ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အစားအေသာက္မ်ား ခ်က္ျပဳတ္ရာမွာ အရသာပိုမိုထူးကဲေကာင္းမြန္ေစဖို႔အတြက္ နႏြင္းမႈန္႔ကို အသံုးျပဳရပါတယ္။ နႏြင္းမႈန္႔က က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ ဓာတ္ပစၥည္းမ်ား ပါဝင္တဲ့အတြက္ အိမ္ရွင္မတိုင္းရဲ႕ လက္စြဲပါပဲ။ ဒါ့အျပင္ နႏြင္းမႈန္႔က အသားအေရလွပဖို႔အတြက္ လည္း ကုသေပးႏုိင္တာကို ေတြ႔ရပါတယ္။

(၁) တင္းတိတ္ႏွင့္ အမာရြတ္ေဟာင္းမ်ားေပ်ာက္ကင္းေစပါတယ္

မ်က္ႏွာျပင္ေပၚက တင္းတိတ္မ်ားနဲ႔ ဝက္ၿခံအမာရြတ္ေဟာင္းမ်ား သက္သာေပ်ာက္ကင္းေစဖို႔ ဆိုရင္ နႏြင္းမႈန္႕က ကူညီေပးႏုိင္ပါတယ္။ နႏြင္းမႈန္႔၊ ပ်ားရည္နဲ႔ သံပုရာရည္တုိ႔ကို ဆတူေရာစပ္ၿပီး မ်က္ႏွာအႏွံ႔သုတ္လိမ္းေပးပါ။ ၁၅မိနစ္ေလာက္ထားၿပီး ေရေႏြးနဲ႔ မ်က္ႏွာသစ္ေပးပါ။ ၿပီးရင္ေတာ့ Moisturizer လိမ္းေပးဖို႔ မေမ့ပါနဲ႔။

(၂) သြားမ်ားျဖဴေဖြးေစပါတယ္

နႏြင္းမႈန္႔က သဘာဝသြားျဖဴေဆးလို႔ ေျပာလို႔ရပါတယ္။ နႏြင္းမႈန္႔စစ္စစ္နဲ႔ ၃မိနစ္ေလာက္ သြားေပၚ ပြတ္တိုက္ေပးမယ္ဆုိရင္ သြားမ်ား ျဖဴေဖြးလာရံုသာမက ခံတြင္းနံ႔နံျခင္းအတြက္လည္း သက္သာေပ်ာက္ကင္းေစပါတယ္။

(၃) ေဗာက္ႏွင့္ ဦးေရျပားမႈိေရာဂါမ်ား ရွင္းထုတ္ေပးႏုိင္ပါတယ္

ဦးေရျပားမိႈေရာဂါမ်ားကို အရွင္းေပ်ာက္ကင္းဖို႔အတြက္ဆိုရင္ နႏြင္းမႈန္႔ကို သတိရလိုက္ပါ။ ဒီနည္းလမ္းကို အိႏၵိယႏုိင္ငံမွာ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက အသံုးျပဳလာတဲ့ သဘာဝ နည္းလမ္းေကာင္း ေလးပါပဲ။ နႏြင္းမႈန္႔ ဇြန္းတစ္ဝက္ေလာက္ကို အုန္းဆီ ဒါမွမဟုတ္ သံလြင္ဆီနဲ႔ ေရာစပ္ၿပီး ေခါင္းမေလွ်ာ္ခင္ နာရီဝက္ေလာက္အလိုမွာ လိမ္းထားလိုက္ရံုပါပဲ။

(၄) ဝက္ၿခံမ်ားကိုသက္သာေစပါတယ္

နႏြင္းမႈန္႔က မ်က္ႏွာျပင္ေပၚက ဝက္ၿခံ၊ ဆားဝက္ၿခံမ်ားကို သက္သာေစႏုိင္တဲ့ အစြမ္းသတၱိမ်ားစြာ ပါဝင္ပါတယ္။ ဝက္ၿခံျဖစ္ေပၚေစတဲ့ ဘတ္တီးရီးယားပိုးမႊားမ်ားကို ေသေစႏုိင္ပါတယ္။ နႏြင္းမႈန္႔ တစ္ဇြန္းကို ပ်ားရည္နဲ႔ေရာစပ္ၿပီး ဝက္ၿခံရွိတဲ့ ေနရာေပၚ သုတ္လိမ္းေပးပါ။ မိနစ္အနည္းငယ္ ေလာက္ ထားၿပီး ေရနဲ႔ ေဆးေၾကာသန္႔စင္လိုက္ပါ။ လြယ္ကူရိုးရွင္းတဲ့ သဘာဝ နည္းလမ္းေကာင္း ေလးပါပဲ ေနာ္။

(၅) မ်က္ကြင္းညိဳျခင္း

အသက္အရြယ္အရ မ်က္ကြင္းညိဳျခင္းအျပင္ ညဘက္ ေကာင္းမြန္စြာ မအိပ္စက္ႏုိင္လို႔ မ်က္ကြင္း ညိဳေနတယ္ ဆုိရင္ နႏြင္းမႈန္႔ကို အသံုးျပဳလိုက္ပါ။ နႏြင္းမႈန္႔ကို ရွားေစာင္းလက္ပတ္ဂ်ယ္လ္နဲ႔ ေရာစပ္ၿပီး မ်က္ကြင္းတစ္ဝုိက္ သုတ္လိမ္းေပးမယ္ဆိုရင္ မ်က္ကြင္းညိဳတာ သက္သာေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #

အစားအသောက်များ ချက်ပြုတ်ရာမှာ အရသာပိုမိုထူးကဲကောင်းမွန်စေဖို့အတွက် နနွင်းမှုန့်ကို အသုံးပြုရပါတယ်။ နနွင်းမှုန့်က ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်းများ ပါဝင်တဲ့အတွက် အိမ်ရှင်မတိုင်းရဲ့ လက်စွဲပါပဲ။ ဒါ့အပြင် နနွင်းမှုန့်က အသားအရေလှပဖို့အတွက် လည်း ကုသပေးနိုင်တာကို တွေ့ရပါတယ်။

(၁) တင်းတိတ်နှင့် အမာရွတ်ဟောင်းများပျောက်ကင်းစေပါတယ်

မျက်နှာပြင်ပေါ်က တင်းတိတ်များနဲ့ ဝက်ခြံအမာရွတ်ဟောင်းများ သက်သာပျောက်ကင်းစေဖို့ ဆိုရင် နနွင်းမှုန့်က ကူညီပေးနိုင်ပါတယ်။ နနွင်းမှုန့်၊ ပျားရည်နဲ့ သံပုရာရည်တို့ကို ဆတူရောစပ်ပြီး မျက်နှာအနှံ့သုတ်လိမ်းပေးပါ။ ၁၅မိနစ်လောက်ထားပြီး ရေနွေးနဲ့ မျက်နှာသစ်ပေးပါ။ ပြီးရင်တော့ Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။

(၂) သွားများဖြူဖွေးစေပါတယ်

နနွင်းမှုန့်က သဘာဝသွားဖြူဆေးလို့ ပြောလို့ရပါတယ်။ နနွင်းမှုန့်စစ်စစ်နဲ့ ၃မိနစ်လောက် သွားပေါ် ပွတ်တိုက်ပေးမယ်ဆိုရင် သွားများ ဖြူဖွေးလာရုံသာမက ခံတွင်းနံ့နံခြင်းအတွက်လည်း သက်သာပျောက်ကင်းစေပါတယ်။

(၃) ဗောက်နှင့် ဦးရေပြားမှိုရောဂါများ ရှင်းထုတ်ပေးနိုင်ပါတယ်

ဦးရေပြားမှိုရောဂါများကို အရှင်းပျောက်ကင်းဖို့အတွက်ဆိုရင် နနွင်းမှုန့်ကို သတိရလိုက်ပါ။ ဒီနည်းလမ်းကို အိန္ဒိယနိုင်ငံမှာ ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာတဲ့ သဘာဝ နည်းလမ်းကောင်း လေးပါပဲ။ နနွင်းမှုန့် ဇွန်းတစ်ဝက်လောက်ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီနဲ့ ရောစပ်ပြီး ခေါင်းမလျှော်ခင် နာရီဝက်လောက်အလိုမှာ လိမ်းထားလိုက်ရုံပါပဲ။

(၄) ဝက်ခြံများကိုသက်သာစေပါတယ်

နနွင်းမှုန့်က မျက်နှာပြင်ပေါ်က ဝက်ခြံ၊ ဆားဝက်ခြံများကို သက်သာစေနိုင်တဲ့ အစွမ်းသတ္တိများစွာ ပါဝင်ပါတယ်။ ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ပါတယ်။ နနွင်းမှုန့် တစ်ဇွန်းကို ပျားရည်နဲ့ရောစပ်ပြီး ဝက်ခြံရှိတဲ့ နေရာပေါ် သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ် လောက် ထားပြီး ရေနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ လွယ်ကူရိုးရှင်းတဲ့ သဘာဝ နည်းလမ်းကောင်း လေးပါပဲ နော်။

(၅) မျက်ကွင်းညိုခြင်း

အသက်အရွယ်အရ မျက်ကွင်းညိုခြင်းအပြင် ညဘက် ကောင်းမွန်စွာ မအိပ်စက်နိုင်လို့ မျက်ကွင်း ညိုနေတယ် ဆိုရင် နနွင်းမှုန့်ကို အသုံးပြုလိုက်ပါ။ နနွင်းမှုန့်ကို ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ ရောစပ်ပြီး မျက်ကွင်းတစ်ဝိုက် သုတ်လိမ်းပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top