မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

# ZawGyi Version ဖြင့်ဖတ်ရန် #







Credit: DVB
# UniCode Version ဖြင့်ဖတ်ရန် #
ကားနဲ့လာကြိုတိုင်း ပေါင် ၁၀၀ တောင်းတဲ့ ခင်ပွန်းကို ဇနီးသည်က ကွာရှင်းဖို့ အမှုဖွင့်လိုက်ပါတယ်။

ဒူဘိုင်းနိုင်ငံမှာ ခင်ပွန်းဖြစ်သူက အလုပ်မရှိဘဲ ဇနီးသည်က အိမ်ထောင်ဦးစီးဖြစ်နေလို့ အိမ်ရဲ့ကုန်ကျစရိတ်မှန်သမျှကို ပေးနေရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးဖြစ်သူဟာ ကိုယ်ပိုင်ကားမရှိလို့ ခင်ပွန်းဖြစ်သူကို လာကြိုဖို့ပြောတိုင်း အမျိုးသားက ငွေ ၉၈ ပေါင်နဲ့ ညီမျှတဲ့ ဒူဘိုင်းငွေ ၅၀၀ တောင်းခဲ့တာလို့ အယ်ဘရန်သတင်းမှာ ဖော်ပြထားပါတယ်။

အမျိုးသားက ဇနီးကိုကြိုချိန်မှာ သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြောင့် အလျော်တောင်းတဲ့အနေနဲ့ ငွေတောင်းတာလို့ ဆိုပါတယ်။

ဒေသခံသတင်းတွေထဲမှာ အမျိုးသားက ညတိုင်း သူငယ်ချင်းတွေနဲ့ထွက်ချိန် ဇနီးကို ကလေးတွေနဲ့ အိမ်မှာထားခဲ့တယ်လို့လည်း ရေးထားပါတယ်။

ခင်ပွန်းက သူမကို လာကြိုပေးရလို့ ပထမဆုံး ပိုက်ဆံ ၅၀၀ တောင်းချိန် ဒါက တကြိမ်တခါပဲ တောင်းတယ်ထင်လို့ ဇနီးသည်က ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် နောက်တကြိမ်လာကြိုဖို့ ပြောချိန် ပိုက်ဆံထပ်တောင်းတဲ့အခါမှတော့ သူမက ကွာရှင်းဖို့ ဆုံးဖြတ်ပြီး လွန်ခဲ့တဲ့တလက အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top