ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×



၁။ ဒိန်ချဉ်နဲ့ သံလွင်ဆီ


၂။ ကြက်ဥနဲ့ သံလွင်ဆီ


Credit: mystyle

#Unicoe Version#
ဆံကေသာရဲ့အလှဆိုတာ အမျိုးသမီးတိုင်း တန်ဖိုးထားရတဲ့ အလှတရားတစ်ခုပါပဲ။ သင့်ရဲ့ ဆံကေသာအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ ၊ အာဟာရဓာတ်တွေဖြည့်တင်းပေးဖို့လိုပါတယ်။

ဆံကေသာကို ဓာတုပစ္စည်းတွေနဲ့ ဆေးဆိုးလိုက်၊ ဖြောင့်လိုက်၊ ကောက်လိုက်လုပ်တာတွေဟာ ဆံသားကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းတွေနဲ့ ပရိုတင်းဓာတ်ဖြည့်တင်းပြီး ပေါင်းတင်ပေးလို့ရတဲ့နည်းလမ်းကို မျှဝေပေးချင်ပါတယ်။

၁။ ဒိန်ချဉ်နဲ့ သံလွင်ဆီ

ဒိန်ချဉ် ခွက်တစ်ဝက်၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ခွက်တစ်လုံးထဲထည့်ပြီးမွှေလိုက်ပါ။ ပြီးရင်ဆံပင်ကို ရေစိုအောင် အရင်လျှော်လိုက်ပြီးမှ ဒိန်ချဉ်နဲ့ သံလွင်ဆီ လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ရေများများနဲ့လျှော်ချပါ။

၂။ ကြက်ဥနဲ့ သံလွင်ဆီ

ကြက်ဥ အနှစ် ၂ လုံး၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို လုံးဝကြေသွားအောင် သေချာမွှေလိုက်ပါ။ ပြီးရင် ဆံကေသာ အရင်းကနေအဖျားထိလိမ်းပေးလိုက်ပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ရေများများနဲ့ဆေးချပါ။ ပြီးရင်ခေါင်းလျှော်ချလိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top