iMyanmarHouse.com - Best Property Website for Myanmar
×

လိပ္ေခါင္းျဖစ္ေနသူေတြအတြက္ အိမ္မွာ အလြယ္တကူ သက္သာေပ်ာက္ကင္းေစဖို႔ ျပဳလုပ္ႏိုင္တဲ့ နည္းလမ္းမ်ား ရွိပါတယ္။လိပ္ေခါင္းေၾကာင့္ နာက်င္ျခင္းကို သက္သာေစၿပီး အနာက်က္ေစႏိုင္ဖို႔ ဒီနည္းလမ္းေတြကို အသံုးျပဳႏိုင္ပါတယ္။

1.အမွ်င္မ်ားမ်ား စားပါ။

 ပထမ အေရးအႀကီးဆံုးကေတာ့ အမွ်င္မ်ားမ်ား စားေပးဖို႔ပဲ ျဖစ္ပါတယ္။ တခ်ိဳ႕ေတြကေတာ့ တစ္ေန႔ကို အမ်ွင္ဓာတ္ 20 မွ 30 ဂရမ္ခန္႔ ရရွိႏုိင္ေအာင္ အမွ်င္ဓာတ္ ျဖည့္စြက္စာေတြ စားေလ့ရွိၾကပါတယ္။ အမွ်င္ပါတဲ့ ျဖည့္စြက္စာေတြကိုလည္း စားေပးႏိုင္ပါတယ္။

2.အဆီ ထည့္စားပါ။

သတၱဳဆီ တစ္ဇြန္းစာေလာက္ကို ပန္းသီးယို သို႔မဟုတ္ ဒိန္ခ်ဥ္နဲ႔ေရာၿပီး မနက္စာ ဒါမွမဟုတ္ ေန႔လယ္စာစားခ်ိန္မွာ ထည့္စားေပးျခင္းျဖင့္ ဝမ္းသြားတဲ့အခါ ညႇစ္စရာမလို မနာမက်င္ဘဲ ဝမ္းေရွာေရွာ႐ွဴ႐ွဴ ထြက္ေစႏိုင္ပါတယ္။ ဒါေပမဲ့ ယာယီပဲ ေကာင္းပါတယ္။ အခ်ိန္ၾကာၾကာ မလုပ္သင့္ပါဘူး။ ဝမ္းထဲမွ အဆီေတြ စိမ့္ထြက္လာၿပီး ေပက်ံတတ္တဲ့အတြက္ အတြငး္ခံမွာ လိုင္နာအပါးေလး ခံထားသင့္ပါတယ္။

3.အခ်ိန္မဆြဲပါနဲ႔။

ဝမ္းသြားခ်င္စိတ္ ျဖစ္လာတဲ့အခါ ခ်က္ခ်င္း အိမ္သာေျပးပါ။ ေအာင့္ထားၿပီး အဆင္ေျပတဲ့အခ်ိန္မွ သြားျခင္းက ဝမ္းခ်ဳပ္ေစတတ္ၿပီး လိပ္ေခါင္းကို ပိုဆိုးေစႏိုင္ပါတယ္။

4.ေျခေထာက္ေျမႇာက္ထားၾကည့္ပါ။

ဘိုထိုင္အိမ္သာမွာ ထိုင္သြားရင္း ေျခေထာက္ကို ခံုတစ္ခုခုေပၚ ေျမႇာက္တင္ထားျခင္းက အူမႀကီးရဲ႕ အေနအထားကို ေျပာင္းလဲေစၿပီး ဝမ္းသြားရ ပိုလြယ္ကူေစႏိုင္ပါတယ္။

5.ေဆးဝယ္ေသာက္ပါ။

လိပ္ေခါင္းအတြက္ ေဆးကို ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူႏိုင္ပါတယ္။ ေဟဇယ္လ္ေစ့နဲ႔ ျပဳလုပ္ထားတဲ့ ကပ္ခြာေတြ၊ လိမ္းေဆးေတြကို အလြယ္တကူ ဝယ္ယူႏိုင္ပါတယ္။ မသက္သာရင္ေတာ့ ဆရာဝန္နဲ႔ ျပသၿပီး ၫႊန္ၾကားတဲ့အတိုင္း ေဆးေသာက္သင့္ပါတယ္။

6.ေရေႏြးထိုင္ပါ။

ေရေႏြးထိုင္ျခင္းရဲ႕ ရလဒ္ကို ေလ်ာ့မတြက္ပါနဲ႔။ ဇလံုႀကီးႀကီးတစ္ခုကိုယူၿပီး ေရေႏြးျဖည့္ကာ 10 မိနစ္မွ 15 မိနစ္ခန္႔ တစ္ေန႔ကို 2 ႀကိမ္၊ 3 ႀကိမ္ ထိုင္ေပးပါ။

လိပ္ေခါင္းကို ဘယ္အခ်ိန္မွာ ဖယ္ရွားပစ္ရမလဲ?

ဘယ္လိုနည္းေတြနဲ႔ပဲ ႀကိဳးစားႀကိဳးစား လိပ္ေခါင္းက လံုးဝျပန္မဝင္သြားဘဲ ေသြးေတြ ထြက္လာတယ္၊ ဝမ္းခ်ဳပ္လာတယ္၊ အေနအထိုင္ ခက္လာတယ္ ဆိုရင္ေတာ့ လိပ္ေခါင္းကို ဖယ္ရွားပစ္သင့္ပါတယ္။ ခြဲစိတ္စရာမလိုတဲ့ နည္းလမ္း 2 ခုကေတာ့ သားေရကြင္းပစ္ျခင္းနဲ႔ ေလဆာပစ္ျခင္းတို႔ပဲ ျဖစ္ပါတယ္။ ဒီနည္းလမ္း 2 ခုက လိပ္ေခါင္းကို ေသးသြားေစႏိုင္ပါတယ္။ တခ်ိဳ႕မွာေတာ့ ဒီနည္းေလာက္နဲ႔မရဘဲ လိပ္ေခါင္း ျဖတ္ထုတ္ဖို႔ လိုအပ္လာႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
လိပ်ခေါင်းဖြစ်နေသူတွေအတွက် အိမ်မှာ အလွယ်တကူ သက်သာပျောက်ကင်းစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။လိပ်ခေါင်းကြောင့် နာကျင်ခြင်းကို သက်သာစေပြီး အနာကျက်စေနိုင်ဖို့ ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

1.အမျှင်များများ စားပါ။

 ပထမ အရေးအကြီးဆုံးကတော့ အမျှင်များများ စားပေးဖို့ပဲ ဖြစ်ပါတယ်။ တချို့တွေကတော့ တစ်နေ့ကို အမျှင်ဓာတ် 20 မှ 30 ဂရမ်ခန့် ရရှိနိုင်အောင် အမျှင်ဓာတ် ဖြည့်စွက်စာတွေ စားလေ့ရှိကြပါတယ်။ အမျှင်ပါတဲ့ ဖြည့်စွက်စာတွေကိုလည်း စားပေးနိုင်ပါတယ်။

2.အဆီ ထည့်စားပါ။

သတ္တုဆီ တစ်ဇွန်းစာလောက်ကို ပန်းသီးယို သို့မဟုတ် ဒိန်ချဉ်နဲ့ရောပြီး မနက်စာ ဒါမှမဟုတ် နေ့လယ်စာစားချိန်မှာ ထည့်စားပေးခြင်းဖြင့် ဝမ်းသွားတဲ့အခါ ညှစ်စရာမလို မနာမကျင်ဘဲ ဝမ်းရှောရှောရှူရှူ ထွက်စေနိုင်ပါတယ်။ ဒါပေမဲ့ ယာယီပဲ ကောင်းပါတယ်။ အချိန်ကြာကြာ မလုပ်သင့်ပါဘူး။ ဝမ်းထဲမှ အဆီတွေ စိမ့်ထွက်လာပြီး ပေကျံတတ်တဲ့အတွက် အတွင်းခံမှာ လိုင်နာအပါးလေး ခံထားသင့်ပါတယ်။

3.အချိန်မဆွဲပါနဲ့။

ဝမ်းသွားချင်စိတ် ဖြစ်လာတဲ့အခါ ချက်ချင်း အိမ်သာပြေးပါ။ အောင့်ထားပြီး အဆင်ပြေတဲ့အချိန်မှ သွားခြင်းက ဝမ်းချုပ်စေတတ်ပြီး လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

4.ခြေထောက်မြှောက်ထားကြည့်ပါ။

ဘိုထိုင်အိမ်သာမှာ ထိုင်သွားရင်း ခြေထောက်ကို ခုံတစ်ခုခုပေါ် မြှောက်တင်ထားခြင်းက အူမကြီးရဲ့ အနေအထားကို ပြောင်းလဲစေပြီး ဝမ်းသွားရ ပိုလွယ်ကူစေနိုင်ပါတယ်။

5.ဆေးဝယ်သောက်ပါ။

လိပ်ခေါင်းအတွက် ဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဟေဇယ်လ်စေ့နဲ့ ပြုလုပ်ထားတဲ့ ကပ်ခွာတွေ၊ လိမ်းဆေးတွေကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားတဲ့အတိုင်း ဆေးသောက်သင့်ပါတယ်။

6.ရေနွေးထိုင်ပါ။

ရေနွေးထိုင်ခြင်းရဲ့ ရလဒ်ကို လျော့မတွက်ပါနဲ့။ ဇလုံကြီးကြီးတစ်ခုကိုယူပြီး ရေနွေးဖြည့်ကာ 10 မိနစ်မှ 15 မိနစ်ခန့် တစ်နေ့ကို 2 ကြိမ်၊ 3 ကြိမ် ထိုင်ပေးပါ။

လိပ်ခေါင်းကို ဘယ်အချိန်မှာ ဖယ်ရှားပစ်ရမလဲ?

ဘယ်လိုနည်းတွေနဲ့ပဲ ကြိုးစားကြိုးစား လိပ်ခေါင်းက လုံးဝပြန်မဝင်သွားဘဲ သွေးတွေ ထွက်လာတယ်၊ ဝမ်းချုပ်လာတယ်၊ အနေအထိုင် ခက်လာတယ် ဆိုရင်တော့ လိပ်ခေါင်းကို ဖယ်ရှားပစ်သင့်ပါတယ်။ ခွဲစိတ်စရာမလိုတဲ့ နည်းလမ်း 2 ခုကတော့ သားရေကွင်းပစ်ခြင်းနဲ့ လေဆာပစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်း 2 ခုက လိပ်ခေါင်းကို သေးသွားစေနိုင်ပါတယ်။ တချို့မှာတော့ ဒီနည်းလောက်နဲ့မရဘဲ လိပ်ခေါင်း ဖြတ်ထုတ်ဖို့ လိုအပ်လာနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Emerald (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top