ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ေလယာဥ္ေပၚပါ ခရီးသည္တဦးရဲ႕ ခရီးေဆာင္အိတ္တြင္း မီးေတာက္မီးလွ်ံေတြနဲ႔ ေပါက္ကြဲမႈျဖစ္ခဲ့တာဟာ တကယ့္ကို ထိတ္လန္႔စရာပါပဲ။

ဒီအျဖစ္အပ်က္ဟာ ခ်ိဳင္းနားေဆာက္သမ္းေလေၾကာင္းလိုင္း ေလယာဥ္တစင္းေပၚမွာ ျဖစ္ခဲ့တာလို႔ သည္ဆန္းသတင္းတပုဒ္မွာ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔က ေဖာ္ျပပါတယ္။

မီးေတာက္ေတြနဲ႔ ေလာင္ကၽြမ္းေနတဲ့ ခရီးေဆာင္အိတ္ဟာ ခရီးသည္ေတြရဲ႕အထက္ စင္ေပၚမွာ ရွိေနခဲ့တာျဖစ္ၿပီး ႐ုပ္သံဗြီဒီယိုဖိ္ုင္ထဲမွာေတာ့ ေလယာဥ္ေပၚပါ ဝန္ထမ္းေတြဟာ မီးကို အလ်င္အျမန္ၿငိႇမ္းသတ္ဖို႔ ႀကိဳးစားခဲ့ၾကတာကို ေတြ႔ရပါတယ္။

ေလယာဥ္မယ္ အမ်ိဳးသမီးဟာ မီးေလာင္ေနတဲ့အိတ္ကို ေရဘူးနဲ႔ဖ်န္းၿပီး ၿငိႇမ္းသတ္ဖို႔ ႀကိဳးစားခဲ့သလုိ ေနာက္အမ်ိဳးသားတဦးကေတာ့ ေဖ်ာ္ရည္ဘူးနဲ႔ ဖ်န္းပက္ကာ ၿငိႇမ္းသတ္ဖို႔ ႀကိဳးစားခဲ့တာကို ေတြ႔ရပါတယ္။

ေလယာဥ္ေမာင္းႏွင္သြားလာေနခ်ိန္မွာျဖစ္တဲ့ ဒီထိတ္လန္႔ဖြယ္ ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ပ်ံ႔ႏွံ႔ေနခဲ့ၿပီး ျပန္လည္မွ်ေဝၾကတဲ့ အႀကိမ္ေရ ေထာင္ခ်ီရွိေနခဲ့တာပါ။

ဒါေပမယ့္ ေလယာဥ္ေပၚမွာ ပါလာသူေတြၾကား ထိတ္လန္႔တၾကား ေအာ္ဟစ္ဆူညံသံေတြနဲ႔ ႐ုတ္႐ုတ္သဲသဲ ဆူညံပြက္ေလာ႐ုိက္ေနခဲ့ေပမယ့္ ထိခိုက္ဒဏ္ရာရသူ တဦးတေယာက္မွ မရွိခဲ့ဘဲ အဲဒီမီးေတာက္ေတြ ေလာင္ကၽြမ္းေနတဲ့အိတ္ဟာ လက္ပ္ေတာ့ကြန္ပဴ်တာ အိတ္တလံုးျဖစ္ကာ အတြင္းထဲက အားသြင္းပါဝါဘန္႔ ေပါက္ကြဲေလာင္ကၽြမ္းတာ ျဖစ္ႏိုင္တယ္လို႔ ဆုိပါတယ္။

အိတ္ပိုင္ရွင္ကိုေတာ့ ေလဆိပ္တာဝန္ရွိသူေတြက ဆက္လက္စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့ၾကၿပီး ဒီအျဖစ္အပ်က္ေၾကာင့္ ေလယာဥ္ခရီးစဥ္ အခ်ိန္ ၃ နာရီေလာက္ ၾကန္႔ၾကာခဲ့ရတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

တခ်ိဳ႕ေလေၾကာင္းလိုင္းေတြမွာေတာ့ အားသြင္းပါဝါဘန္႔ေတြ၊ လစ္သီယမ္အိုင္းယြန္း ဘက္ထရီေတြကို သယ္ေဆာင္ခြင့္ တားျမစ္ထားေပမယ့္ အမ်ားစုမွာေတာ့ ခြင့္ျပဳထားတဲ့အေပၚ အင္တာနက္အသံုးျပဳသူေတြက ေဝဖန္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ဖြင့်ဖတ်ရန် #
လေယာဉ်ပေါ်ပါ ခရီးသည်တဦးရဲ့ ခရီးဆောင်အိတ်တွင်း မီးတောက်မီးလျှံတွေနဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တာဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။

ဒီအဖြစ်အပျက်ဟာ ချိုင်းနားဆောက်သမ်းလေကြောင်းလိုင်း လေယာဉ်တစင်းပေါ်မှာ ဖြစ်ခဲ့တာလို့ သည်ဆန်းသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖော်ပြပါတယ်။

မီးတောက်တွေနဲ့ လောင်ကျွမ်းနေတဲ့ ခရီးဆောင်အိတ်ဟာ ခရီးသည်တွေရဲ့အထက် စင်ပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေယာဉ်ပေါ်ပါ ဝန်ထမ်းတွေဟာ မီးကို အလျင်အမြန်ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။

လေယာဉ်မယ် အမျိုးသမီးဟာ မီးလောင်နေတဲ့အိတ်ကို ရေဘူးနဲ့ဖျန်းပြီး ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့သလို နောက်အမျိုးသားတဦးကတော့ ဖျော်ရည်ဘူးနဲ့ ဖျန်းပက်ကာ ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

လေယာဉ်မောင်းနှင်သွားလာနေချိန်မှာဖြစ်တဲ့ ဒီထိတ်လန့်ဖွယ် ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ပြန်လည်မျှဝေကြတဲ့ အကြိမ်ရေ ထောင်ချီရှိနေခဲ့တာပါ။

ဒါပေမယ့် လေယာဉ်ပေါ်မှာ ပါလာသူတွေကြား ထိတ်လန့်တကြား အော်ဟစ်ဆူညံသံတွေနဲ့ ရုတ်ရုတ်သဲသဲ ဆူညံပွက်လောရိုက်နေခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ တဦးတယောက်မှ မရှိခဲ့ဘဲ အဲဒီမီးတောက်တွေ လောင်ကျွမ်းနေတဲ့အိတ်ဟာ လက်ပ်တော့ကွန်ပူျတာ အိတ်တလုံးဖြစ်ကာ အတွင်းထဲက အားသွင်းပါဝါဘန့် ပေါက်ကွဲလောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အိတ်ပိုင်ရှင်ကိုတော့ လေဆိပ်တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပြီး ဒီအဖြစ်အပျက်ကြောင့် လေယာဉ်ခရီးစဉ် အချိန် ၃ နာရီလောက် ကြန့်ကြာခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တချို့လေကြောင်းလိုင်းတွေမှာတော့ အားသွင်းပါဝါဘန့်တွေ၊ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေကို သယ်ဆောင်ခွင့် တားမြစ်ထားပေမယ့် အများစုမှာတော့ ခွင့်ပြုထားတဲ့အပေါ် အင်တာနက်အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top