ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ယခုတေလာ သက္ငယ္မုဒိမ္းမႈေတြ ခပ္စိပ္စိပ္ ေတြ႔လာရတယ္။ မုဒိမ္းက်င့္ခံရသူ မိန္းကေလးမ်ားကလည္း ငယ္ရြယ္ေသာကေလးမ်ား ျဖစ္လာၾကသလို အသက္ပါ ဆံုး႐ႈံးရတာ ေတ႔ြရွိလာပါတယ္။ ဒါေၾကာင့္ သက္ငယ္မုဒိမ္းမႈေတြကို ေသဒဏ္ေပးဖို႔ ေတာင္းဆိုလာၾကသူေတြ ေပၚထြက္လာပါတယ္။ ယေန႔ လူမႈစာမ်က္ႏွာမ်ား၊ မီဒီယာ နည္းပညာမ်ား ဖြံ႔ၿဖိဳးတိုးတက္လာၿပီးေနာက္ပိုင္း သတင္းေတြက အခ်ိန္နဲ႔တေျပးညီ သိရွိလာၾကၿပီး သက္ငယ္မုဒိမ္းျဖစ္ပြားမႈ သတင္းကလည္း ထိပ္တန္းသတင္းတခု ျဖစ္လာပါတယ္။ သက္ငယ္မုဒိမ္းမႈမ်ားက ယခင္က မရွိခဲ့ဘူးလား။ ရွိပါတယ္။ စစ္အစိုးရလက္ထက္တုန္းက မႈခင္းသတင္းဆို ျပည္ထဲေရးဝန္ထမ္းေဟာင္းေတြ ဦးစီးထုတ္ေဝတဲ့ မႈခင္းဂ်ာနယ္ကို အဓိကထား ဖတ္ရပါတယ္။ ဒါေပမယ့္ သက္ငယ္မုဒိမ္းလို အမႈမ်ဳိးကိုေတာ့ ေဖာ္ျပျခင္းမရွိပါဘူး။ သက္ငယ္မုဒိမ္းမႈကေတာ့ ႏွစ္စဥ္ ေဒသအလိုက္ေတာ့ ရွိေနၾကပါတယ္။

က်ေနာ့္ၿမိဳ႕ေလးမွာလည္း လြန္ခဲ့ေသာငါးႏွစ္က သက္ငယ္မုဒိမ္းမႈ ျဖစ္ပြားခဲ့တယ္။ နယ္ဘက္ၿမိဳ႕ေတြက မီးရထားခံုးတံခါးပိတ္တဲ့အခ်ိန္ အေဝးေျပးကားေတြကို ပန္းေရာင္းၿပီး စားဝတ္ေနေရး ေျဖရွင္းေနတဲ့ မိသားစုေတြ ရွိပါတယ္။ မိန္းကေလးအမ်ားစုျဖစ္ၿပီး ကေလးအရြယ္ကေန အပ်ိဳျဖန္းအရြယ္အထိ ပါၾကတယ္။

တေန႔ အသက္ ၉ ႏွစ္ မူလတန္း ေက်ာင္းသူအရြယ္ေလးကို ရထားခံုးတံခါးေစာင့္တဲ႔ မီးရထားဝန္ထမ္းက မုဒိမ္းက်င့္လိုက္လို႔ အခု ေဆး႐ုံေရာက္ေနတယ္လို႔ သတင္းၾကားပါတယ္။ ေနာက္တေန႔ သူတို႔ေနထိုင္တဲ့ က်ဴးေက်ာ္ရပ္ကြက္တခုကို သြားခဲ့ပါတယ္။ ရပ္ကြက္ရဲ႕အစြန္ လယ္ကြင္းေတြနားအေရာက္မွာ ဝါးတိုင္ေထာင္၊ ထရံကာ၊ ေတာင္ထန္းမိုး ေျမစိုက္အိမ္ေလးကို က်ေနာ္ ေရာက္သြားခ်ိန္မွာေတာ့ အသက္ ၄၀ ဝန္းက်င္ အမ်ဳိးသမီးေဘးမွ ကေလးငါးေယာက္ ဝိုင္းေနပါတယ္။ မုဒိမ္းက်င့္ခံရတဲ့ ကေလးရဲ႕ အေမပါ။

ဒါနဲ႔ က်ေနာ္ အက်ဳိးအေၾကာင္းေမးျမန္းေတာ့ ညေနဘက္ ပန္းသြားေရာင္းရင္း အသက္ ၂၀ အရြယ္ မီးရထား ခံုးတံခါးေစာင့္ဝန္ထမ္းက ညမိုးခ်ဳပ္စမွာ အနီးနားက ကုကၠိဳပင္ေအာက္ေခၚသြားၿပီး မုဒိမ္းက်င့္ခဲ့တယ္လို႔ ေျပာပါတယ္။ ကေလးက အိမ္ျပန္ေရာက္ေတာ့ အိမ္သာတန္းသြားတယ္။ ၾကာေနလို႔ အေမျဖစ္သူက ဘာျဖစ္ေနလဲ လိုက္သြားၾကည့္ေတာ့ ေသြးေတြက်ေနတာကို ကေလးမေလးက ေရနဲ႔ေဆးေနရာကေန ေသြးကမတိတ္ေတာ့ အေမက သိသြားၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကို တိုင္ၾကားခဲ့တယ္။ ျပစ္မႈက်ဴးလြန္သူ တရားခံကုိ ညတြင္းခ်င္းဖမ္းၿပီး ကေလးမေလးကို ေဆး႐ုံတင္လိုက္ရပါတယ္။

ေနာက္ဆံုး ကေလးအေမ ေျပာလိုက္တဲ့ တခြန္းေၾကာင့္ က်ေနာ္ အေတာ္ စိတ္မေကာင္းျဖစ္သြားတယ္။ သူ႔အထက္ ၂ ႏွစ္ေလာက္ႀကီးတဲ့ အမလည္း ဒီျဖစ္စဥ္မတိုင္ခင္ လြန္ခဲ့တဲ့ ၃ ႏွစ္္္က ျဖစ္ခဲ့ေသးတယ္လို႔ ဆက္ေျပာတယ္။ အဲဒိတုန္းကေတာ့ ခရီးသြားဟန္လြဲ အသက္ ၆၀ ေက်ာ္ လူႀကီးတဦးက အိမ္မွာ ကေလးမတေယက္တည္း ရွိခ်ိန္မွာ အိမ္ေပၚတက္ မုဒိမ္းက်င့္ခဲ့ပါတယ္။ ဒါကို ပတ္ဝန္းက်င္ျပည္သူမ်ားက ဝိုင္းဖမ္းလုိ႔ အဘုိးႀကီးကေတာ့ ေထာင္ ၇ ႏွစ္ က်သြားၿပီလို႔ သိရတယ္။

ဒီျဖစ္ရပ္ရဲ႕ အေျခခံ ေလ့လာစမ္းစစ္ၾကည့္ရင္ ဆင္းရဲတဲ့မိသားစု ျဖစ္ေနတယ္။ တဖက္ ကာမဘီလူးက မုန္႔/ေငြေၾကးေပး၍ စည္း႐ုံးႏုိင္ပါတယ္။ ေနာက္ မိဘမ်ားကလည္း ႀကံဳရာက်ပန္းလုပ္ကိုင္၊ ေန႔စဥ္ အိမ္မွာမရွိၾကသလို ကေလးေတြအမ်ားႀကီး ေမြးထားၾကေတာ့ ကိုယ့္သားသမီးအားလံုးကို လိုက္လံ မၾကည့္႐ႈ မေစာင့္ေရွာက္ႏုိင္ၾကဘူး ျဖစ္ေနပါတယ္။

ျမန္မာႏုိင္ငံမွာက အသက္ ၁၆ ႏွစ္ေအာက္ မုဒိမ္းမႈေတြကို ခ႐ုိင္တရား႐ုံးမွာပဲ စတင္ စစ္ေဆးပါတယ္။ ရာဇသတ္ႀကီးမွာ မုဒိမ္းမႈပုဒ္မ ၃၇၆ ျပစ္မႈေျမာက္ရင္ တသတ္တကၽြန္းျဖစ္ေစ ေထာင္ဒဏ္ခ်မွတ္ႏုိင္ေသာ္လည္း လက္ေတြ႔ အျပင္မွာ အမိန္႔ခ်တဲ့အခါ ျပစ္ဒဏ္က အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ႏွစ္ ၂၀ ထက္ မပိုပါဘူး။ ၂၀၁၁ ခုႏွစ္တုန္းက ဂ်ပန္ႏုိင္ငံမွာ သက္ငယ္မုဒိမ္းက်ဴးလြန္သူကုိ ေထာင္ဒဏ္ႏွစ္ ၃၀ အထိ ျပစ္ဒဏ္ေပးခဲ့ပါတယ္။ အိမ္နီးနားျခင္း ထိုင္းမွာေတာ့ ေထာင္ဒဏ္ အႏွစ္ ၂၀ ကေန တသက္တကၽြန္းအထိ ျပစ္ဒဏ္ေပးပါတယ္။

သက္ငယ္မုဒိမ္းမႈကို အျပင္းထန္ဆံုး ျပစ္ဒဏ္ေပးတာကေတာ့ အေရွ႕အလယ္ပိုင္း မြတ္ဆလင္ႏုိင္ငံေတြပါပဲ။ ေထာင္ဒဏ္ထက္ လူျမင္ကြင္းမွာ ေသဒဏ္ေပးၾကတဲ့အျပင္ ပါကစၥတန္နဲ႔ အာဖဂန္ႏုိင္ငံမ်ားရဲ႕ ေသဒဏ္ေပးတာက အျပင္းထန္ဆံုး ေၾကာက္ရြံ႕စရာေကာင္းေလာက္ေအာင္ အျပစ္ေပးတာပါ။ သူတို႔ရဲ႕ အစၥလာမ္သာသနာမွာလည္း ဒီလိုျပႆနာအတြက္ တခါတည္း ေသဒဏ္ေပးပါလို႔ ပါရွိသလို လူ႔အဖြဲ႔အစည္းမွာ သိပ္ရွက္စရာေကာင္းတဲ့ ျပစ္မႈ၊ မိသားစု မ်ဳိး႐ုိးနာမည္ပ်က္တယ္လို႔ အေရွ႕အလယ္ပိုင္းႏုိင္ငံမ်ားက အေၾကာင္းျပ ေျပာဆိုၾကပါတယ္။

ဥေရာပႏုိင္ငံမ်ားကေတာ့ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေလာက္ကစၿပီး ေထာင္ဒဏ္ႏွစ္ရွည္မ်ားသာ ေပးၾကၿပီး လူ႔အခြင့္အေရး အေလးထား ေဆာင္ရြက္လာၾကပါတယ္။ ျပစ္မႈ ျပစ္ဒဏ္ေတြကေတာ့ တႏုိင္ငံနဲ႔တႏုိင္ငံ မတူၾကေပမယ့္ ကမ႓ာအႏွံ႔ ႏုိင္ငံမ်ားကေတာ့ သက္ငယ္မုဒိမ္းကို ႏွစ္ရွည္ေထာင္ဒဏ္မ်ား ေပးၾကပါတယ္။

အသက္ကန္႔သတ္တဲ့ ေနရာမွာလည္း သက္ငယ္မုဒိမ္းက ႏုိင္ငံအလိုက္ မတူျပန္ပါဘူး။ အေရွ႕အလယ္ပိုင္းက ၁၄ ႏွစ္ေအာက္။ အာရွႏုိင္ငံမ်ားနဲ႔ ျမန္မာႏိုင္ငံက ၁၆ ႏွစ္ေအာက္ကို သက္ငယ္အျဖစ္ သတ္မွတ္ၾကပါတယ္။ ျပည္ထဲေရးဌာနရဲ႕ ၂၀၁၇ ႏွစ္အတြင္း ျပည္နယ္ႏွင့္တိုင္း သက္ငယ္မုဒိမ္း ျဖစ္ပြားမႈက (၈၉၇) မႈအထိရွိၿပီး ၂၀၁၆ ခုႏွစ္ထက္ (၂၂၆) မႈ ပိုလာပါတယ္။ ရန္ကုန္တိုင္းက သက္ငယ္မုဒိမ္း ၁၉၂ မႈရွိတဲ့အတြက္ အမ်ားဆံုးျဖစ္ပြားမႈ တိုင္းေဒသႀကီးတခု ျဖစ္ပါတယ္။ ၁၆ ႏွစ္အထက္ မုဒိမ္းမႈက (၇၈) မႈသာရွိတဲ့အတြက္ သက္ငယ္မုဒိမ္းမႈက ပိုမ်ားေနပါတယ္။ ထိုနည္းတူ ဒုတိယအမ်ားဆံုး တိုင္းေဒသႀကီးက ဧရာဝတီတိုင္း ျဖစ္ပါတယ္။ သက္ငယ္မုဒိမ္း (၁၅၆) မႈရွိၿပီး ၁၆ ႏွစ္အထက္ မုဒိမ္းမႈထက္ (၆၉) မႈ ပိုျဖစ္ပြားေနပါတယ္။ ခ်င္းျပည္နယ္ႏွင့္ ကယားျပည္နယ္က ၅ မႈထက္မေက်ာ္တဲ့အတြက္ တိုင္းနဲ႔ျပည္နယ္မွာ အနည္းဆံုး ျပည္နယ္ေတြ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံက ၂၀၁၆ စစ္တမ္းမ်ားအရ လူတသိန္းမွာ ၀ ဒသမ ၅ ရာခိုင္ႏႈန္းသာ ျဖစ္တဲ့အတြက္ သက္ငယ္မုဒိမ္းျဖစ္ပြားမႈ ကမၻာ့အနည္းဆံုးႏုိင္ငံထဲမွာ ပါပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ဆီမွာျဖစ္တဲ့ သက္ငယ္မုဒိမ္းမႈ ေဆြမ်ဳိးနီးစပ္မ်ားနဲ႔ ဖခင္ျဖစ္သူမ်ားပါ က်ဴးလြန္လာၾကေတာ့ အင္မတန္မွကို စက္ဆုပ္ရြံရွာစရာ ေကာင္းလွတယ္။ ေနာက္ဆံုး အေၾကာင္းျပကေတာ့ အရက္မူးလို႔ေပါ့။ ဒါေပမယ့္ တႀကိမ္တခါမက က်ဴးလြန္ခံေနရသူ ကေလးသူငယ္မ်ားအမႈကို ၾကည့္လိုက္ရင္ ဖခင္ျဖစ္သူက အတင္းအဓမၼ ႀကိမ္ဖန္မ်ားစြာ က်ဴးလြန္ၾကတာ မ်ားပါတယ္။ အရက္မူးလို႔ဆိုတာ မျဖစ္ႏုိင္ေတာ့ပါဘူး။ ကာမရာဂဘီလူး ဆန္လာၾကတာပါ။

က်ေနာ္တို႔ ခပ္ငယ္ငယ္က စစ္ေတာင္းျမစ္ကမ္းေဘးက ရြာေလးတရြာမွာ ဖခင္ျဖစ္သူက သမီးျဖစ္သူကုိ အရက္မူးၿပီး က်ဴးလြန္ခဲ့ရာ ေနာက္ဆံုး ဗိုက္ေပၚလာမွပဲ မိခင္ျဖစ္သူက ရိပ္မိလာပါတယ္။ ဒါေပမယ့္ တိုင္တန္းမႈမရွိ၊ ဖံုးကြယ္မႈေတြနဲ႔ပဲ ကေလးေမြးခဲ့ရတယ္။ ေနာက္တမ်ဳိးက အေမျဖစ္သူရဲ႕ ေနာက္အိမ္ေထာင္ေတြေၾကာင့္လည္း တျဖည္းျဖည္း အျဖစ္မ်ားလာတယ္။ ဒါကိုလည္း အေမျဖစ္သူတခ်ဳိ႕က ဖံုးကြယ္ထားျပန္ေတာ့ ဒီလို လိင္ပိုင္းဆုိင္ရာ က်ဴးလြန္မႈမ်ဳိးကို အားေပးအားေျမႇာက္ျပဳသူပါ အေရးယူရမလုိ ျဖစ္ေနပါတယ္။

က်ဴးလြန္ခံေနရတာေတြကို တိုင္တန္းမႈေတြမရွိ။ ဖံုးကြယ္မႈေတြ ရွိေနရင္ေတာ့ ဒီလို အမႈျပႆနာမ်ားက ရွိေနဦးမွာပါ။ သက္ငယ္လို႔ ေျပာတဲ့အခါ မိန္းကေလးမ်ားသာ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံေနရတယ္လို႔ မထင္လိုက္ပါနဲ႔။ အမ်ိဳးသမီးမ်ား လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရလို႔ ကေလးေမြးတာကအစ ကူညီေပးေနတဲ့ ပရဟိလုပ္ေဆာင္ေနသူမ်ား ေျပာျပခ်က္အရ ေယာက္်ားေလးေတြပါ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံေနရပါတယ္။ တိုင္းေဒသႀကီးတခုမွာ ပရဟိတေဂဟာ ဖြင့္ထားတဲ့ ဦးေဆာင္သူနဲ႔ စာသင္ၾကားေပးသူ ဆရာအခ်ိဳ႕က ေဂး (Gay) ေတြ ျဖစ္ေနၾကၿပီး အဲဒီေဂဟာက အရြယ္မေရာက္ေသးသူ ေယာက္်ားေလးမ်ားအား လိင္ပိုင္းဆုိင္ရာ ဆက္ဆံက်ဴးလြန္မႈေတြ ရွိေနေၾကာင္း သတင္းေတြ ထြက္ေနပါတယ္တဲ့။ ကဲ ေကာင္းၾကေသးရဲ႕လား။ ဒီကေလးေတြက စိတ္ပိုင္းဆိုင္ရာ ေဝဒနာေတြ ခံစားမႈေတြ ရွိလာႏုိင္ၿပီး ေရာဂါကူးစက္မႈ ေနာက္ဆက္တြဲေတြ ရွိလာႏုိင္ပါတယ္။

က်ေနာ္နဲ႔ ဆရာ ဒကာလို ျဖစ္ေနတဲ့ ဦးဇင္းတပါးကေတာ့။ ခင္ဗ်ားတို႔လည္း ေသြးသားနဲ႔။ က်ဳပ္တို႔လည္း ေသြးသားနဲ႔ေလ။ လူဆို အဖို အမ အေနၾကာတာမ်ားရင္ က်ဳပ္တို႔လည္း အာမခံဘူး။ ဒါေၾကာင့္ ပရဟိတလုပ္ကိုင္သူ ရဟန္းသူျမတ္အခ်ဳိ႕ကို တိုက္တြန္းခ်င္တာက ေက်ာင္းအိပ္ေက်ာင္းစား မိဘမဲ့ ကေလးေဂဟာေတြ မဖြင့္ေစခ်င္ဘူး။ ပညာေရးလိုအပ္ခ်က္အရ ဘ/က ေက်ာင္းေတြကေတာ့ ရွိေနဦးမယ္ေလလို႔ မိန္႔ၾကားခဲ့ဖူးပါတယ္။

ကေလးငယ္တေယာက္ဟာ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရၿပီဆို ျဖစ္ပြားမႈေပၚ မူတည္ၿပီးေတာ့ မိန္းကေလးျဖစ္ရင္ အပ်ိဳေဖာ္မဝင္ (puberty) မျဖစ္ခင္ secondary sex character လိင္အဂၤါဖြဲ႔စည္းပံုမ်ား မဖြံ႔ၿဖိဳးေသးတဲ့အတြက္ လိင္စိတ္မရွိ၊ အရည္တမ်ိဳး မထြက္တာေၾကာင့္ တႀကိမ္တခါသာ ပံုမွန္ဆက္ဆံမႈ ျပဳေပမယ့္ ပထမ အဂၤါမ်ား စုတ္ၿပဲပ်က္စီးမႈေတြ အရင္ျဖစ္ေပၚပါတယ္။ ဒုတိယ ကာမက်ဴးလြန္သူရဲ႕ ေရာဂါေတြပါလာရင္ ကူးစက္မယ္။ တတိယ ေယာက္်ားေတြကို ေၾကာက္လာမယ္။ စတုတၴ စိတ္ပိုင္းဆိုင္ရာ က်ဆင္းမႈ depression ေတြျဖစ္လာၿပီး ေက်ာင္းမတက္ခ်င္၊ လူၾကားထဲ သိပ္မသြားခ်င္ေတာ့ဘဲ ျဖစ္ပြားရာေနရာ သို႔မဟုတ္ ေမြးရပ္ေျမကို စြန္႔ခြာလာၾကသလို ကုိယ့္ကိုယ္ကိုယ္ သတ္ေသမႈ suicide ေတြ လုပ္လာၾကတယ္လို႔ ေဆးပညာ ေလ့လာစမ္းစစ္ခ်က္အရ သိရပါတယ္။

စစ္အစိုးရလက္ထက္ က်ေနာ့္အသိ ဂ်ပန္လူမ်ိုး ပရဟိတ အမ်ဳိးသမီးတေယာက္က ရန္ကုန္ ေထာက္ႀကံ့ဘက္မွာ မိဘမဲ့နဲ႔ ဆင္းရဲႏြမ္းပါးသူ ေထာက္ပံ့ေရး ေဂဟာေလးတခုကို ေထာက္ပံ့ဖူးပါတယ္။ ပတ္ဝန္းက်င္ရြာမ်ားနဲ႔ ဆင္းရဲႏြမ္းပါးသူ မိဘမ်ား အထူးအားထားစရာတခု ျဖစ္္လာပါတယ္။ ေလးႏွစ္ေလာက္ၾကာေတာ့ အဲဒီေဂဟာ ပိတ္သိမ္းပစ္ရပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီက ဦးေဆာင္ဆရာနဲ႔ အထက္တန္းေက်ာင္းသူေလးတို႔ ဗလက္ကာယ မုဒိမ္းက်င့္မႈ သတင္းေတြ ထြက္ေပၚလာၿပီး ျပႆနာ ေနာက္ဆက္တြဲေတြက ဒီေဂဟာကို တိုင္းရင္းသားေဒသမွ မိဘမဲ့ လာပို႔ထားသူ ကေလးေတြကို ဂ်ပန္အမ်ဳိးသမီးကပဲ သူ႔အသိ ခရစ္ယာန္ မိဘမဲ့ ေဂဟာႀကီးတခုကုိ သြားပို႔ေပးခဲ့ရပါတယ္။ ယေန႔အထိ တာဝန္ယူ ကူညီေပးေနရပါတယ္။ ဒီလို လူမသိ သူမသိ သက္ငယ္မုဒိမ္း လိင္က်ဴးလြန္သူေတြလည္း ရွိေနပါတယ္။ ဒါေတြကို ေဖာ္ထုတ္ရမွာ ျဖစ္သလို ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ လူကယ္ျပန္ဝန္ႀကီးဌာနတို႔က မိဘမဲ့ေဂဟာမ်ားကို ငါတို႔ မထိန္းသိမ္းရ ၿပီးစလြယ္ ပစ္မထားဘဲ လုိအပ္သလုိ စစ္ေဆးမႈမ်ား၊ စည္ကမ္းခ်က္မ်ား ေထာက္ပံ့မႈမ်ား လုပ္ကိုင္ေပးရမယ္လို႔ တိုက္တြန္းခ်င္ပါတယ္။

တရားစီရင္ေရးနဲ႔ ဥပေဒဘက္ကလည္း သက္ငယ္မုဒိမ္း က်ဴးလြန္သူမ်ားကို ျမန္မာႏုိင္ငံမွာ ဒိထက္မကေသာ တရားဥပေဒျပစ္ဒဏ္မ်ား ေပးဖို႔လိုလာပါၿပီ။ သက္ငယ္မုဒိမ္းက လူႀကီးကေန ကေလးကို က်ဴးလြန္ၾကသလို တခ်ိဳ႕နယ္ေတြမွာ အသက္ ၁၄ ႏွစ္ဝန္းက်င္ရွိတဲ့ ေယာက်္ားေလးက သူ႔ထက္ငယ္္ရြယ္သူကို မိန္းကေလးကို  ကေလးခ်င္း က်ဴးလြန္တာေတြလည္း ရွိပါတယ္။ အေကာင္းဆံုးကေတာ့ မိမိသားသမီးမ်ားကို အသက္ ၁၆ ႏွစ္ အနီးစပ္ဆံုး ဒႆမတန္းအထိ ဖုန္း၊ အင္တာနက္ကုိ အရမ္းကာေရာ ေပးမသံုးသင့္ပါ။ သက္ငယ္မုဒိမ္း က်ဴးလြန္မႈက လူႀကီး ကေလးပါ ရွိေနတဲ့အတြက္ တရားစီရင္ေရးအပိုင္းက ဥပေဒတရပ္ကို စနစ္တက် စစ္ေဆးမႈေတြနဲ႔ ေနာက္လူမ်ား ထပ္၍ မက်ဴးလြန္ႏုိင္ေအာင္ ျပစ္မႈျပစ္ဒဏ္မ်ားေပးမွ ျမန္မာႏုိင္ငံမွာ သက္ငယ္မုဒိမ္း က်ဆင္းလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ထို႔အတူ ျပည္ပႏုိင္ငံမ်ားမွာ ျပဳလုပ္သလို ကေလးေတြအမ်ားဆံုး သိမွတ္မိသူ အနုပညာရွင္မ်ားနဲ႔ လိင္ပိုင္းဆိုင္ရာ အသိပညာေပးေတြ က်ေနာ္တို႔ႏုိင္ငံမွာ ပို၍ လုပ္ေဆာင္သင့္ပါတယ္။ မူ၊ လယ္၊ ထက္ စာသင္ေက်ာင္းမ်ားမွာလည္း လိင္ပညာေပး လႈပ္ရွားမႈမ်ား၊ sex education မ်ား သင္ၾကားေပးျခင္းျဖင့္ အရြယ္မေရာက္ေသးသူ လိင္ပိုင္းဆုိင္ရာ ေႏွာင့္ယွက္က်ဴးလြန္မႈ အႏၲရာယ္မွ ကာကြယ္ေပးႏုိင္မယ္လို႔ ပညာေရးဝန္ႀကီးဌာနကို အႀကံုျပဳခ်င္ပါတယ္။ မိဘ ေဆြမ်ိဳး ေမာင္ႏွမမ်ားကလည္း ဆင္းရဲေနပါေစ၊ မိမိသားသမီး ညီ၊ ညီမငယ္မ်ားကို လက္လြတ္စပယ္ မလႊတ္ထားဘဲ ဝိုင္းဝန္းၾကည့္႐ႈေစခ်င္ပါတယ္။ မည္သည့္ဘာသာမွာၾကည့္ၾကည့္ ဒီကိစၥကို ရြံမုန္းၾကပါတယ္။

သို႔ပါ၍ လက္ရွိ ျပည္သူ႔အစိုးရႏွင့္ မိဘ၊ ျပည္သူ၊ ဆရာ၊ ဆရာမမ်ား၊ ပရဟိတအဖြဲ႔မ်ား အားလံုး ပူးေပါင္းဝိုင္းဝန္းမွသာ ၂၀၁၈ ခုႏွစ္မွစ သက္ငယ္မုဒိမ္းျဖစ္ပြားမႈ ေလ်ာ့က်လာႏိုင္မွာ ျဖစ္ပါတယ္။ ကမၻာ့ႏုိင္ငံ အသီးသီးႏွင့္ ျမန္မာျပည္မွ ကေလးသူငယ္မ်ားအားလံုး သက္ငယ္မုဒိမ္းဆိုတဲ့ အိပ္မက္ဆိုးႀကီးမွ ကင္းေဝးၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗိုလ္သူရိန္(DVB)

# Unicode Version ျဖင့္ ဖတ္ပါ #

ယခုတလော သက်ငယ်မုဒိမ်းမှုတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ မုဒိမ်းကျင့်ခံရသူ မိန်းကလေးများကလည်း ငယ်ရွယ်သောကလေးများ ဖြစ်လာကြသလို အသက်ပါ ဆုံးရှုံးရတာ တေ့ွရှိလာပါတယ်။ ဒါကြောင့် သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးဖို့ တောင်းဆိုလာကြသူတွေ ပေါ်ထွက်လာပါတယ်။ ယနေ့ လူမှုစာမျက်နှာများ၊ မီဒီယာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်ပိုင်း သတင်းတွေက အချိန်နဲ့တပြေးညီ သိရှိလာကြပြီး သက်ငယ်မုဒိမ်းဖြစ်ပွားမှု သတင်းကလည်း ထိပ်တန်းသတင်းတခု ဖြစ်လာပါတယ်။ သက်ငယ်မုဒိမ်းမှုများက ယခင်က မရှိခဲ့ဘူးလား။ ရှိပါတယ်။ စစ်အစိုးရလက်ထက်တုန်းက မှုခင်းသတင်းဆို ပြည်ထဲရေးဝန်ထမ်းဟောင်းတွေ ဦးစီးထုတ်ဝေတဲ့ မှုခင်းဂျာနယ်ကို အဓိကထား ဖတ်ရပါတယ်။ ဒါပေမယ့် သက်ငယ်မုဒိမ်းလို အမှုမျိုးကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ သက်ငယ်မုဒိမ်းမှုကတော့ နှစ်စဉ် ဒေသအလိုက်တော့ ရှိနေကြပါတယ်။

ကျနော့်မြို့လေးမှာလည်း လွန်ခဲ့သောငါးနှစ်က သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့တယ်။ နယ်ဘက်မြို့တွေက မီးရထားခုံးတံခါးပိတ်တဲ့အချိန် အဝေးပြေးကားတွေကို ပန်းရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေတဲ့ မိသားစုတွေ ရှိပါတယ်။ မိန်းကလေးအများစုဖြစ်ပြီး ကလေးအရွယ်ကနေ အပျိုဖြန်းအရွယ်အထိ ပါကြတယ်။

တနေ့ အသက် ၉ နှစ် မူလတန်း ကျောင်းသူအရွယ်လေးကို ရထားခုံးတံခါးစောင့်တဲ့ မီးရထားဝန်ထမ်းက မုဒိမ်းကျင့်လိုက်လို့ အခု ဆေးရုံရောက်နေတယ်လို့ သတင်းကြားပါတယ်။ နောက်တနေ့ သူတို့နေထိုင်တဲ့ ကျူးကျော်ရပ်ကွက်တခုကို သွားခဲ့ပါတယ်။ ရပ်ကွက်ရဲ့အစွန် လယ်ကွင်းတွေနားအရောက်မှာ ဝါးတိုင်ထောင်၊ ထရံကာ၊ တောင်ထန်းမိုး မြေစိုက်အိမ်လေးကို ကျနော် ရောက်သွားချိန်မှာတော့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးဘေးမှ ကလေးငါးယောက် ဝိုင်းနေပါတယ်။ မုဒိမ်းကျင့်ခံရတဲ့ ကလေးရဲ့ အမေပါ။

ဒါနဲ့ ကျနော် အကျိုးအကြောင်းမေးမြန်းတော့ ညနေဘက် ပန်းသွားရောင်းရင်း အသက် ၂၀ အရွယ် မီးရထား ခုံးတံခါးစောင့်ဝန်ထမ်းက ညမိုးချုပ်စမှာ အနီးနားက ကုက္ကိုပင်အောက်ခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တယ်လို့ ပြောပါတယ်။ ကလေးက အိမ်ပြန်ရောက်တော့ အိမ်သာတန်းသွားတယ်။ ကြာနေလို့ အမေဖြစ်သူက ဘာဖြစ်နေလဲ လိုက်သွားကြည့်တော့ သွေးတွေကျနေတာကို ကလေးမလေးက ရေနဲ့ဆေးနေရာကနေ သွေးကမတိတ်တော့ အမေက သိသွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့တယ်။ ပြစ်မှုကျူးလွန်သူ တရားခံကို ညတွင်းချင်းဖမ်းပြီး ကလေးမလေးကို ဆေးရုံတင်လိုက်ရပါတယ်။

နောက်ဆုံး ကလေးအမေ ပြောလိုက်တဲ့ တခွန်းကြောင့် ကျနော် အတော် စိတ်မကောင်းဖြစ်သွားတယ်။ သူ့အထက် ၂ နှစ်လောက်ကြီးတဲ့ အမလည်း ဒီဖြစ်စဉ်မတိုင်ခင် လွန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ခဲ့သေးတယ်လို့ ဆက်ပြောတယ်။ အဲဒိတုန်းကတော့ ခရီးသွားဟန်လွဲ အသက် ၆၀ ကျော် လူကြီးတဦးက အိမ်မှာ ကလေးမတယေက်တည်း ရှိချိန်မှာ အိမ်ပေါ်တက် မုဒိမ်းကျင့်ခဲ့ပါတယ်။ ဒါကို ပတ်ဝန်းကျင်ပြည်သူများက ဝိုင်းဖမ်းလို့ အဘိုးကြီးကတော့ ထောင် ၇ နှစ် ကျသွားပြီလို့ သိရတယ်။

ဒီဖြစ်ရပ်ရဲ့ အခြေခံ လေ့လာစမ်းစစ်ကြည့်ရင် ဆင်းရဲတဲ့မိသားစု ဖြစ်နေတယ်။ တဖက် ကာမဘီလူးက မုန့်/ငွေကြေးပေး၍ စည်းရုံးနိုင်ပါတယ်။ နောက် မိဘများကလည်း ကြုံရာကျပန်းလုပ်ကိုင်၊ နေ့စဉ် အိမ်မှာမရှိကြသလို ကလေးတွေအများကြီး မွေးထားကြတော့ ကိုယ့်သားသမီးအားလုံးကို လိုက်လံ မကြည့်ရှု မစောင့်ရှောက်နိုင်ကြဘူး ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာက အသက် ၁၆ နှစ်အောက် မုဒိမ်းမှုတွေကို ခရိုင်တရားရုံးမှာပဲ စတင် စစ်ဆေးပါတယ်။ ရာဇသတ်ကြီးမှာ မုဒိမ်းမှုပုဒ်မ ၃၇၆ ပြစ်မှုမြောက်ရင် တသတ်တကျွန်းဖြစ်စေ ထောင်ဒဏ်ချမှတ်နိုင်သော်လည်း လက်တွေ့ အပြင်မှာ အမိန့်ချတဲ့အခါ ပြစ်ဒဏ်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထက် မပိုပါဘူး။ ၂၀၁၁ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ သက်ငယ်မုဒိမ်းကျူးလွန်သူကို ထောင်ဒဏ်နှစ် ၃၀ အထိ ပြစ်ဒဏ်ပေးခဲ့ပါတယ်။ အိမ်နီးနားခြင်း ထိုင်းမှာတော့ ထောင်ဒဏ် အနှစ် ၂၀ ကနေ တသက်တကျွန်းအထိ ပြစ်ဒဏ်ပေးပါတယ်။

သက်ငယ်မုဒိမ်းမှုကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးတာကတော့ အရှေ့အလယ်ပိုင်း မွတ်ဆလင်နိုင်ငံတွေပါပဲ။ ထောင်ဒဏ်ထက် လူမြင်ကွင်းမှာ သေဒဏ်ပေးကြတဲ့အပြင် ပါကစ္စတန်နဲ့ အာဖဂန်နိုင်ငံများရဲ့ သေဒဏ်ပေးတာက အပြင်းထန်ဆုံး ကြောက်ရွံ့စရာကောင်းလောက်အောင် အပြစ်ပေးတာပါ။ သူတို့ရဲ့ အစ္စလာမ်သာသနာမှာလည်း ဒီလိုပြဿနာအတွက် တခါတည်း သေဒဏ်ပေးပါလို့ ပါရှိသလို လူ့အဖွဲ့အစည်းမှာ သိပ်ရှက်စရာကောင်းတဲ့ ပြစ်မှု၊ မိသားစု မျိုးရိုးနာမည်ပျက်တယ်လို့ အရှေ့အလယ်ပိုင်းနိုင်ငံများက အကြောင်းပြ ပြောဆိုကြပါတယ်။

ဥရောပနိုင်ငံများကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကစပြီး ထောင်ဒဏ်နှစ်ရှည်များသာ ပေးကြပြီး လူ့အခွင့်အရေး အလေးထား ဆောင်ရွက်လာကြပါတယ်။ ပြစ်မှု ပြစ်ဒဏ်တွေကတော့ တနိုင်ငံနဲ့တနိုင်ငံ မတူကြပေမယ့် ကမ္ဘာအနှံ့ နိုင်ငံများကတော့ သက်ငယ်မုဒိမ်းကို နှစ်ရှည်ထောင်ဒဏ်များ ပေးကြပါတယ်။

အသက်ကန့်သတ်တဲ့ နေရာမှာလည်း သက်ငယ်မုဒိမ်းက နိုင်ငံအလိုက် မတူပြန်ပါဘူး။ အရှေ့အလယ်ပိုင်းက ၁၄ နှစ်အောက်။ အာရှနိုင်ငံများနဲ့ မြန်မာနိုင်ငံက ၁၆ နှစ်အောက်ကို သက်ငယ်အဖြစ် သတ်မှတ်ကြပါတယ်။ ပြည်ထဲရေးဌာနရဲ့ ၂၀၁၇ နှစ်အတွင်း ပြည်နယ်နှင့်တိုင်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှုက (၈၉၇) မှုအထိရှိပြီး ၂၀၁၆ ခုနှစ်ထက် (၂၂၆) မှု ပိုလာပါတယ်။ ရန်ကုန်တိုင်းက သက်ငယ်မုဒိမ်း ၁၉၂ မှုရှိတဲ့အတွက် အများဆုံးဖြစ်ပွားမှု တိုင်းဒေသကြီးတခု ဖြစ်ပါတယ်။ ၁၆ နှစ်အထက် မုဒိမ်းမှုက (၇၈) မှုသာရှိတဲ့အတွက် သက်ငယ်မုဒိမ်းမှုက ပိုများနေပါတယ်။ ထိုနည်းတူ ဒုတိယအများဆုံး တိုင်းဒေသကြီးက ဧရာဝတီတိုင်း ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်း (၁၅၆) မှုရှိပြီး ၁၆ နှစ်အထက် မုဒိမ်းမှုထက် (၆၉) မှု ပိုဖြစ်ပွားနေပါတယ်။ ချင်းပြည်နယ်နှင့် ကယားပြည်နယ်က ၅ မှုထက်မကျော်တဲ့အတွက် တိုင်းနဲ့ပြည်နယ်မှာ အနည်းဆုံး ပြည်နယ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ၂၀၁၆ စစ်တမ်းများအရ လူတသိန်းမှာ ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ဖြစ်တဲ့အတွက် သက်ငယ်မုဒိမ်းဖြစ်ပွားမှု ကမ္ဘာ့အနည်းဆုံးနိုင်ငံထဲမှာ ပါပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာဖြစ်တဲ့ သက်ငယ်မုဒိမ်းမှု ဆွေမျိုးနီးစပ်များနဲ့ ဖခင်ဖြစ်သူများပါ ကျူးလွန်လာကြတော့ အင်မတန်မှကို စက်ဆုပ်ရွံရှာစရာ ကောင်းလှတယ်။ နောက်ဆုံး အကြောင်းပြကတော့ အရက်မူးလို့ပေါ့။ ဒါပေမယ့် တကြိမ်တခါမက ကျူးလွန်ခံနေရသူ ကလေးသူငယ်များအမှုကို ကြည့်လိုက်ရင် ဖခင်ဖြစ်သူက အတင်းအဓမ္မ ကြိမ်ဖန်များစွာ ကျူးလွန်ကြတာ များပါတယ်။ အရက်မူးလို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကာမရာဂဘီလူး ဆန်လာကြတာပါ။

ကျနော်တို့ ခပ်ငယ်ငယ်က စစ်တောင်းမြစ်ကမ်းဘေးက ရွာလေးတရွာမှာ ဖခင်ဖြစ်သူက သမီးဖြစ်သူကို အရက်မူးပြီး ကျူးလွန်ခဲ့ရာ နောက်ဆုံး ဗိုက်ပေါ်လာမှပဲ မိခင်ဖြစ်သူက ရိပ်မိလာပါတယ်။ ဒါပေမယ့် တိုင်တန်းမှုမရှိ၊ ဖုံးကွယ်မှုတွေနဲ့ပဲ ကလေးမွေးခဲ့ရတယ်။ နောက်တမျိုးက အမေဖြစ်သူရဲ့ နောက်အိမ်ထောင်တွေကြောင့်လည်း တဖြည်းဖြည်း အဖြစ်များလာတယ်။ ဒါကိုလည်း အမေဖြစ်သူတချို့က ဖုံးကွယ်ထားပြန်တော့ ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမျိုးကို အားပေးအားမြှောက်ပြုသူပါ အရေးယူရမလို ဖြစ်နေပါတယ်။

ကျူးလွန်ခံနေရတာတွေကို တိုင်တန်းမှုတွေမရှိ။ ဖုံးကွယ်မှုတွေ ရှိနေရင်တော့ ဒီလို အမှုပြဿနာများက ရှိနေဦးမှာပါ။ သက်ငယ်လို့ ပြောတဲ့အခါ မိန်းကလေးများသာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရတယ်လို့ မထင်လိုက်ပါနဲ့။ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရလို့ ကလေးမွေးတာကအစ ကူညီပေးနေတဲ့ ပရဟိလုပ်ဆောင်နေသူများ ပြောပြချက်အရ ယောက်ျားလေးတွေပါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရပါတယ်။ တိုင်းဒေသကြီးတခုမှာ ပရဟိတဂေဟာ ဖွင့်ထားတဲ့ ဦးဆောင်သူနဲ့ စာသင်ကြားပေးသူ ဆရာအချို့က ဂေး (Gay) တွေ ဖြစ်နေကြပြီး အဲဒီဂေဟာက အရွယ်မရောက်သေးသူ ယောက်ျားလေးများအား လိင်ပိုင်းဆိုင်ရာ ဆက်ဆံကျူးလွန်မှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်နေပါတယ်တဲ့။ ကဲ ကောင်းကြသေးရဲ့လား။ ဒီကလေးတွေက စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားမှုတွေ ရှိလာနိုင်ပြီး ရောဂါကူးစက်မှု နောက်ဆက်တွဲတွေ ရှိလာနိုင်ပါတယ်။

ကျနော်နဲ့ ဆရာ ဒကာလို ဖြစ်နေတဲ့ ဦးဇင်းတပါးကတော့။ ခင်ဗျားတို့လည်း သွေးသားနဲ့။ ကျုပ်တို့လည်း သွေးသားနဲ့လေ။ လူဆို အဖို အမ အနေကြာတာများရင် ကျုပ်တို့လည်း အာမခံဘူး။ ဒါကြောင့် ပရဟိတလုပ်ကိုင်သူ ရဟန်းသူမြတ်အချို့ကို တိုက်တွန်းချင်တာက ကျောင်းအိပ်ကျောင်းစား မိဘမဲ့ ကလေးဂေဟာတွေ မဖွင့်စေချင်ဘူး။ ပညာရေးလိုအပ်ချက်အရ ဘ/က ကျောင်းတွေကတော့ ရှိနေဦးမယ်လေလို့ မိန့်ကြားခဲ့ဖူးပါတယ်။

ကလေးငယ်တယောက်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရပြီဆို ဖြစ်ပွားမှုပေါ် မူတည်ပြီးတော့ မိန်းကလေးဖြစ်ရင် အပျိုဖော်မဝင် (puberty) မဖြစ်ခင် secondary sex character လိင်အင်္ဂါဖွဲ့စည်းပုံများ မဖွံ့ဖြိုးသေးတဲ့အတွက် လိင်စိတ်မရှိ၊ အရည်တမျိုး မထွက်တာကြောင့် တကြိမ်တခါသာ ပုံမှန်ဆက်ဆံမှု ပြုပေမယ့် ပထမ အင်္ဂါများ စုတ်ပြဲပျက်စီးမှုတွေ အရင်ဖြစ်ပေါ်ပါတယ်။ ဒုတိယ ကာမကျူးလွန်သူရဲ့ ရောဂါတွေပါလာရင် ကူးစက်မယ်။ တတိယ ယောက်ျားတွေကို ကြောက်လာမယ်။ စတုတ္ထ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု depression တွေဖြစ်လာပြီး ကျောင်းမတက်ချင်၊ လူကြားထဲ သိပ်မသွားချင်တော့ဘဲ ဖြစ်ပွားရာနေရာ သို့မဟုတ် မွေးရပ်မြေကို စွန့်ခွာလာကြသလို ကိုယ့်ကိုယ်ကိုယ် သတ်သေမှု suicide တွေ လုပ်လာကြတယ်လို့ ဆေးပညာ လေ့လာစမ်းစစ်ချက်အရ သိရပါတယ်။

စစ်အစိုးရလက်ထက် ကျနော့်အသိ ဂျပန်လူမျိုး ပရဟိတ အမျိုးသမီးတယောက်က ရန်ကုန် ထောက်ကြံ့ဘက်မှာ မိဘမဲ့နဲ့ ဆင်းရဲနွမ်းပါးသူ ထောက်ပံ့ရေး ဂေဟာလေးတခုကို ထောက်ပံ့ဖူးပါတယ်။ ပတ်ဝန်းကျင်ရွာများနဲ့ ဆင်းရဲနွမ်းပါးသူ မိဘများ အထူးအားထားစရာတခု ဖြစ်လာပါတယ်။ လေးနှစ်လောက်ကြာတော့ အဲဒီဂေဟာ ပိတ်သိမ်းပစ်ရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီက ဦးဆောင်ဆရာနဲ့ အထက်တန်းကျောင်းသူလေးတို့ ဗလက်ကာယ မုဒိမ်းကျင့်မှု သတင်းတွေ ထွက်ပေါ်လာပြီး ပြဿနာ နောက်ဆက်တွဲတွေက ဒီဂေဟာကို တိုင်းရင်းသားဒေသမှ မိဘမဲ့ လာပို့ထားသူ ကလေးတွေကို ဂျပန်အမျိုးသမီးကပဲ သူ့အသိ ခရစ်ယာန် မိဘမဲ့ ဂေဟာကြီးတခုကို သွားပို့ပေးခဲ့ရပါတယ်။ ယနေ့အထိ တာဝန်ယူ ကူညီပေးနေရပါတယ်။ ဒီလို လူမသိ သူမသိ သက်ငယ်မုဒိမ်း လိင်ကျူးလွန်သူတွေလည်း ရှိနေပါတယ်။ ဒါတွေကို ဖော်ထုတ်ရမှာ ဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူကယ်ပြန်ဝန်ကြီးဌာနတို့က မိဘမဲ့ဂေဟာများကို ငါတို့ မထိန်းသိမ်းရ ပြီးစလွယ် ပစ်မထားဘဲ လိုအပ်သလို စစ်ဆေးမှုများ၊ စည်ကမ်းချက်များ ထောက်ပံ့မှုများ လုပ်ကိုင်ပေးရမယ်လို့ တိုက်တွန်းချင်ပါတယ်။

တရားစီရင်ရေးနဲ့ ဥပဒေဘက်ကလည်း သက်ငယ်မုဒိမ်း ကျူးလွန်သူများကို မြန်မာနိုင်ငံမှာ ဒိထက်မကသော တရားဥပဒေပြစ်ဒဏ်များ ပေးဖို့လိုလာပါပြီ။ သက်ငယ်မုဒိမ်းက လူကြီးကနေ ကလေးကို ကျူးလွန်ကြသလို တချို့နယ်တွေမှာ အသက် ၁၄ နှစ်ဝန်းကျင်ရှိတဲ့ ယောကျ်ားလေးက သူ့ထက်ငယ်ရွယ်သူကို မိန်းကလေးကို  ကလေးချင်း ကျူးလွန်တာတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ မိမိသားသမီးများကို အသက် ၁၆ နှစ် အနီးစပ်ဆုံး ဒဿမတန်းအထိ ဖုန်း၊ အင်တာနက်ကို အရမ်းကာရော ပေးမသုံးသင့်ပါ။ သက်ငယ်မုဒိမ်း ကျူးလွန်မှုက လူကြီး ကလေးပါ ရှိနေတဲ့အတွက် တရားစီရင်ရေးအပိုင်းက ဥပဒေတရပ်ကို စနစ်တကျ စစ်ဆေးမှုတွေနဲ့ နောက်လူများ ထပ်၍ မကျူးလွန်နိုင်အောင် ပြစ်မှုပြစ်ဒဏ်များပေးမှ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း ကျဆင်းလာမယ်လို့ မျှော်လင့်ပါတယ်။

ထို့အတူ ပြည်ပနိုင်ငံများမှာ ပြုလုပ်သလို ကလေးတွေအများဆုံး သိမှတ်မိသူ အနုပညာရှင်များနဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးတွေ ကျနော်တို့နိုင်ငံမှာ ပို၍ လုပ်ဆောင်သင့်ပါတယ်။ မူ၊ လယ်၊ ထက် စာသင်ကျောင်းများမှာလည်း လိင်ပညာပေး လှုပ်ရှားမှုများ၊ sex education များ သင်ကြားပေးခြင်းဖြင့် အရွယ်မရောက်သေးသူ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်မှု အန္တရာယ်မှ ကာကွယ်ပေးနိုင်မယ်လို့ ပညာရေးဝန်ကြီးဌာနကို အကြုံပြုချင်ပါတယ်။ မိဘ ဆွေမျိုး မောင်နှမများကလည်း ဆင်းရဲနေပါစေ၊ မိမိသားသမီး ညီ၊ ညီမငယ်များကို လက်လွတ်စပယ် မလွှတ်ထားဘဲ ဝိုင်းဝန်းကြည့်ရှုစေချင်ပါတယ်။ မည်သည့်ဘာသာမှာကြည့်ကြည့် ဒီကိစ္စကို ရွံမုန်းကြပါတယ်။

သို့ပါ၍ လက်ရှိ ပြည်သူ့အစိုးရနှင့် မိဘ၊ ပြည်သူ၊ ဆရာ၊ ဆရာမများ၊ ပရဟိတအဖွဲ့များ အားလုံး ပူးပေါင်းဝိုင်းဝန်းမှသာ ၂၀၁၈ ခုနှစ်မှစ သက်ငယ်မုဒိမ်းဖြစ်ပွားမှု လျော့ကျလာနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာပြည်မှ ကလေးသူငယ်များအားလုံး သက်ငယ်မုဒိမ်းဆိုတဲ့ အိပ်မက်ဆိုးကြီးမှ ကင်းဝေးကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗိုလ်သူရိန်(DVB)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top