ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကိုရီးယားကားထဲမွာေလ က်ီဂဲဟင္းရည္ ဆိုတာ ကို ၾကားဖူးၾကတယ္ဟုတ္? ဟင္းရည္နီနီရဲရဲေတြ ေျမအိုးထဲမွာ စားခ်င္စဖြယ္ ဆူပြက္ေနတာမ်ား စားခ်င္စရာႀကီးေနာ္။ ခုအက္ဒ္မင္ေျပာျပမွွာေတာ့ ကင္မ္ခ်ီ ဆြန္ဒူဘူ က်ီဂဲလို႔ ေခၚၿပီး ကိုရီးယားလူမ်ိဳးေတြ မၾကာခဏလုပ္စားၾကတဲ့ အစားအစာပဲျဖစ္ပါတယ္။ ကင္မ္ခ်ီ ဆြန္ဒူဘူ က်ီဂဲဆိုတာ ကင္ခ်ီ တို႔ဖူး (ဆြန္ဒူဘူ) စတူး (က်ီဂဲ) လို႔ အဓိပၸာယ္ရၿပီး အရသာေကာ အာဟာရေကာ ျပည့္ဝတဲ့ ဟင္းပဲျဖစ္ပါတယ္။

ပါဝင္တဲ့ပစၥည္းေတြကေတာ့
ငါးနီတူေျခာက္ ၈ေကာင္ (ေခါင္းနဲ႔ အူထုတ္ထားပါမယ္)
လက္တစ္ဖဝါးစာ မုန္လာဥျဖဴ (ေရေဆး၊ မဲညစ္ေနတဲ့ေနရာေတြ အသားႏႊာၿပီး ပါးပါးေလးလွီးထားပါမယ္)
Dried kelp လို႔ ေခၚတဲ့ ready-made ေရညိႇေျခာက္ ( ၆×၄ လက္မ အရြယ္အစားေလာက္)
ငရုတ္သီးမႈန္႔ လက္ဖက္ရည္ဇြန္း ၂ဇြန္း
ႏွမ္းဆီေမႊး လက္ဖက္ရည္ဇြန္း တစ္ဇြန္း.
ဟင္းရြက္ဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း
ဝက္ဗိုက္သား ခြက္တစ္ဝက္စာ (ေရေႏြးၾကမ္းခြက္ ပမာဏ)
ခြက္ရဲ႕ ေလးပံုတစ္ပံုစာ ႏုတ္ႏုတ္စင္းထားတဲ့ ၾကက္သြန္နီ
ၾကက္သြန္ျဖဴ ဥ အႀကီး တစ္ဥ (ဓားျပားရိုက္ၿပီး ေၾကေနေအာင္ လွီးပါမယ္)
ၾကက္သြန္ၿမိတ္ တစ္စည္း ( အတံုးေသးေလးေတြ လွီးထားပါမယ္)
ခြက္တစ္ဝက္စာ ကင္မ္ခ်ီ ( အတံုးေသးေလးေတြ လွီးပါမယ္)
ဆား လက္ဖက္ရည္ဇြန္းတစ္ဇြန္း
သၾကား လက္ဖက္ရည္ဇြန္း တစ္ဝက္
တို႔ဟူးအေပ်ာ့ တစ္ထုပ္
ၾကက္ဥတစ္လံုး တို႔ပဲ ျဖစ္ပါတယ္။

အမယ္သာမ်ားတာ လုပ္ရတာ လြယ္မွလြယ္ေနာ္။
စားခ်င္စရာ

ပထမဆံုး ငါးေရညိႇ ျပဳတ္ရည္ကို လုပ္ပါမယ္။
ဒယ္အိုးထဲကို ငါးနီတူေျခာက္ရယ္ ေရညိႇေျခာက္ရယ္ ေရေလးခြက္ရယ္ ထည့္ၿပီး မီးအသင့္တင့္ နဲ႔ ျပဳတ္ပါမယ္။ ၁၀မိနစ္ၾကာတဲ့ မီးထပ္ေလၽွာ့ၿပီး ေနာက္ထပ္ မိနစ္ ၂၀ထိ ထပ္ျပဳတ္ပါမယ္။ ဒီေနရာမွာ ငါးနီတူ အစို မဟုတ္ဘဲ အေျခာက္ျဖစ္မွ အရသာေတြ ေပ်ာ္ဝင္ေနတဲ့ ျပဳတ္ရည္ကို ရမွာပါေနာ္။

ဒုတိယတစ္ဆင့္က ငရုတ္ႏွစ္လုပ္ပါမယ္။
ငရုတ္သီးမႈန္႔နဲ႔ ႏွမ္းဆီေမႊးကို ေရာနယ္ထားပါမယ္။ (လြယ္လြယ္ေလးေနာ္.. မသိရင္ ခက္မလိုလိုနဲ႔ :3)

တတိယတစ္ဆင့္က ေျမအိုးကို ၃မိနစ္ေလာက္ မီးအသင့္တင့္ အပူေပးထားပါမယ္။ ပူေနတဲ့ ေျမအိုးထဲကို ဟင္းရြက္ဆီရယ္ ၾကက္သြန္နီရယ္ ၾကက္သြန္ျဖဴရယ္ ထည့္ၿပီး သစ္သားေယာက္မနဲ႔ ၁မိနစ္ေလာက္ ေမႊေပးပါ။ ဝက္သားထပ္ထည့္ၿပီး အသားစိမ္းရဲ႕ ပန္းေရာင္ ေပ်ာက္သြားတဲ့ အထိပဲ ၃မိနစ္ေလာက္ ေမႊေနေပးပါ။ အဲ့ထဲကို ကင္မ္ခ်ီ ထပ္ထည့္ပါ။အဲ့ေနာက္ ငါးနဲ႔ေရညိႇဖတ္ ဖယ္ထားတဲ့ ငါးေရညိႇျပဳတ္ရည္ (ခြက္တစ္ဝက္စာ) ကို ေလာင္းထည့္လိုက္ပါ။ ဆားနဲ႔ သၾကား ထည့္ၿပီး ေသခ်ာေမႊေပးပါ။ တို႔ဟူးေပ်ာ့ တစ္ထုပ္ေဖာက္ထည့္ၿပီး ေယာင္းမနဲ႔ အသာအယာ ေခ်ေပးပါေနာ္။ေယာင္းတို႔ အေစာပိုင္းက လုပ္ထားတဲ့ ငရုတ္ႏွစ္ကိုပါ ထည့္ေမႊၿပီး ၾကက္ဥေလး တစ္လံုးပါ ေဖာက္ထည့္လိုက္ပါဦး။ အႏွစ္ဝါဝါေလးကို မေပါက္ေစဘဲ ဟင္းရဲ႕ အလယ္မွာ လွလွေလးရွိေနပါေစ။ ေနာက္ထပ္တစ္မိနစ္ေလာက္ ပြက္ပြက္ဆူေအာင္ ထားၿပီးရင္ မီးဖိုေပၚကေန ခ်လို႔ရပါၿပီရွင္။ စားခါနီးက်ရင္ လွီးထားတဲ့ၾကက္သြန္ၿမိတ္ေတြကို အေပၚကေန ျဖဴးလိုက္ဖို႔ လည္း မေမ့ပါနဲ႔ေနာ္။


သြားရည္ေတြေတာင္က်

ကဲ…ခုဆိုရင္ တို႔ဟူးေတြေကာ ၾကက္ဥေတြေကာ အသားေတြေကာ ကင္မ္ခ်ီေတြေကာ အစံုပါၿပီး အာဟာရေတြအမ်ားႀကီး ပါေနတဲ့ ဟင္းတစ္ခြက္ကို ရသြားပါၿပီေနာ္။ တစ္ခြက္တည္းနဲ႔ အားလံုးပါသြားတာမို႔ ဟင္း ႏွစ္ခြက္ သံုးခြက္ ထပ္မခ်က္ခ်င္တဲ့ ပ်င္းစိန္ ေယာင္းတို႔အတြက္လည္း အဆင္ေျပတယ္ေနာ္။ ကင္မ္ခ်ီမွာပါတဲ့ အက်ိဳးျပဳဘက္တီးရီးယားေလးက ခံတြင္းလိုက္ေစတာမို႔ ေနမေကာင္းလို႔ ခံတြင္းပ်က္ေနတဲ့ေယာင္းတို႔လည္း လုပ္စားၾကည့္သင့္တယ္ေနာ္။ ပါဝင္တဲ့အမယ္ေတြကို ဆင္ေရတြင္းက promartနဲ႔ ပုလဲကြန္ဒိုမွာလည္း ရတဲ့အျပင္ ေျမအိုးကိုလည္း ၈မိုင္က ယန္နာရာ ကိုရီးယားစားေသာက္ဆိုင္ေဘးက ကိုရီးယားစတိုးဆိုင္ေလးမွာ ဝယ္လို႔ရတယ္ေနာ္။ တို႔ဟူးအေပ်ာ့ကိုလည္း city martတိုင္းမွာ အလြယ္တကူဝယ္လို႔ရတာမို႔ ကဲ.. ဘာၾကည့္ေနေသးတာလဲ? ဒီေန႔ပဲ လုပ္စားၾကရေအာင္ေလ..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mira ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုရီးယားကားထဲမှာလေ ကျီဂဲဟင်းရည် ဆိုတာ ကို ကြားဖူးကြတယ်ဟုတ်? ဟင်းရည်နီနီရဲရဲတွေ မြေအိုးထဲမှာ စားချင်စဖွယ် ဆူပွက်နေတာများ စားချင်စရာကြီးနော်။ ခုအက်ဒ်မင်ပြောပြမှှာတော့ ကင်မ်ချီ ဆွန်ဒူဘူ ကျီဂဲလို့ ခေါ်ပြီး ကိုရီးယားလူမျိုးတွေ မကြာခဏလုပ်စားကြတဲ့ အစားအစာပဲဖြစ်ပါတယ်။ ကင်မ်ချီ ဆွန်ဒူဘူ ကျီဂဲဆိုတာ ကင်ချီ တို့ဖူး (ဆွန်ဒူဘူ) စတူး (ကျီဂဲ) လို့ အဓိပ္ပာယ်ရပြီး အရသာကော အာဟာရကော ပြည့်ဝတဲ့ ဟင်းပဲဖြစ်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေကတော့
ငါးနီတူခြောက် ၈ကောင် (ခေါင်းနဲ့ အူထုတ်ထားပါမယ်)
လက်တစ်ဖဝါးစာ မုန်လာဥဖြူ (ရေဆေး၊ မဲညစ်နေတဲ့နေရာတွေ အသားနွှာပြီး ပါးပါးလေးလှီးထားပါမယ်)
Dried kelp လို့ ခေါ်တဲ့ ready-made ရေညှိခြောက် ( ၆×၄ လက်မ အရွယ်အစားလောက်)
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း
နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း တစ်ဇွန်း.
ဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဝက်ဗိုက်သား ခွက်တစ်ဝက်စာ (ရေနွေးကြမ်းခွက် ပမာဏ)
ခွက်ရဲ့ လေးပုံတစ်ပုံစာ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်နီ
ကြက်သွန်ဖြူ ဥ အကြီး တစ်ဥ (ဓားပြားရိုက်ပြီး ကြေနေအောင် လှီးပါမယ်)
ကြက်သွန်မြိတ် တစ်စည်း ( အတုံးသေးလေးတွေ လှီးထားပါမယ်)
ခွက်တစ်ဝက်စာ ကင်မ်ချီ ( အတုံးသေးလေးတွေ လှီးပါမယ်)
ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း
သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
တို့ဟူးအပျော့ တစ်ထုပ်
ကြက်ဥတစ်လုံး တို့ပဲ ဖြစ်ပါတယ်။

အမယ်သာများတာ လုပ်ရတာ လွယ်မှလွယ်နော်။
စားချင်စရာ

ပထမဆုံး ငါးရေညှိ ပြုတ်ရည်ကို လုပ်ပါမယ်။
ဒယ်အိုးထဲကို ငါးနီတူခြောက်ရယ် ရေညှိခြောက်ရယ် ရေလေးခွက်ရယ် ထည့်ပြီး မီးအသင့်တင့် နဲ့ ပြုတ်ပါမယ်။ ၁၀မိနစ်ကြာတဲ့ မီးထပ်လျှော့ပြီး နောက်ထပ် မိနစ် ၂၀ထိ ထပ်ပြုတ်ပါမယ်။ ဒီနေရာမှာ ငါးနီတူ အစို မဟုတ်ဘဲ အခြောက်ဖြစ်မှ အရသာတွေ ပျော်ဝင်နေတဲ့ ပြုတ်ရည်ကို ရမှာပါနော်။

ဒုတိယတစ်ဆင့်က ငရုတ်နှစ်လုပ်ပါမယ်။
ငရုတ်သီးမှုန့်နဲ့ နှမ်းဆီမွှေးကို ရောနယ်ထားပါမယ်။ (လွယ်လွယ်လေးနော်.. မသိရင် ခက်မလိုလိုနဲ့ :3)

တတိယတစ်ဆင့်က မြေအိုးကို ၃မိနစ်လောက် မီးအသင့်တင့် အပူပေးထားပါမယ်။ ပူနေတဲ့ မြေအိုးထဲကို ဟင်းရွက်ဆီရယ် ကြက်သွန်နီရယ် ကြက်သွန်ဖြူရယ် ထည့်ပြီး သစ်သားယောက်မနဲ့ ၁မိနစ်လောက် မွှေပေးပါ။ ဝက်သားထပ်ထည့်ပြီး အသားစိမ်းရဲ့ ပန်းရောင် ပျောက်သွားတဲ့ အထိပဲ ၃မိနစ်လောက် မွှေနေပေးပါ။ အဲ့ထဲကို ကင်မ်ချီ ထပ်ထည့်ပါ။အဲ့နောက် ငါးနဲ့ရေညှိဖတ် ဖယ်ထားတဲ့ ငါးရေညှိပြုတ်ရည် (ခွက်တစ်ဝက်စာ) ကို လောင်းထည့်လိုက်ပါ။ ဆားနဲ့ သကြား ထည့်ပြီး သေချာမွှေပေးပါ။ တို့ဟူးပျော့ တစ်ထုပ်ဖောက်ထည့်ပြီး ယောင်းမနဲ့ အသာအယာ ချေပေးပါနော်။ယောင်းတို့ အစောပိုင်းက လုပ်ထားတဲ့ ငရုတ်နှစ်ကိုပါ ထည့်မွှေပြီး ကြက်ဥလေး တစ်လုံးပါ ဖောက်ထည့်လိုက်ပါဦး။ အနှစ်ဝါဝါလေးကို မပေါက်စေဘဲ ဟင်းရဲ့ အလယ်မှာ လှလှလေးရှိနေပါစေ။ နောက်ထပ်တစ်မိနစ်လောက် ပွက်ပွက်ဆူအောင် ထားပြီးရင် မီးဖိုပေါ်ကနေ ချလို့ရပါပြီရှင်။ စားခါနီးကျရင် လှီးထားတဲ့ကြက်သွန်မြိတ်တွေကို အပေါ်ကနေ ဖြူးလိုက်ဖို့ လည်း မမေ့ပါနဲ့နော်။


သွားရည်တွေတောင်ကျ

ကဲ…ခုဆိုရင် တို့ဟူးတွေကော ကြက်ဥတွေကော အသားတွေကော ကင်မ်ချီတွေကော အစုံပါပြီး အာဟာရတွေအများကြီး ပါနေတဲ့ ဟင်းတစ်ခွက်ကို ရသွားပါပြီနော်။ တစ်ခွက်တည်းနဲ့ အားလုံးပါသွားတာမို့ ဟင်း နှစ်ခွက် သုံးခွက် ထပ်မချက်ချင်တဲ့ ပျင်းစိန် ယောင်းတို့အတွက်လည်း အဆင်ပြေတယ်နော်။ ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးက ခံတွင်းလိုက်စေတာမို့ နေမကောင်းလို့ ခံတွင်းပျက်နေတဲ့ယောင်းတို့လည်း လုပ်စားကြည့်သင့်တယ်နော်။ ပါဝင်တဲ့အမယ်တွေကို ဆင်ရေတွင်းက promartနဲ့ ပုလဲကွန်ဒိုမှာလည်း ရတဲ့အပြင် မြေအိုးကိုလည်း ၈မိုင်က ယန်နာရာ ကိုရီးယားစားသောက်ဆိုင်ဘေးက ကိုရီးယားစတိုးဆိုင်လေးမှာ ဝယ်လို့ရတယ်နော်။ တို့ဟူးအပျော့ကိုလည်း city martတိုင်းမှာ အလွယ်တကူဝယ်လို့ရတာမို့ ကဲ.. ဘာကြည့်နေသေးတာလဲ? ဒီနေ့ပဲ လုပ်စားကြရအောင်လေ..

ဖိုးသူတော် (www.phothutaw.com)
Credit: Mira ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top