ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

 ျမန္မာလိဂ္ ပြဲစဥ္ (၇) ေနာက္ဆံုးေန႔ပြဲစဥ္မ်ားတြင္ ရတနာပံုႏွင့္ ဟံသာဝတီအသင္း တုိ႔ ၿပိဳင္ဘက္မ်ားကို အသီးသီး အႏိုင္ရရွိခဲ့သည္။

ေဖေဖာ္ဝါရီ ၂၅ ရက္က က်င္းပသည့္ ၂၀၁၈ ျမန္မာလိဂ္ ပြဲစဥ္မ်ားတြင္ ရတနာပံုအသင္းက ဇြဲကပင္အသင္းကို ၁-၀ ဂိုးျဖင့္ ကပ္ႏိုင္ခဲ့သည္။ ရတနာပံုအသင္း သည္ ယခုပြဲစဥ္ အႏုိင္ရလဒ္ ေၾကာင့္ ရွမ္း၊ မေကြးအသင္းတုိ႔ ႏွင့္ အမွတ္တူ ဂိုးကြာျခားခ်က္ အသာျဖင့္ အမွတ္ေပးဇယား ဒုတိယေနရာသို႔ တက္လွမ္းႏိုင္ခဲ့ သည္။

မႏၲေလးၿမိဳ႕ မႏၲလာသီရိ ကြင္းတြင္ ယွဥ္ၿပိဳင္သည့္ ရတနာ ပံုအသင္းႏွင့္ ဇြဲကပင္အသင္းတုိ႔ ပြဲစဥ္၌  အိမ္ရွင္ရတနာပံုအ သင္းက ပထမပိုင္းတြင္ သြင္းယူ ေသာတစ္လံုးတည္းေသာ  ဂိုးျဖင့္ အႏိုင္ရခဲ့သည္။  ပထမပိုင္း၌ ရတနာပံုအသင္းက  ဖိအားေပး ကစားႏုိင္ၿပီး  ဂိုးသြင္းခြင့္မ်ား ဖန္ တီးႏုိင္ခဲ့ေသာ္လည္း ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ျခင္းမရွိခဲ့ေပ။ ရတနာပံုအသင္းအတြက္ အႏိုင္ဂိုးကို ပြဲခ်ိန္ ၃၆ မိနစ္တြင္ စည္သူေအာင္က ႐ိႈင္းသူရ၏ ေပးပို႔မႈမွတစ္ဆင့္ သြင္းယူခဲ့သည္။ ဒုတိယပိုင္းတြင္ ဇြဲကပင္အသင္းက ေခ်ပဂိုးသြင္း ယူရန္ တိုက္စစ္ဆင္ကစားခဲ့ေသာ္လည္း ဂိုးမရရွိခဲ့ေသာေၾကာင့္ ရတနာပံုအသင္းက ၁-၀ ဂုိးျဖင့္ အႏုိင္သံုးမွတ္ရယူႏုိင္ခဲ့သည္။

ထို႔အတူ ဟံသာဝတီအသင္း က ေဆာက္သမ္းျမန္မာအသင္း ကို ၁-၀ ဂိုးျဖင့္ အႏုိင္ရရွိခဲ့သည္။ ပဲခူးၿမိဳ႕ ဂရင္း႐ြိဳင္ရယ္အားကစား ကြင္းတြင္ ယွဥ္ၿပိဳင္သည့္ ဟံသာ ဝတီအသင္းႏွင့္ ေဆာက္သမ္း ျမန္မာအသင္းတို႔ပြဲစဥ္သည္ အ ႀကိတ္အနယ္ျဖစ္ခဲ့ၿပီး ပထမပိုင္း တြင္ ႏွစ္သင္းစလံုး ဂိုးသြင္းယူႏိုင္ ခဲ့ျခင္းမရွိေပ။ အိမ္ရွင္ ဟံသာဝတီ အသင္းအတြက္ အႏုိင္ဂိုးကို ပြဲခ်ိန္ ၆၇ မိနစ္တြင္ အသင္းေခါင္း ေဆာင္ ရန္ႏိုင္ေအာင္က သြင္းယူ ခဲ့သည္။

ျမန္မာလိဂ္ ပြဲစဥ္ (၇)အၿပီး တြင္ ရန္ကုန္ယူႏိုက္တက္က အ မွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္ႏုိင္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာလိဂ် ပွဲစဉ် (၇) နောက်ဆုံးနေ့ပွဲစဉ်များတွင် ရတနာပုံနှင့် ဟံသာဝတီအသင်း တို့ ပြိုင်ဘက်များကို အသီးသီး အနိုင်ရရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပသည့် ၂၀၁၈ မြန်မာလိဂ် ပွဲစဉ်များတွင် ရတနာပုံအသင်းက ဇွဲကပင်အသင်းကို ၁-၀ ဂိုးဖြင့် ကပ်နိုင်ခဲ့သည်။ ရတနာပုံအသင်း သည် ယခုပွဲစဉ် အနိုင်ရလဒ် ကြောင့် ရှမ်း၊ မကွေးအသင်းတို့ နှင့် အမှတ်တူ ဂိုးကွာခြားချက် အသာဖြင့် အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ သည်။

မန္တလေးမြို့ မန္တလာသီရိ ကွင်းတွင် ယှဉ်ပြိုင်သည့် ရတနာ ပုံအသင်းနှင့် ဇွဲကပင်အသင်းတို့ ပွဲစဉ်၌  အိမ်ရှင်ရတနာပုံအ သင်းက ပထမပိုင်းတွင် သွင်းယူ သောတစ်လုံးတည်းသော  ဂိုးဖြင့် အနိုင်ရခဲ့သည်။  ပထမပိုင်း၌ ရတနာပုံအသင်းက  ဖိအားပေး ကစားနိုင်ပြီး  ဂိုးသွင်းခွင့်များ ဖန် တီးနိုင်ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၃၆ မိနစ်တွင် စည်သူအောင်က ရှိုင်းသူရ၏ ပေးပို့မှုမှတစ်ဆင့် သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ဇွဲကပင်အသင်းက ချေပဂိုးသွင်း ယူရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဂိုးမရရှိခဲ့သောကြောင့် ရတနာပုံအသင်းက ၁-၀ ဂိုးဖြင့် အနိုင်သုံးမှတ်ရယူနိုင်ခဲ့သည်။

ထို့အတူ ဟံသာဝတီအသင်း က ဆောက်သမ်းမြန်မာအသင်း ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပဲခူးမြို့ ဂရင်းရွိုင်ရယ်အားကစား ကွင်းတွင် ယှဉ်ပြိုင်သည့် ဟံသာ ဝတီအသင်းနှင့် ဆောက်သမ်း မြန်မာအသင်းတို့ပွဲစဉ်သည် အ ကြိတ်အနယ်ဖြစ်ခဲ့ပြီး ပထမပိုင်း တွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင် ခဲ့ခြင်းမရှိပေ။ အိမ်ရှင် ဟံသာဝတီ အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် အသင်းခေါင်း ဆောင် ရန်နိုင်အောင်က သွင်းယူ ခဲ့သည်။

မြန်မာလိဂ် ပွဲစဉ် (၇)အပြီး တွင် ရန်ကုန်ယူနိုက်တက်က အ မှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top