မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တရုတ္နွစ္ကူးနီးၿပီကြ။ ဘေရ႕ေရာ္ဆပ္ တရုတ္ေယာင္းေယာင္းမ်ား။ မုန္႔ဖိုးမ်ားအာခမ္းမင္း (အမ်ားၾကီးရရင္ နွင္းကိုလဲနည္းနည္းခြဲေပးေနာ္ :P) အဲ့ေတာ့ ျမန္မာအေခၚ အန္ေပါင္း(An-pao) ကဘယ္လိုျဖစ္လာလဲ? ဘယ္ကေနဆင္းသက္လာတာလဲ? ဘာလို႔ေပးၾကတာလဲ? ဘယ္သူေတြက ဘယ္သူ႔ကိုေပးရတာလဲ? စသည္ျဖင့္ကို အက္မင္တရုတ္မက ျပည့္ျပည့္စံုစံုေရးေပးသြားမွာပါ။

ဟုန္ေပါင္းဆိုတာေလ က်န္းမာၿပီးကံေကာင္းေအာင္ေပးတာ ေယာင္းတို႔ရဲ႕။ နွစ္သစ္မွာ ကိုယ္စိတ္ႏွစ္ပါး ခ်မ္းသာၿပီး အနာေရာဂါကင္းပါေစဆိုတဲ့ အတိတ္နိမိတ္နဲ႔ေပါ့။ အျပင္က စာအိတ္အနီက အေရးႀကီးတာ အထဲပိုက္ဆံကိုမၾကည့္ရပါဘူး။ (တို႔ကေတာ့ တို႔ကေတာ့ လာေပးရင္အထဲေလးကိုေခ်ာင္းရမွ :P)။ စံုဂဏန္းထည့္ထားတဲ့ နွစ္ထုပ္ေပးရျပီး (၄) ဂဏန္းေရွာင္ရပါတယ္။ (မဂဏန္းက အသုဘစသည္ျဖင့္မွာ သံုးတာပါ။) ဟုန္ေပါင္းကို ႏွစ္သစ္ကူးမွမဟုတ္ဘဲ မဂၤလာပြဲေတြမွာေရာ၊ ေမြးေန႔ပြဲေတြမွာေရာ၊ တျခားခ်ီးျမွင့္မႈေတြမွာလဲသံုးပါေသးတယ္။ တရုတ္ျပည္ေတာင္ပိုင္းမွာေတာ့ လက္ထပ္ၿပီးသားလူေတြက လက္မထပ္ရေသးတဲ့လူေတြ၊ ကေလးေတြကိုေပးၿပီး တရုတ္ျပည္ေျမာက္ပိုင္းမွာက်ေတာ့ သက္ႀကီးပိုင္းေတြက အသက္ ၃၀ ေအာက္လူငယ္ေတြကိုေပးတာျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ အထက္အရာရွိက အိမ္ေထာင္နဲ႔ျဖစ္ေစ၊ အိမ္ေထာင္မရွိသည္ျဖစ္ေစ၊ ရိုးရာအေနနဲ႔ေပးတတ္ၾကပါတယ္။

ဟုန္ေပါင္းရဲ႕ရာဇဝင္ေတြ အမ်ားႀကီးရွိတဲ့ထဲက တစ္ခုကို ႏွင္းက ေျပာျပမယ္ေနာ္.. ဟိုးအရင္တုန္းက တရုတ္ျပည္ရဲ႕ရြာတစ္ရြာမွာ မေကာင္းဆိုးဝါးတစ္ေကာင္ အရမ္းေသာင္းက်န္းခဲ့ပါသတဲ့။ အဲ့ဒီမေကာင္းဆိုးဝါးက ကေလးေလးေတြကို အဓိကပစ္မွတ္ထားၿပီး ဖမ္းစားတာေပါ့။ ညဘက္ေတြမွာဆိုရင္ တံခါးကိုအလံုပိတ္ၿပီး မိဘရင္ခြင္ထဲထားေပမယ့္ မရရတဲ့နည္းနဲ႔လာၿပီး ကေလးေတြရဲ႕ဦးေခါင္းကို ကိုင္သြားတာမို႔ နာမက်န္းျဖစ္တာေတြ၊ အသက္ေသဆံုးတာေတြပါရွိလာလို႕ တစ္ရြာလံုးကလဲ အရမ္းေၾကာက္ေနၾကေရာ။ တစ္ေန႔မွာ အဲ့ရြာကစံုတြဲတစ္တြဲ ကေလးေမြးေတာ့ သူတို႔ရဲ႕ကေလးကို မေကာင္းဆိုးဝါးကလာဖမ္းစားမွာဆိုးလို႕ နတ္ဘုရားဆီကို အေစာင့္အေရွာက္ေတြပို႔ေပးဖို႔ ဆုပန္လိုက္ၾကတယ္တဲ့။ အဲ့ဒါနဲ႕ နတ္ဘုရားကလဲ နတ္သား (၈) ေယာက္ကို အေစာင့္အေရွာက္အေနနဲ႕ လႊတ္လိုက္ပါတယ္။ အေစာင့္အေရွာက္ေတြကလည္း မေကာင္းဆိုးဝါးကို လွည့္စားဖို႔အတြက္ အနီေရာင္ႀကိဳးနဲ႕ ဆြဲထားတဲ့ အေၾကြစိေလးေတြအျဖစ္ သ႑န္ေျပာင္းၿပီး ကေလးရဲ႕ဦးေခါင္းရင္းမွာ ေစာင့္ေရွာက္ေနေရာ။ ညဘက္က် မေကာင္းဆိုးဝါးႀကီးေရာက္လာတဲ့အခါ အေၾကြေစ့ကေနျပန္လာတဲ့အလင္းကို ရုတ္တရက္ျမင္လိုက္တဲ့အခါ လန္႕ၿပီးထြက္ေျပးသြားသတဲ့။ ဒီအေၾကာင္းကိုတစ္ရြာလံုးသိတဲ့အခါ တစ္ရြာလံုးကအိမ္ေတြရဲ႕ ေခါင္းရင္းဘက္ျခမ္းမွာ အနီေရာင္ႀကိဳးနဲ႔အေၾကြေလးေတြ ခ်ိတ္လိုက္ၾကေရာတဲ့။ အဲ့အခ်ိန္ကစျပီး မေကာင္းဆိုးရြားရဲ႕ရန္က လြတ္သြားၾကတာေပါ့။ အဲ့အခ်ိန္ကစၿပီး ေႏြဦးေပါက္ မေကာင္းဆိုးဝါးလာတတ္တဲ့အခ်ိန္မွာ ကေလးေတြကို အေၾကြေစ့ေလးေတြနဲ႕ အနီေရာင္ႀကိဳးေလးေတြေပးၾကရာက တျဖည္းျဖည္းေခတ္ေတြ ေျပာင္းလာတဲ့အခါမွာ အနီေရာင္စာအိတ္နဲ႔ ေငြစကၠဴပိုက္ဆံေတြျဖစ္လာတာတဲ့။ ခုဆိုပိုေတာင္ေခတ္မီေသး wechat လို႕ေခၚတဲ့ mobile app တစ္ခုကေန လႊဲလို႕ရေနၿပီ။ (နယ္ေဝးေနလို႕ဂ်င္းထည့္ခံရတဲ့ဒုကၡကေနလြတ္သြားတာေပါ့ :P)

တရုတ္ႏွစ္ကူးက်ရင္ ဘိုးေဘးေတြကိုကန္ေတာ့ၾကတာ၊ ျခေသၤ့နဂါးေတြကပြဲေတြ၊ စသည္ျဖင့္အမ်ားႀကီးရွိပါတယ္။ တရုတ္တန္းမွာလဲ မီးပံုးေတြနဲ႔ အမ်ားၾကီးအလွဆင္ထားၿပီး ကပြဲေတြလဲက်င္းပဦးမွာမို႕ ဓာတ္ပံုလွလွေလးေတြရိုက္ရင္း တရုတ္ရိုးရာပကအလွေလးေတြကို လာခံစားၾကည့္ပါဦးလဲဖိတ္ေခၚလိုက္ပါတယ္ရွင့္။

公西垡蔡 (Gong Xi Fa Cai = Happy New Year) ပါေယာင္းတို႔ေရ။ ႏွစ္သစ္မွာ စိတ္ခ်မ္းေျမ႕ေပ်ာ္ရႊင္ၾကပါေစ။

Reference: Hong Bao , Red Envelope

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နှစ်ကူးနီးပြီကွ။ ဘရေ့ရော်ဆပ် တရုတ်ယောင်းယောင်းများ။ မုန့်ဖိုးများအာခမ်းမင်း (အများကြီးရရင် နှင်းကိုလဲနည်းနည်းခွဲပေးနော် :P) အဲ့တော့ မြန်မာအခေါ် အန်ပေါင်း(An-pao) ကဘယ်လိုဖြစ်လာလဲ? ဘယ်ကနေဆင်းသက်လာတာလဲ? ဘာလို့ပေးကြတာလဲ? ဘယ်သူတွေက ဘယ်သူ့ကိုပေးရတာလဲ? စသည်ဖြင့်ကို အက်မင်တရုတ်မက ပြည့်ပြည့်စုံစုံရေးပေးသွားမှာပါ။

ဟုန်ပေါင်းဆိုတာလေ ကျန်းမာပြီးကံကောင်းအောင်ပေးတာ ယောင်းတို့ရဲ့။ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ချမ်းသာပြီး အနာရောဂါကင်းပါစေဆိုတဲ့ အတိတ်နိမိတ်နဲ့ပေါ့။ အပြင်က စာအိတ်အနီက အရေးကြီးတာ အထဲပိုက်ဆံကိုမကြည့်ရပါဘူး။ (တို့ကတော့ တို့ကတော့ လာပေးရင်အထဲလေးကိုချောင်းရမှ :P)။ စုံဂဏန်းထည့်ထားတဲ့ နှစ်ထုပ်ပေးရပြီး (၄) ဂဏန်းရှောင်ရပါတယ်။ (မဂဏန်းက အသုဘစသည်ဖြင့်မှာ သုံးတာပါ။) ဟုန်ပေါင်းကို နှစ်သစ်ကူးမှမဟုတ်ဘဲ မင်္ဂလာပွဲတွေမှာရော၊ မွေးနေ့ပွဲတွေမှာရော၊ တခြားချီးမြှင့်မှုတွေမှာလဲသုံးပါသေးတယ်။ တရုတ်ပြည်တောင်ပိုင်းမှာတော့ လက်ထပ်ပြီးသားလူတွေက လက်မထပ်ရသေးတဲ့လူတွေ၊ ကလေးတွေကိုပေးပြီး တရုတ်ပြည်မြောက်ပိုင်းမှာကျတော့ သက်ကြီးပိုင်းတွေက အသက် ၃၀ အောက်လူငယ်တွေကိုပေးတာဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အထက်အရာရှိက အိမ်ထောင်နဲ့ဖြစ်စေ၊ အိမ်ထောင်မရှိသည်ဖြစ်စေ၊ ရိုးရာအနေနဲ့ပေးတတ်ကြပါတယ်။

ဟုန်ပေါင်းရဲ့ရာဇဝင်တွေ အများကြီးရှိတဲ့ထဲက တစ်ခုကို နှင်းက ပြောပြမယ်နော်.. ဟိုးအရင်တုန်းက တရုတ်ပြည်ရဲ့ရွာတစ်ရွာမှာ မကောင်းဆိုးဝါးတစ်ကောင် အရမ်းသောင်းကျန်းခဲ့ပါသတဲ့။ အဲ့ဒီမကောင်းဆိုးဝါးက ကလေးလေးတွေကို အဓိကပစ်မှတ်ထားပြီး ဖမ်းစားတာပေါ့။ ညဘက်တွေမှာဆိုရင် တံခါးကိုအလုံပိတ်ပြီး မိဘရင်ခွင်ထဲထားပေမယ့် မရရတဲ့နည်းနဲ့လာပြီး ကလေးတွေရဲ့ဦးခေါင်းကို ကိုင်သွားတာမို့ နာမကျန်းဖြစ်တာတွေ၊ အသက်သေဆုံးတာတွေပါရှိလာလို့ တစ်ရွာလုံးကလဲ အရမ်းကြောက်နေကြရော။ တစ်နေ့မှာ အဲ့ရွာကစုံတွဲတစ်တွဲ ကလေးမွေးတော့ သူတို့ရဲ့ကလေးကို မကောင်းဆိုးဝါးကလာဖမ်းစားမှာဆိုးလို့ နတ်ဘုရားဆီကို အစောင့်အရှောက်တွေပို့ပေးဖို့ ဆုပန်လိုက်ကြတယ်တဲ့။ အဲ့ဒါနဲ့ နတ်ဘုရားကလဲ နတ်သား (၈) ယောက်ကို အစောင့်အရှောက်အနေနဲ့ လွှတ်လိုက်ပါတယ်။ အစောင့်အရှောက်တွေကလည်း မကောင်းဆိုးဝါးကို လှည့်စားဖို့အတွက် အနီရောင်ကြိုးနဲ့ ဆွဲထားတဲ့ အကြွေစိလေးတွေအဖြစ် သဏ္ဍန်ပြောင်းပြီး ကလေးရဲ့ဦးခေါင်းရင်းမှာ စောင့်ရှောက်နေရော။ ညဘက်ကျ မကောင်းဆိုးဝါးကြီးရောက်လာတဲ့အခါ အကြွေစေ့ကနေပြန်လာတဲ့အလင်းကို ရုတ်တရက်မြင်လိုက်တဲ့အခါ လန့်ပြီးထွက်ပြေးသွားသတဲ့။ ဒီအကြောင်းကိုတစ်ရွာလုံးသိတဲ့အခါ တစ်ရွာလုံးကအိမ်တွေရဲ့ ခေါင်းရင်းဘက်ခြမ်းမှာ အနီရောင်ကြိုးနဲ့အကြွေလေးတွေ ချိတ်လိုက်ကြရောတဲ့။ အဲ့အချိန်ကစပြီး မကောင်းဆိုးရွားရဲ့ရန်က လွတ်သွားကြတာပေါ့။ အဲ့အချိန်ကစပြီး နွေဦးပေါက် မကောင်းဆိုးဝါးလာတတ်တဲ့အချိန်မှာ ကလေးတွေကို အကြွေစေ့လေးတွေနဲ့ အနီရောင်ကြိုးလေးတွေပေးကြရာက တဖြည်းဖြည်းခေတ်တွေ ပြောင်းလာတဲ့အခါမှာ အနီရောင်စာအိတ်နဲ့ ငွေစက္ကူပိုက်ဆံတွေဖြစ်လာတာတဲ့။ ခုဆိုပိုတောင်ခေတ်မီသေး wechat လို့ခေါ်တဲ့ mobile app တစ်ခုကနေ လွှဲလို့ရနေပြီ။ (နယ်ဝေးနေလို့ဂျင်းထည့်ခံရတဲ့ဒုက္ခကနေလွတ်သွားတာပေါ့ :P)

တရုတ်နှစ်ကူးကျရင် ဘိုးဘေးတွေကိုကန်တော့ကြတာ၊ ခင်္သြေ့နဂါးတွေကပွဲတွေ၊ စသည်ဖြင့်အများကြီးရှိပါတယ်။ တရုတ်တန်းမှာလဲ မီးပုံးတွေနဲ့ အများကြီးအလှဆင်ထားပြီး ကပွဲတွေလဲကျင်းပဦးမှာမို့ ဓာတ်ပုံလှလှလေးတွေရိုက်ရင်း တရုတ်ရိုးရာပကအလှလေးတွေကို လာခံစားကြည့်ပါဦးလဲဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

公西垡蔡 (Gong Xi Fa Cai = Happy New Year) ပါယောင်းတို့ရေ။ နှစ်သစ်မှာ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ။

Reference: Hong Bao , Red Envelope

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top