၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

မႏၱေလးတုိင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ ေညာင္အုပ္ေက်းရြာအနီး၊ မႏၲေလး-မိုးကုတ္ကားလမ္း ဘိုးေတာ္ ေတာင္ေျခရွိ ဝါး႐ုံပင္မ်ားေအာက္တြင္ အသက္ ၂၅ ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးအား ဖူးေရာင္ညိဳမည္း ဒဏ္ရာ မ်ား၊ ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးလ်က္ ေတြ႔ရွိေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ ယေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

အဆုိ အမ်ဳိးသမီး႐ုပ္အေလာင္းကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၆ ရက္၊ ညေန ၃ နာရီခြဲအခ်ိန္တြင္ ဦးေခါင္းဝဲ ဘက္ထိပ္ ေပါက္ၿပဲဒဏ္ရာ၊ ဝဲနားရြက္၊ ေနာက္ေက်ာ ပြန္းျခစ္ဒဏ္ရာ၊ ယာမ်က္ကြင္းညိဳမည္း ဒဏ္ရာ၊ ယာ လည္ပင္း၊ ေနာက္ေက်ာႏွင့္ လက္ဖ်ံတို႔တြင္ ထိုးသြင္းဒဏ္ရာ ၃ ခ်က္ တို႔ျဖင့္ ေသဆံုးလ်က္ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

အမ်ိဳးသမီး႐ုပ္အေလာင္းအနီးမွလည္း မိန္းမစီး ကတၱီပါ ဖိနပ္ ၁ ရံ၊ အိမ္သုံးစတီး ဓားခၽြန္ ၁ ေခ်ာင္း၊ ဓားေကာ္ရိုး ၁ ခု တို႔ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးသူအမ်ိဳးသမီးမွာ စဥ့္ကူးၿမိဳ႕နယ္၊ မိုးေကာင္းႀကီးေက်းရြာ၊ အသက္ ၂၅ ႏွစ္အရြယ္ မခင္ၾကဴၾကဴ သင္း ျဖစ္ၿပီး မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးမွေဆးစစ္ခ်က္အရ ဦးခြံရိုးက်ိဳးၿပီး ဦးေႏွာက္အေမွးေအာက္ ေသြးယိုစီး၍ ေသဆုံးရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

ယင္းအမ်ိဳးသမီးေသဆံုးမႈႏွင့္ ပတ္သက္ၿပီး ရဲတပ္ဖြဲ႔မွ ေရနံ႔သာနယ္ေျမရဲစခန္းတြင္ (ပ)၂၄/၂ဝ၁၈၊ ရာဇ သတ္ႀကီးပုဒ္မ- ၃ဝ၂ (လူသတ္မႈ)ျဖင့္ အမႈဖြင့္ စံုစမ္းခဲ့ေၾကာင္း သိရသည္။

ေသဆံုးသူအမိ်ဳးသမီးမွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၃ ရက္၊ ေန႔လည္ပိုင္းက ေနအိမ္မွ ဆိုင္ကယ္ျဖင့္ မတၱရာ ၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာရြာ ဆည္ေျမာင္းရပ္ကြက္ေန အသက္ ၃ဝ အရြယ္ ကိုေထြးထံ သြားေရာက္ရာမွ ေပ်ာက္ ဆုံးခဲ့ျခင္းျဖစ္သည္။ ရဲတပ္ဖြဲ႔မွ စံုစမ္းစစ္ေဆးခ်က္အရ ကိုေထြးဆိုသူမွာ ေဖေဖာ္ဝါရီလ ၃ ရက္၊ ညေန ၅ နာရီ ခြဲ အခ်ိန္၊ မတၱရာၿမိဳ႕နယ္၊ တံငါေတာ္ရြာ၊ ဒန္ကိုဆီဆိုင္အနီး ဆိုင္ကယ္ေမွာက္ခဲ့ၿပီး မႏၲေလးျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသ ထားခဲ့ရာမွ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တြင္ ရရွိဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္တြင္ ပါရွိသည္။

ကိုေထြးဆိုသူႏွင့္ အတူေတြ႔ရွိခဲ့ေသာ ဆိုင္ကယ္မွာ မခင္ၾကဴၾကဴသင္း စီးခဲ့သည့္ ဆိုင္ကယ္ျဖစ္သျဖင့္ လက္ရွိ တြင္ မႏၲေလးတိုင္းအကူတပ္ဖြဲ႕ခြဲႏွင့္ မတၱရာၿမိဳ႕နယ္ရဲတပ္ဖြဲ႕တို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႔ စံုးစမ္းစစ္ေဆးေန ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version#
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း ဘိုးတော် တောင်ခြေရှိ ဝါးရုံပင်များအောက်တွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဖူးရောင်ညိုမည်း ဒဏ်ရာ များ၊ ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆို အမျိုးသမီးရုပ်အလောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် ဦးခေါင်းဝဲ ဘက်ထိပ် ပေါက်ပြဲဒဏ်ရာ၊ ဝဲနားရွက်၊ နောက်ကျော ပွန်းခြစ်ဒဏ်ရာ၊ ယာမျက်ကွင်းညိုမည်း ဒဏ်ရာ၊ ယာ လည်ပင်း၊ နောက်ကျောနှင့် လက်ဖျံတို့တွင် ထိုးသွင်းဒဏ်ရာ ၃ ချက် တို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးရုပ်အလောင်းအနီးမှလည်း မိန်းမစီး ကတ္တီပါ ဖိနပ် ၁ ရံ၊ အိမ်သုံးစတီး ဓားချွန် ၁ ချောင်း၊ ဓားကော်ရိုး ၁ ခု တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူအမျိုးသမီးမှာ စဉ့်ကူးမြို့နယ်၊ မိုးကောင်းကြီးကျေးရွာ၊ အသက် ၂၅ နှစ်အရွယ် မခင်ကြူကြူ သင်း ဖြစ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးမှဆေးစစ်ချက်အရ ဦးခွံရိုးကျိုးပြီး ဦးနှောက်အမှေးအောက် သွေးယိုစီး၍ သေဆုံးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ရေနံ့သာနယ်မြေရဲစခန်းတွင် (ပ)၂၄/၂ဝ၁၈၊ ရာဇ သတ်ကြီးပုဒ်မ- ၃ဝ၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည်ပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့် မတ္တရာ မြို့နယ်၊ အောင်ချမ်းသာရွာ ဆည်မြောင်းရပ်ကွက်နေ အသက် ၃ဝ အရွယ် ကိုထွေးထံ သွားရောက်ရာမှ ပျောက် ဆုံးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးချက်အရ ကိုထွေးဆိုသူမှာ ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၅ နာရီ ခွဲ အချိန်၊ မတ္တရာမြို့နယ်၊ တံငါတော်ရွာ၊ ဒန်ကိုဆီဆိုင်အနီး ဆိုင်ကယ်မှောက်ခဲ့ပြီး မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသ ထားခဲ့ရာမှ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်တွင် ပါရှိသည်။

ကိုထွေးဆိုသူနှင့် အတူတွေ့ရှိခဲ့သော ဆိုင်ကယ်မှာ မခင်ကြူကြူသင်း စီးခဲ့သည့် ဆိုင်ကယ်ဖြစ်သဖြင့် လက်ရှိ တွင် မန္တလေးတိုင်းအကူတပ်ဖွဲ့ခွဲနှင့် မတ္တရာမြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ စုံးစမ်းစစ်ဆေးနေ ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top