကားထဲ မွ ေအာ္ညီးသံ ၾကားမိသလိုလို။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thayae
# Unicode Version ျဖင့္ ဖတ္ပါ #
ဦးတင်ထွန်း ဒီအိမ်ကိုစရောက်ကတည်းက စိတ်အဝင်စားဆုံး ကဒီပန်းချီ ကားပဲ။စုတ်ချက်တွေကကြမ်းပေမယ့် ဘာရယ်ကြောင့်မှန်းမသိဘူး သည်ပန်းချီကားကို ကြည့်ပြီးရင်းကြည့်ချင်နေမိတယ်။ အိမ်ကြီးက နှစ်ထပ်အိမ်ကြီး ကျယ်ကျယ်ဝန်းဝန်း နဲ့ ၊ခြံကြီးကလည်းအကျယ်ကြီး၊ရှေ့မျက်နှာစာမှာ မြက်ခင်းစိမ်းစိမ်းနဲ့ အလွန်ကို ပနံ ရပါတယ်။စပြီး ဝယ်ကတည်းကအိမ်ရှင်က ရှိသမျှပစ္စည်းတွေအားလုံးကိုထားသွားတယ်။သူတို့ကတစ်ခြားမြို့ကိုပြောင်းမှာဆိုတော့ ဘာပစ္စည်းမှသယ်မသွားချင်ကြဘူးလေ။ဆက်တီ၊မီးဖိုချောင်ပစ္စည်း၊ကုတင် အစရှိသဖြင့် အိမ်အသုံးအဆောင်ပစ္စည်း တော်တော်စုံစုံလင်လင်ပါ။
သူစိတ်ဝင်စားတဲ့ ပန်းချီ ကား က အပေါ်ထပ်က ဧည့်ခန်းမှာချိတ်ထားတယ်။ပန်းချီ ကားထဲမှာက အခုလက်ရှိနေတဲ့ အိမ်ကိုပြန်ဆွဲထားတယ်လို့ထင်တယ်။အိမ်ရှေ့ကမြက်ခင်းစိမ်းလေးရယ်၊လ လေးကတစ်ဝက်သာနေတယ်။ညဘက်မှာဆွဲထားတာထင်ပါတယ်။ ဦးတင်ထွန်းကတစ်ယောက်တည်းသမား။ဘမောင်ဆိုတဲ့တပည့်လေးတစ်ယောက်နဲ့အတူနေတယ်။ဒီအိမ်ကိုပြောင်းလာတော့ အရင်အိမ်ရှင် တွေငှားထားတဲ့ ထမင်းချက်နဲ့မာလီ လင်မယားနှစ်ယောက်ကိုဆက်ခေါ်ထားလိုက်တယ်။သူတို့ကလည်း အရင်အိမ်ရှင်တွေနဲ့အတူတစ်ခြားမြို့ကိုလိုက်မသွားနိုင်တော့ ဦးတင်ထွန်းက "ဆက်လုပ်နိုင်မလား "လို့မေးပြီးတော့သူတို့နေချင်တာနဲ့ အတော်ဖြစ်သွားတယ်။ ၃ ရက်မြောက်နေ့မှာ ဦးတင်ထွန်းပန်းချီ ကားကိုကြည့်မိတော့ အောက်နားအစပ်ကလူခေါင်းလိုလို ပုံသဏ္ဌန် တစ်ခုကိုတွေ့မိတော့ ဘာများပေသွားပါလိမ့်လို့ သေချ ာကြည့်မိတယ်။ဆေးစက် လို့ပဲကောက်ချက်ချ မိတယ်။

ဘယ်ကလာတဲ့ဆေးစက်ဖြစ်မလဲလို့တွေးကြည့်တယ်။တွေးလို့မရတာနဲ့ အိမ်က တပည့်လေးနဲ့ မာလီလင်မယားကိုခေါ်မေးတော့လည်း သူတို့မသိပါဘူး ဆိုတဲ့အဖြေပဲရတယ်။ဒါနဲ့ "ငါ့အခန်းထဲယူထားတာပဲစိတ်ချရပါတယ်" ဆိုပြီး အခန်းထဲ ယူချိတ်ထားလိုက်တယ်။နေ့လည်ဘက် အလုပ်ကိစ္စနဲ့အပြင်သွားပြီးပြန်လာတော့ ညနေတော်တော်စောင်းနေပြီ။ အခန်းထဲ တန်းဝင်ပြီးတော့ကုတင်ပေါ်ခြေပစ်လက်ပစ် အိပ်လိုက်တယ်။ အဲဒီမှာ မျက်လုံးက ပန်းချီကားပေါ်ရောက်သွားတဲ့အခါ တွေ့လိုက်ရတဲ့ အရာကြောင့် ထထိုင်မိသွားတယ်။ပြီးတော့သေသေချာချာအနီးကပ်သွားကြည့်လိုက်မိတယ်။ လူတစ်ယောက် ကိုယ်တစ်ပိုင်း ပုံ နောက်ကျော ကိုမြင်လိုက်ရတယ်။

အိမ်ဘက်ကိုကြည့်နေတယ်လို့ထင်တယ်။"ဒါတော့ထူးဆန်းသွားပြီ ငါ့အခန်းကိုသော့ခတ်ထားခဲ့တာပါ ဘယ်သူမှဝင်လို့မရလောက်ပါဘူး" ဒါနဲ့မကျေနပ်သေးဘူး အိမ်ရှိလူကုန် အခန်းထဲဝင်သေးလား လိုက်မေးလိုက်သေးတယ်။ "ဟာ ဆရာကလည်း ဆရာ့အခန်းကသော့ခတ်ထားတာကျနော်တို့ဘယ်လိုဝင်လို့ရမလဲ ကျနော်တောင်သန့်ရှင်းရေးဝင်လုပ်ပေးမလို့ ကိုတံခါးဖွင့်လို့မရတာနဲ့ ဆရာ့ကိုစောင့်နေတာ ဘာဖြစ်လို့လဲဆရာ" "ဘာမှ မဟုတ်ပါဘူးကွာ " ဟု ခပ်မဆိတ်ပဲနေနေလိုက်တယ်။ စိတ်ထဲမှာတော့တော်တော် ထူးဆန်းလို့စိတ်ဝင်စားနေပြီ။"တစ်ခုခုတော့တစ်ခုခုပဲ။ဘာလုပ်ရရင်ကောင်းမလဲ အင်းး ဆက်စောင့်ကြည့်လိုက်ပါဦးမယ်" တစ်ယောက်တည်းမေးတစ်ယောက်တည်းဖြေရင်း ခဏမှိန်းနေလိုက်တယ်။

ပန်းချီ ကားကိုတော့ယူပြီးတော့ ကုတင်ဘေးကစားပွဲပေါ်ယူတင်ထားလိုက်တယ်။ ည ၁၁ နာရီလောက်မှာပြန်နိုးလာတယ်။ထမင်းမစားပဲအိပ်ပျော်သွားတော့ဗိုက်ထဲကဆာလာတာနဲ့ အောက်ထပ်ဆင်းပြီး ထမင်းစားပွဲကိုတန်းသွားလိုက်တယ်။စားပွဲ ပေါ်မှာထမင်းဟင်း အားလုံးခူးခပ်ပြီးတော့ အုပ်ဆောင်းလေးနဲ့အုပ်ပေးထားတယ်။ဗိုက်ဆာဆာနဲ့စားလိုက်တာ ခူးထားပေးသမျှအကုန်ပြောင်သွားတာပဲ။စားပြီးတာနဲ့ အပေါ်ပြန်တက်ပြီးအခန်းထဲဝင် "ပြန်အိပ်လိုက်ဦးမယ်လေ" ဆိုပြီးကုတင်ပေါ်တက်ရင်း မျက်လုံးက ပန်းချီ ကားကိုရောက်သွားပြန်ရော။ ဟင်......... ဒီတစ်ခါ ပါးစပ်ကထွက်ကျလာတဲ့ အာမေဋိတ် ကတော်တော်လေးကျယ်သွားတယ်။ တွေ့လိုက်ရတာက လူတစ်ယောက်မိုးကာအကီႌျ ဝတ်ပြီး အိမ်ထဲကိုဝင်နေပြီ။ "ဘုရား ဘုရား ငါအမြင်များ မှားနေတာလား" ညအိပ်ပျော်သွားတော့ မီးမပိတ်မိဘူး တစ်ခန်းလုံးလင်းထိန်နေတာပဲ။နောက်တစ်ခေါက် အနီးကပ်ဆွဲယူပြီး ကြည့်မိတယ်။ဒီအတိုင်းပဲ။ "ငါ ဘာဆက်လုပ်ရမလဲ ဒီပန်းချီကား ကတစ်ခုခုတော့ တစ်ခုခုပဲ။သြော် ငါ့သူငယ်ချင်း ကိုကျော်ကြီး ကဒီနားမှာနေတာပဲ ခေါ်လိုက်ရရင်ကောင်းမယ်ထင်တယ် ဒီလိုကိစ္စမျိုးတွေက ငါ့တပည့်တွေကိုပြောလို့လည်းမကောင်းဘူး မယုံရင်ငါ့ကိုပျက်ရယ်ပြု လိမ့်မယ်။နောက်ကွယ်မှာရယ်နေလိမ့်မယ်။

ငါနဲ့စိတ်တူကိုယ်တူဖြစ်ပြီးအတော့်ကိုစဉ်းစားဉာဏ်ကောင်းတဲ့သူကိုဖွင့်ပြောပြမှအကူအညီရလိမ့်မယ်ကိုကျော်ကြီးကိုခေါ်လိုက်တာကောင်းမယ်ထင်ပါတယ် ဒါပေမယ့် ခုလိုညသန်းခေါင်ခေါ်လို့တော့ မတော်ပါဘူးလေ မနက်မှဖုန်းဆက်ခေါ်လိုက်တာပေါ့" ဦးတင်ထွန်းတစ်ယောက်တည်း အကြာကြီးစဉ်းစားခန်းဝင်ပြီးတော့ ဆုံးဖြတ်ချက်ချ ပြီးမှ ပန်းချီကားကိုမကြည့်တော့ပဲ မီးပိတ်၍ အိပ်လိုက်လေတော့သည်။ မနက်စောစောထပြီး ညတုန်းကအစီအစဉ်ချထားတဲ့အတိုင်း ကိုကျော်ကြီးကိုဖုန်းဆက်မခေါ်တော့ပဲ ကိုယ်တိုင်ပဲသွားတော့မည် ဆိုကာ မျက်နှာသစ်၊ရေမိုးချိုး၊အဝတ်အစားလဲပြီး အပြင်ထွက်ခါနီး ပန်းချီကားကိုတစ်ချက်ကြည့်မိလိုက်သေးသည်။ "ဟင် ဟိုလူဘယ်ရောက်သွားပါလိမ့် " ပန်းချီကားထဲတွင်လူရုပ် ရှိမနေတော့ ။ ဘာမှဆက်မစဉ်းစားတော့ပဲ ကိုကျော်ကြီးဆီသို့သာခပ်သုတ်သုတ်လျှောက်လာခဲ့လိုက်သည်။ ၁၅ မိနစ်ခန့်လျှောက်မိသောအခါ ကိုကျော်ကြီးနေထိုင်ရာအိမ်သို့ ရောက်ရှိလာခဲ့သည်။ "ဟာ ကိုတင်ထွန်း လာလာ ခင်ဗျားဗျာ အတော်နေနိုင်တဲ့လူ ကျုပ်ဆီမလာတာဘယ်လောက်ကြာနေပြီလဲ။" "ကိုကျော်ကြီးရေ ကျနော်ခင်ဗျာတို့ရပ်ကွက်ကိုပြောင်းလာပြီဗျ။မလာဖြစ်သေးလို့ပါဗျာ အိမ်အသစ်ဆိုတော့ပစ္စည်းတွေနေရာချနေရသေးတော့ ၊ခုလာတာတော့ထူးဆန်းတဲ့ ကိစ္စတစ်ခုတိုင်ပင်မလို့ဗျို့"ဟုအစချီကာအဖြစ်အပျက်အစုံကိုပြောပြလိုက်လေသည်။ "ဟာဒါဆို ကိုတင်ထွန်း ခင်ဗျားကိစ္စ ကျနော်လည်းစိတ်ဝင်စားတယ် ညနေ ကျရင်ကျနော်လာခဲ့မယ်ဗျာ ခင်ဗျားအိမ်မှာညအိပ်ရင်းစောင့်ကြည့်ကြမယ်လေ " "အိုကေ ကိုကျော်ကြီး ကျနော်စောင့်နေမယ်နော်ဆက်ဆက်သာလာခဲ့ပါ ညစာအတွက်တော့မပူနဲ့ဗျို့ အစားအသောက်အကုန်ရစေရမယ်" "စိတ်မပူနဲ့ဗျို့ လာဖြစ်အောင်ကိုလာခဲ့မှာ ကျနော်လည်းစိတ်ဝင်စားတဲ့ ကိစ္စဆိုတော့" ကိုကျော်ကြီးနဲ့စကားပြောပြီးတော့ အိမ်ကိုမပြန်သေးပဲ ဝယ်စရာရှိသောပစ္စည်းများကို ဈေးသို့သွားရောက်၍ ဝယ်ခဲ့လေသည်။

နေ့လည်လောက်ကျမှအိမ်သို့ပြန်ရောက်ခဲ့လေသည်။ အိမ်ပြန်ရောက်တာနဲ့ တပည့်တွေပြင်ပေးတဲ့ နေ့လည်စာစားပြီး အပေါ်ထပ်သို့တက်ခဲ့တော့သည်။အပေါ်ထပ်မှာက ဦးတင်ထွန်းတစ်ယောက်ပဲနေသည်။ကျန်တဲ့သူတွေက အလုပ်မရှိလျှင်အပေါ်သို့ဘယ်သူမှမတက်ကြ။သန့်ရှင်းရေးလုပ်ရန်၊ဦးတင်ထွန်း၏အဝတ်အစားများလျှော်ဖွတ်ရန် လိုအပ်မှသာတက်လေ့ရှိသည်။ အခန်းတံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် ကြည့်လိုက်မိတာက စားပွဲပေါ်မှာတင်ထားတဲ့ ပန်းချီကား ပဲဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ "ဟော ဘာလဲဟ" ပန်းချီကားကိုသေသေချာချာယူကြည့်မိပြန်သည်။ ပုံထဲ၌ကား မိုးကာအကျီႌဝတ်ထားသောလူပဲ အိမ်ထဲမှတစ်ခုခုကိိုုဆွဲလာသလိုလို ပုံသဏ္ဌန်ကိုမြင်လိုက်ရလေတော့သည်။မနိုင်မနင်း ဒရွတ်တိုက်ဆွဲ လာသောအရာမှာ ဘယ်အရာနည်း။နောက်မှပါလာသောအရာမှာ မည်သည့်အရာဝတ္ထု ဖြစ်သည်ဟုမမြင်ရပေ။ ဒီအခါမှာတော့ ဦးတင်ထွန်းရဲ့အသက်ရှူ သံမှာမြန်ဆန်နေပြီး ရင်ခုန်သံများလည်းတစ်ဒုန်းဒုန်းနဲ့ မြည်ဟီးနေလေပြီ။ု ဦးတင်ထွန်းအောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။

ဒီပန်းချီကား၏ရာဇဝင်ကိုသိချင်စိတ်ပြင်းပျလာသည်။ဘယ်ကသိနိုင်မလဲ စဉ်းစားကြည့်သည်။အောက်ထပ်သို့ရောက်သောအခါ မာလီလင်မယားကိုတွေ့ရသောအခါမှ သတိရမိသည်။ "ဒီလင်မယားကိုမေးကြည့်ရင်သိနိုင်မယ်ထင်တယ် သူတို့က အရင်ကတည်းက နေလာကြတဲ့ သူတွေဆိုတော့ ဟုတ်ပြီ" ဦးတင်ထွန်းလက်ဖျောက်တစ်ချက်တီးလိုက်သည်။ကိုယ့်စိတ်ကူးကိုယ်သဘောကျမိသွားသည်။ " ဟာ ဆရာဘာလိုလို့လဲ ခင်ဗျ ကျနော်ဘာလုပ်ပေးရမလဲ" "အေး ကွ မင်းတို့ကိုမေးစရာရှိလိ့ု ဘာမှလုပ်ပေးစရာမလိုပါဘူး" " ဟုတ်ကဲ့ ဆရာ မေးပါ ကျနော်တို့သိသလောက်တော့အကုန်ပြောပြပါ့မယ်" " အရင်ကဒီအိမ်မှာ မိသားစုဘယ်နှစ်ယောက်နေသလဲ ပြီးတော့ပန်းချီဆွဲတတ်တဲ့ သူရောရှိလား" " ဟုတ်ကဲ့ ဆရာ ဒီအိမ်ကြီးမှာ မိသားစု ၃ ယောက်နေခဲ့ပါတယ်။သူတို့သားလေးက ၁၃ နှစ်အရွယ်လောက်ပေါ့ ။အဲ့ဒီ ကလေးက ပန်းချီဆွဲ တာသိပ်ဝါသနာ ပါတယ်။သူ့မိဘတွေက စီးပွားရေးအဆင်မပြေဖြစ်လာတော့ ဒီအိမ်ကြီးကိုရောင်းရတော့မယ်ဆိုတော့သူအရမ်းစိတ်မကောင်းဖြစ်သွားတယ်။သူကဒီအိမ်ကြီးကိုသိပ်ခင်တွယ်တယ်။ဒါပေမယ့်လည်း မိသားစုအဆင်ပြေဖို့အတွက်ဆိုတော့ဘာပြောလိုရမလဲလေ။

အစားအသောက်လည်းသိပ်မစားတော့ဘူး တစ်ဖြေးဖြေးနဲ အားနည်းလာတယ်။ဆရာတို့ကိုရောင်းတော့မယ်ဆိုတော့ သူတော်တော်ဝမ်းနည်းသွားတယ်န့ုဲတူတယ်။မျက်ရည်တွေတောင်ဝဲ လို့။တစ်ညမှာတော့အိမ်အပြင်ထွက်ပြီး မြက်ခင်းပြင်ပေါ်မှာ ပန်းချီ ဆွဲတယ်။ကျနော်ကတောင်မေးလိုက်သေးတယ်။"ညမှောင်မှောင်နဲ့ မြင်ရရဲ့လား"လို့မေးတော့ "ကျနော့မျက်စိထဲမှာ ဒီအိမ်ရဲ့ ပုံစံကစွဲနေပြီးသားပါ"တဲ့ ဆရာတို့ကလည်းမကြာခင်ပြောင်းလာကြတော့မှာဆိုတော့ သူ့အိမ်ကို အမှတ်တစ်ရအနေနဲ့ ပန်းချီ ဆွဲ ပြီးယူသွားချင်လို့ လို့ထင်မိတယ်။အဲ့ဒီတစ်ညလုံး သူပန်းချီထိုင်ဆွဲတယ်။ဆောင်းတွင်းဆိုတော့အရမ်းအေးပြီးနေမကောင်းဖြစ်မှာစိုးလို့ သူ့မိဘတွေကအထဲဝင်ဖို့ပြောပေမယ့် အရမ်းခေါင်းမာတဲ့ ကလေးကဘယ်လိုမှခေါ်လို့မရဘူး။အရင်ကတည်းက တစ်ယောက်တည်းမွေးထားတဲ့ကလေးဆိုတော့မိဘတွေကလည်းအလိုလိုက်ထားတော့နည်းနည်းဆိုးချင်တယ်။ပြောလို့မရတဲ့အဆုံးတော့နွေးနွေးထွေးထွေးဖြစ်အောင် အနွေးထည်တွေအထပ်ထပ်ဝတ်ခိုင်း၊ကော်ဖီ ပူပူလေးဖျော်ပေးပြီးတော့ အိမ်ထဲဝင်ခဲ့ကြတယ်။ ည ၂ နာရီလောက်ရှိတော့ဆူဆူညံညံ အသံတွေကြားလို့ ထကြည့်လိုက်တော့ ကလေးကပန်းချီဆွဲရင်း လဲကျနေ တာကိုသူ့မိဘတွေကစိတ်မချလို့ ထကြည့်ရင်းတွေ့တော့တာ။ဆေးရုံတောင်မပို့လိုက်ရပါဘူး ဆုံးသွားရှာတယ်။ဆရာတွေ့ တဲ့ပန်းချီကား လေးကအဲ့ဒီကလေးဆွဲထားတာပေါ့ဆရာ။" ရှည်လျှားစွာ ရှင်းပြလို့ပြီးသွားသောအခါ ဘာကြောင့်ဆိုတာကို ဦးတင်ထွန်းသိသွားသလိုလို ဖြစ်လာခဲ့သည်။ "ကျေးဇူးပဲကွာ သိချင်တာလည်းသိရပြီဆိုတော့ မင်းလုပ်စရာရှိတာဆက်လုပ်လိုက်ဦးကွာ" "ဟုတ်ကဲ့ဆရာ" မာလီလေးထွက်သွားပြီးသောအခါ ဦးတင်ထွန်းသည် အပေါ်ထပ်သို့ပြန်တက်လာခဲ့သည်။

ပန်းချီကားကိုပြန်ကြည့်လိုက်သောအခါ ခုနက မမြင်ခဲ့ရသောအရာမှာယခုထင်ထင်ရှားရှားမြင်တွေ့ခဲ့ရလေပြီ။၎င်းဆွဲလာသောအရာမှာလူတစ်ယောက်ဖြစ်ကြောင်းအရိပ်ကိုကြည့်၍ခန့်မှန်းမိသည်။တုံးလုံးလဲကျနေသောလူတစ်ယောက်ကို လက်နှစ်ဖက်မှကိုင်၍ ဒရွတ်တိုက်ဆွဲလာခဲ့ပုံကို ထင်ရှားစွာမြင်လာရသည်။ထိုအချိန်မှာ ညနေ နေဝင်ရီတရောအချိန်သို့ရောက်ရှိလာခဲ့လေပြီ။စိတ်ထဲမှာတစ်ခုခုဖြစ်တော့မည်ဟု ထင်နေသည်။ထိုအချိန်တွင် ကိုကျော်ကြီး လည်းရောက်ရှိလာခဲ့လေသည်။ "ခင်ဗျားလာတာနဲ့အတော်ပဲ ကိုကျော်ကြီးရေ လာမြန်မြန်"ဟုအပေါ်ထပ်သို့ခပ်သွက်သွက်တက်လာခဲ့ကြလေသည်။ ကိုကျော်ကြီးအား နောက်ထပ်သိရသောအကြောင်းအရာများကိုပြောပြပြီးနောက် ဘာဆက်လုပ်ရမည်ကို နှစ်ယောက်သားတိုင်ပင်ကြတော့သည်။

အချိန်တွေကလည်းတစ်ဖြေးဖြေးကုန်မှန်းမသိကုန်လွန်သွားပြီးညအတော်ပင်နက်ခဲ့လေသည်။ "ဒီအတိုင်းဆို တစ်ယောက်ယောက်ကိုများဆွဲခေါ်သွားမလားမသိနိုင်ဘူးနော်" ကိုကျော်ကြီးမှစဉ်းစား၍ပြောလိုက်၏။ "ဟုတ်တယ်ဗျ ကျနော်လည်းစိတ်ထဲမှာထင့်နေတယ် တစ်ခုခုများဖြစ်တော့မှာလားလို့" "ဒါဆိုဘာဆက်လုပ်ကြမလဲ" ထိုသိုမှပြောပြီးယုံရှိသေး ကိုကျော်ကြီးမှထိတ်လန့်တကြားအသံဖြင့် "ကိုတင်ထွန်း ဒီမှာကြည့်ပါဦးဗျ လူတစ်ကိုယ်လုံး အိမ်ပြင်ရောက်နေပြီဗျ " အားးးးးးးးးးး ထိုအချိန်မှာပဲ ကြောက်မက်ဖွယ်ကောင်းသောအသံနက်ကြီးကိုကြားလိုက်ကြရလေတော့သည်။နှစ်ယောက်သားကမန်းကတန်းအောက်ထပ်သို ပြေးဆင်းလာခဲ့ကြရာ မာလီလင်မယားမှာလည်းပြေးထွက်လာသည်နှင့်ဆုံမိကြလေသည်။ "ဟေ့ ဘာဖြစ်ကြတာလဲ" "ကျနော်တို့လည်းမသိဘူးဆရာ အော်သံကြားလို လာကြည့်တာ" အားလုံး အိမ်ရှေ့ပေါက်ဝသို့ရောက်သောအခါ ဦးတင်ထွန်း၏ တပည့်ကြီးဘမောင်မှာ အိမ်ရှေ့သို့ခေါင်းတည်၍ ဆန့်ဆန့်ကြီးလဲကျနေလေသည်။ "လုပ်ကြပါဦးဟ ဘမောင် ဘမောင်" ဘမောင်မှာ အသက်မရူတော့ပေ။

ဦးတင်ထွန်း နှင့် ကိုကျော်ကြီး မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍အဖြေတစ်ခုခု ကိုယခုပင်သိလိုက်ရပြီးနောက်နောက်ကျသွားပြီဆိုသောအသိနှင့် ရင်ထဲတွင်ဆို့နစ်လာသည်။ဘာလုပ်ရမလဲ ဆိုတာကိုနှစ်ယောက်သားတိုင်ပင်မထားပဲသိလိုက်ကြသည်။ဒီပန်းချီကားကို ဖျက်ဆီးပစ်မှဖြစ်တော့မည်။ ဘမောင်၏ရုပ်အလောင်းကိုရင်ခွဲရုံသို့ပို့ပြီးပြန်လာကြသောအခါမနက် ၈ နာရီထိုးပြီးပြီ။ထို့နောက် ဦးတင်ထွန်းနှင့် ကိုကျော်ကြီး တို့နှစ်ယောက်သားအပေါ်ထပ်မှပန်းချီကား ဆီသို့တန်းလာခဲ့ကြလေသည်။ပန်းချီကား မှာ တစ်ဖန်ပြောင်းလဲသွားခဲ့ပြန်သည်။ ပထမစတွေ့တုန်းကလို အိမ်ထဲသို့ လူတစ်ယောက်ဝင်လာဟန်ကို မြင်လိုက်ကြရသည်။ ဒီတစ်ခါတော့ နောက်ထပ်အသက်တစ်ချောင်းအဆုံးရှူံးမခံတော့ပြီ။ဘမောင်ကိုမကယ်လိုက်နိုင်ပေမယ့် နောက်တစ်ယောက်ကိုတော့ ဘယ်သူ့အလှည့်မှန်းမသိပေမယ့် ရအောင်ကယ်ရတော့မည်။ ပန်းချီကားကို အိမ်အပြင်သို့ ယူဆောင်လာခဲ့ကြသည်။ ထင်းပုံတစ်ပုံ ပုံပြီး မီးမွှေးလိုက်သည်။ ထို့နောက် အရှိန်တစ်ညီးညီးတောက်လောင်နေသောမီးပုံထဲသို့ ထိုပန်းချီကားကို ပစ်ချလိုက်ကြတော့သည်။ ပန်းချီကားထဲ မှ အော်ညီးသံ ကြားမိသလိုလို။

ဖိုးသူတော် (www.phothutaw.com)
Credit: thayae
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top