ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လူၾကမ္းသ႐ုပ္ေဆာင္ႏိုင္လူကေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ သူရဲ႕ဖခင္ျဖစ္သူကို သ႐ုပ္ေဆာင္ဦးၾကဴးမားကို သတိရတဲ့စာသားေလးကို ေရးသားခဲ့ပါတယ္။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ သူရဲ႕အေဖ့ျဖစ္သူဟာ ဦးၾကဴးမားျဖစ္မယ္ဆိုတာ ဘယ္သူမွသိေသးမွာ မဟုတ္ပါဘူး။

သူရဲ႕ေဖ့စ္ဘုတ္မွာေတာ့ အခုလိုပဲ ေရးသားခဲ့ပါတယ္

” သ႐ုပ္ေဆာင္ဦးၾကဴးမားသို ့မဟုတ္ကြၽန္ေတာ္၏ဖခင္

ဦးစိန္တင့္(အထက္တန္္းေရွ႕ေန)

တေခတ္တစ္ခါလြန္ခဲ့ေသာ၁၀စုႏွစ္မ်ားကအႏုပညာ

ေလာကတြင္သ႐ုပ္ေဆာင္မႈ အတတ္ပညာျဖင့္

ျပည္သူလက္ခံခဲ့ေသာသူသည္ကြၽန္ေတာ္၏အေဖျဖစ္

သည္အထက္တန္းေရွ႕ေနဘဝျဖင့္မိသားစုတာဝန္ကို

ယူကာေကြၽးေမြးေစာင့္ေရွာက္ရင္းဝါသနာပါရာအႏုပညာေလာကကိုဝင္ေရာက္ခဲ့ေသာ္လည္း၁၉၇၅ခုႏွစ္

ေလာက္တြင္ရပ္နားခဲ့ၿပီး၁၉၉၉ခုႏွစ္တြင္ ဦးၾကဴးမား

ဆိုေသာအမည္ျဖင့္ျပန္လည္ဝင္ေရာက္လာခဲ့သည္

ဇာတ္ပို ့ေနရာတြင္က်ရာဇာတ္႐ုပ္ကိုပီျပင္စြာသ႐ုပ္

ေဆာင္ႏိုင္မႈတို ့ေၾကာင့္ နာမည္ရလာကာဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ႐ုပ္ရွင္ဇာတ္ကားမ်ားစြာ႐ိုက္ကူးခဲ့ပါသည္/စာေပ/မဂၢဇင္း/ဂ်ာနယ္မ်ားတြင္ျမင့္လူဆိုေသာ

ကေလာင္နာမည္ျဖင့္ေရးသားခဲ့ပါသည္ စံျပၾကက္ေျခနီရရွိခဲ့သူတစ္ဦးလည္းျဖစ္ၿပီးသူကြယ္လြန္သြားခ်ိန္တြင္ေတာ့သူခ်စ္ေသာျပည္သူမ်ားသိပ္မသိလိုက္ၾကပါ

မိသားစုအေပါ ္တြင္တာဝန္ေက်ခဲ့ေသာအေဖအခုအခ်ိန္အေဖအနားမွာမရွိေတာ့ေပမဲ့အေဖရဲ႕ေသြးအေဖခ်စ္ေသာအႏုပညာေသြးကေတာ့ကြၽန္ေတာ့ကိုယ္မွာစီးဆင္းေနလွ်က္ပါအေဖ အေဖ ့ကိုေန ့စဥ္သတိရလွ်က္ပါအေမ ့ကိုလည္းေန ့စဥ္တမ္းတလွ်က္ပါလူမွန္းသိတတ္စအ႐ြယ္တည္းကလက္နဲ ့ေတာင္မ႐ြယ္မ႐ိုက္ခဲ့ေသာအေဖပါတစ္ခါတေလမိုးလင္းေပါက္ေအာင္စကားေတြထိုင္ေျပာခဲ့ၿပီးေျပာဆိုဆုံးမခဲ့တာေတြကိုအၿမဲသတိရလွ်က္ပါအေဖျပ ုသမွ်ကုသိုလ္ေကာင္းမႈ မွန္သမွ်ကိုအဘိုးအဘြားမ်ားႏွင့္တကြအေဖနဲ႔အေမ ့ကိုအမွ်အတန္းေပးေဝလွ်က္ပါအေဖ

တစ္ခါတေလသမီးေလးေခတ္ဆည္းဆာဟာအေဖမ်ားျပန္ဝင္စားသလားလို ့ေတာင္ထင္ေနမိတယ္မၾကာေသာႏွစ္အတြင္းမွာအေျဖမွန္ေတာ့သိရေတာ့မယ္တကယ္လို ့မ်ားအေဖသာသမီးေလး ေခတ္ဆည္းဆာအျဖစ္ျပန္ဝင္စားတယ္ဆိုရင္ျဖင့္အေဖနဲ ့ကြၽန္ေတာ္မိုးလင္းေပါက္စကားေတြထိုင္ေျပာျပစ္ေတာ့မွာပါအေဖႏိုင္လူ ” ဆိုၿပီးေရးသားခဲ့ပါတယ္။ သူကေတာ့ သူရဲ႕ရင္တြင္းခံစားခ်က္ကို ဖခင္ျဖစ္သူရဲ႕အေၾကာင္းေတြနဲ႔အတူ ေရးသားမွ်ေဝထားပါတယ္။

source – Naing Lu fb

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike
# Unicode Version ျဖင့္ ဖတ္ပါ #
လူကြမ်းသရုပ်ဆောင်နိုင်လူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲ့ဖခင်ဖြစ်သူကို သရုပ်ဆောင်ဦးကြူးမားကို သတိရတဲ့စာသားလေးကို ရေးသားခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ သူရဲ့အဖေ့ဖြစ်သူဟာ ဦးကြူးမားဖြစ်မယ်ဆိုတာ ဘယ်သူမှသိသေးမှာ မဟုတ်ပါဘူး။

သူရဲ့ဖေ့စ်ဘုတ်မှာတော့ အခုလိုပဲ ရေးသားခဲ့ပါတယ်

” သရုပ်ဆောင်ဦးကြူးမားသို့မဟုတ်ကျွန်တော်၏ဖခင်

ဦးစိန်တင့်(အထက်တန်းရှေ့နေ)

တခေတ်တစ်ခါလွန်ခဲ့သော၁၀စုနှစ်များကအနုပညာ

လောကတွင်သရုပ်ဆောင်မှု အတတ်ပညာဖြင့်

ပြည်သူလက်ခံခဲ့သောသူသည်ကျွန်တော်၏အဖေဖြစ်

သည်အထက်တန်းရှေ့နေဘဝဖြင့်မိသားစုတာဝန်ကို

ယူကာကျွေးမွေးစောင့်ရှောက်ရင်းဝါသနာပါရာအနုပညာလောကကိုဝင်ရောက်ခဲ့သော်လည်း၁၉၇၅ခုနှစ်

လောက်တွင်ရပ်နားခဲ့ပြီး၁၉၉၉ခုနှစ်တွင် ဦးကြူးမား

ဆိုသောအမည်ဖြင့်ပြန်လည်ဝင်ရောက်လာခဲ့သည်

ဇာတ်ပို့နေရာတွင်ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်

ဆောင်နိုင်မှုတို့ကြောင့် နာမည်ရလာကာဗီဒီယိုဇာတ်ကားပေါင်းများစွာရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ပါသည်/စာပေ/မဂ္ဂဇင်း/ဂျာနယ်များတွင်မြင့်လူဆိုသော

ကလောင်နာမည်ဖြင့်ရေးသားခဲ့ပါသည် စံပြကြက်ခြေနီရရှိခဲ့သူတစ်ဦးလည်းဖြစ်ပြီးသူကွယ်လွန်သွားချိန်တွင်တော့သူချစ်သောပြည်သူများသိပ်မသိလိုက်ကြပါ

မိသားစုအပေါ ်တွင်တာဝန်ကျေခဲ့သောအဖေအခုအချိန်အဖေအနားမှာမရှိတော့ပေမဲ့အဖေရဲ့သွေးအဖေချစ်သောအနုပညာသွေးကတော့ကျွန်တော့ကိုယ်မှာစီးဆင်းနေလျှက်ပါအဖေ အဖေ့ကိုနေ့စဉ်သတိရလျှက်ပါအမေ့ကိုလည်းနေ့စဉ်တမ်းတလျှက်ပါလူမှန်းသိတတ်စအရွယ်တည်းကလက်နဲ့တောင်မရွယ်မရိုက်ခဲ့သောအဖေပါတစ်ခါတလေမိုးလင်းပေါက်အောင်စကားတွေထိုင်ပြောခဲ့ပြီးပြောဆိုဆုံးမခဲ့တာတွေကိုအမြဲသတိရလျှက်ပါအဖေပြ ုသမျှကုသိုလ်ကောင်းမှု မှန်သမျှကိုအဘိုးအဘွားများနှင့်တကွအဖေနဲ့အမေ့ကိုအမျှအတန်းပေးဝေလျှက်ပါအဖေ

တစ်ခါတလေသမီးလေးခေတ်ဆည်းဆာဟာအဖေများပြန်ဝင်စားသလားလို့တောင်ထင်နေမိတယ်မကြာသောနှစ်အတွင်းမှာအဖြေမှန်တော့သိရတော့မယ်တကယ်လို့များအဖေသာသမီးလေး ခေတ်ဆည်းဆာအဖြစ်ပြန်ဝင်စားတယ်ဆိုရင်ဖြင့်အဖေနဲ့ကျွန်တော်မိုးလင်းပေါက်စကားတွေထိုင်ပြောပြစ်တော့မှာပါအဖေနိုင်လူ ” ဆိုပြီးရေးသားခဲ့ပါတယ်။ သူကတော့ သူရဲ့ရင်တွင်းခံစားချက်ကို ဖခင်ဖြစ်သူရဲ့အကြောင်းတွေနဲ့အတူ ရေးသားမျှဝေထားပါတယ်။

source – Naing Lu fb

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top