AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

 " ပိုးစုန္းၾကဴး ကေလးေတြကို
ၾကည့္စမ္းကြယ္....
တမင္ ပ်ံဝဲ ၿပီးေနတာရယ္..... "

တစ္ကိုယ္တည္းသမား
ဆိုက္ကားဆရာ ခင္ေမာင္ခ်စ္ တစ္ေယာက္
သူ၏
ခရီးသည္အားလိုရာလိုက္ပို႔ၿပီး
အခ်ိန္မွာ ညပင္ အေတာ္နက္ေနၿပီျဖစ္၍
လူပ်က္လွသည့္
လမ္းၾကားတြင္ တစ္ကိုယ္တည္း
အပ်င္းေရာ အေၾကာက္ပါ ေျပေစရန္အတြက္
သီခ်င္းတညည္း ညည္းႏွင့္
ေျခမွလည္း တစ္ဖက္စီ
ဘယ္ညာ အားစိုက္ရင္း
သူ၏ ဆိုက္ကားအိုေလးကို
တစ္အိအိနင္းလာခဲ့သည္ ။

" အို..ဟို.. ညရဲ႕အခ်စ္ကမာၻထဲ..
အသည္းခ်င္းဖလယ္ မခြဲတမ္းကြယ္..
တို႔ႏွစ္ေယာက္တည္းရယ္....
ပိုး...ပိုး.... "

သူ၏ မ်က္စိေ႐ွ႕မွ ျဖစ္စဥ္တစ္ခုေၾကာင့္
သီခ်င္းမဆံုးစာသား တစ္ပိုဒ္မဆံုးမွီ
ခင္ေမာင္ခ်စ္ ဆက္မဆိုပဲ
ေခတၱ မ်ွ တိတ္ဆိတ္သြားမိသည္ ။
ေျခအစံုမွာလည္း ဆိုက္ကားေျခနင္းအား
ဆက္မနင္းျဖစ္ေတာ့.... ။

လမ္းမႀကီးသို႔ အတြင္းရပ္ကြက္မ်ားမွ
ထြက္ေပါက္ျဖစ္ၿပီး
မႈန္ကုတ္ကုတ္ လမ္းမီးမ်ားႏွင့္
တန္ဆာဆင္ထားသည့္
လမ္းၾကားငယ္
တစ္ခုတြင္ေရာက္ေနသည့္
ခင္ေမာင္ခ်စ္ ဆိုက္ကားေ႐ွ႕႐ွိ
အမ်ိဳးသမီးတစ္ဦး ကုန္းကုန္းကြကြႏွင့္
လမ္းေဘးဘယ္ညာတစ္ေလ်ွာက္
ပစၥည္းတစ္ခုခု ႐ွာေနဟန္႐ွိသည္ ။

အမ်ိဳးသမီး၏ ပံုစံမွာ...
ဂ်င္းေဘာင္းဘီ ႏွင့္ အက်ႌ T shirt အျဖဴအား
ဝတ္ဆင္ထားၿပီးေနာက္ ခါးထိ႐ွည္ေသာ
ဆံပင္အား ဖ်ားလ်ား ခ်ထားသည္ ။

ခင္ေမာင္ခ်စ္အေတြးတြင္
ထိုအမ်ိဳးသမီးမွာ သူႏွင့္
အိမ္ျပန္လမ္းခ်င္းနီးစပ္ပါက
ေလ်ာ့ေစ်းျဖင့္ ခရီးသည္တင္သြားရန္ျဖစ္သည္ ။

သူ၏ အေတြးႏွင့္
ဆိုက္ကားေပၚမွ ဆင္းကာ
အမ်ိဳးသမီးအနားသု႔ိ သြားၿပီး
သူႏွင့္အသင့္ပါလာေသာ
ဓာတ္မီးအား ဖြင့္လိုက္ကာ

" ဒီမယ္ အစ္မ...
ဘာေပ်ာက္ေနလို႔လည္း
ကြၽန္ေတာ္ဝိုင္း႐ွာေပးမယ္ေလ...
ကြၽန္ေတာ့္မွာ ဓာတ္မီးပါတယ္... "

ပစၥည္းတစ္ခုအား အသဲအမဲ႐ွာေနသည့္
အမ်ိဳးသမီးမွာ...
ခင္ေမာင္ခ်စ္အား ေက်ာေပးထားလ်ွက္
ခင္ေမာင္ခ်စ္၏ စကားကို
အေလးမထားဟန္ျဖင့္
သူမ လုပ္လက္စအလုပ္ကိုသာ
ဆက္လုပ္ေနသည္ ။

ဆိုက္ကားဆရာ ခင္ေမာင္ခ်စ္လည္း
ကူညီရႏိုးႏိုး မကူညီရႏိုးႏိုးႏွင့္
မခ်င့္မရဲျဖစ္ေနစဥ္
တစ္ဖက္မွအမ်ိဳးသမီးက
ေနာက္လွည့္မၾကည့္ပဲ

" ကြၽန္မကိုယ္ပိုင္ပစၥည္းေလးတစ္ခု
ဒီနားတစ္ဝိုက္မွာ က်ေပ်ာက္သြားလို႔ပါ
႐ွင္က ဝိုင္း႐ွာေပးခ်င္လို႔လား "

ျပန္ေျဖလိုက္သည့္
အမ်ိဳးသမီး ၏စကားသံမွာ
လႈိုင္းသံအနည္းငယ္ပါေနသည္ ။

ေၾကာက္စီစီျဖစ္ေနသည့္
ခင္ေမာင္ခ်စ္လည္း
ထိုအမ်ိဳးသမီးစကားသံေၾကာင့္
အသိဝင္လာၿပီး

" ဪ ဟု.ဟု..ဟုတ္ ဟုတ္ကဲ့
ကြၽန္ေတာ့္မွာ ဓာတ္မီးပါေတာ့
လင္းလင္းျခင္းျခင္း ႐ွာလို႔ရတာေပါ့...
ဒါနဲ႔ေလ..ဟို...
ဒီက ေပ်ာက္ေနတာ...
ဘာပစၥည္းလဲဟင္... "

ထိုေမးခြန္းအား
ခင္ေမာင္ခ်စ္အားေက်ာေပးလ်ွက္
ကုန္းကုန္းကြကြျဖင့္
တစ္စံုတစ္ခုကို႐ွာေဖြေနသည့္
အမ်ိဳးသမီးမွ ခ်က္ခ်င္းျပန္ေျဖလိုက္သည္ ။

" ကြၽန္မ!မ်က္လံုး!
ထြက္က်သြားလို႔ လိုက္႐ွာေနတာပါ "

ညနက္ႀကီး
လူပ်က္သည့္လမ္းတြင္
ယခုမွဆံုသည့္
လူႏွစ္ဦး႐ိွရာမွ
က်န္တစ္ဦးက
မိမိ၏ မ်က္လံုးအား လိုက္႐ွာေနပါသည္ဟု
ျပန္ေျဖလိုက္လ်ွင္ မည္သူမဆို
ေသြးပ်က္သြားႏိုင္သည္ ။

ထိုသို႔ေသာ အမ်ိဳးသမီး၏
ေၾကာက္မက္ဖြယ္ စကားလံုးမ်ား
အဆံုးတြင္ အလိုက္မသိေသာ
ငွက္ဆိုးတစ္ေကာင္က
ေကာင္းကင္မွ ခရီးသြားရင္း
ႏႈတ္ဆက္သြားျပန္သည္ ။

" ! ဂီးဂီး.... "

ဆြံ႕အေနသူ
ဆိုက္ကားဆရာ ခင္ေမာင္ခ်စ္လည္း
လြန္စြာတုန္လႈပ္သြားသည့္
စိတ္မ်ားအား ျပန္ထိန္းကာ..

" မ..မ..မေနာက္ပါနဲ႔ဗ်ာ...
ကြၽန္ေတာ္ အတည္ေမးတာပါ "

ခင္ေမာင္ခ်စ္ ၏ တုန္ရီစြာ
စကားမ်ားေျပာၿပီးေနာက္
မဝံ့မရဲျဖင့္ သူ၏ေ႐ွ႕႐ွိအမ်ိဳးသမီး၏
မ်က္နာေနရာ (ဦးေခါင္း) အား
လက္ႏွိပ္ဓာတ္မီးျဖင့္ ထိုးထားေလရာ..
အမ်ိဳးသမီးက

" ဘာလဲ ႐ွင္ကမယံုဘူးလား "

ဟုတစ္ခ်က္ေျဖရင္း...
အမ်ိဳးသမီးမွာ မတ္တပ္ရပ္လိုက္ရင္း
သူ႔မ်က္နာအား ခင္ေမာင္ခ်စ္ဘက္သို႔
လွည့္လိုက္သည္..

တစ္ခ်ိန္တည္းမွာပင္
ခင္ေမာင္ခ်စ္၏ လက္တြင္းမွ
လက္ႏွိပ္ဓာတ္မီးအလင္းသည္
အမ်ိဳးသမီး၏ မ်က္နာအား ျဖာက်ေနေစၿပီး
ခင္ေမာင္ခ်စ္မွာ တုန္ယင္ေနသည္ ။

အမ်ိဳးသမီး၏မ်က္နာတစ္ျပင္လံုး
ဆံပင္႐ွည္မ်ားျဖင့္ဖံုးေနသည္ ။

ထိုစဥ္ အမ်ိဳးသမီးသည္
မ်က္နာတစ္ျခမ္းစာမ်ွ
ဆံပင္ကို ဖယ္လိုက္ရာ
သူမမ်က္နာမွာ အေကာင္းတိုင္ပင္
မ်က္လံုးလည္း႐ွိေနသည္ကိုေတြရသျဖင့္
ခင္ေမာင္ခ်စ္ ေသာကမ်ား ေလ်ာ့သြားေလသည္ ။

" ဟူ..... !!!
ခင္မ်ားဗ်ာ အေတာ္ေနာက္သကိုး...
ကြၽန္ေတာ္ကဘသရဲေျခာက္ခံရၿပီထင္ေနတာ... "

ခင္ေမာင္ခ်စ္၏ စကားေၾကာင့္
အမ်ိဳးသမီးမွာ ဟက္ဟက္ပတ္ပတ္ ရယ္လိုက္ရင္း

" ကြၽန္မ မေနာက္ပါဘူး
ကြၽန္မမ်က္လံုးတကယ္ေပ်ာက္ေနတာပါ
ဒီမွာၾကည့္ပါလား... "

ဟု သူမ ၏ က်န္ဆံပင္တစ္ျခမ္းအုပ္ေနသည့္
ဘက္မွ ဆံပင္မ်ားကို
လက္ျဖင့္ သပ္တင္လိုက္ရင္း
မ်က္နာတစ္ျခမ္းအား ျပင္လိုက္ေလသည္...
မ်က္နာမွာ...မ်က္လံုးမပါ
မ်က္လံုးေနရာတြင္ ေဟာင္းေလာင္းေပါက္ႀကီး
ျဖစ္ေနၿပီး တစ္ျခမ္းလံုးမွာ
အ႐ိုးပင္ေပၚေနေအာင္ စုတ္ပ်က္သပ္ကာ
အတြင္းသို႔ခ်ိဳင့္ဝင္ေနေလသည့္ ပါးစပ္မွာလည္း
ေမး႐ိုးႏွင့္ ႏႈတ္ခမ္းသားမ်ား
မ႐ွိပဲ ခင္ေမာင္ခ်စ္အား ျပံဳးရယ္ျပေနေလသည္ ။

" အာ...!!!!!"

ခင္ေမာင္ခ်စ္...တစ္ေယာက္
ထိုအျခင္းအရာအားျမင္ၿပီး
လက္ထဲမွ ဓာတ္မီးအားပစ္ခ်ကာ
ငယ္သံပါေအာင္ေအာ္ၿပီး
လမ္းမႀကီးမွ လူစည္ကားရာအနီးဆံုးအရပ္သို႔
အျမန္ထြက္ေျပးသြားေခ်ၿပီ... ။

ဆိုက္ကားကိုမူ သတိပင္မထားႏိုင္
အေနာက္ပင္လွည့္မၾကည့္ႏိုင္
လက္တေလာ... သရဲ လက္မွ လြတ္ရန္သာ... ။

~~~~~~~~~~~~~~~~~~~~~

" တံု တံု တံု..တံု.....တံု.........တံု.........တံု "

ၿမိဳ႕ငယ္ေလး၏
အ႐ုဏ္ဦးကို
ၿမိဳ႕နယ္အတြင္း႐ွိ
ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွ
တုန္းေမာင္းေခါက္သံျဖင့္
အစခ်ီသည္ဟု ဆိုရမည္ ။

ထိုၿမိဳ႕ေလးမွ ေစ်းငယ္ေလးတြင္လည္း
သတင္းတစ္ခု ပ်ံ႕ႏွံ႔ လ်ွက္႐ွိသည္ ။

" ဟဲ့ လွခင္ နင္ၾကားၿပီးပီလား "

" ဘာကိစၥ တုန္းအစ္မရ "

" ညက (----) လမ္းမွာ
ဆိုက္ကားသမား ခင္ေမာင္ခ်စ္တစ္ေယာက္
သရဲေျခာက္ခံရလို႔တဲ့ေလ "

" အို.... !!
ဟုတ္ရဲ႕လားအစ္မရယ္...
ကေလးေတြေပါက္ကေျပာေနၾကတာမ်ားလား "

" ဘယ္က ေပါက္က ရ ေတြကမွာလည္း
တကယ္ဟဲ့... သူ႔ကိုေျခာက္တဲ့သရဲမကလည္း
တေလာက တိုက္ၿပီးပြဲခ်င္းၿပီးသြားတဲ့
မိန္းကေလးတဲ့ ဒီမနက္က
ငါကိုယ္တိုင္ ခင္ေမာင္ခ်စ္တို႔အေမနဲ႔ေတြ႔ျဖစ္လို႔
အေၾကာင္းစံုသိလာရတာ...
ခင္ေမာင္ခ်စ္ဆို ညက
ဆိုက္ကားထားၿပီးထြက္ေျပးတာ
ကံေကာင္းခ်င္ေတာ့
ႏွစ္ဆယ့္ေလးနာရီဖြင့္တဲ့ (---) လဖၻက္ရည္ ဆိုင္မွာ
လူစည္ေနတဲ့အခ်ိန္ဆိုေတာ့
လူအုပ္နဲ႔ ခင္ေမာင္ခ်စ္
သရဲေျခာက္တဲ့ေနရာျပန္သြားၾကည့္ၾကေသးတယ္
ခင္ေမာင္ခ်စ္ ဆိုက္ကားကလြဲရင္ ဘာမွမေတြ႔ဘူးတဲ့
ခင္ေမာင္ခ်စ္လည္း ႐ူးသလိုလို
ေၾကာင္သလိုလို ျဖစ္သြားတယ္...
သတင္းေတြကေတာ့ ပ်ံ႕ေနတာပဲ... "

" အမေလးေတာ္ ေၾကာက္စရာႀကီး...
ေကာင္မေလးအိမ္က သူ႔အတြက္
သက္ေပ်ာက္ဆြမ္း နဲ႔ ရည္စူးကုသိုလ္ေတြ
လုပ္ေပးတာပဲ... မရ႐ွာဘူးနဲ႔တူတယ္
ဟူး.... "

~~~~~~~~~~~~~~~~

ယင္းကိစၥမ်ားျဖစ္ပြားၿပီး
ႏွစ္လခန္႔အၾကာ.....

ည ၉နာရီခြဲခန္႔
ထိုၿမိဳ႕နယ္အတြင္းမွ
Cyber Shop တစ္ခုတြင္ျဖစ္သည္ ။

" မိုးေစြ သူငယ္ခ်င္း
ငါတို႔ (-----)
လဖၻက္ရည္ ဆိုင္သြားၿပီး
ေတာ္ကီဖုတ္မလို႔ မင္းလိုက္ဦးမလား "

အင္တာနက္ဆိုင္အတြင္း
ကေလးမ်ားႏွင့္ ဂိမ္းသည္းႀကီးမဲႀကီးေဆာ့ေနသူ
မိုးေစြ အား ထြန္းသစ္မွစကားေခၚလိုက္သည္ ။

ထိုအခု ပိုင္ပိုင္ မွလည္း

" ငါလည္းဗိုက္ဆာေနလို႔ "
ဟု ေျပာလိုက္ေလရာ...

ေနာက္ထပ္ သူငယ္ခ်င္းတစ္ဦးျဖစ္သူ
ၿဖိဳးမင္းမွ..

" ဟုတ္တယ္ တို႔သံုးေယာက္
တစ္ခုခု သြားစားရင္း
စကားေျပာၾကမလို႔ မင္းလိုက္ခဲ့ေလ "
ဟုဆိုလိုက္သည္ ။

ထိုအခါ ဆိုင္အတြင္းမွ မိုးေစြက

" ငါဒီမွာ Battle အႀကီးအက်ယ္ျဖစ္ေနလို႔
မလိုက္ေတာ့ပါဘူးကြာ ေနာက္ေန႔ညမွ
လိုက္ခဲ့မယ္... "

" ေအးေအးၿပီးေရာ... "
ေခၚမရသည့္အဆံုး သူတို႔သံုးဦးသာ
လဖၻက္ရည္ ဆိုင္သို႔ ဦးတည္ခဲ့ဲၾကသည္ ။

လဖၻက္ရည္ ဆိုင္ေလးမွာ
ထိုၿမိဳ႕နယ္အျခမ္းမွ နာမည္ႀကီး
ေစ်းႀကီးတစ္ခု ၏ ေဘးဘက္တြင္ ႐ွိၿပီး
ဆိုင္အား
လမ္းမတန္းဘက္သို႔မ်က္နာမူထားသည္ ။

အနီးစပ္ဆံုးပံုေဖာ္ျပရလ်ွင္
ဆိုင္မွာ ေက်ာႏွစ္ဖက္ပိတ္
မ်က္နာစာ ႏွစ္ဖက္ဖြင့္ ပံုစံ႐ွိသည္ ။

ေစ်းႀကီးအား ေထာင့္က်က်
မွီတြယ္ထားၿပီး
ဆိုင္၏ မ်က္နာစာႏွစ္ဖက္တြင္
လမ္းမႀကီးအျပင္ ၊
(ေစ်းေနာက္ရွိ္)
အတြင္းရပ္ကြက္မ်ားသို႔
(လမ္းမႀကီးမွတစ္ဆင့္)ဝင္ႏိုင္သည့္
ကားႏွစ္စီးဆန္႔ႏိုင္ေသာ လမ္းၾကားငယ္
တစ္ခု႐ွိသည္ ။

ပိုင္ပိုင္တို႔ သူငယ္ခ်င္းတစ္စု
ဆိုင္သို႔ေရာက္ေသာအခါ
သီခ်င္းသံမ်ားႏွင့္ေဝးၿပီး
ညေလညႇင္းခံကာ
စကားေျပာရင္း အစားအေသာက္
စားႏိုင္ရန္ ဆိုင္အျပင္တြင္ခင္းထားသည့္
စားပြဲမ်ားထဲမွ အစြန္အက်ဆံုး
စားပြဲတြင္ေနရာယူလိုက္ၾကသည္ ။

သူတို႔၏ စားပြဲငယ္ေဘးတြင္
ကားလမ္းက်ယ္ႀကီးသာ႐ွိေတာ့သည့္
ကားလမ္းမွာလည္း
ညနက္ေနၿပီျဖစ္၍ ကားတစ္စီးတစ္ေလမ်ွသာ
ျဖတ္ေလ့႐ွိသည္ ။

ပိုင္ပိုင္မွ စားေသာက္ဖြယ္
႐ွမ္းေခါက္ဆြဲတစ္ပြဲအားမွာယူၿပီး
က်န္ ထြန္းသစ္ႏွင့္ ၿဖိဳးမင္းမွာ
လဖၻရည္ သာ မွာယူၾကသည္ ။

သူတို႔ထိုင္ခံုေနရာယူပံုမွာ
ပိုင္ပိုင္သည္ လမ္းၾကားဘက္အားေက်ာေပးၿပီး
နွစ္ဦးထိုက္သည့္ စားပြဲခံု တစ္ဘက္ေနရာတြင္
တစ္ကိုယ္တည္းထိုင္သည္ ၊
က်န္ႏွစ္ဦးမွာ ပိုင္ပိုင္ႏွင့္မ်က္နာခ်င္းဆိုင္တြင္
ထိုင္ၾကသည္ ။

သံုးဦးသား ေရာက္တက္ရာရာ
ဂိမ္းအေၾကာင္းမ်ား
ေဘာလံုးပြဲအေၾကာင္းမ်ားေျပာေနရာမွ
အခ်ိန္မွာ ညနက္သထက္နက္လာသည္ ။

အစားစားၾကာလြန္းသည့္ ပိုင္ပိုင္မွာ
စကားေျပာလိုက္ စားလိုက္လုပ္ေနသျဖင့္
ေခါက္ဆြဲမွာ မကုန္တကုန္ျဖစ္ေနသည္ ။
သံုးေယာက္သား စကားေျပာရင္းမွ
သရဲအေၾကာင္းမ်ားပါလာသည္ ။

ၿဖိဳးမင္းက "ဟိုေကာင္
မိုးေစြ တို႔နဲ႔မလိုက္လာတာ
ႏွေျမာစရာပဲ
ဒီေကာင္သာပါလာရင္
အခုတို႔ေျပာတဲ့ဇာတ္လမ္းေတြနဲ႔တင္
လံုးခ်င္းဝတၱွဳတိုေကာင္းေကာင္း
ေရးလို႔ရေလာက္တယ္ ဟား.."

ထိုစဥ္ ထြန္းသစ္မွ....
မ်က္နာခ်င္ဆိုင္႐ွိ ပိုင္ပိုင္အား
သတိေပးသည့္အေနျဖင့္
မ်က္နာတည္လ်ွက္
တတ္ႏိုင္သမ်ွစကားေျပာသည့္ဟန္မေပၚေအာင္
ပါးစပ္စိကာ...

" ပိုင္ပိုင္
မင္းေနာက္ကို လံုးဝ
လွည့္မၾကည့္နဲ႔
ေခါက္ဆြဲကိုကုန္ေအာင္ျမန္ျမန္စား "

ဟု ေလသံျဖင့္ေျပာလိုက္သည္ ။

ပိုင္ပိုင္လည္း ေၾကာင္ေတာင္ေတာင္ႏိုင္စြာ
ထြန္းသစ္ကိုတစ္လွည့္
ၿဖိဳးမင္းကိုတစ္လွည့္ လိုက္္ၾကည့္ေနမိရာ
ထြန္းသစ္မွာ အေပၚသို႔မၾကည့္မိေစရန္
မ်က္နာႀကီးေအာက္ငံု႔ေနၿပီး ၊
ထြန္းသစ္က တစ္စံုတစ္ရာအား
ထိတ္လန္႔ေနသည့္မ်က္ဝန္းမ်ားျဖင့္
ပိုင္ပိုင္အားျပန္ၾကည့္ေနသည္ ။

အစအေနာက္မလုပ္တတ္သူ
ထြန္းသစ္ ၏ မလုပ္စဖူး
အျပဳအမူႏွင့္ ၿဖိဳးမင္း မ်က္ဝန္းမွ စကားတို႔ေၾကာင့္
ပိုင္ပိုင္မွာလည္း
စကား ဆက္မေျပာေတာ့ပဲ
ေခါက္ဆြဲအား ကုန္ေအာင္စားေလသည္ ။

တစ္ခါတစ္ရံ ေအးစက္လွသည့္
ေလေအးမ်ားက သူ၏
ေက်ာအား တိုးေဝ့ေနသလို
ပိုင္ပိုင္ ခံစားမိသည္ ။

အေနာက္တြင္ တစ္စံုတစ္ေရာက္
ရပ္ေနသည္ဟုလည္း
မသိစိတ္မွ သံေခ်ာင္းေခါက္အခ်က္ေပးေနၿပီ ။

သူ႔အေတြးတြင္မူ
သူ၏ အေနာက္တြင္
အရက္မူးသမားတစ္ဦးဦးမွ
သူ႕အား ရစ္ ရန္အတြက္
ေရာက္လာေသာေၾကာင္း
သူငယ္ခ်င္းမ်ားက
အေနာက္လွည့္မၾကည့္ခိုင္းပဲ
စကားေျပာရပ္ကာ
႐ွမ္းေခါက္ဆြဲအား ကုန္ေအာင္
စားခိုင္းျခင္းဟု ထင္မွတ္မိသည္ ။

ပိုင္ပိုင္ စားၿပီးေနာက္တြင္
ၿဖိဳးမင္းမွ ဆိုင္အတြင္းၾကည့္ကာ
ကတုန္ကယင္အသံျဖင့္

" ညီေလးေရ ဒီမွာ
႐ွင္းမယ္ " ဟုစားပြဲထိုးေလးမ်ားအား
ေခၚလိုက္ရာ အသက္ခပ္ငယ္ငယ္
စားပြဲထိုး ေကာင္ေလးတစ္ဦးမွ
ပိုင္ပိုင္အားေသခ်ာၾကည့္လိုက္
ပိုင္ပိုင့္အေနာက္မွ
တစ္စံုတစ္ရာအား ၾကည့္လိုက္
လုပ္ေနရင္းမွ မ်က္လံုးျပဴး
မ်က္ဆံျပဴ းၾကီးႏွင့္ အလြန္ထိတ္လန္႔သြားသည့္
ဟန္ျပဳရင္း ငယ္သံပါေအာင္
ကုန္းေအာ္ပါေလေရာ..... ။

" အား.....အ..အ..သ...သ. သရဲမႀကီး..."

စားပြဲထိုးေကာင္ေလး၏
ေျခာက္ျခားဖြယ္အသံအဆံုး
တစ္ၿပိဳင္တည္းဆိုသလိုပင္
ၿဖိဳးမင္းက "ေျပး......"
ဟုေအာ္ကာ မိုးေစြ႐ွိသည့္
အင္တာနက္ဆိုင္ဘက္သို႔
အသားကုန္ေျပးေတာ့သည့္
သူ၏ေနာက္တြင္ ထြန္းသစ္လည္း
လိုက္ေျပးသည္ ၊ ပိုင္ပိုင္မွာလည္း
ဘုအသိဘမသိျဖင့္ ထကာ ေျပးေတာ့သည္ ၊
လဖၻရည္ ဆိုင္ႏွင့္ ကားတစ္မွတ္တိုင္အကြာတြင္
႐ွိသည့္ အင္တာနက္ဆိုင္သို႔
သူငယ္ခ်င္းသံုးေယာက္သား
ေျပးသည္မွာ အေနာက္မွ ေခြလိုက္သည့္အခါ
ေျပးသည့္အ႐ွိန္ထက္ပင္ပိုျမန္ေနသည္ ။

မၾကာမွီ အင္တာနက္ဆိုင္သို႔ေရာက္ၿပီး
ဝ႐ုန္းသုန္းကားျဖင့္ သံုးေယာက္လံုး
အေမာစို႔ကာ ပစ္လဲသြားၾကသည္ ။

ဆိုင္အတြင္းမွ လူမ်ားကလည္း
႐ုတ္တရက္ ျဖစ္လာသည့္အေျခအေနေၾကာင့္
ထိန္႔လန္႔သြားၾကသည္ ၊
သံုးေယာက္လံုးစကားေမးမရပဲ
ထြန္းသစ္က အေနာက္ကိုသာ
လက္ညႇိဳးထိုးျပရင္း ေမာဟိုက္ေနသည္ ၊
မိုးေစြက
တစ္စံုတစ္ရာကိုရိပ္မိသည့္ဟန္ျဖင့္
ဆိုင္အတြင္းမွ သူငယ္ခ်င္းမ်ားအား
သတိေပးလိုက္သည္ ။

" ေဟ့ေယာင္(ေကာင္) ေတြ
ဒီေကာင္သံုးေကာင္
ရန္ျဖစ္လာၿပီးဟိုဘက္က အုပ္စုနဲ႔
အေနာက္က လိုက္႐ိုက္လို႔
ထြက္ေျပးလာပံုရတယ္
မင္းတို႔အသင့္္ျပင္ထားၾက
ဟိုေကာင္ေတြဆိုင္ထဲဝင္လာရင္
ဆိုင္တံခါးပိတ္ၿပီး ေဆာ္သာေဆာ္ "

မိုးေစြစကားအဆံုးတြင္
ဆိုင္အတြင္းမွ လူႀကီးလူငယ္
Gamer မ်ားသည္ လႈပ္လႈပ္႐ွား႐ွားျဖစ္သြားၿပီး
အသင့္အေနအထားျပင္ထားၾကသည္
အခ်ိန္တစ္ခုအထိ္ ေစာင့္ဆိုင္းေနၾကေသာ္လည္း
မည္သည့္ထူးဆန္းမႈမွ်မေတြ႔ရေပ ။

ေမာဟိုက္ေနသူ
သံုးေယာက္မွာလည္း
ေရတိုက္သူမ်ား ႏွာႏွပ္ေပးၾကသူမ်ားေၾကာင့္
အေမာေျပသြားၾကၿပီး
စကားေကာင္းစြာေျပာလိုက္သည္က...

" အ..အ..ေနာက္မွာ...
သ..သ..သရဲမႀကီးလိုက္လာလို႔ကြ... "

ထိုစကားေၾကာင့္
အားလံုးထိတ္လန္႔ကုန္ၾကသည္ ။

" ဟင္..... "

ပိုင္ပိုင္မွလည္း

" ဘာ.... ဘယ္ကသရဲမလည္း
ငါလည္းမသိပါလား စားပြဲထိုးေလး
ေအာ္တာေတာ့ၾကားလိုက္တယ္
မင္းတို႔ေျပးဆိုလို႔ငါလိုက္ေျပးလာတာ "

ပိုင္ပိုင္စကားအဆံုးတြင္ မိုးေစြက

" မဟုတ္ေသးဘူး..
မင္းတို႔ဘာျဖစ္လာၾကတာလဲ
ဟိုေကာင္ ၿဖိဳးမင္းေသခ်ာ႐ွင္းစမ္းပါဦးကြာ "

ထိုခါ ၿဖိဳးမင္းက
လက္ထဲရွိ
ေရခြက္ထဲမွေရအားကုန္စင္ေအာင္
ေသာက္လိုက္ၿပီး

" ဒီလိုကြ...
ငါတို႔သံုးေယာက္ ဆိုင္ထိုင္ၿပီး
စကားေျပာေနၾကရင္းကေန
သရဲအေၾကာင္းေတြေျပာျဖစ္ေနတယ္
ငါတို႔ကေတာ့ လဖၻရည္ ပဲေသာက္တယ္
ျဖစ္ခ်င္ေတာ့ ပိုင္ပိုင္က
ငါတို႔ႏွစ္ေယာက္ရဲ႕
မ်က္နာခ်င္းဆိုင္မွာ
သူတစ္ေယာက္တည္းထိုင္ရင္း
ရွမ္းေခါက္ဆြဲကို
ဝက္သားနဲ႔မွာစားတုန္း ဒီေကာင္က
စားတာၾကာေတာ့မကုန္ေသးတဲ့အခ်ိန္ႀကီး
သူ႔အေနာက္မွာကြာ....
သ..သရဲမႀကီးက မတ္တပ္ရပ္ၿပီး
ေခါင္းႀကီးငံု႔ေနတာ....
ပိုင္ပိုင္ ေခါင္းေပၚကေနမိုးၿပီး
ပိုင္ပိုင့္ေ႐ွ႕က စားပြဲမွာတင္ထားတဲ့
႐ွမ္းေခါက္ဆြဲကို ၾကည့္ေနတာကြာ...
ၿငိမ္ေနတာပဲအ႐ုပ္ႀကီးလို...

ဒါကိုငါကျမင္ၿပီးေၾကာင္ၾကည့္ေနေတာ့
သူ႔မ်က္နာႀကီးက ငါ့ဘက္ေမာ့လာတယ္ကြ
ငါလည္းအေသေၾကာက္ၿပီး
ေခါင္းျပန္ငံုေနလိုက္တယ္.. "

ထြန္းသစ္မွလည္း

" ဟုတ္တယ္မိုးေစြ...
ငါကိုလည္း ၿဖိဳးမင္းက ဒူးနဲ႔တို႔ၿပီး.အခ်က္ေပးလို႔ငါလည္းၾကည့္လိုက္တာ
ျမင္လိုက္တယ္...
အဲ့သရဲမႀကီးက...
တေလာက အဲ့ဆိုင္ေ႐ွ႕မွာ
ကားတိုက္ေသ သြားတဲ့
မိန္းမဟ... "

" အို... ဟင္....ဟာ.... ! "

အားလံုးပို၍ေၾကာက္လန္႔ေနခ်ိန္
ထြန္းသစ္က ဆက္ၿပီး

" ဟုတ္တယ္..ငါ့မ်က္စိနဲ႔ျမင္လိုက္တာ
သူကားတိုက္ခံရတုန္းက
ငါတို႔ေတြေျပးၾကည့္တာမင္းတို႔
မွတ္မိတယ္မို႔လား...ေအး..
အခုလည္းအဲ့သရဲမက မကြၽတ္ဘူး
သူေသတုန္းကအဝတ္အစားနဲ႔ပဲ
မ်က္လံုးကတစ္လံုးမပါဘူး
ဆံပင္ဖ်ားလ်ားနဲ႔ မ်က္နာတစ္ျခမ္းလံုး
စုတ္ပ်က္ေနတာပဲ... ငါ့အထင္
စားပြဲထိုးေလးလည္းျမင္လိုက္တယ္ "

ထိုစကားသည္ ပိုင္ပိုင္အား
ၾကက္သီးတျဖန္းျဖန္းထကာ
ေခါင္းနပန္းႀကီးသြားေစသည္ ။

မၾကာမွီ အင္တာနက္ဆိုင္ပိုင္႐ွင္
ေရာက္လာၿပီးေမးျမန္းရာ မိုးေစြမွ
အေၾကာင္းစံု႐ွင္းျပလိုက္ရင္း
ထိုဆိုင္မွာ
အိမ္ဆိုင္ျဖစ္သည့္အတြက္
ပရိတ္ရည္မ်ားအား ဆိုင္႐ွင္ထံမွေတာင္းၿပီး
သူငယ္ခ်င္းသံုးေယာက္အား
ျဖန္းေပးျခင္း စတိသေဘာမ်ိဳး
ေသာက္ေစျခင္းအျပင္
ဆိုင္အႏွံ႕ကိုလည္း
ပရိတ္ေရမ်ား ျဖန္းေစျခင္းမ်ား
ံုကိုလည္းမ်ားျပဳေပးသည္ ။

အခ်ိန္မွာ ည ၁၂နာရီပင္ေက်ာ္ေနၿပီ
ဆိုင္အတြင္းမွာေတာ့
ညလံုးေပါက္မိုးလင္းေဆာ့ေလ့႐ွိသည့္
ဂိမ္းသမားမ်ားစြာက်န္ေနေသးသည္ ။

ထို႔ေနာက္ ဂိမ္းဆိုင္(အင္တာနက္ဆိုင္)
မွ သရဲအေၾကာင္း စိတ္ဝင္စားသူမ်ား
ဆယ့္ငါးေယာက္ခန္႔ စုစည္းကာ
ပိုင္ပိုင္တို႔ သရဲအေျခာက္ခံရသည့္
လဖၻက္ရည္ ဆိုင္သို႔ခ်ီတက္ခဲ့ ၾကသည္ ။

ဆိုင္သို႔ေရာက္ေသာအခါ
ဆိုင္အတြင္းလူမ်ား ျပာရာခတ္ေနသည္ကို
ျမင္လိုက္ရသည္ ။

အေျခအေနမွာ
စားပြဲထိုးမိန္းကေလးမ်ားမွာ
ဆိုင္ေထာင့္တစ္ေနရာတြင္စုထိုင္ေနၾကၿပီး
တစ္စံုတစ္ခုကိုေၾကာက္လန္႔ေနၾကဟန္႐ွိသည္ ၊
က်န္ေယာက်ာ္းေလးမ်ားႏွင့္
ဆိုင္႐ွင္ဦးေလးႀကီးမွာ
စားပြဲထိုးေကာင္ေလးတစ္ေယာက္အနားတြင္
ဝန္းရံေနၾကၿပီး ပရိတ္ေရမ်ားတိုက္ရင္း
ဘုရားစာမ်ားရြတ္ေပးေနၾကသည္ ၊
ထိုစားပြဲထိုးေကာင္ေလးမွ
ၿဖိဳးမင္းတို႔ပိုက္ဆံ႐ွင္းဖို႔ေခၚလိုက္စဥ္
သရဲမႀကီးအား ျမင္သြားသည့္
ေကာင္ေလးျဖစ္သည္ ။

မိုးေစြတို႔လူစု ဆိုင္အတြင္းအဝင္တြင္
လူအုပ္ၾကားမွစားပြဲထိုးေလးက
ငိုေနရင္း... ၿဖိဳးမင္းတို႔အားျမင္လိုက္သည္ႏွင့္

" ဟိုမွာ...ဟိုအစ္ကိုေတြ...
ကြၽန္ေတာ္ေျပာတဲ့သူေတြ
အဲ့တာသူတို႔ပဲ...
သရဲမက သူ႔အေနာက္မွ ရပ္ေနတာ... "

ေျပာေျပာဆိုဆိုႏွင့္ စားပြဲထိုးေကာင္ေလးက
ပိုင္ပိုင္အား လက္ညႇိဳးထိုးျပလိုက္သည္ ။
ထိုအခါ ဆိုင္အတြင္း႐ွိလူမ်ား၏
မ်က္လံုးအၾကည့္မ်ားအားလံုးသည္
ကြၽန္ေတာ္တို႔လူစုအေပၚေရာက္ခဲ့ၿပီ ။

စားပြဲထိုးေကာင္ေလးမွာ...
ပိုင္ပိုင္အေနာက္မွ သရဲမႀကီးအား
သူသည္လည္း ၿဖိဳးမင္းႏွင့္ ထြန္းသစ္တို႔နည္းတူ
ျမင္လိုက္ေၾကာင္းေျပာရာမွအစျပဳၿပီး
မိုးေစြက ရင္းနီးၿပီးျဖစ္သည့္
လဖၻက္ရည္ ဆိုင္ပိုင္႐ွင္အား
မနက္လင္းသည့္အခါ
ဘုန္းေတာ္ႀကီးငါးပါးအား
ဆိုင္သို႔ပင့္ၿပီး သရဲမတြက္ရည္စူးကာ
ကုသိုလ္ျပဳေပးၿပီးေနာက္
နာမည္ေခၚၿပီး အမ်ွေပးရန္
အၾကံေပးသည္ ။

ဆိုင္႐ွင္မွာလည္း
သင့္ေလ်ာ္သည့္ မိုးေစြ၏
အၾကံအားလက္ခံၿပီးလုပ္ေဆာင္ခဲ့သည္ဟု
သိရသည္ ။

သို႔ေသာ္ ေနာက္ေန႔မ်ားတြင္
လဖၻက္ရည္ ဆိုင္ေ႐ွ႕ ကားတိုက္မႈမွ
ေကာင္မေလး
ူေသၿပီးေနာက္ေခြးအူသည့္
ပံုမ်ိဳးျဖင့္ ေခြးမ်ားမွာ အူလွ်က္႐ွိေနတုန္းပင္ ။

လူအမ်ားသည္ ထိတ္လန္႔ၾကေသာ္လည္း
ဘုန္းႀကီးပင့္ကာ အမ်ွေပးေဝၿပီးျဖစ္ေသာေၾကာင့္
မ်ားစြာမေၾကာက္ၾကေခ် ။

ထိုအျဖစ္မ်ားျဖစ္ပြားၿပီးေနာက္
တစ္္ပတ္ခန္႔အၾကာတြင္...

ေစ်းႏွင့္လမ္းမႀကီးေထာင့္ေနရာမွ
ထိုလဖၻက္ရည္ဆိုင္ေလးမွာ
ပံုမွန္ပင္ စည္ကားလ်ွက္႐ွိသည္ ။

ေကာင္းကင္ယံတြင္
တိမ္ဆိုးတိမ္ညစ္မ်ား
လြင့္ပ်ံေနသည့္
ညခင္း တစ္ခုတြင္....

နာမည္ၾကီးေဘာလံုးအသင္းမ်ား၏
ပြဲ႐ွိသျဖင့္ လူမ်ားစည္ေနေလသည္ ။

ပြဲစဥ္မ်ားတစ္ပြဲၿပီးတစ္ပြဲ
ျပၿပီးေနာက္ ဆိုင္အတြင္းလူမ်ား
တျဖည္းျဖည္း ပါးလာေတာ့သည္ ။

တိုက္တိုက္ဆိုင္ဆိုင္ ပင္
ေခြးမ်ားမွာလည္းအူေနၿပီ ။

စားပြဲထိုးေလးမ်ားမွာလည္း
ဆိုင္အတြင္းလူပါးေနသျဖင့္
နားနားေနေန ႐ွိေနၾကသည္ ။

ပိုင္ပိုင္တို႔ကိစၥတြင္သရဲမအား
မ်က္ျမင္ကိုယ္ေတြ႕ျဖစ္ခဲ့ရသူ
စားပြဲထိုးေလးမွာ
အမွတ္မထင္ ဆိုင္အျပင္အား
ၾကည့္မိရာ....

တေလာက
ပိုင္ပိုင္၏အေနာက္တြင္
ရပ္ေနသည့္သရဲမအား

ဆိုင္အျပင္႐ွိ စားပြဲဝိုင္းတြင္
ထိုင္ေနၾကသည့္သူမ်ား၏
အေနာက္မွ ရပ္ကာ
စားပြဲေပၚ႐ွိ စားေသာက္ဖြယ္ရာမ်ားကို
လိုက္ၾကည့္ေနသည္ကိုျမင္လိုက္ရျပန္သည္။

စားပြဲထိုးေကာင္ေလးလည္း
ေၾကာက္လန္႔သြားၿပီး
ေဘးမွသူငယ္ခ်င္းမ်ားအား
လိုက္ျပရာ
တစ္ခ်ိဳ႕မွာ အတိုင္းသား
ျမင္ေနရၿပီး တစ္ခ်ိဳ႕မွာ မျမင္ၾကေခ် ၊
မည္သို႔ပင္ဆိုေစကာမူ ျမင္ရသည့္
စားပြဲထိုးမွာ ေလးဦးခန္႔႐ွိၿပီး
ဆိုင္အျပင္မွာလူမ်ားမွာ
သရဲမအားျမင္ရဟန္မ႐ွိ ။

သရဲအားျမင္ေနရသည့္စားပြဲထိုး
ေကာင္ေလးမ်ားမွာ ေၾကာက္လန္႔ေနၾကၿပီး
အခ်ိဳ႕မွာ အေၾကာက္လြန္၍ ငိုေနၾကၿပီး
တစ္ဦးဆိုလ်ွင္ ပါးစပ္မွ အျမႇဳပ္မ်ား တစီစီျဖင့္
တက္ပင္ တက္ေနေလသည္ ။

ထိုအေၾကာင္းအား
စားပြဲထိုးေလးတစ္ေယာက္သည္
အိပ္ေနသည့္ဆိုင္႐ွင္အားႏိႈးကာ
သြားေျပာလိုက္သည္ ။

ဆိုင္႐ွင္လည္း အေၾကာင္းစံုသိၿပီး
စားပြဲထိုးေကာင္ေလးမ်ားျပသည့္ေနရာအား
ၾကည့္ရာ မည္သည္မ်ွမေတြ႔
သို႔ေသာ္ သရဲတေစၦ႐ွိေၾကာင္း လက္ခံသူျဖစ္၍
ခ်က္ခ်င္းပင္ ဆိုင္္ထဲမွလူမ်ားအ
ဆိုင္ထဲသို႔ဝင္ေစၿပီး
ဆိုင္ေဘးပတ္ပတ္လည္ကို
ပရိတ္ရည္မ်ားျဖင့္ စည္းတားေစသည္ ။

ထိုသို႔ျပဳေနစဥ္အတြင္းမွာပင္
လဖၻက္ရည္ ဆိုင္ထိုင္ေနသူ
ဆံပင္႐ွည္ဖ်ားလ်ားႏွင့္
အမ်ိဳးသမီးတစ္ဦးမွာပစ္လဲသြားၿပီး
သရဲပူးသြားေလသည္ ။

ထိုအမ်ိဳးသမီးတြင္ဝင္ပူးေနသည့္
သရဲမ မွာ ငိုယိုေနကာ
ဆံပင္႐ွည္အား မ်က္နာအျပည့္အုပ္မိုးထားၿပီး
အသံမပီမသျဖင့္

" ငါ...ကို....ပ..ရိတ္..ရည္...နဲ႔...
မ..မ..မပတ္ပါနဲ႔ ငါ..ပူတယ္....
ငါ...ေျပာ..စရာ႐ွိတာေျပာၿပီးရင္.....
သြားမွာပါ...ေတာင္း...ပန္...ပါ...တယ္..."

ဟုဆိုေလသည္ ။

ဆိုင္အတြင္း လူအေယာက္ႏွစ္ဆယ္ခန္႔႐ွိေနၿပီး
သရဲပူးေနသူႏွင့္ မနီးမေဝးတြင္
ေနေနၾကသည္ ။

ပေရာဂ ကုသည္ကိုျမင္ဖူးၾကံဳဖူးသူ
လဖၻက္ရည္ ဆိုင္ပိုင္႐ွင္မွာ
သရဲမအား...

" ေကာင္းၿပီနင္ကဘယ္သူလည္း
ဒီမွာေယကားတိုက္ခံရတဲ့တစ္ေယာက္လား "

ဟုမရဲတရဲျဖင့္ေမးရာ
သရဲမ က
ေခါင္းၿငိမ့္ျပေလသည္ ။

ထိုအခါ ဆိုင္႐ွင္က ဆက္္ၿပီး

" နင္တို႔မိသားစုေရာ ငါတို႔ေရာ
နင့္အတြက္ ရည္စူးကုသိုလ္လုပ္ေပးတာ
နင္မရဘူးလား...သာဓုမေခၚဘူးလား "

ဟုေမးလိုက္ရာ သရဲမက
တုန္ယင္ေနသည့္ ေလသံျဖင့္

" မ...ရ....ဘူး....
ငါ..အိမ္ကလုပ္ေပးတုန္းက ငါေသမွန္းမသိပဲ
ေလ်ွာက္သြားေနမိတယ္ ၊ နင္တို႔လုပ္ေပးေတာ့
ငါ့အေပါင္းအသင္းေတြနဲ႔အလည္လြန္ေနတဲ့အခ်ိ်ိန္
ျဖစ္ေနတယ္ ၊ ငါ့ကို မနက္ျဖန္(...) အခ်ိိ္န္
ငါေသခဲ့တဲ့ ဒီေနရာမွာပဲ
ဘုန္းေတာ္ႀကီး ေတြပင့္ၿပီး
ရည္စူးကုသိုလ္လုပ္အမ်ွေဝေပးပါ...
ၿပီးေတာ့ ငါအေမနဲ႔အေဖကိုလည္း
အီးဟီး...... ငါအရမ္းခ်စ္တဲ့အေၾကာင္း
သူတို႔ကိုသတိရတဲ့အေၾကာင္းေျပာေပးပါ ၊
အမွ်ေပးေရစက္္ခ်ရင္လည္း သူတို႔ကိုယ္တိုင္
လုပ္ေပးဖို႔နဲ႔...ငါ့အတြက္ ေနရာေလးနဲ႔
ေရစက္ခြက္ေလးျပင္ေပးပါ...... "

ဟုေျပာရာ... ဆိုင္႐ွင္မွ လုပ္ေပးမည္ျဖစ္ေၾကာင္း
အမ်ွရေအာင္ယူရန္ ၊
သူ႔ဆိုင္အားမေႏွာက္ယွက္ရန္ႏွင့္
ဒီပတ္ဝန္းက်င္တြင္
လိုက္လံမေျခာက္လန္႔ေတာ့ရန္ေျပာသည္ ။

ထိုအခါ သရဲမ မွ
သူဒီလိုဘဝႀကီးတြင္ေနရသည္ကို
လံုးဝမေပ်ာ္ေၾကာင္း အစားအေသာက္မ်ားလည္း
မစားရေၾကာင္း ေျပာၿပီး သာဓုေသခ်ာေခၚမည္
ျဖစ္ၾကာင္း သူေျပာတဲ့အတိုင္း ကူညီေပးပါဟု
ထပ္ခါ ေတာင္းဆိုၿပီးေနာက္ ထြက္သြားေလသည္ ။

ကာယကံ႐ွင္အမ်ိဳးသမီးမွာ
ေခတၱ မ်ွေခါင္းငိုက္ဆိုက္သြားၿပီးေနာက္
အိမ္မက္မွ ႏိုးထလာသူနယ္
ေၾကာင္ေတာင္ေတာင္ႀကီး
ျဖစ္ေနေလသည္ ။

ထို႔ေနာက္ ဆိုင္႐ွင္သည္
သရဲမ ေျပာသည့္အတိုင္း
သရဲမ၏ မိသားစုဝင္မ်ားအား
အက်ိဳးအေၾကာင္း ေျပာၿပီးေသခ်ာ
စီစဥ္ေပးခဲ့သည္ ။

ေနာင္မ်ားတြင္
ထို လဖၻက္ရည္ ဆိုင္ႏွင္လမ္းတစ္ေလ်ာက္
အေျခာက္အလန္႔ အသံမၾကားရေတာ့ေခ် ။

လမ္းေဘးတြင္ မေမ်ွာ္လင့္ပဲ
ကြယ္လြန္သြားသည့္ အမ်ိဳးသမီး သရဲမ
လည္း ကုသိုလ္မ်ားရ သာဓုေခၚဆိုႏိုင္ၿပီး
ၿပိတၱာ ဘဝမွ ကြၽတ္လြတ္ကာ
ျမင့္ျမတ္သည့္ဘံုဌာနသို႔
ေရာက္ေလၿပီေလာ မသိ ။

(မွတ္ခ်က္ - အထက္ပါ ျဖစ္ရပ္မွန္ဇာတ္လမ္းသည္
တစ္ခ်ိန္က (.....) ၿမိဳ႕နယ္
(....)ေစ်းအနီးတြင္ အသက္အလြန္ငယ္သည့္
ကေလးငယ္တစ္ဦးအား သူ၏ဖခင္ လိုင္းကား ဆရာမွ ကားေမာင္းသင္ေပးၿပီးေနာက္
ညဘက္
ကားသိမ္းသည့္အခါတိုင္း
အျပန္တြင္ ဖခင္က ကားအေနာက္တြင္
အရက္ေသာက္ကာ အိပ္လိုက္လာၿပီး
သားျဖစ္သူကေလးငယ္အား
ကားေမာင္းေစရာမွ ေန႔စဥ္လစဥ္
မည္သည့္ျပသနာမွ်မျဖစ္ခဲ့ပဲ
မေမ်ွာ္လင့္ထားသည့္ တစ္ညတြင္မွ
ကားေမာင္းသူ ကေလးငယ္သည္
ကားႀကီးအား အ႐ွိန္တင္ေမာင္းရာ
လမ္းျဖတ္ကူးလာသည့္
အမ်ိဳးသမီးတစ္စုအား
ဝင္တိုက္မိျခင္းျဖစ္သည္ ။
ထိုအျဖစ္အပ်က္အား
ႏိုင္ငံေတာ္သတင္းစာ ၊
မႈခင္း ဂ်ာနယ္မ်ားအျပင္
အျခား စာနယ္မ်ားတြင္လည္း
ဟိုးဟိုးေက်ာ္ခဲ့သည့္ သတင္းျဖစ္ခဲ့သည္ ။
ဇာတ္လမ္းထဲမွ လဖၻက္ရည္ဆိုင္ေလးမွာ
ယခုေနရာေျပာင္းသြားၿပီျဖစ္ၿပီး
ထိုေနရာတြင္ တိုက္ႀကီးတစ္ခု ျဖစ္ေလၿပီ ။
အထက္ပါ ဇာတ္လမ္းေလးမွ
ကားတိုက္ခံရ ရာမွ
ေနရာတြင္ ႐ုတ္ပ်က္ဆင္းပ်က္
ပြဲျခင္းၿပီးေသ သြားခဲ့သည့္
အမ်ိဳးသမီးအေၾကာင္းႏွင့္
ထိုအမ်ိဳးသမီး သရဲျဖစ္ကာ
အမွန္တကယ္ေျခာက္လန္႔ခဲ့သည့္
အျဖစ္မ်ား ျဖစ္ေၾကာင္း ဝန္ခံပါသည္ ။)

လမ္းေဘးတြင္
ထိုသရဲမ
အမွန္တကယ္႐ွိခဲ့ပါသည္ ။

ဘယ္လိုပဲေျပာေျပာ
ဆိုက္ကားဆရာ ခင္ေမာင္ခ်စ္ႏွင့္
မိုးေစြတို႔သူငယ္ခ်င္းတစ္စုမွာ
ညအခ်ိိ္န္ထိုလဖၻက္ရည္ဆိုင္ဘက္
ေျခဦးပင္ လွည့္ၾကမည္ဟုမထင္ေပ ။

ဒီဇာတ္လမ္းေလးဖတ္ၿပီး
စာဖတ္သူတို႔လည္း
ကားလမ္းသတိထားကူးရန္ႏွင့္
ညဘက္ အိမ္ျပန္ေနာက္က်ခဲ့လ်ွင္
ဘုရားတရားမေမ့ၾကပါနဲ႔ဟု
တိုက္တြန္းပါရေစ...... ။

#END

{ ယခုေရးသားခဲ့ေသာ ျဖစ္ရပ္မွန္

ဇာတ္လမ္းေလး ကို ေရးသားခြင့္ျပဳခဲ့တဲ့

ခ်စ္သူငယ္ခ်င္းမ်ား ကို

ေက်းဇူးအထူးတင္ရွိပါတယ္ ခင္ဗ်ာ ။

အထက္ပါ ဇာတ္လမ္းေလးထဲမွာ

အမွန္တကယ္ ပါ၀င္ခဲ့သူ ေနရာကေန

ခံစားျပီးေရးသားထားပါတယ္ ၊

၀ါသနာအရ ေရးသားတာျဖစ္တဲ့အတြက္ေၾကာင့္

အမွားအယြင္းမ်ား ရွိခဲ့ရင္လည္း ခြင့္လြတ္နားလည္ေပးၾကပါ ၊

ေ၀ဖန္မႈေတြကိုလည္း အျမဲ ၾကိဳဆိုလွ်က္ပါ ခင္ဗ်ာ ….. ။ }

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးေစြ
# Unicode Version ျဖင့္ ဖတ္ပါ #
 " ပိုးစုန်းကြူး ကလေးတွေကို
ကြည့်စမ်းကွယ်....
တမင် ပျံဝဲ ပြီးနေတာရယ်..... "

တစ်ကိုယ်တည်းသမား
ဆိုက်ကားဆရာ ခင်မောင်ချစ် တစ်ယောက်
သူ၏
ခရီးသည်အားလိုရာလိုက်ပို့ပြီး
အချိန်မှာ ညပင် အတော်နက်နေပြီဖြစ်၍
လူပျက်လှသည့်
လမ်းကြားတွင် တစ်ကိုယ်တည်း
အပျင်းရော အကြောက်ပါ ပြေစေရန်အတွက်
သီချင်းတညည်း ညည်းနှင့်
ခြေမှလည်း တစ်ဖက်စီ
ဘယ်ညာ အားစိုက်ရင်း
သူ၏ ဆိုက်ကားအိုလေးကို
တစ်အိအိနင်းလာခဲ့သည် ။

" အို..ဟို.. ညရဲ့အချစ်ကမ္ဘာထဲ..
အသည်းချင်းဖလယ် မခွဲတမ်းကွယ်..
တို့နှစ်ယောက်တည်းရယ်....
ပိုး...ပိုး.... "

သူ၏ မျက်စိရှေ့မှ ဖြစ်စဉ်တစ်ခုကြောင့်
သီချင်းမဆုံးစာသား တစ်ပိုဒ်မဆုံးမှီ
ခင်မောင်ချစ် ဆက်မဆိုပဲ
ခေတ္တ မျှ တိတ်ဆိတ်သွားမိသည် ။
ခြေအစုံမှာလည်း ဆိုက်ကားခြေနင်းအား
ဆက်မနင်းဖြစ်တော့.... ။

လမ်းမကြီးသို့ အတွင်းရပ်ကွက်များမှ
ထွက်ပေါက်ဖြစ်ပြီး
မှုန်ကုတ်ကုတ် လမ်းမီးများနှင့်
တန်ဆာဆင်ထားသည့်
လမ်းကြားငယ်
တစ်ခုတွင်ရောက်နေသည့်
ခင်မောင်ချစ် ဆိုက်ကားရှေ့ရှိ
အမျိုးသမီးတစ်ဦး ကုန်းကုန်းကွကွနှင့်
လမ်းဘေးဘယ်ညာတစ်လျှောက်
ပစ္စည်းတစ်ခုခု ရှာနေဟန်ရှိသည် ။

အမျိုးသမီး၏ ပုံစံမှာ...
ဂျင်းဘောင်းဘီ နှင့် အကျႌ T shirt အဖြူအား
ဝတ်ဆင်ထားပြီးနောက် ခါးထိရှည်သော
ဆံပင်အား ဖျားလျား ချထားသည် ။

ခင်မောင်ချစ်အတွေးတွင်
ထိုအမျိုးသမီးမှာ သူနှင့်
အိမ်ပြန်လမ်းချင်းနီးစပ်ပါက
လျော့ဈေးဖြင့် ခရီးသည်တင်သွားရန်ဖြစ်သည် ။

သူ၏ အတွေးနှင့်
ဆိုက်ကားပေါ်မှ ဆင်းကာ
အမျိုးသမီးအနားသု့ိ သွားပြီး
သူနှင့်အသင့်ပါလာသော
ဓာတ်မီးအား ဖွင့်လိုက်ကာ

" ဒီမယ် အစ်မ...
ဘာပျောက်နေလို့လည်း
ကျွန်တော်ဝိုင်းရှာပေးမယ်လေ...
ကျွန်တော့်မှာ ဓာတ်မီးပါတယ်... "

ပစ္စည်းတစ်ခုအား အသဲအမဲရှာနေသည့်
အမျိုးသမီးမှာ...
ခင်မောင်ချစ်အား ကျောပေးထားလျှက်
ခင်မောင်ချစ်၏ စကားကို
အလေးမထားဟန်ဖြင့်
သူမ လုပ်လက်စအလုပ်ကိုသာ
ဆက်လုပ်နေသည် ။

ဆိုက်ကားဆရာ ခင်မောင်ချစ်လည်း
ကူညီရနိုးနိုး မကူညီရနိုးနိုးနှင့်
မချင့်မရဲဖြစ်နေစဉ်
တစ်ဖက်မှအမျိုးသမီးက
နောက်လှည့်မကြည့်ပဲ

" ကျွန်မကိုယ်ပိုင်ပစ္စည်းလေးတစ်ခု
ဒီနားတစ်ဝိုက်မှာ ကျပျောက်သွားလို့ပါ
ရှင်က ဝိုင်းရှာပေးချင်လို့လား "

ပြန်ဖြေလိုက်သည့်
အမျိုးသမီး ၏စကားသံမှာ
လှိုင်းသံအနည်းငယ်ပါနေသည် ။

ကြောက်စီစီဖြစ်နေသည့်
ခင်မောင်ချစ်လည်း
ထိုအမျိုးသမီးစကားသံကြောင့်
အသိဝင်လာပြီး

" ဪ ဟု.ဟု..ဟုတ် ဟုတ်ကဲ့
ကျွန်တော့်မှာ ဓာတ်မီးပါတော့
လင်းလင်းခြင်းခြင်း ရှာလို့ရတာပေါ့...
ဒါနဲ့လေ..ဟို...
ဒီက ပျောက်နေတာ...
ဘာပစ္စည်းလဲဟင်... "

ထိုမေးခွန်းအား
ခင်မောင်ချစ်အားကျောပေးလျှက်
ကုန်းကုန်းကွကွဖြင့်
တစ်စုံတစ်ခုကိုရှာဖွေနေသည့်
အမျိုးသမီးမှ ချက်ချင်းပြန်ဖြေလိုက်သည် ။

" ကျွန်မ!မျက်လုံး!
ထွက်ကျသွားလို့ လိုက်ရှာနေတာပါ "

ညနက်ကြီး
လူပျက်သည့်လမ်းတွင်
ယခုမှဆုံသည့်
လူနှစ်ဦးရှိရာမှ
ကျန်တစ်ဦးက
မိမိ၏ မျက်လုံးအား လိုက်ရှာနေပါသည်ဟု
ပြန်ဖြေလိုက်လျှင် မည်သူမဆို
သွေးပျက်သွားနိုင်သည် ။

ထိုသို့သော အမျိုးသမီး၏
ကြောက်မက်ဖွယ် စကားလုံးများ
အဆုံးတွင် အလိုက်မသိသော
ငှက်ဆိုးတစ်ကောင်က
ကောင်းကင်မှ ခရီးသွားရင်း
နှုတ်ဆက်သွားပြန်သည် ။

" ! ဂီးဂီး.... "

ဆွံ့အနေသူ
ဆိုက်ကားဆရာ ခင်မောင်ချစ်လည်း
လွန်စွာတုန်လှုပ်သွားသည့်
စိတ်များအား ပြန်ထိန်းကာ..

" မ..မ..မနောက်ပါနဲ့ဗျာ...
ကျွန်တော် အတည်မေးတာပါ "

ခင်မောင်ချစ် ၏ တုန်ရီစွာ
စကားများပြောပြီးနောက်
မဝံ့မရဲဖြင့် သူ၏ရှေ့ရှိအမျိုးသမီး၏
မျက်နာနေရာ (ဦးခေါင်း) အား
လက်နှိပ်ဓာတ်မီးဖြင့် ထိုးထားလေရာ..
အမျိုးသမီးက

" ဘာလဲ ရှင်ကမယုံဘူးလား "

ဟုတစ်ချက်ဖြေရင်း...
အမျိုးသမီးမှာ မတ်တပ်ရပ်လိုက်ရင်း
သူ့မျက်နာအား ခင်မောင်ချစ်ဘက်သို့
လှည့်လိုက်သည်..

တစ်ချိန်တည်းမှာပင်
ခင်မောင်ချစ်၏ လက်တွင်းမှ
လက်နှိပ်ဓာတ်မီးအလင်းသည်
အမျိုးသမီး၏ မျက်နာအား ဖြာကျနေစေပြီး
ခင်မောင်ချစ်မှာ တုန်ယင်နေသည် ။

အမျိုးသမီး၏မျက်နာတစ်ပြင်လုံး
ဆံပင်ရှည်များဖြင့်ဖုံးနေသည် ။

ထိုစဉ် အမျိုးသမီးသည်
မျက်နာတစ်ခြမ်းစာမျှ
ဆံပင်ကို ဖယ်လိုက်ရာ
သူမမျက်နာမှာ အကောင်းတိုင်ပင်
မျက်လုံးလည်းရှိနေသည်ကိုတွေရသဖြင့်
ခင်မောင်ချစ် သောကများ လျော့သွားလေသည် ။

" ဟူ..... !!!
ခင်များဗျာ အတော်နောက်သကိုး...
ကျွန်တော်ကဘသရဲခြောက်ခံရပြီထင်နေတာ... "

ခင်မောင်ချစ်၏ စကားကြောင့်
အမျိုးသမီးမှာ ဟက်ဟက်ပတ်ပတ် ရယ်လိုက်ရင်း

" ကျွန်မ မနောက်ပါဘူး
ကျွန်မမျက်လုံးတကယ်ပျောက်နေတာပါ
ဒီမှာကြည့်ပါလား... "

ဟု သူမ ၏ ကျန်ဆံပင်တစ်ခြမ်းအုပ်နေသည့်
ဘက်မှ ဆံပင်များကို
လက်ဖြင့် သပ်တင်လိုက်ရင်း
မျက်နာတစ်ခြမ်းအား ပြင်လိုက်လေသည်...
မျက်နာမှာ...မျက်လုံးမပါ
မျက်လုံးနေရာတွင် ဟောင်းလောင်းပေါက်ကြီး
ဖြစ်နေပြီး တစ်ခြမ်းလုံးမှာ
အရိုးပင်ပေါ်နေအောင် စုတ်ပျက်သပ်ကာ
အတွင်းသို့ချိုင့်ဝင်နေလေသည့် ပါးစပ်မှာလည်း
မေးရိုးနှင့် နှုတ်ခမ်းသားများ
မရှိပဲ ခင်မောင်ချစ်အား ပြုံးရယ်ပြနေလေသည် ။

" အာ...!!!!!"

ခင်မောင်ချစ်...တစ်ယောက်
ထိုအခြင်းအရာအားမြင်ပြီး
လက်ထဲမှ ဓာတ်မီးအားပစ်ချကာ
ငယ်သံပါအောင်အော်ပြီး
လမ်းမကြီးမှ လူစည်ကားရာအနီးဆုံးအရပ်သို့
အမြန်ထွက်ပြေးသွားချေပြီ... ။

ဆိုက်ကားကိုမူ သတိပင်မထားနိုင်
အနောက်ပင်လှည့်မကြည့်နိုင်
လက်တလော... သရဲ လက်မှ လွတ်ရန်သာ... ။

~~~~~~~~~~~~~~~~~~~~~

" တုံ တုံ တုံ..တုံ.....တုံ.........တုံ.........တုံ "

မြို့ငယ်လေး၏
အရုဏ်ဦးကို
မြို့နယ်အတွင်းရှိ
ဘုန်းတော်ကြီးကျောင်းများမှ
တုန်းမောင်းခေါက်သံဖြင့်
အစချီသည်ဟု ဆိုရမည် ။

ထိုမြို့လေးမှ ဈေးငယ်လေးတွင်လည်း
သတင်းတစ်ခု ပျံ့နှံ့ လျှက်ရှိသည် ။

" ဟဲ့ လှခင် နင်ကြားပြီးပီလား "

" ဘာကိစ္စ တုန်းအစ်မရ "

" ညက (----) လမ်းမှာ
ဆိုက်ကားသမား ခင်မောင်ချစ်တစ်ယောက်
သရဲခြောက်ခံရလို့တဲ့လေ "

" အို.... !!
ဟုတ်ရဲ့လားအစ်မရယ်...
ကလေးတွေပေါက်ကပြောနေကြတာများလား "

" ဘယ်က ပေါက်က ရ တွေကမှာလည်း
တကယ်ဟဲ့... သူ့ကိုခြောက်တဲ့သရဲမကလည်း
တလောက တိုက်ပြီးပွဲချင်းပြီးသွားတဲ့
မိန်းကလေးတဲ့ ဒီမနက်က
ငါကိုယ်တိုင် ခင်မောင်ချစ်တို့အမေနဲ့တွေ့ဖြစ်လို့
အကြောင်းစုံသိလာရတာ...
ခင်မောင်ချစ်ဆို ညက
ဆိုက်ကားထားပြီးထွက်ပြေးတာ
ကံကောင်းချင်တော့
နှစ်ဆယ့်လေးနာရီဖွင့်တဲ့ (---) လဖ္ဘက်ရည် ဆိုင်မှာ
လူစည်နေတဲ့အချိန်ဆိုတော့
လူအုပ်နဲ့ ခင်မောင်ချစ်
သရဲခြောက်တဲ့နေရာပြန်သွားကြည့်ကြသေးတယ်
ခင်မောင်ချစ် ဆိုက်ကားကလွဲရင် ဘာမှမတွေ့ဘူးတဲ့
ခင်မောင်ချစ်လည်း ရူးသလိုလို
ကြောင်သလိုလို ဖြစ်သွားတယ်...
သတင်းတွေကတော့ ပျံ့နေတာပဲ... "

" အမလေးတော် ကြောက်စရာကြီး...
ကောင်မလေးအိမ်က သူ့အတွက်
သက်ပျောက်ဆွမ်း နဲ့ ရည်စူးကုသိုလ်တွေ
လုပ်ပေးတာပဲ... မရရှာဘူးနဲ့တူတယ်
ဟူး.... "

~~~~~~~~~~~~~~~~

ယင်းကိစ္စများဖြစ်ပွားပြီး
နှစ်လခန့်အကြာ.....

ည ၉နာရီခွဲခန့်
ထိုမြို့နယ်အတွင်းမှ
Cyber Shop တစ်ခုတွင်ဖြစ်သည် ။

" မိုးစွေ သူငယ်ချင်း
ငါတို့ (-----)
လဖ္ဘက်ရည် ဆိုင်သွားပြီး
တော်ကီဖုတ်မလို့ မင်းလိုက်ဦးမလား "

အင်တာနက်ဆိုင်အတွင်း
ကလေးများနှင့် ဂိမ်းသည်းကြီးမဲကြီးဆော့နေသူ
မိုးစွေ အား ထွန်းသစ်မှစကားခေါ်လိုက်သည် ။

ထိုအခု ပိုင်ပိုင် မှလည်း

" ငါလည်းဗိုက်ဆာနေလို့ "
ဟု ပြောလိုက်လေရာ...

နောက်ထပ် သူငယ်ချင်းတစ်ဦးဖြစ်သူ
ဖြိုးမင်းမှ..

" ဟုတ်တယ် တို့သုံးယောက်
တစ်ခုခု သွားစားရင်း
စကားပြောကြမလို့ မင်းလိုက်ခဲ့လေ "
ဟုဆိုလိုက်သည် ။

ထိုအခါ ဆိုင်အတွင်းမှ မိုးစွေက

" ငါဒီမှာ Battle အကြီးအကျယ်ဖြစ်နေလို့
မလိုက်တော့ပါဘူးကွာ နောက်နေ့ညမှ
လိုက်ခဲ့မယ်... "

" အေးအေးပြီးရော... "
ခေါ်မရသည့်အဆုံး သူတို့သုံးဦးသာ
လဖ္ဘက်ရည် ဆိုင်သို့ ဦးတည်ခဲ့ဲကြသည် ။

လဖ္ဘက်ရည် ဆိုင်လေးမှာ
ထိုမြို့နယ်အခြမ်းမှ နာမည်ကြီး
ဈေးကြီးတစ်ခု ၏ ဘေးဘက်တွင် ရှိပြီး
ဆိုင်အား
လမ်းမတန်းဘက်သို့မျက်နာမူထားသည် ။

အနီးစပ်ဆုံးပုံဖော်ပြရလျှင်
ဆိုင်မှာ ကျောနှစ်ဖက်ပိတ်
မျက်နာစာ နှစ်ဖက်ဖွင့် ပုံစံရှိသည် ။

ဈေးကြီးအား ထောင့်ကျကျ
မှီတွယ်ထားပြီး
ဆိုင်၏ မျက်နာစာနှစ်ဖက်တွင်
လမ်းမကြီးအပြင် ၊
(ဈေးနောက်ရှိ)
အတွင်းရပ်ကွက်များသို့
(လမ်းမကြီးမှတစ်ဆင့်)ဝင်နိုင်သည့်
ကားနှစ်စီးဆန့်နိုင်သော လမ်းကြားငယ်
တစ်ခုရှိသည် ။

ပိုင်ပိုင်တို့ သူငယ်ချင်းတစ်စု
ဆိုင်သို့ရောက်သောအခါ
သီချင်းသံများနှင့်ဝေးပြီး
ညလေညှင်းခံကာ
စကားပြောရင်း အစားအသောက်
စားနိုင်ရန် ဆိုင်အပြင်တွင်ခင်းထားသည့်
စားပွဲများထဲမှ အစွန်အကျဆုံး
စားပွဲတွင်နေရာယူလိုက်ကြသည် ။

သူတို့၏ စားပွဲငယ်ဘေးတွင်
ကားလမ်းကျယ်ကြီးသာရှိတော့သည့်
ကားလမ်းမှာလည်း
ညနက်နေပြီဖြစ်၍ ကားတစ်စီးတစ်လေမျှသာ
ဖြတ်လေ့ရှိသည် ။

ပိုင်ပိုင်မှ စားသောက်ဖွယ်
ရှမ်းခေါက်ဆွဲတစ်ပွဲအားမှာယူပြီး
ကျန် ထွန်းသစ်နှင့် ဖြိုးမင်းမှာ
လဖ္ဘရည် သာ မှာယူကြသည် ။

သူတို့ထိုင်ခုံနေရာယူပုံမှာ
ပိုင်ပိုင်သည် လမ်းကြားဘက်အားကျောပေးပြီး
နှစ်ဦးထိုက်သည့် စားပွဲခုံ တစ်ဘက်နေရာတွင်
တစ်ကိုယ်တည်းထိုင်သည် ၊
ကျန်နှစ်ဦးမှာ ပိုင်ပိုင်နှင့်မျက်နာချင်းဆိုင်တွင်
ထိုင်ကြသည် ။

သုံးဦးသား ရောက်တက်ရာရာ
ဂိမ်းအကြောင်းများ
ဘောလုံးပွဲအကြောင်းများပြောနေရာမှ
အချိန်မှာ ညနက်သထက်နက်လာသည် ။

အစားစားကြာလွန်းသည့် ပိုင်ပိုင်မှာ
စကားပြောလိုက် စားလိုက်လုပ်နေသဖြင့်
ခေါက်ဆွဲမှာ မကုန်တကုန်ဖြစ်နေသည် ။
သုံးယောက်သား စကားပြောရင်းမှ
သရဲအကြောင်းများပါလာသည် ။

ဖြိုးမင်းက "ဟိုကောင်
မိုးစွေ တို့နဲ့မလိုက်လာတာ
နှမြောစရာပဲ
ဒီကောင်သာပါလာရင်
အခုတို့ပြောတဲ့ဇာတ်လမ်းတွေနဲ့တင်
လုံးချင်းဝတ္တှုတိုကောင်းကောင်း
ရေးလို့ရလောက်တယ် ဟား.."

ထိုစဉ် ထွန်းသစ်မှ....
မျက်နာချင်ဆိုင်ရှိ ပိုင်ပိုင်အား
သတိပေးသည့်အနေဖြင့်
မျက်နာတည်လျှက်
တတ်နိုင်သမျှစကားပြောသည့်ဟန်မပေါ်အောင်
ပါးစပ်စိကာ...

" ပိုင်ပိုင်
မင်းနောက်ကို လုံးဝ
လှည့်မကြည့်နဲ့
ခေါက်ဆွဲကိုကုန်အောင်မြန်မြန်စား "

ဟု လေသံဖြင့်ပြောလိုက်သည် ။

ပိုင်ပိုင်လည်း ကြောင်တောင်တောင်နိုင်စွာ
ထွန်းသစ်ကိုတစ်လှည့်
ဖြိုးမင်းကိုတစ်လှည့် လိုက်ကြည့်နေမိရာ
ထွန်းသစ်မှာ အပေါ်သို့မကြည့်မိစေရန်
မျက်နာကြီးအောက်ငုံ့နေပြီး ၊
ထွန်းသစ်က တစ်စုံတစ်ရာအား
ထိတ်လန့်နေသည့်မျက်ဝန်းများဖြင့်
ပိုင်ပိုင်အားပြန်ကြည့်နေသည် ။

အစအနောက်မလုပ်တတ်သူ
ထွန်းသစ် ၏ မလုပ်စဖူး
အပြုအမူနှင့် ဖြိုးမင်း မျက်ဝန်းမှ စကားတို့ကြောင့်
ပိုင်ပိုင်မှာလည်း
စကား ဆက်မပြောတော့ပဲ
ခေါက်ဆွဲအား ကုန်အောင်စားလေသည် ။

တစ်ခါတစ်ရံ အေးစက်လှသည့်
လေအေးများက သူ၏
ကျောအား တိုးဝေ့နေသလို
ပိုင်ပိုင် ခံစားမိသည် ။

အနောက်တွင် တစ်စုံတစ်ရောက်
ရပ်နေသည်ဟုလည်း
မသိစိတ်မှ သံချောင်းခေါက်အချက်ပေးနေပြီ ။

သူ့အတွေးတွင်မူ
သူ၏ အနောက်တွင်
အရက်မူးသမားတစ်ဦးဦးမှ
သူ့အား ရစ် ရန်အတွက်
ရောက်လာသောကြောင်း
သူငယ်ချင်းများက
အနောက်လှည့်မကြည့်ခိုင်းပဲ
စကားပြောရပ်ကာ
ရှမ်းခေါက်ဆွဲအား ကုန်အောင်
စားခိုင်းခြင်းဟု ထင်မှတ်မိသည် ။

ပိုင်ပိုင် စားပြီးနောက်တွင်
ဖြိုးမင်းမှ ဆိုင်အတွင်းကြည့်ကာ
ကတုန်ကယင်အသံဖြင့်

" ညီလေးရေ ဒီမှာ
ရှင်းမယ် " ဟုစားပွဲထိုးလေးများအား
ခေါ်လိုက်ရာ အသက်ခပ်ငယ်ငယ်
စားပွဲထိုး ကောင်လေးတစ်ဦးမှ
ပိုင်ပိုင်အားသေချာကြည့်လိုက်
ပိုင်ပိုင့်အနောက်မှ
တစ်စုံတစ်ရာအား ကြည့်လိုက်
လုပ်နေရင်းမှ မျက်လုံးပြူး
မျက်ဆံပြူ းကြီးနှင့် အလွန်ထိတ်လန့်သွားသည့်
ဟန်ပြုရင်း ငယ်သံပါအောင်
ကုန်းအော်ပါလေရော..... ။

" အား.....အ..အ..သ...သ. သရဲမကြီး..."

စားပွဲထိုးကောင်လေး၏
ခြောက်ခြားဖွယ်အသံအဆုံး
တစ်ပြိုင်တည်းဆိုသလိုပင်
ဖြိုးမင်းက "ပြေး......"
ဟုအော်ကာ မိုးစွေရှိသည့်
အင်တာနက်ဆိုင်ဘက်သို့
အသားကုန်ပြေးတော့သည့်
သူ၏နောက်တွင် ထွန်းသစ်လည်း
လိုက်ပြေးသည် ၊ ပိုင်ပိုင်မှာလည်း
ဘုအသိဘမသိဖြင့် ထကာ ပြေးတော့သည် ၊
လဖ္ဘရည် ဆိုင်နှင့် ကားတစ်မှတ်တိုင်အကွာတွင်
ရှိသည့် အင်တာနက်ဆိုင်သို့
သူငယ်ချင်းသုံးယောက်သား
ပြေးသည်မှာ အနောက်မှ ခွေလိုက်သည့်အခါ
ပြေးသည့်အရှိန်ထက်ပင်ပိုမြန်နေသည် ။

မကြာမှီ အင်တာနက်ဆိုင်သို့ရောက်ပြီး
ဝရုန်းသုန်းကားဖြင့် သုံးယောက်လုံး
အမောစို့ကာ ပစ်လဲသွားကြသည် ။

ဆိုင်အတွင်းမှ လူများကလည်း
ရုတ်တရက် ဖြစ်လာသည့်အခြေအနေကြောင့်
ထိန့်လန့်သွားကြသည် ၊
သုံးယောက်လုံးစကားမေးမရပဲ
ထွန်းသစ်က အနောက်ကိုသာ
လက်ညှိုးထိုးပြရင်း မောဟိုက်နေသည် ၊
မိုးစွေက
တစ်စုံတစ်ရာကိုရိပ်မိသည့်ဟန်ဖြင့်
ဆိုင်အတွင်းမှ သူငယ်ချင်းများအား
သတိပေးလိုက်သည် ။

" ဟေ့ယောင်(ကောင်) တွေ
ဒီကောင်သုံးကောင်
ရန်ဖြစ်လာပြီးဟိုဘက်က အုပ်စုနဲ့
အနောက်က လိုက်ရိုက်လို့
ထွက်ပြေးလာပုံရတယ်
မင်းတို့အသင့််ပြင်ထားကြ
ဟိုကောင်တွေဆိုင်ထဲဝင်လာရင်
ဆိုင်တံခါးပိတ်ပြီး ဆော်သာဆော် "

မိုးစွေစကားအဆုံးတွင်
ဆိုင်အတွင်းမှ လူကြီးလူငယ်
Gamer များသည် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး
အသင့်အနေအထားပြင်ထားကြသည်
အချိန်တစ်ခုအထိ စောင့်ဆိုင်းနေကြသော်လည်း
မည်သည့်ထူးဆန်းမှုမျှမတွေ့ရပေ ။

မောဟိုက်နေသူ
သုံးယောက်မှာလည်း
ရေတိုက်သူများ နှာနှပ်ပေးကြသူများကြောင့်
အမောပြေသွားကြပြီး
စကားကောင်းစွာပြောလိုက်သည်က...

" အ..အ..နောက်မှာ...
သ..သ..သရဲမကြီးလိုက်လာလို့ကွ... "

ထိုစကားကြောင့်
အားလုံးထိတ်လန့်ကုန်ကြသည် ။

" ဟင်..... "

ပိုင်ပိုင်မှလည်း

" ဘာ.... ဘယ်ကသရဲမလည်း
ငါလည်းမသိပါလား စားပွဲထိုးလေး
အော်တာတော့ကြားလိုက်တယ်
မင်းတို့ပြေးဆိုလို့ငါလိုက်ပြေးလာတာ "

ပိုင်ပိုင်စကားအဆုံးတွင် မိုးစွေက

" မဟုတ်သေးဘူး..
မင်းတို့ဘာဖြစ်လာကြတာလဲ
ဟိုကောင် ဖြိုးမင်းသေချာရှင်းစမ်းပါဦးကွာ "

ထိုခါ ဖြိုးမင်းက
လက်ထဲရှိ
ရေခွက်ထဲမှရေအားကုန်စင်အောင်
သောက်လိုက်ပြီး

" ဒီလိုကွ...
ငါတို့သုံးယောက် ဆိုင်ထိုင်ပြီး
စကားပြောနေကြရင်းကနေ
သရဲအကြောင်းတွေပြောဖြစ်နေတယ်
ငါတို့ကတော့ လဖ္ဘရည် ပဲသောက်တယ်
ဖြစ်ချင်တော့ ပိုင်ပိုင်က
ငါတို့နှစ်ယောက်ရဲ့
မျက်နာချင်းဆိုင်မှာ
သူတစ်ယောက်တည်းထိုင်ရင်း
ရှမ်းခေါက်ဆွဲကို
ဝက်သားနဲ့မှာစားတုန်း ဒီကောင်က
စားတာကြာတော့မကုန်သေးတဲ့အချိန်ကြီး
သူ့အနောက်မှာကွာ....
သ..သရဲမကြီးက မတ်တပ်ရပ်ပြီး
ခေါင်းကြီးငုံ့နေတာ....
ပိုင်ပိုင် ခေါင်းပေါ်ကနေမိုးပြီး
ပိုင်ပိုင့်ရှေ့က စားပွဲမှာတင်ထားတဲ့
ရှမ်းခေါက်ဆွဲကို ကြည့်နေတာကွာ...
ငြိမ်နေတာပဲအရုပ်ကြီးလို...

ဒါကိုငါကမြင်ပြီးကြောင်ကြည့်နေတော့
သူ့မျက်နာကြီးက ငါ့ဘက်မော့လာတယ်ကွ
ငါလည်းအသေကြောက်ပြီး
ခေါင်းပြန်ငုံနေလိုက်တယ်.. "

ထွန်းသစ်မှလည်း

" ဟုတ်တယ်မိုးစွေ...
ငါကိုလည်း ဖြိုးမင်းက ဒူးနဲ့တို့ပြီး.အချက်ပေးလို့ငါလည်းကြည့်လိုက်တာ
မြင်လိုက်တယ်...
အဲ့သရဲမကြီးက...
တလောက အဲ့ဆိုင်ရှေ့မှာ
ကားတိုက်သေ သွားတဲ့
မိန်းမဟ... "

" အို... ဟင်....ဟာ.... ! "

အားလုံးပို၍ကြောက်လန့်နေချိန်
ထွန်းသစ်က ဆက်ပြီး

" ဟုတ်တယ်..ငါ့မျက်စိနဲ့မြင်လိုက်တာ
သူကားတိုက်ခံရတုန်းက
ငါတို့တွေပြေးကြည့်တာမင်းတို့
မှတ်မိတယ်မို့လား...အေး..
အခုလည်းအဲ့သရဲမက မကျွတ်ဘူး
သူသေတုန်းကအဝတ်အစားနဲ့ပဲ
မျက်လုံးကတစ်လုံးမပါဘူး
ဆံပင်ဖျားလျားနဲ့ မျက်နာတစ်ခြမ်းလုံး
စုတ်ပျက်နေတာပဲ... ငါ့အထင်
စားပွဲထိုးလေးလည်းမြင်လိုက်တယ် "

ထိုစကားသည် ပိုင်ပိုင်အား
ကြက်သီးတဖြန်းဖြန်းထကာ
ခေါင်းနပန်းကြီးသွားစေသည် ။

မကြာမှီ အင်တာနက်ဆိုင်ပိုင်ရှင်
ရောက်လာပြီးမေးမြန်းရာ မိုးစွေမှ
အကြောင်းစုံရှင်းပြလိုက်ရင်း
ထိုဆိုင်မှာ
အိမ်ဆိုင်ဖြစ်သည့်အတွက်
ပရိတ်ရည်များအား ဆိုင်ရှင်ထံမှတောင်းပြီး
သူငယ်ချင်းသုံးယောက်အား
ဖြန်းပေးခြင်း စတိသဘောမျိုး
သောက်စေခြင်းအပြင်
ဆိုင်အနှံ့ကိုလည်း
ပရိတ်ရေများ ဖြန်းစေခြင်းများ
ုံကိုလည်းများပြုပေးသည် ။

အချိန်မှာ ည ၁၂နာရီပင်ကျော်နေပြီ
ဆိုင်အတွင်းမှာတော့
ညလုံးပေါက်မိုးလင်းဆော့လေ့ရှိသည့်
ဂိမ်းသမားများစွာကျန်နေသေးသည် ။

ထို့နောက် ဂိမ်းဆိုင်(အင်တာနက်ဆိုင်)
မှ သရဲအကြောင်း စိတ်ဝင်စားသူများ
ဆယ့်ငါးယောက်ခန့် စုစည်းကာ
ပိုင်ပိုင်တို့ သရဲအခြောက်ခံရသည့်
လဖ္ဘက်ရည် ဆိုင်သို့ချီတက်ခဲ့ ကြသည် ။

ဆိုင်သို့ရောက်သောအခါ
ဆိုင်အတွင်းလူများ ပြာရာခတ်နေသည်ကို
မြင်လိုက်ရသည် ။

အခြေအနေမှာ
စားပွဲထိုးမိန်းကလေးများမှာ
ဆိုင်ထောင့်တစ်နေရာတွင်စုထိုင်နေကြပြီး
တစ်စုံတစ်ခုကိုကြောက်လန့်နေကြဟန်ရှိသည် ၊
ကျန်ယောကျာ်းလေးများနှင့်
ဆိုင်ရှင်ဦးလေးကြီးမှာ
စားပွဲထိုးကောင်လေးတစ်ယောက်အနားတွင်
ဝန်းရံနေကြပြီး ပရိတ်ရေများတိုက်ရင်း
ဘုရားစာများရွတ်ပေးနေကြသည် ၊
ထိုစားပွဲထိုးကောင်လေးမှ
ဖြိုးမင်းတို့ပိုက်ဆံရှင်းဖို့ခေါ်လိုက်စဉ်
သရဲမကြီးအား မြင်သွားသည့်
ကောင်လေးဖြစ်သည် ။

မိုးစွေတို့လူစု ဆိုင်အတွင်းအဝင်တွင်
လူအုပ်ကြားမှစားပွဲထိုးလေးက
ငိုနေရင်း... ဖြိုးမင်းတို့အားမြင်လိုက်သည်နှင့်

" ဟိုမှာ...ဟိုအစ်ကိုတွေ...
ကျွန်တော်ပြောတဲ့သူတွေ
အဲ့တာသူတို့ပဲ...
သရဲမက သူ့အနောက်မှ ရပ်နေတာ... "

ပြောပြောဆိုဆိုနှင့် စားပွဲထိုးကောင်လေးက
ပိုင်ပိုင်အား လက်ညှိုးထိုးပြလိုက်သည် ။
ထိုအခါ ဆိုင်အတွင်းရှိလူများ၏
မျက်လုံးအကြည့်များအားလုံးသည်
ကျွန်တော်တို့လူစုအပေါ်ရောက်ခဲ့ပြီ ။

စားပွဲထိုးကောင်လေးမှာ...
ပိုင်ပိုင်အနောက်မှ သရဲမကြီးအား
သူသည်လည်း ဖြိုးမင်းနှင့် ထွန်းသစ်တို့နည်းတူ
မြင်လိုက်ကြောင်းပြောရာမှအစပြုပြီး
မိုးစွေက ရင်းနီးပြီးဖြစ်သည့်
လဖ္ဘက်ရည် ဆိုင်ပိုင်ရှင်အား
မနက်လင်းသည့်အခါ
ဘုန်းတော်ကြီးငါးပါးအား
ဆိုင်သို့ပင့်ပြီး သရဲမတွက်ရည်စူးကာ
ကုသိုလ်ပြုပေးပြီးနောက်
နာမည်ခေါ်ပြီး အမျှပေးရန်
အကြံပေးသည် ။

ဆိုင်ရှင်မှာလည်း
သင့်လျော်သည့် မိုးစွေ၏
အကြံအားလက်ခံပြီးလုပ်ဆောင်ခဲ့သည်ဟု
သိရသည် ။

သို့သော် နောက်နေ့များတွင်
လဖ္ဘက်ရည် ဆိုင်ရှေ့ ကားတိုက်မှုမှ
ကောင်မလေး
ူသေပြီးနောက်ခွေးအူသည့်
ပုံမျိုးဖြင့် ခွေးများမှာ အူလျှက်ရှိနေတုန်းပင် ။

လူအများသည် ထိတ်လန့်ကြသော်လည်း
ဘုန်းကြီးပင့်ကာ အမျှပေးဝေပြီးဖြစ်သောကြောင့်
များစွာမကြောက်ကြချေ ။

ထိုအဖြစ်များဖြစ်ပွားပြီးနောက်
တစ်ပတ်ခန့်အကြာတွင်...

ဈေးနှင့်လမ်းမကြီးထောင့်နေရာမှ
ထိုလဖ္ဘက်ရည်ဆိုင်လေးမှာ
ပုံမှန်ပင် စည်ကားလျှက်ရှိသည် ။

ကောင်းကင်ယံတွင်
တိမ်ဆိုးတိမ်ညစ်များ
လွင့်ပျံနေသည့်
ညခင်း တစ်ခုတွင်....

နာမည်ကြီးဘောလုံးအသင်းများ၏
ပွဲရှိသဖြင့် လူများစည်နေလေသည် ။

ပွဲစဉ်များတစ်ပွဲပြီးတစ်ပွဲ
ပြပြီးနောက် ဆိုင်အတွင်းလူများ
တဖြည်းဖြည်း ပါးလာတော့သည် ။

တိုက်တိုက်ဆိုင်ဆိုင် ပင်
ခွေးများမှာလည်းအူနေပြီ ။

စားပွဲထိုးလေးများမှာလည်း
ဆိုင်အတွင်းလူပါးနေသဖြင့်
နားနားနေနေ ရှိနေကြသည် ။

ပိုင်ပိုင်တို့ကိစ္စတွင်သရဲမအား
မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသူ
စားပွဲထိုးလေးမှာ
အမှတ်မထင် ဆိုင်အပြင်အား
ကြည့်မိရာ....

တလောက
ပိုင်ပိုင်၏အနောက်တွင်
ရပ်နေသည့်သရဲမအား

ဆိုင်အပြင်ရှိ စားပွဲဝိုင်းတွင်
ထိုင်နေကြသည့်သူများ၏
အနောက်မှ ရပ်ကာ
စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာများကို
လိုက်ကြည့်နေသည်ကိုမြင်လိုက်ရပြန်သည်။

စားပွဲထိုးကောင်လေးလည်း
ကြောက်လန့်သွားပြီး
ဘေးမှသူငယ်ချင်းများအား
လိုက်ပြရာ
တစ်ချို့မှာ အတိုင်းသား
မြင်နေရပြီး တစ်ချို့မှာ မမြင်ကြချေ ၊
မည်သို့ပင်ဆိုစေကာမူ မြင်ရသည့်
စားပွဲထိုးမှာ လေးဦးခန့်ရှိပြီး
ဆိုင်အပြင်မှာလူများမှာ
သရဲမအားမြင်ရဟန်မရှိ ။

သရဲအားမြင်နေရသည့်စားပွဲထိုး
ကောင်လေးများမှာ ကြောက်လန့်နေကြပြီး
အချို့မှာ အကြောက်လွန်၍ ငိုနေကြပြီး
တစ်ဦးဆိုလျှင် ပါးစပ်မှ အမြှုပ်များ တစီစီဖြင့်
တက်ပင် တက်နေလေသည် ။

ထိုအကြောင်းအား
စားပွဲထိုးလေးတစ်ယောက်သည်
အိပ်နေသည့်ဆိုင်ရှင်အားနှိုးကာ
သွားပြောလိုက်သည် ။

ဆိုင်ရှင်လည်း အကြောင်းစုံသိပြီး
စားပွဲထိုးကောင်လေးများပြသည့်နေရာအား
ကြည့်ရာ မည်သည်မျှမတွေ့
သို့သော် သရဲတစ္ဆေရှိကြောင်း လက်ခံသူဖြစ်၍
ချက်ချင်းပင် ဆိုင်ထဲမှလူများအ
ဆိုင်ထဲသို့ဝင်စေပြီး
ဆိုင်ဘေးပတ်ပတ်လည်ကို
ပရိတ်ရည်များဖြင့် စည်းတားစေသည် ။

ထိုသို့ပြုနေစဉ်အတွင်းမှာပင်
လဖ္ဘက်ရည် ဆိုင်ထိုင်နေသူ
ဆံပင်ရှည်ဖျားလျားနှင့်
အမျိုးသမီးတစ်ဦးမှာပစ်လဲသွားပြီး
သရဲပူးသွားလေသည် ။

ထိုအမျိုးသမီးတွင်ဝင်ပူးနေသည့်
သရဲမ မှာ ငိုယိုနေကာ
ဆံပင်ရှည်အား မျက်နာအပြည့်အုပ်မိုးထားပြီး
အသံမပီမသဖြင့်

" ငါ...ကို....ပ..ရိတ်..ရည်...နဲ့...
မ..မ..မပတ်ပါနဲ့ ငါ..ပူတယ်....
ငါ...ပြော..စရာရှိတာပြောပြီးရင်.....
သွားမှာပါ...တောင်း...ပန်...ပါ...တယ်..."

ဟုဆိုလေသည် ။

ဆိုင်အတွင်း လူအယောက်နှစ်ဆယ်ခန့်ရှိနေပြီး
သရဲပူးနေသူနှင့် မနီးမဝေးတွင်
နေနေကြသည် ။

ပရောဂ ကုသည်ကိုမြင်ဖူးကြုံဖူးသူ
လဖ္ဘက်ရည် ဆိုင်ပိုင်ရှင်မှာ
သရဲမအား...

" ကောင်းပြီနင်ကဘယ်သူလည်း
ဒီမှာယေကားတိုက်ခံရတဲ့တစ်ယောက်လား "

ဟုမရဲတရဲဖြင့်မေးရာ
သရဲမ က
ခေါင်းငြိမ့်ပြလေသည် ။

ထိုအခါ ဆိုင်ရှင်က ဆက်ပြီး

" နင်တို့မိသားစုရော ငါတို့ရော
နင့်အတွက် ရည်စူးကုသိုလ်လုပ်ပေးတာ
နင်မရဘူးလား...သာဓုမခေါ်ဘူးလား "

ဟုမေးလိုက်ရာ သရဲမက
တုန်ယင်နေသည့် လေသံဖြင့်

" မ...ရ....ဘူး....
ငါ..အိမ်ကလုပ်ပေးတုန်းက ငါသေမှန်းမသိပဲ
လျှောက်သွားနေမိတယ် ၊ နင်တို့လုပ်ပေးတော့
ငါ့အပေါင်းအသင်းတွေနဲ့အလည်လွန်နေတဲ့အချျိန်
ဖြစ်နေတယ် ၊ ငါ့ကို မနက်ဖြန်(...) အချိန်
ငါသေခဲ့တဲ့ ဒီနေရာမှာပဲ
ဘုန်းတော်ကြီး တွေပင့်ပြီး
ရည်စူးကုသိုလ်လုပ်အမျှဝေပေးပါ...
ပြီးတော့ ငါအမေနဲ့အဖေကိုလည်း
အီးဟီး...... ငါအရမ်းချစ်တဲ့အကြောင်း
သူတို့ကိုသတိရတဲ့အကြောင်းပြောပေးပါ ၊
အမျှပေးရေစက်ချရင်လည်း သူတို့ကိုယ်တိုင်
လုပ်ပေးဖို့နဲ့...ငါ့အတွက် နေရာလေးနဲ့
ရေစက်ခွက်လေးပြင်ပေးပါ...... "

ဟုပြောရာ... ဆိုင်ရှင်မှ လုပ်ပေးမည်ဖြစ်ကြောင်း
အမျှရအောင်ယူရန် ၊
သူ့ဆိုင်အားမနှောက်ယှက်ရန်နှင့်
ဒီပတ်ဝန်းကျင်တွင်
လိုက်လံမခြောက်လန့်တော့ရန်ပြောသည် ။

ထိုအခါ သရဲမ မှ
သူဒီလိုဘဝကြီးတွင်နေရသည်ကို
လုံးဝမပျော်ကြောင်း အစားအသောက်များလည်း
မစားရကြောင်း ပြောပြီး သာဓုသေချာခေါ်မည်
ဖြစ်ကြာင်း သူပြောတဲ့အတိုင်း ကူညီပေးပါဟု
ထပ်ခါ တောင်းဆိုပြီးနောက် ထွက်သွားလေသည် ။

ကာယကံရှင်အမျိုးသမီးမှာ
ခေတ္တ မျှခေါင်းငိုက်ဆိုက်သွားပြီးနောက်
အိမ်မက်မှ နိုးထလာသူနယ်
ကြောင်တောင်တောင်ကြီး
ဖြစ်နေလေသည် ။

ထို့နောက် ဆိုင်ရှင်သည်
သရဲမ ပြောသည့်အတိုင်း
သရဲမ၏ မိသားစုဝင်များအား
အကျိုးအကြောင်း ပြောပြီးသေချာ
စီစဉ်ပေးခဲ့သည် ။

နောင်များတွင်
ထို လဖ္ဘက်ရည် ဆိုင်နှင်လမ်းတစ်လျောက်
အခြောက်အလန့် အသံမကြားရတော့ချေ ။

လမ်းဘေးတွင် မမျှော်လင့်ပဲ
ကွယ်လွန်သွားသည့် အမျိုးသမီး သရဲမ
လည်း ကုသိုလ်များရ သာဓုခေါ်ဆိုနိုင်ပြီး
ပြိတ္တာ ဘဝမှ ကျွတ်လွတ်ကာ
မြင့်မြတ်သည့်ဘုံဌာနသို့
ရောက်လေပြီလော မသိ ။

(မှတ်ချက် - အထက်ပါ ဖြစ်ရပ်မှန်ဇာတ်လမ်းသည်
တစ်ချိန်က (.....) မြို့နယ်
(....)ဈေးအနီးတွင် အသက်အလွန်ငယ်သည့်
ကလေးငယ်တစ်ဦးအား သူ၏ဖခင် လိုင်းကား ဆရာမှ ကားမောင်းသင်ပေးပြီးနောက်
ညဘက်
ကားသိမ်းသည့်အခါတိုင်း
အပြန်တွင် ဖခင်က ကားအနောက်တွင်
အရက်သောက်ကာ အိပ်လိုက်လာပြီး
သားဖြစ်သူကလေးငယ်အား
ကားမောင်းစေရာမှ နေ့စဉ်လစဉ်
မည်သည့်ပြသနာမျှမဖြစ်ခဲ့ပဲ
မမျှော်လင့်ထားသည့် တစ်ညတွင်မှ
ကားမောင်းသူ ကလေးငယ်သည်
ကားကြီးအား အရှိန်တင်မောင်းရာ
လမ်းဖြတ်ကူးလာသည့်
အမျိုးသမီးတစ်စုအား
ဝင်တိုက်မိခြင်းဖြစ်သည် ။
ထိုအဖြစ်အပျက်အား
နိုင်ငံတော်သတင်းစာ ၊
မှုခင်း ဂျာနယ်များအပြင်
အခြား စာနယ်များတွင်လည်း
ဟိုးဟိုးကျော်ခဲ့သည့် သတင်းဖြစ်ခဲ့သည် ။
ဇာတ်လမ်းထဲမှ လဖ္ဘက်ရည်ဆိုင်လေးမှာ
ယခုနေရာပြောင်းသွားပြီဖြစ်ပြီး
ထိုနေရာတွင် တိုက်ကြီးတစ်ခု ဖြစ်လေပြီ ။
အထက်ပါ ဇာတ်လမ်းလေးမှ
ကားတိုက်ခံရ ရာမှ
နေရာတွင် ရုတ်ပျက်ဆင်းပျက်
ပွဲခြင်းပြီးသေ သွားခဲ့သည့်
အမျိုးသမီးအကြောင်းနှင့်
ထိုအမျိုးသမီး သရဲဖြစ်ကာ
အမှန်တကယ်ခြောက်လန့်ခဲ့သည့်
အဖြစ်များ ဖြစ်ကြောင်း ဝန်ခံပါသည် ။)

လမ်းဘေးတွင်
ထိုသရဲမ
အမှန်တကယ်ရှိခဲ့ပါသည် ။

ဘယ်လိုပဲပြောပြော
ဆိုက်ကားဆရာ ခင်မောင်ချစ်နှင့်
မိုးစွေတို့သူငယ်ချင်းတစ်စုမှာ
ညအချိန်ထိုလဖ္ဘက်ရည်ဆိုင်ဘက်
ခြေဦးပင် လှည့်ကြမည်ဟုမထင်ပေ ။

ဒီဇာတ်လမ်းလေးဖတ်ပြီး
စာဖတ်သူတို့လည်း
ကားလမ်းသတိထားကူးရန်နှင့်
ညဘက် အိမ်ပြန်နောက်ကျခဲ့လျှင်
ဘုရားတရားမမေ့ကြပါနဲ့ဟု
တိုက်တွန်းပါရစေ...... ။

#END

{ ယခုရေးသားခဲ့သော ဖြစ်ရပ်မှန်

ဇာတ်လမ်းလေး ကို ရေးသားခွင့်ပြုခဲ့တဲ့

ချစ်သူငယ်ချင်းများ ကို

ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။

အထက်ပါ ဇာတ်လမ်းလေးထဲမှာ

အမှန်တကယ် ပါဝင်ခဲ့သူ နေရာကနေ

ခံစားပြီးရေးသားထားပါတယ် ၊

ဝါသနာအရ ရေးသားတာဖြစ်တဲ့အတွက်ကြောင့်

အမှားအယွင်းများ ရှိခဲ့ရင်လည်း ခွင့်လွတ်နားလည်ပေးကြပါ ၊

ဝေဖန်မှုတွေကိုလည်း အမြဲ ကြိုဆိုလျှက်ပါ ခင်ဗျာ ….. ။ }

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးစွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top