ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဒီတစ္ပတ္မွာလည္း အေရွ႕ေတာင္အာရွရဲ႕ နာမည္ေက်ာ္ ကစားသမားေတြ ျဖစ္္တဲ့ ကေမာၻဒီးယားႏိုင္ငံသား ခ်န္ဗာသာနာကာ နဲ႔ ကီအို ဆြတ္ဖန္ ၊ ျမန္မာကစားသမားေတြျဖစ္တဲ့ ေအာင္သူ နဲ႔ ေက်ာ္ကိုကို တို႔ ရဲ႕ ယခုတစ္ပတ္မွာ ယွဥ္ၿပိဳင္ကစားမယ့္ ပြဲစဥ္ေတြကို ဘယ္လိုမ်ိဳး ျဖတ္သန္းမယ္ဆိုတဲ့ အေၾကာင္းအရာ ေတြကို ေဖာ္ျပေပးမွာပါ။ မေလးရွား စူပါလိဂ္မွာ ကစားေနခဲ့တဲ့ ကေမာၻဒီးယားကစားသမား ၂ ဦးကေတာ့ မေလးရွားႏိုင္ငံရဲ႕ အားလပ္ရက္ကို ျဖတ္သန္းေနၿပီး ၊ ထိုင္းပရီးမီးယားလိဂ္ေရာက္ ျမန္မာ ကစားသမား ၂ ဦးကေတာ့ လာမယ့္ပြဲစဥ္ေတြမွာ ပြဲထြက္ကစားသမား စာရင္းမွာ ပါ၀င္ႏိုင္ဖို႔ ပစ္မွတ္ထားၿပီး ေလ့က်င့္ခန္းအစီအစဥ္ေတြ ျပဳလုပ္ေနခဲ့ပါတယ္။

Related image

ေအာင္သူ (ျမန္မာ – ပုလိစ္တယ္ရို)

လက္ရွိ ထိုင္းပရီးမီယားလိဂ္ၿပိဳင္ပြဲ ၂ ပြဲယွဥ္ၿပိဳင္ကစားၿပီးခ်ိန္မွာ ျမန္မာ့လက္ေရြးစင္ တိုက္စစ္မွဴး ေအာင္သူအေနနဲ႔ အရံကစားသမား အျဖစ္သာ ပုလိစ္တယ္ရို အသင္းတြက္ ပြဲထြက္ခြင့္ ရရွိေနၿပီး ဗန္ေကာက္ ယူႏိုက္တက္ အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာလည္း ပြဲကစားခ်ိန္ ၆၈ မိနစ္မွ လူစား၀င္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။ ပုလိစ္ တယ္ရိုအသင္းက ဦးေဆာင္ဂိုး စတင္သြင္းယူႏိုင္ခဲ့တာ ျဖစ္ၿပီး ဦးေဆာင္ဂိုး ရရွိၿပီးခ်ိန္မွာ အသင္းတြက္ လူစား၀င္ေရာက္ခြင့္ ရရွိဖို႔ ေအာင္သူပစ္မွတ္ထားခဲ့ ပါတယ္။ ဒါေပမယ့္ အသင္းတြက္ လူစား၀င္ကစားခြင့္ ရရွိခဲ့တဲ့ အခ်ိန္ဟာ ေနာက္က်ခဲ့တာေၾကာင့္ ဗန္ေကာက္ ယူႏိုက္တက္အသင္းရဲ႕ ၂ ဂိုး ၁ ဂိုး နဲ႔ ျပန္လည္ ဦးေဆာင္မႈကိုု ေအာင္သူအသင္းတြက္ ကာကြယ္ေပးႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး

Image result for aung thu

ေက်ာ္ကိုကို (ျမန္မာ – ခ်ိဳင္ဂရိုင္ယူႏိုက္တက္)

ထိုင္းလိဂ္ၿပိဳင္ပြဲကို ေရာက္ရွိခဲ့ၿပီးခ်ိိန္မွာ ပထမဆံုး သြင္းဂိုးရယူႏိုင္ဖို႔အတြက္ ေက်ာ္ကိုကို ပစ္မွတ္ထားေနေပမယ့္ အရံကစားသမား အျဖစ္သာ ေရွ႕ဆက္ေနရ တာျဖစ္ပါတယ္။

ခ်ိဳင္ဂရိုင္ယူႏိုက္တက္ အသင္းနဲ႔ ဆြတ္ဟိုထိုင္း အသင္းတို႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ၿပိဳင္ဘက္အသင္းကို ဦးေဆာင္ဂိုး ၁ ဂိုးေပးခဲ့ရၿပီးတဲ့ေနာက္မွာေတာ့ နည္းျပျဖစ္သူက ကြင္းလယ္ကစားသမား နာဘီဟီရဲ႕ ေနရာမွာ ေက်ာ္ကိုကို ကို ထည့္သြင္းကစားေစခဲ့ပါတယ္္။ ေက်ာ္ကိုကို အေနနဲ႔ လူစား၀င္ေရာက္ခဲ့ၿပီးခ်ိန္မွာ အေကာင္းဆံုး ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဂိုးသြင္းယူႏိုင္ဖို႔ေတာ့ လက္က်န္အခ်ိန္ေတြမွာ ရုန္းကန္ခဲ့ရၿပီး ပြဲၿပီးဆံုးခ်ိန္မွာ ဆြတ္ဟိုထိုင္းအသင္းက ခ်ိဳင္ဂရိုင္ ယူႏိုက္တက္ အသင္းကို အႏိုင္ရရွိသြားခဲ့ပါတယ္။

Related image

ကီအို ဆြတ္ဖန္ (ကေမာၻဒီးယား – PKNP FC)

မေလးရွားစူပါလိဂ္ၿပိဳင္ပြဲေတြ ရပ္နားထားခဲ့တဲ့ ဒီတစ္ပတ္မွာေတာ့ ကီအိုဆြတ္ဖန္ အေနနဲ႔ ကစားကြင္းေတြရဲ႕ အေ၀းမွာ ေရာက္ရွိေနခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။ ကေမာၻဒီးယားႏိုင္ငံမွာ ရွိေနခဲ့တဲ့ အစ္ကိုျဖစ္သူ ကီအိုဆြတ္ဂြန္ရဲ႕ စတန္ ထရန္ စီရင္စုမွာ ရွိတဲ့ေဘာလံုးအသင္းကို သြားေရာက္ၿပီး ေစ်းကြက္ျမွင့္တင္မႈမွာ ပါ၀င္ေဆာင္ရြက္ေပးေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ လာမယ့္တစ္ပတ္မွာ ကြာလာလမ္ပူ FA အသင္းနဲ႔ ကစားရဖို႔ရွိေနခဲ့တာ ေၾကာင့္ gym မွာ ၾက့ံခိုင္မႈေလ့က်င့္ခန္းမ်ားကိုလည္း ျပဳလုပ္ေနခဲ့ပါတယ္။

ခ်န္ဗာသာနာကာ (ကေမာၻဒီးယား – ပါဟန္း FA)

မေလးရွားႏုိင္ငံမွာ ပြဲေတာ္ရက္ေၾကာင့္အားလပ္ရက္ ရရွိေနခဲ့ေပမယ့္ ပါဟန္းအသင္းရဲ႕ ကစားသမား ခ်န္ဗာသာနာကာ ရဲ႕ Instagram မွာ ေဖာ္ျပခဲ့တဲ့ မနက္စာက အားလံုးကို စိတ္မေကာင္း ျဖစ္ေစခဲ့ပါတယ္။ အသင္းပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အ၀ရရွိခဲ့တယ္ဆိုတာ သံသယရရွိစရာ မရွိတဲ့ပံုရိပ္ေတြ ျမင္ေတြ႔ခဲ့ရၿပီး သူရဲ႕ Good night ဆိုၿပီး Instagram မွာ အိပ္ခ်င္မူးတူး ပံုနဲ႔ တင္ခဲ့တဲ့ပံုက ပရိသတ္ေတြကုိ ပိုမိုဆြဲေဆာင္ခဲ့ ပါတယ္။ ဒီတစ္ပတ္မွာေတာ့ ဆီလန္ေဂါအသင္းနဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္တာေၾကာင့္ အသင္းပရိသတ္ေတြအေနနဲ႔ ခ်န္ဗာသာနာကာ အသင္းတြက္ ရလဒ္ေကာင္းရယူ ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Ref : foxsportsasia

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီတစ်ပတ်မှာလည်း အရှေ့တောင်အာရှရဲ့ နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံသား ချန်ဗာသာနာကာ နဲ့ ကီအို ဆွတ်ဖန် ၊ မြန်မာကစားသမားတွေဖြစ်တဲ့ အောင်သူ နဲ့ ကျော်ကိုကို တို့ ရဲ့ ယခုတစ်ပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်တွေကို ဘယ်လိုမျိုး ဖြတ်သန်းမယ်ဆိုတဲ့ အကြောင်းအရာ တွေကို ဖော်ပြပေးမှာပါ။ မလေးရှား စူပါလိဂ်မှာ ကစားနေခဲ့တဲ့ ကမ္ဘောဒီးယားကစားသမား ၂ ဦးကတော့ မလေးရှားနိုင်ငံရဲ့ အားလပ်ရက်ကို ဖြတ်သန်းနေပြီး ၊ ထိုင်းပရီးမီးယားလိဂ်ရောက် မြန်မာ ကစားသမား ၂ ဦးကတော့ လာမယ့်ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမား စာရင်းမှာ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားပြီး လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေခဲ့ပါတယ်။

Related image

အောင်သူ (မြန်မာ – ပုလိစ်တယ်ရို)

လက်ရှိ ထိုင်းပရီးမီယားလိဂ်ပြိုင်ပွဲ ၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူအနေနဲ့ အရံကစားသမား အဖြစ်သာ ပုလိစ်တယ်ရို အသင်းတွက် ပွဲထွက်ခွင့် ရရှိနေပြီး ဗန်ကောက် ယူနိုက်တက် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲကစားချိန် ၆၈ မိနစ်မှ လူစားဝင်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ပုလိစ် တယ်ရိုအသင်းက ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဦးဆောင်ဂိုး ရရှိပြီးချိန်မှာ အသင်းတွက် လူစားဝင်ရောက်ခွင့် ရရှိဖို့ အောင်သူပစ်မှတ်ထားခဲ့ ပါတယ်။ ဒါပေမယ့် အသင်းတွက် လူစားဝင်ကစားခွင့် ရရှိခဲ့တဲ့ အချိန်ဟာ နောက်ကျခဲ့တာကြောင့် ဗန်ကောက် ယူနိုက်တက်အသင်းရဲ့ ၂ ဂိုး ၁ ဂိုး နဲ့ ပြန်လည် ဦးဆောင်မှုကိုု အောင်သူအသင်းတွက် ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး

Image result for aung thu

ကျော်ကိုကို (မြန်မာ – ချိုင်ဂရိုင်ယူနိုက်တက်)

ထိုင်းလိဂ်ပြိုင်ပွဲကို ရောက်ရှိခဲ့ပြီးချိန်မှာ ပထမဆုံး သွင်းဂိုးရယူနိုင်ဖို့အတွက် ကျော်ကိုကို ပစ်မှတ်ထားနေပေမယ့် အရံကစားသမား အဖြစ်သာ ရှေ့ဆက်နေရ တာဖြစ်ပါတယ်။

ချိုင်ဂရိုင်ယူနိုက်တက် အသင်းနဲ့ ဆွတ်ဟိုထိုင်း အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး ၁ ဂိုးပေးခဲ့ရပြီးတဲ့နောက်မှာတော့ နည်းပြဖြစ်သူက ကွင်းလယ်ကစားသမား နာဘီဟီရဲ့ နေရာမှာ ကျော်ကိုကို ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ကျော်ကိုကို အနေနဲ့ လူစားဝင်ရောက်ခဲ့ပြီးချိန်မှာ အကောင်းဆုံး ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ဖို့တော့ လက်ကျန်အချိန်တွေမှာ ရုန်းကန်ခဲ့ရပြီး ပွဲပြီးဆုံးချိန်မှာ ဆွတ်ဟိုထိုင်းအသင်းက ချိုင်ဂရိုင် ယူနိုက်တက် အသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။

Related image

ကီအို ဆွတ်ဖန် (ကမ္ဘောဒီးယား – PKNP FC)

မလေးရှားစူပါလိဂ်ပြိုင်ပွဲတွေ ရပ်နားထားခဲ့တဲ့ ဒီတစ်ပတ်မှာတော့ ကီအိုဆွတ်ဖန် အနေနဲ့ ကစားကွင်းတွေရဲ့ အဝေးမှာ ရောက်ရှိနေခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ကမ္ဘောဒီးယားနိုင်ငံမှာ ရှိနေခဲ့တဲ့ အစ်ကိုဖြစ်သူ ကီအိုဆွတ်ဂွန်ရဲ့ စတန် ထရန် စီရင်စုမှာ ရှိတဲ့ဘောလုံးအသင်းကို သွားရောက်ပြီး ဈေးကွက်မြှင့်တင်မှုမှာ ပါဝင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်တစ်ပတ်မှာ ကွာလာလမ်ပူ FA အသင်းနဲ့ ကစားရဖို့ရှိနေခဲ့တာ ကြောင့် gym မှာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းများကိုလည်း ပြုလုပ်နေခဲ့ပါတယ်။

ချန်ဗာသာနာကာ (ကမ္ဘောဒီးယား – ပါဟန်း FA)

မလေးရှားနိုင်ငံမှာ ပွဲတော်ရက်ကြောင့်အားလပ်ရက် ရရှိနေခဲ့ပေမယ့် ပါဟန်းအသင်းရဲ့ ကစားသမား ချန်ဗာသာနာကာ ရဲ့ Instagram မှာ ဖော်ပြခဲ့တဲ့ မနက်စာက အားလုံးကို စိတ်မကောင်း ဖြစ်စေခဲ့ပါတယ်။ အသင်းပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တယ်ဆိုတာ သံသယရရှိစရာ မရှိတဲ့ပုံရိပ်တွေ မြင်တွေ့ခဲ့ရပြီး သူရဲ့ Good night ဆိုပြီး Instagram မှာ အိပ်ချင်မူးတူး ပုံနဲ့ တင်ခဲ့တဲ့ပုံက ပရိသတ်တွေကို ပိုမိုဆွဲဆောင်ခဲ့ ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆီလန်ဂေါအသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်တာကြောင့် အသင်းပရိသတ်တွေအနေနဲ့ ချန်ဗာသာနာကာ အသင်းတွက် ရလဒ်ကောင်းရယူ ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref : foxsportsasia

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top