AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မွတ္မိပါေသးသည္။က်ြန္ေတာ္ စစ္ တကၠသိုလ္ ဗိုလ္ေလာင္း ဘဝက်ြန္ေတာ္ တစ္ပတ္တစ္ခါOutpass ထြက္ခ်ိန္ဧည့္ေတြ႔ခ်ိန္မ်ားဆိုသူမက အိမ္ကပိုင္သမ်Brand New ကားႀကီးကားငယ္ အသြယ္သြယ္နဲ႔က်ြန္ေတာ့္ကို လာႀကိဳေနက် ေဒါက္ျမင့္ေလးတၾကြၾကြနဲ႔အိတင္းက်စ္ထံုးေနေအာင္ ေစ႔ထားတဲ႔ နွင္းဆီေရာင္ႏွဳတ္ခမ္းလႊာ ၂ ခုၾကားကထြက္ထြက္လာတတ္တဲ႔အသံ

ေမာင္ေရ

ခ်စ္ ေမာင့္ ကိုလာႀကိဳတာ ကား ေပၚတက္ ေမာင္စိတ္တိုင္းက် ဆိုင္မွာစားမယ္ေမာင္ ဘာစား ဘယ္သြား ဘာဝယ္ခ်င္းတုန္းေျပာခ်စ္ အကုန္လုပ္ေပးမယ္

တစ္ခုေတာ့ရွိတယ္ ခ်စ္နဲ႔ ေမာင္ တို႔ ဘယ္ဘဝေရာက္ေရာက္ခြဲေၾကးေနာ္တဲ႔“ေအးပါကြ ခ်စ္ရ”ဟု က်ြန္ေတာ္ကဆိုေတာ့ေမာင္က ေယာက်ား ေယာက်ားထဲက စစ္သား ေမာင့္ ကတိတည္ပါေစေနာ္တဲ႔တစ္ေမာင္တည္း ေမာင္ေနတတ္တဲ႔ သူမထက္က်ြန္ေတာ့္၏ ဆင္းရဲသားေက်ာမြဲဘဝကိုစာနာတတ္သည့္ သူမကို က်ြန္ေတာ္ပို၍ တန္ဖိုး ထားသည္။ ေလးစားသည္။ခ်စ္ခင္သည္။

သူ႔နာမည္က ဧကရီ မမ အမ်ားၾကားမွာေတာ့ အာဏာရဘုရင္မေပါ့က်ြန္ေတာ္က်မွ အရည္ေပ်ာ္က်တယ္ဆိုပဲျပီးေတာ့ သူ႔ဝသီေလးတစ္ခုကဗိုလ္ကေတာ္ရူး သိပ္ရူးတာရူးေပါ့ ဧကရီ ရယ္ ဧကရီ က မိန္းမသား ပဲျပီးေတာ့ အမ်ားနဲ႔မတူ တမူထူးတဲ႔အလွပိုင္ရွင္ကိုး

တခါတခါ သူ႔ကိုယ့္သူ “ေမာင္ခ် စ္ ကေတာ္ ရုပ္ေပါက္ရဲ႕လား ခ္ခ္”လို႔ ေမးေမးေနေတာ့ မနားတမ္း ေျဖေျဖေပးရတာအေမာ
ရုပ္ကလည္း ညိဳသေလာက္ ေခ်ာတာကိုးသူက က်ြန္ေတာ့္ရဲ႕တစ္ဦးတည္းေသာ ခ်စ္သူေပါ့ခ်စ္သူဆိုေပမယ့္တခါတခါ သူဟာ အရွင္သခင္တခါတခါ သူဟာ မိခင္တခါတခါ သူဟာ မိတ္ေဆြတခါတခါက်ေတာ့လည္း က်ြန္ေတာ့္ဘဝကို ရွယ္ယာအမ်ားဆံုးထည့္ထားတဲ့ရွယ္ယာပိုင္ရွင္လို ပံုစံမ်ိဳး
သူဆိုးပါေစေလ ကိုကခ်စ္တာကိုး

ေက်ာင္းဆင္းျပီး မၾကာမီ သူခ်စ္ကိုယ္ခ်စ္ နွစ္ကိုယ့္တစ္စိတဘဝ ထူေထာင္ရမွာဆိုေတာ့ က်ြန္ေတာ္ ေပ်ာ္တာေပါ့ဒီလိုနဲ႔ သူနဲ႔က်ြန္ေတာ္ ေအးျမတဲ႔ေဆာင္းရက္ေလးတစ္ရက္ သတ္သတ္မွတ္မွတ္ေရြး မဂၤလာ နံနက္ခင္းေလးေပါ့ျမန္မာျပည္ရဲ႕အေကာင္းဆံုးဟိုတယ္တစ္ခုမွာ သူ႔စိတ္တိုင္းက် က်က်နန တခမ္းတနားေစ႔စပ္ခဲ႔ပါတယ္

စ့စပ္ပြဲျပီးလို႔ မၾကာလွပါဘူး

တပ္မေတာ္ သားဘဝ မင္းခ ေယာက်ား ကမ္းနားသစ္ပင္ေလက်ြန္ေတာ္ ကခ်င္ျပည္နယ္ဘက္ကို ေရွ႕တန္းပါပါေလေရာ
ဒီတစ္ႀကိမ္တိုက္ပြဲဟာ စစ္ေၾကာင္းတစ္ခုလံုးအခ်ိန္ေတာ္ေတာ္ၾကာက်ားကုတ္က်ားခဲ တိုက္ရတဲ႔ တိုက္ပြဲက်ြန္ေတာ္ အားခဲျပီး တိုက္တယ္ ထပ္တိုက္တယ္အျပန္မွာ ကုိယ့္မိဘေရာ ကိုယ္ခ်စ္တဲ႔သူနဲ႔ပါ ေတြ႕ရမွာပဲေလေပေပေတေတ တိုက္ရက်ိဳးလည္းနပ္ပါေပ့

ေရွ႕တန္းျပန္ခ်ိန္ဆိုတာအသက္ပါခ်င္လည္းပါမယ္ပါခ်င္မွလည္းပါမယ္ဖ်ားနာက်ိဳးကန္းလည္း ျဖစ္ခ်င္ျဖစ္မယ္က်ြန္ေတာ္တို႔က ကံၾကမၼာကို ေရြးခ်ယ္ခြင့္မရွိဘူးေရြးခြင့္ဆိုလ႔ို တိုးတိုးေဖာ္ပဲရွိတယ္မၾကာေသးမီက Gun Shot နဲ႔ မ်က္လံုး နွစ္ဖက္လံုးကြယ္ရွာလို႔ ေဆးပင္စင္ယူသြားရတဲ႔ အရာရွိတစ္ေယာက္ဆို အရမ္းသနားဖို႔ေကာင္းတယ္

ဒါေပမယ့္ဇနီးျဖစ္သူကမျငဴမစူမယားဝတၱယားဟူ၍ မျပတ္
သစၥာတရားေတြနဲ႔ အသက္ဆက္ခဲ႔တာ ခုခ်ိန္ထိပါပဲေတာ္ပါေသးရဲ႕ က်ြန္ေတာ့္မွာ အျမင္မပ်က္မယြင္းရွိေနေသးလို႔က်ြန္ေတာ္ ေပ်ာ္လိုက္တာ

ဒီထက္ေပ်ာ္ခ်င္ေသးတယ္အေပ်ာ္ေတြကို အစြမ္းကုန္ဖ်စ္ညွစ္ထုတ္တယ္ထြက္မလာဘူးထြက္မလာတဲ႔ အေပ်ာ္ေတြကို အားငယ္ငယ္နဲ႔ ထြက္လာနိုးေစာင့္ေနရင္း

********************

အရွင္လတ္တတ္ နွလံုးသားတည့္တည့္ အက္ဆစ္နဲ႔ ထိုးသြင္းခံလိုက္ရတယ္အခုေန က်ြန္ေတာ့္အေသြးအသားေတြ မနာမက်င္ အမွဳန္႔အျဖစ္ေျပာင္းသြားရင္ သိပ္ေကာင္းမွာပဲခင္ဗ်ားတို႔သာ စဥ္းစား ၾကည့္ၾကပါေတာ့က်ြန္ေတာ့္ခ်စ္သူက ဒီနွစ္ကုန္မွာလုပ္မယ့္ သူနဲ႔က်ြန္ေတာ္တို႔ရဲ႕ လက္ထပ္ပြဲကိုသူတို႔ဘက္က ဖ်က္တယ္တဲ႔ဗ်ာက်ြန္ေတာ့္မွာ ဘာအျပစ္ရွိလို႔လဲ

သူမအေျဖက ရွင္းပါသည္

** ** ** ** ** ** ** ** **

ရွင့္မွာ ေစ႔စပ္တုန္းက အေကာင္းျပန္လာေတာ့ ေျခတစ္ဖက္ပါမလာလို႔တဲ႔ဗ်ာ“ေတာက္” ရက္စက္လိုက္တာ ဧကရီရယ္

ဗိုလ္ေလာင္း ဘဝကတည္းက ေက်ာင္းေရွ႕ထိ ဗိုလ္ေလာင္းေဆာင္ထဲ တေရြ႕ေရြ႕ဝင္ေနတဲ႔က်ြန္ေတာ့္အရိပ္ေပ်ာက္တဲ့အထိမ်က္ေတာင္မခတ္တမ္း ေငးဆဲ ေတြးဆဲ သည္းသည္းလွဳပ္ခ်စ္ျပခဲ႔ေတာ့လည္းသူပါပဲကားႀကီးကားငယ္ေတြနဲ႔ လာႀကိဳ
က်ြန္ေတာ့္လို ေတာသားအရိုင္းေလးကိုကပိုယလိုခ်စ္ျပခဲ႔တာလည္းသူပါပဲ

သူမက အခု က်ြန္ေတာ္ဆိုတဲ႔ ေျခတစ္ဖက္မရွိေတာ့တဲ႔ ဒုကၡတခ်စ္သူကို မေပါင္းနိုင္ေတာ့ဘူးတဲ႔ေလေအးေလ လူပံုအလယ္ ပြဲလယ္မွာမတင့္နိုင္ေတာ့တာကိုးလက္ခုပ္ဆိုတာ နွစ္ဖက္တီးမွ ျမည္တယ္လို႔မင္းဘက္က ေျပာခ်င္ေျပာမယ္ဒါေပမယ့္ ေဟာဒီလက္ခုပ္ဟာငါမတီးတတ္ခင္ကတည္းကမင္းက သင္ေပးခဲ႔တာေတာ့ မင္းဝန္ခံလိုက္ဧကရီ

ရြြာက စိတ္နာနာနဲ႔ထြက္ပညာကို မာနထက္ထက္နဲ႕ ႀကိဳးစားခဲ႔တဲ႔ငါဒါေတြကိုပစ္ျပီး မင္းကိုခ်စ္မိခဲ႔တာကြမင္းသာ ငါ့ကိုအေသမုန္းေနခုဆို ရြာက ငါ့ေဆြမ်ိဳးမိဘငါ့ အသက္ျပန္ပါလာမယ့္အခ်ိန္တယုတယ အားခဲျပီးေစာင့္ေနၾကတုန္းေျမးခ်ီခ်င္လွတဲ႔ အသက္ ၅၀ ေက်ာ္ငါ့အေမအိုကို ငါဘယ္လိုေျပာရမလဲ

လက္ထပ္ပြဲမွာ ရွိစုမဲ႔စုရာဘာျခံေလးေရာင္းျပီး မင္းမိဘနဲ႔တန္းတူမယွဥ္နိုင္ေတာင္အနိွမ္မခံရေရး အရွက္ေျပေလး လက္ဖြဲ႔ေပးပါ့မယ္သားရယ္ဆိုျပီးအားခဲထားတဲ႔ ငါ့အေဖကို ငါဘယ္လိုေျပာရမလဲ

ဒီမွာ ဧကရီ လူဆိုတာ ခံစားတတ္တဲ႔ ႏွလံုးသားရွိတယ္ငါဟာ မင္းသံုးျပီး နည္းနည္းေလး တိုန သြားတာနဲ႔ အမိွဳက္ပံုးထဲ ပစ္ပစ္ထားတတ္တဲ႔ မင္းရဲ႕တစ္ခါသံုးနွင္းဆီေရာင္ နွဳတ္ခမ္းနီေတာင့္မဟုတ္ဘူးေဆာ့ခ်င္တိုင္းေဆာ့ အားကုန္ေတာ့ ႀကံဳရာေနရာမွာ ပစ္ခ်င္တိုင္းပစ္ထားလို႔ရတဲ႔ သံပတ္ေပးအရုပ္တစ္ရုပ္မဟုတ္ဘူး

ရႊ႕ံေစးနဲ႔လုပ္ထားတဲ႔ ခ်ိဳးရုပ္ေလးေတြေတာင္တကူကူးနဲ႔ ေအာ္တတ္ေသးတာပဲငါဟာ ခံစားတတ္တဲ႔ ေသြးသားနဲ႔လူသားနွလံုးသားပိုင္ရွင္ပါ

တကယ္ေတာ့ ဧကရီမင္းဟာ ငါ့ကို လက္ထပ္ခ်င္တာမွမဟုတ္ဘဲငါ့ပုခံုုးေပၚက အပြင့္ေတြငါ့ကိုယ္လက္အဂါၤေတြနဲ႔ပဲလက္ထပ္ခ်င္ခဲ႔တဲ႔သူပဲဝဋ္ေၾကြးရွိရင္ ေက်ပါေစေတာ့ ဧကရီ

*************************************

ေၾသာ္–ေလာက—ေလာက—–

ေမတၱာေပးတိုင္းလည္း ေမတၱာမရ သူ႔ဘဝ

ဤေလာကတြင္ ဧကရီ႕လို မိန္းကေလး မ်ိဳး

လူမသိ သူမသိ မည္မ်ွရွိေနပါမည္နည္း

ေလာကတြင္ ငါ့မာန ငါ့အတၱ ငါ့သိကၡာ ငါ့ရိကၡာမ်ား

ငါ ငါ ငါ ဟူသည့္ အတၱမီးမ်ား ႀကီးစိုးလာေသာအခါ

” ငါ ” သာမက “ငါနွင့္စပ္ဆိုင္သမွ် အရာအားလံုး”ကို အႀကိမ္ႀကိမ္ ျပာက်ေစနိုင္သည္ကိုေတာ့ ဧကရီ အပါအဝင္ မိန္းမသား မ်ားအားလံုး သိေစခ်င္လြန္းလွသည္ေတာ့အမွန္——–

********************************************

ခုခ်ိန္ဆို ေကာင္မေလးကေတာ့ ျပံဳးခ်င္ျပံဳးေနမယ္

ေကာင္ေလးခမ်ာေတာ့ ေဆးကုသခံေနရတုန္း—–

မွတ္ခ်က္။ ။ဤျဖစ္ရပ္သည္ နယ္ျမိဳ႕ေလးတစ္ျမိဳ႕တြင္ အမွန္တကယ္ျဖစ္ပ်က္ခဲ႔သည့္ ျဖစ္ရပ္မွန္ျဖစ္ပါသည္ ္သင္ခန္းစာ ယူနိုင္ဖို႔တင္ျပေပးျခင္းျဖစ္ပါ၏

(ေကာင္ေလးပံုကို ကာယကံရွင္ထံမွ ခြင့္ျပဳခ်က္ရယူ၍ ကိုယ္တိုင္ ၾကည္ျဖဴစြာခြင့္ျပဳ၍ တင္ထားျခင္း ျဖစ္ျပီး ေကာင္မေလး ပံုကေတာ့ က်င့္ဝတ္(Ethic)အရ ပံုလႊဲထားပါေၾကာင္း)

(ပထမဆုရ ဝတၳဳတိုလည္းျဖစ္၏)

ဦးေနွာက္ျဖင့္နာယူ၍ နွလံုးသားျဖင့္ ခံစားၾကပါကုန္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းေသြးငယ္(ရာမညေျမ)Soe Thura

#Unicode Version#

မှတ်မိပါသေးသည်။ကျွန်တော် စစ် တက္ကသိုလ် ဗိုလ်လောင်း ဘဝကျွန်တော် တစ်ပတ်တစ်ခါOutpass ထွက်ချိန်ဧည့်တွေ့ချိန်များဆိုသူမက အိမ်ကပိုင်သမျBrand New ကားကြီးကားငယ် အသွယ်သွယ်နဲ့ကျွန်တော့်ကို လာကြိုနေကျ ဒေါက်မြင့်လေးတကြွကြွနဲ့အိတင်းကျစ်ထုံးနေအောင် စေ့ထားတဲ့ နှင်းဆီရောင်နှုတ်ခမ်းလွှာ ၂ ခုကြားကထွက်ထွက်လာတတ်တဲ့အသံ

မောင်ရေ

ချစ် မောင့် ကိုလာကြိုတာ ကား ပေါ်တက် မောင်စိတ်တိုင်းကျ ဆိုင်မှာစားမယ်မောင် ဘာစား ဘယ်သွား ဘာဝယ်ချင်းတုန်းပြောချစ် အကုန်လုပ်ပေးမယ်

တစ်ခုတော့ရှိတယ် ချစ်နဲ့ မောင် တို့ ဘယ်ဘဝရောက်ရောက်ခွဲကြေးနော်တဲ့“အေးပါကွ ချစ်ရ”ဟု ကျွန်တော်ကဆိုတော့မောင်က ယောကျား ယောကျားထဲက စစ်သား မောင့် ကတိတည်ပါစေနော်တဲ့တစ်မောင်တည်း မောင်နေတတ်တဲ့ သူမထက်ကျွန်တော့်၏ ဆင်းရဲသားကျောမွဲဘဝကိုစာနာတတ်သည့် သူမကို ကျွန်တော်ပို၍ တန်ဖိုး ထားသည်။ လေးစားသည်။ချစ်ခင်သည်။

သူ့နာမည်က ဧကရီ မမ အများကြားမှာတော့ အာဏာရဘုရင်မပေါ့ကျွန်တော်ကျမှ အရည်ပျော်ကျတယ်ဆိုပဲပြီးတော့ သူ့ဝသီလေးတစ်ခုကဗိုလ်ကတော်ရူး သိပ်ရူးတာရူးပေါ့ ဧကရီ ရယ် ဧကရီ က မိန်းမသား ပဲပြီးတော့ အများနဲ့မတူ တမူထူးတဲ့အလှပိုင်ရှင်ကိုး

တခါတခါ သူ့ကိုယ့်သူ “မောင်ချ စ် ကတော် ရုပ်ပေါက်ရဲ့လား ခ်ခ်”လို့ မေးမေးနေတော့ မနားတမ်း ဖြေဖြေပေးရတာအမော
ရုပ်ကလည်း ညိုသလောက် ချောတာကိုးသူက ကျွန်တော့်ရဲ့တစ်ဦးတည်းသော ချစ်သူပေါ့ချစ်သူဆိုပေမယ့်တခါတခါ သူဟာ အရှင်သခင်တခါတခါ သူဟာ မိခင်တခါတခါ သူဟာ မိတ်ဆွေတခါတခါကျတော့လည်း ကျွန်တော့်ဘဝကို ရှယ်ယာအများဆုံးထည့်ထားတဲ့ရှယ်ယာပိုင်ရှင်လို ပုံစံမျိုး
သူဆိုးပါစေလေ ကိုကချစ်တာကိုး

ကျောင်းဆင်းပြီး မကြာမီ သူချစ်ကိုယ်ချစ် နှစ်ကိုယ့်တစ်စိတဘဝ ထူထောင်ရမှာဆိုတော့ ကျွန်တော် ပျော်တာပေါ့ဒီလိုနဲ့ သူနဲ့ကျွန်တော် အေးမြတဲ့ဆောင်းရက်လေးတစ်ရက် သတ်သတ်မှတ်မှတ်ရွေး မင်္ဂလာ နံနက်ခင်းလေးပေါ့မြန်မာပြည်ရဲ့အကောင်းဆုံးဟိုတယ်တစ်ခုမှာ သူ့စိတ်တိုင်းကျ ကျကျနန တခမ်းတနားစေ့စပ်ခဲ့ပါတယ်

စ့စပ်ပွဲပြီးလို့ မကြာလှပါဘူး

တပ်မတော် သားဘဝ မင်းခ ယောကျား ကမ်းနားသစ်ပင်လေကျွန်တော် ကချင်ပြည်နယ်ဘက်ကို ရှေ့တန်းပါပါလေရော
ဒီတစ်ကြိမ်တိုက်ပွဲဟာ စစ်ကြောင်းတစ်ခုလုံးအချိန်တော်တော်ကြာကျားကုတ်ကျားခဲ တိုက်ရတဲ့ တိုက်ပွဲကျွန်တော် အားခဲပြီး တိုက်တယ် ထပ်တိုက်တယ်အပြန်မှာ ကိုယ့်မိဘရော ကိုယ်ချစ်တဲ့သူနဲ့ပါ တွေ့ရမှာပဲလေပေပေတေတေ တိုက်ရကျိုးလည်းနပ်ပါပေ့

ရှေ့တန်းပြန်ချိန်ဆိုတာအသက်ပါချင်လည်းပါမယ်ပါချင်မှလည်းပါမယ်ဖျားနာကျိုးကန်းလည်း ဖြစ်ချင်ဖြစ်မယ်ကျွန်တော်တို့က ကံကြမ္မာကို ရွေးချယ်ခွင့်မရှိဘူးရွေးခွင့်ဆိုလ့ို တိုးတိုးဖော်ပဲရှိတယ်မကြာသေးမီက Gun Shot နဲ့ မျက်လုံး နှစ်ဖက်လုံးကွယ်ရှာလို့ ဆေးပင်စင်ယူသွားရတဲ့ အရာရှိတစ်ယောက်ဆို အရမ်းသနားဖို့ကောင်းတယ်

ဒါပေမယ့်ဇနီးဖြစ်သူကမငြူမစူမယားဝတ္တယားဟူ၍ မပြတ်
သစ္စာတရားတွေနဲ့ အသက်ဆက်ခဲ့တာ ခုချိန်ထိပါပဲတော်ပါသေးရဲ့ ကျွန်တော့်မှာ အမြင်မပျက်မယွင်းရှိနေသေးလို့ကျွန်တော် ပျော်လိုက်တာ

ဒီထက်ပျော်ချင်သေးတယ်အပျော်တွေကို အစွမ်းကုန်ဖျစ်ညှစ်ထုတ်တယ်ထွက်မလာဘူးထွက်မလာတဲ့ အပျော်တွေကို အားငယ်ငယ်နဲ့ ထွက်လာနိုးစောင့်နေရင်း

********************

အရှင်လတ်တတ် နှလုံးသားတည့်တည့် အက်ဆစ်နဲ့ ထိုးသွင်းခံလိုက်ရတယ်အခုနေ ကျွန်တော့်အသွေးအသားတွေ မနာမကျင် အမှုန့်အဖြစ်ပြောင်းသွားရင် သိပ်ကောင်းမှာပဲခင်ဗျားတို့သာ စဉ်းစား ကြည့်ကြပါတော့ကျွန်တော့်ချစ်သူက ဒီနှစ်ကုန်မှာလုပ်မယ့် သူနဲ့ကျွန်တော်တို့ရဲ့ လက်ထပ်ပွဲကိုသူတို့ဘက်က ဖျက်တယ်တဲ့ဗျာကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ

သူမအဖြေက ရှင်းပါသည်

** ** ** ** ** ** ** ** **

ရှင့်မှာ စေ့စပ်တုန်းက အကောင်းပြန်လာတော့ ခြေတစ်ဖက်ပါမလာလို့တဲ့ဗျာ“တောက်” ရက်စက်လိုက်တာ ဧကရီရယ်

ဗိုလ်လောင်း ဘဝကတည်းက ကျောင်းရှေ့ထိ ဗိုလ်လောင်းဆောင်ထဲ တရွေ့ရွေ့ဝင်နေတဲ့ကျွန်တော့်အရိပ်ပျောက်တဲ့အထိမျက်တောင်မခတ်တမ်း ငေးဆဲ တွေးဆဲ သည်းသည်းလှုပ်ချစ်ပြခဲ့တော့လည်းသူပါပဲကားကြီးကားငယ်တွေနဲ့ လာကြို
ကျွန်တော့်လို တောသားအရိုင်းလေးကိုကပိုယလိုချစ်ပြခဲ့တာလည်းသူပါပဲ

သူမက အခု ကျွန်တော်ဆိုတဲ့ ခြေတစ်ဖက်မရှိတော့တဲ့ ဒုက္ခတချစ်သူကို မပေါင်းနိုင်တော့ဘူးတဲ့လေအေးလေ လူပုံအလယ် ပွဲလယ်မှာမတင့်နိုင်တော့တာကိုးလက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်လို့မင်းဘက်က ပြောချင်ပြောမယ်ဒါပေမယ့် ဟောဒီလက်ခုပ်ဟာငါမတီးတတ်ခင်ကတည်းကမင်းက သင်ပေးခဲ့တာတော့ မင်းဝန်ခံလိုက်ဧကရီ

ရွာက စိတ်နာနာနဲ့ထွက်ပညာကို မာနထက်ထက်နဲ့ ကြိုးစားခဲ့တဲ့ငါဒါတွေကိုပစ်ပြီး မင်းကိုချစ်မိခဲ့တာကွမင်းသာ ငါ့ကိုအသေမုန်းနေခုဆို ရွာက ငါ့ဆွေမျိုးမိဘငါ့ အသက်ပြန်ပါလာမယ့်အချိန်တယုတယ အားခဲပြီးစောင့်နေကြတုန်းမြေးချီချင်လှတဲ့ အသက် ၅၀ ကျော်ငါ့အမေအိုကို ငါဘယ်လိုပြောရမလဲ

လက်ထပ်ပွဲမှာ ရှိစုမဲ့စုရာဘာခြံလေးရောင်းပြီး မင်းမိဘနဲ့တန်းတူမယှဉ်နိုင်တောင်အနှိမ်မခံရရေး အရှက်ပြေလေး လက်ဖွဲ့ပေးပါ့မယ်သားရယ်ဆိုပြီးအားခဲထားတဲ့ ငါ့အဖေကို ငါဘယ်လိုပြောရမလဲ

ဒီမှာ ဧကရီ လူဆိုတာ ခံစားတတ်တဲ့ နှလုံးသားရှိတယ်ငါဟာ မင်းသုံးပြီး နည်းနည်းလေး တိုန သွားတာနဲ့ အမှိုက်ပုံးထဲ ပစ်ပစ်ထားတတ်တဲ့ မင်းရဲ့တစ်ခါသုံးနှင်းဆီရောင် နှုတ်ခမ်းနီတောင့်မဟုတ်ဘူးဆော့ချင်တိုင်းဆော့ အားကုန်တော့ ကြုံရာနေရာမှာ ပစ်ချင်တိုင်းပစ်ထားလို့ရတဲ့ သံပတ်ပေးအရုပ်တစ်ရုပ်မဟုတ်ဘူး

ရွှံ့စေးနဲ့လုပ်ထားတဲ့ ချိုးရုပ်လေးတွေတောင်တကူကူးနဲ့ အော်တတ်သေးတာပဲငါဟာ ခံစားတတ်တဲ့ သွေးသားနဲ့လူသားနှလုံးသားပိုင်ရှင်ပါ

တကယ်တော့ ဧကရီမင်းဟာ ငါ့ကို လက်ထပ်ချင်တာမှမဟုတ်ဘဲငါ့ပုခုံုးပေါ်က အပွင့်တွေငါ့ကိုယ်လက်အဂါၤတွေနဲ့ပဲလက်ထပ်ချင်ခဲ့တဲ့သူပဲဝဋ်ကြွေးရှိရင် ကျေပါစေတော့ ဧကရီ

*************************************

သြော်–လောက—လောက—–

မေတ္တာပေးတိုင်းလည်း မေတ္တာမရ သူ့ဘဝ

ဤလောကတွင် ဧကရီ့လို မိန်းကလေး မျိုး

လူမသိ သူမသိ မည်မျှရှိနေပါမည်နည်း

လောကတွင် ငါ့မာန ငါ့အတ္တ ငါ့သိက္ခာ ငါ့ရိက္ခာများ

ငါ ငါ ငါ ဟူသည့် အတ္တမီးများ ကြီးစိုးလာသောအခါ

” ငါ ” သာမက “ငါနှင့်စပ်ဆိုင်သမျှ အရာအားလုံး”ကို အကြိမ်ကြိမ် ပြာကျစေနိုင်သည်ကိုတော့ ဧကရီ အပါအဝင် မိန်းမသား များအားလုံး သိစေချင်လွန်းလှသည်တော့အမှန်——–

********************************************

ခုချိန်ဆို ကောင်မလေးကတော့ ပြုံးချင်ပြုံးနေမယ်

ကောင်လေးခမျာတော့ ဆေးကုသခံနေရတုန်း—–

မှတ်ချက်။ ။ဤဖြစ်ရပ်သည် နယ်မြို့လေးတစ်မြို့တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်ဖြစ်ပါသည် ်သင်ခန်းစာ ယူနိုင်ဖို့တင်ပြပေးခြင်းဖြစ်ပါ၏

(ကောင်လေးပုံကို ကာယကံရှင်ထံမှ ခွင့်ပြုချက်ရယူ၍ ကိုယ်တိုင် ကြည်ဖြူစွာခွင့်ပြု၍ တင်ထားခြင်း ဖြစ်ပြီး ကောင်မလေး ပုံကတော့ ကျင့်ဝတ်(Ethic)အရ ပုံလွှဲထားပါကြောင်း)

(ပထမဆုရ ဝတ္ထုတိုလည်းဖြစ်၏)

ဦးနှောက်ဖြင့်နာယူ၍ နှလုံးသားဖြင့် ခံစားကြပါကုန်

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသွေးငယ်(ရာမညမြေ)Soe Thura
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top