စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေဖေဖာ္၀ါရီလ ၁၀ ရက္ေန ့ညေန ၆ နာရီ အခ်ိန္ခန္ ့ ရန္ကုန္၊ လသာၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္၊ မဟာဗႏၶဳလလမ္း၊ လသာမွတ္တိုင္မွာ YBS ခရီးသည္တင္ယာဥ္လိုင္း အမွတ္(၅၇)ေပၚမွ ဆင္းလာတဲ့ ခါးပိုက္ႏိႈက္တစ္ဦး ဖမ္းဆီးရမိေၾကာင္း ရန္ကုန္တုိင္းေဒသၾကီး ရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

အဆုိပါ ခါးပုိက္ႏႈိက္မွာ ေဒါပံုၿမိဳ႕နယ္ေန ခါးပိုက္ႏိႈက္ျပစ္ခ်က္ေဟာင္းရွိသူ ဘာဘူ၊ (၆၃)ႏွစ္ျဖစ္ျပီး ၎၀တ္ဆင္ထားသည့္ အကႌ်အိတ္ကပ္အတြင္းမွ ေငြက်ပ္ (၁၈၀၄၀၀)၊ ေဘာပင္(၁)ေခ်ာင္း၊ မွတ္စုစာအုပ္ (၁)အုပ္ႏွင့္ ဆင္းကတ္ပါ Samsung On7လက္ကိုင္ဖုန္းတစ္လံုးတို႔အား ေတြ႕ရွိရ သည္။

အဆိုပါ ေငြ၊ ပစၥည္းမ်ားႏွင့္ ပတ္သက္၍ အေသးစိတ္ စစ္ေဆးခဲ့ရာ ယာဥ္ေပၚပါ အသက္ (၅၀)ႏွစ္ခန္႔ရွိ အမ်ိဳးသမီးတစ္ဦး၏ ေဘးလြယ္အိတ္အတြင္းမွ ႏိႈက္ယူရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေပၚေပါက္ခဲ့သည္။

စစ္ေဆး ေပၚေပါက္ခ်က္အရ ဘာဘူအား လသာၿမိဳ႕မရဲစခန္းတြင္ အမႈေရးဖြင့္ကာ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း ႏွင့္ ၎အားအျခား ခါးပိုက္ႏိႈက္မႈမ်ား က်ဴးလြန္ထားျခင္း ရွိ မရွိ တိုက္ဆိုင္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္တုိင္းေဒသၾကီး ရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin

#Unicode Version#
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညနေ ၆ နာရီ အချိန်ခန့် ရန်ကုန်၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ လသာမှတ်တိုင်မှာ YBS ခရီးသည်တင်ယာဉ်လိုင်း အမှတ်(၅၇)ပေါ်မှ ဆင်းလာတဲ့ ခါးပိုက်နှိုက်တစ်ဦး ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါ ခါးပိုက်နှိုက်မှာ ဒေါပုံမြို့နယ်နေ ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ဘာဘူ၊ (၆၃)နှစ်ဖြစ်ပြီး ၎င်းဝတ်ဆင်ထားသည့် အင်္ကျီအိတ်ကပ်အတွင်းမှ ငွေကျပ် (၁၈၀၄၀၀)၊ ဘောပင်(၁)ချောင်း၊ မှတ်စုစာအုပ် (၁)အုပ်နှင့် ဆင်းကတ်ပါ Samsung On7လက်ကိုင်ဖုန်းတစ်လုံးတို့အား တွေ့ရှိရ သည်။

အဆိုပါ ငွေ၊ ပစ္စည်းများနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါ အသက် (၅၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ ဘေးလွယ်အိတ်အတွင်းမှ နှိုက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

စစ်ဆေး ပေါ်ပေါက်ချက်အရ ဘာဘူအား လသာမြို့မရဲစခန်းတွင် အမှုရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း နှင့် ၎င်းအားအခြား ခါးပိုက်နှိုက်မှုများ ကျူးလွန်ထားခြင်း ရှိ မရှိ တိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top