AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အာဖဂန္နစၥတန္မွာ ေဘာလံုးကန္တဲ့ မိန္းကေလးေတြကို ျပည့္တန္ဆာေတြလို႔ ေခၚၾကတယ္။ ေဘာလံုးဆုိတာ ေယာက္်ားေတြရဲ႕ ကစားနည္းေလ။ ကၽြန္မအေမက ကၽြန္မကို ကစားဖုိ႔ အေပ်ာ္သက္သက္ ေဘာလံုးကန္တာသင္ေပးခဲ့တာ" လို႔ Khalida Popal က ေျပာတယ္။

Khalida Popal ဟာ အာဖဂန္နစၥတန္ႏိုင္ငံမွာ အမ်ိဳးသမီး ေဘာလံုးအသင္းျဖစ္လာေအာင္ ဦးေဆာင္လႈပ္ရွားခဲ့သူပါ။ ၂၀၀၇ ခုႏွစ္မွာ အာဖဂန္နစၥတန္ ႏိုင္ငံေဘာလံုးအသင္းရဲ႕ ပထမဆံုး အမ်ိဳးသမီးအသင္းေခါင္းေဆာင္ျဖစ္လာခဲ့တယ္။ ငယ္တုန္းကေတာ့ ေဘာလံုးကို ကစားဖုိ႔သက္သက္ ေဆာ့ခဲ့ေပမဲ့ အရြယ္ေရာက္လာခ်ိန္မွာေတာ့ ေဘာလံုးကန္ျခင္းဟာ ေယာက္်ားေတြနဲ႔မိန္းမေတြၾကားက ခြဲျခားဖိႏွိပ္ဆုိတာ သိလာရတယ္။

ေဘာလံုးကန္တဲ့အတြက္ေၾကာင့္မို႔လို႔ ဆရာေတြက သူ႔ကို စာသင္ခန္းကေန ေမာင္းထုတ္တာခံခဲ့ရတယ္။ အာဖဂန္မွာ အမ်ိဳးသမီးေတြဟာ ေလးစားျခင္းမခံရဘူး။ လူလို႔ေတာင္ အျမင္မခံရဘူးလို႔ Popal က ႏိုင္ငံတြင္းက အမ်ိဳးသမီးေတြရဲ႕ အေျခအေနကို ေျပာျပတယ္။ အမ်ိဳးသမီးေတြဟာ ၾကံ႕ခိုင္သန္မာေနဖုိ႔၊ ကိုယ့္ကိုယ္ကိုယ္ လူပါပဲဆုိတာ လက္ခံယံုၾကည္လာဖုိ႔လိုတဲ့အတြက္ သူက အားကစားတစ္ရပ္အေနနဲ႔ လႈပ္ရွားခဲ့တာျဖစ္ပါတယ္။

Popal တို႔အဖြဲ႔မွာ အမ်ိဳးသမီးေဘာလံုးသမား ေလးဦး ပါဝင္တယ္။ သူတုိ႔ကို လူေတြက ေက်ာက္တံုးေတြနဲ႔ ေကာက္ေပါက္တာခံရတယ္။ အသက္အႏၱရာယ္ကိုပါ ၿခိမ္းေျခာက္လာၾကတယ္။ ေနာက္ဆံုးမွာေတာ့ Khalida Popal ဟာ ႏိုင္ငံကိုစြန္႔ခြာဖုိ႔ ျဖစ္လာခဲ့ပါတယ္။ ခုေတာ့ သူက ဒိန္းမတ္မွာ ႏိုင္ငံေရးခိုလႈံခြင့္နဲ႔ ေနထိုင္ေနပါတယ္။ ဒါေပမဲ့ Popal ရဲ႕ လႈပ္ရွားမႈေတြက ရပ္တန္႔မသြားဘူး။ ေရာက္တဲ့အရပ္ကေန အမ်ိဳးသမီးေတြကို စိတ္ဓာတ္ၾကံ႕ခိုင္လာေအာင္၊ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးေတြ ရရွိလာေအာင္ ဆက္လက္လႈပ္ရွားေနသူ ျဖစ္ပါတယ္။

သူ႔ရဲ႕ အားထုတ္မႈကို ကမၻာကလည္း အသိအမွတ္ျပဳခဲ့ၾကတယ္။ ဆုေတြခ်ီးျမႇင့္ေပးအပ္ခဲ့ၾကတယ္။ UN Women ၊ ဘရာဇီးနဲ႔ ႏိုင္ငံတကာအိုလံပစ္ေကာ္မတီတုိ႔ ပူးေပါင္းျပဳလုပ္တဲ့ အႀကိမ္ ၆၀ ေျမာက္ Session of the Commission on the Status of Women မွာ Popal က တက္ေရာက္စကားေျပာခဲ့ရပါတယ္။ ယင္းအခမ္းအနားဟာ က်ားမတန္းတူညီမွ်ေရး၊ အမ်ိဳးသမီးနဲ႔မိန္းကေလးေတြအေပၚ အၾကမ္းဖက္မႈဆန္႔က်င္ေရးအတြက္ အားကစားနဲ႔ မီးေမာင္းထိုးျပခဲ့တာျဖစ္ပါတယ္။

Source : UN Women

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun
# Unicode Version ျဖင့္ ဖတ္ပါ #
အာဖဂန်နစ္စတန်မှာ ဘောလုံးကန်တဲ့ မိန်းကလေးတွေကို ပြည့်တန်ဆာတွေလို့ ခေါ်ကြတယ်။ ဘောလုံးဆိုတာ ယောက်ျားတွေရဲ့ ကစားနည်းလေ။ ကျွန်မအမေက ကျွန်မကို ကစားဖို့ အပျော်သက်သက် ဘောလုံးကန်တာသင်ပေးခဲ့တာ" လို့ Khalida Popal က ပြောတယ်။

Khalida Popal ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီး ဘောလုံးအသင်းဖြစ်လာအောင် ဦးဆောင်လှုပ်ရှားခဲ့သူပါ။ ၂၀၀၇ ခုနှစ်မှာ အာဖဂန်နစ္စတန် နိုင်ငံဘောလုံးအသင်းရဲ့ ပထမဆုံး အမျိုးသမီးအသင်းခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ငယ်တုန်းကတော့ ဘောလုံးကို ကစားဖို့သက်သက် ဆော့ခဲ့ပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ ဘောလုံးကန်ခြင်းဟာ ယောက်ျားတွေနဲ့မိန်းမတွေကြားက ခွဲခြားဖိနှိပ်ဆိုတာ သိလာရတယ်။

ဘောလုံးကန်တဲ့အတွက်ကြောင့်မို့လို့ ဆရာတွေက သူ့ကို စာသင်ခန်းကနေ မောင်းထုတ်တာခံခဲ့ရတယ်။ အာဖဂန်မှာ အမျိုးသမီးတွေဟာ လေးစားခြင်းမခံရဘူး။ လူလို့တောင် အမြင်မခံရဘူးလို့ Popal က နိုင်ငံတွင်းက အမျိုးသမီးတွေရဲ့ အခြေအနေကို ပြောပြတယ်။ အမျိုးသမီးတွေဟာ ကြံ့ခိုင်သန်မာနေဖို့၊ ကိုယ့်ကိုယ်ကိုယ် လူပါပဲဆိုတာ လက်ခံယုံကြည်လာဖို့လိုတဲ့အတွက် သူက အားကစားတစ်ရပ်အနေနဲ့ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။

Popal တို့အဖွဲ့မှာ အမျိုးသမီးဘောလုံးသမား လေးဦး ပါဝင်တယ်။ သူတို့ကို လူတွေက ကျောက်တုံးတွေနဲ့ ကောက်ပေါက်တာခံရတယ်။ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာကြတယ်။ နောက်ဆုံးမှာတော့ Khalida Popal ဟာ နိုင်ငံကိုစွန့်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။ ခုတော့ သူက ဒိန်းမတ်မှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်နေပါတယ်။ ဒါပေမဲ့ Popal ရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်မသွားဘူး။ ရောက်တဲ့အရပ်ကနေ အမျိုးသမီးတွေကို စိတ်ဓာတ်ကြံ့ခိုင်လာအောင်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ရရှိလာအောင် ဆက်လက်လှုပ်ရှားနေသူ ဖြစ်ပါတယ်။

သူ့ရဲ့ အားထုတ်မှုကို ကမ္ဘာကလည်း အသိအမှတ်ပြုခဲ့ကြတယ်။ ဆုတွေချီးမြှင့်ပေးအပ်ခဲ့ကြတယ်။ UN Women ၊ ဘရာဇီးနဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီတို့ ပူးပေါင်းပြုလုပ်တဲ့ အကြိမ် ၆၀ မြောက် Session of the Commission on the Status of Women မှာ Popal က တက်ရောက်စကားပြောခဲ့ရပါတယ်။ ယင်းအခမ်းအနားဟာ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးနဲ့မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးအတွက် အားကစားနဲ့ မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။

Source : UN Women

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top