iMyanmarHouse.com - Best Property Website for Myanmar
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္ေလာက္က ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ပါေလာင္းေက်းရြာ၊ မိုင္တိုင္အမွတ္(၁၁/၂-၃)ၾကား လမ္းရဲ႕အေနာက္ဘက္ ေပ (၁၀၀)ေလာက္အကြာ လွ်ိဳျမာင္တစ္ခုထဲမွာ မီးရိႈ႕ထားတဲ့အေလာင္းတစ္ေလာင္းကုိ ေတြ႕ရွိခဲ့ရတယ္လုိ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေဒါတျခားေက်းရြာေန ဖေရရယ္(၃၃)ႏွစ္က ေတာထဲကုိ ထင္းခုတ္ဖို႔ သြားေရာက္တုန္းမွာ အေလာင္းတစ္ေလာင္းကုိ မီးရိႈ႕ထားတာကုိေတြ႕ရလို႔ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းကုိ အေၾကာင္းၾကားခဲ့တယ္လုိ႔ ဆုိပါတယ္။

ေဖေဖာ္ဝါရီလ ၁၈ ရက္ေန မနက္ ၈ နာရီအခ်ိန္မွာ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းမွဴးဦးစီးတဲ့ တပ္ဖြဲ႕ဝင္ေတြက လြိဳင္ေကာ္ၿမိဳ႕ရွိ KNPP ဆက္ဆံေရး႐ုံး၊ သက္ဆိုင္ရာ နယ္ေျမခံတပ္တို႔နဲ႔ ညႇိႏွိုင္းၿပီး အခင္းျဖစ္ေနရာကို သြားေရာက္စစ္ေဆးၿပီး အေလာင္းကုိ လြိဳင္ေကာ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံကုိ ပို႔အပ္စစ္ေဆးရာမွာ ေသဆုံးသူက အမ်ိဳးသမီး(၁)ဦးျဖစ္တယ္လုိ႔ ဆိုပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သတ္ျဖတ္သူတရားခံကိုဖမ္းဆီးရမိဖု႔ိအတြက္ စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနၿပီး လြိဳင္ေကာ္ၿမိဳ႕မ ရဲစခန္းက(ပ)၂၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၀၁ နဲ႔ အမႈဖြင့္ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ဖြင့်ဖတ်ရန် #
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်လောက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာ၊ မိုင်တိုင်အမှတ်(၁၁/၂-၃)ကြား လမ်းရဲ့အနောက်ဘက် ပေ (၁၀၀)လောက်အကွာ လျှိုမြာင်တစ်ခုထဲမှာ မီးရှို့ထားတဲ့အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်၊ ဒေါတခြားကျေးရွာနေ ဖရေရယ်(၃၃)နှစ်က တောထဲကို ထင်းခုတ်ဖို့ သွားရောက်တုန်းမှာ အလောင်းတစ်လောင်းကို မီးရှို့ထားတာကိုတွေ့ရလို့ လွိုင်ကော်မြို့မရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ မနက် ၈ နာရီအချိန်မှာ လွိုင်ကော်မြို့မရဲစခန်းမှူးဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေက လွိုင်ကော်မြို့ရှိ KNPP ဆက်ဆံရေးရုံး၊ သက်ဆိုင်ရာ နယ်မြေခံတပ်တို့နဲ့ ညှိနှိုင်းပြီး အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးပြီး အလောင်းကို လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကို ပို့အပ်စစ်ဆေးရာမှာ သေဆုံးသူက အမျိုးသမီး(၁)ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတ်ဖြတ်သူတရားခံကိုဖမ်းဆီးရမိဖု့ိအတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး လွိုင်ကော်မြို့မ ရဲစခန်းက(ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top