၂၀၂၀ ခုနှစ်တွင် သိန်း ၂၇၀၀ မဖြစ်လျှင် ငွေပြန်အမ်းမည့် Sanchaung Garden ကွန်ဒိုအရောင်းပြပွဲ
×





ဦးအေးမင်းက ပြောပါတယ်။



Credit: Duwun

#Unicode Version#
ဂျပန်တက္ကသိုလ်တွေက ကျောင်းသားလူငယ်တွေရဲ့ internship အနေနဲ့ တစ်လခရီးစဉ်လာရောက်တဲ့အချိန်မှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ရန်ကုန်မြို့လယ်မှာ အမှိုက်ကောက်ခဲ့ကြပါတယ်။

ဂျပန်ကျောင်းသား၊သူပေါင်း ၁၉ ဦးပါဝင်တဲ့ အဖွဲ့နဲ့ Myanmar – Japan လူမှုစီးပွားဖွံ့ဖြိုးရေးအသင်းက အသင်းသားတွေပူးပေါင်းပြီး

ဒီလို လူစည်ကားတဲ့ မြို့လယ်မှာ စုပေါင်းအမှိုက်ကောက်ခဲ့တာလည်းဖြစ်ပါတယ်။

” ကျွန်တော်တို့ အားလုံးပေါင်း အယောက် ၂၀၀ ကျော်ပါပါတယ်။ အဖွဲ့ဝင်တွေနဲ့ အခြားအသင်းသားတွေပါပါတယ်။ အရင်ကလည်းအမှိုက်ကောက်ဖူးပါတယ်။အခုကတော့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်နဲ့ပါ”လို့ Myan-Japan CEDA က ဒုဥက္ကဌ

ဦးအေးမင်းက ပြောပါတယ်။

ဒီကို အားလပ်ရက်ခရီးစဉ်နဲ့လာတာဖြစ်ပြီးတော့ ဒိလို အမှိုက်ကောက်ရတဲ့ အစိအစဉ်မှာပါဝင်ရတာပျော်ရွှင်တယ်လို့ ဂျပန်နိုင်ငံက တက္ကသိုလ်ကျောင်းသူဖြစ်တဲ့ Akane Kojima က ပြောပါတယ်။

နောက်ထပ်လည်း ဒီလိုအစိအစဉ်တွေပြုလုပ်မှာဖြစ်တယ်လို့ ဦးအေးမင်းက ပြောခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top