ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ႀကိဳတင္ျပင္ဆင္တာက သေႏၶသားေလာင္းရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈေတြကို အေထာက္အကူျပဳေပးတဲ့အျပင္ ေမြးဖြားလာမယ့္ သားသားမီးမီးေလးေတြ အတြက္လည္း အလြန္အက်ိဳးရွိပါတယ္။

ကိုယ္ဝန္ယူဖို႔ ဆံုးျဖတ္ထားၿပီးၿပီလား။ က်န္းမာတဲ့ ကိုယ္ဝန္ေဆာင္တစ္ဦး ျဖစ္ဖို႔နဲ႔  မၾကာခင္ ရရွိလာေတာ့မယ္ သေႏၶသားေလးရဲ႕ က်န္းမာေရးအတြက္ နည္းလမ္းေကာင္းေလးေတြကို ကိုယ္ဝန္မေဆာင္ခင္ကတည္းက ႀကိဳတင္ျပင္ဆင္ ထားဖို႔ လိုပါတယ္။ ကိုယ္ဝန္ယူဖို႔ ႀကိဳးစားေနသူေတြအတြက္ သိထားသင့္တဲ့ နည္းလမ္း(၅)ခ်က္ကို Kalay ကေန ေဝမွ်ေပးပါမယ္။

ေလ့က်င့္ခန္း ကစားတာ၊ ေဆးလိပ္၊အရက္နဲ႔ မူးယစ္ေဆးကို ျဖတ္တာေတြကို ျပဳလုပ္ဖို႔ အစီအစဥ္ ခ်ထားေပးပါ
၁။ အစီအစဥ္ဆြဲထားပါ

ကိုယ္ဝန္ယူေတာ့မယ္လို႔ ဆံုးျဖတ္လိုက္ၿပီဆိုရင္ က်န္းမာေရးနဲ႔ကိုက္ညီတဲ့ အစီစဥ္ေတြ ခ်ဖို႔လိုလာပါၿပီ

ကိုယ္ဝန္ယူေတာ့မယ္လို႔ ဆံုးျဖတ္လိုက္ၿပီဆိုရင္ က်န္းမာေရးနဲ႔ကိုက္ညီတဲ့ အစီစဥ္ေတြ ခ်ဖို႔လိုလာပါၿပီ။ ေလ့က်င့္ခန္း ကစားတာ၊ ေဆးလိပ္၊ အရက္နဲ႔ မူးယစ္ေဆးကို ျဖတ္တာေတြကို ျပဳလုပ္ဖို႔ အစီအစဥ္ ခ်ထားေပးပါ။ ေမြးရာပါေရာဂါ ရွိမရွိစစ္ေဆးထားပါ။ ႏွလံုး၊ ေသြးတိုးနဲ႔ ဆီးခ်ိဳေရာဂါ ရွိတယ္ဆိုရင္လည္း ဆရာဝန္ေတြနဲ႔ တုိင္ပင္ေဆြးေႏြး သင့္ပါတယ္။
၂။ မ်ိဳးရိုးဗီဇ

ကိုယ္ဝန္ယူဖို႔ ႀကိဳးစားေနသူေတြ စစ္ေဆးသင့္ပါတယ္

ကိုယ္ဝန္ယူဖို႔ ႀကိဳးစားေနသူေတြ စစ္ေဆးသင့္ပါတယ္။ မ်ိဳးရိုးရာဇာဝင္မွာ ေရာဂါရွိမရွိ၊ ကိုယ္ဝန္ရဖို႔ ခက္ခဲတဲ့ မ်ိဳးရိုးရွိမရွိ၊ အမႊာကိုယ္ဝန္ေဆာင္ႏိုင္ေျခ ရွိျခင္းမရွိျခင္း စတာေတြကို စစ္ေဆးထားတာ ပိုၿပီး ထိေရာက္မႈ ရွိပါတယ္။ ေမြးရာပါေရာဂါက သေႏၶသားေလာင္းေလးအေပၚ သက္ေရာက္မႈ ရွိမရွိ စတာေတြကိုလည္း ႀကိဳတင္စစ္ေဆးေပးထားတာ ပိုၿပီးထိေရာက္မႈ ရွိပါတယ္။ ဇနီးေမာင္ႏွံ (၂)ဦးစလံုး စစ္ေဆးေပးရမွာပါ။
၃။ ေဖာလိတ္

ကိုယ္ဝန္ယူဖို႔ ႀကိဳးစားေတာ့မယ္ဆိုရင္ folic acid ကိုေန႔စဥ္ ေသာက္သံုးေပးဖို႔ လိုလာပါၿပီ

ကိုယ္ဝန္ယူဖို႔ ႀကိဳးစားေတာ့မယ္ဆိုရင္ folic acid ကိုေန႔စဥ္ ေသာက္သံုးေပးဖို႔ လိုလာပါၿပီ။ ကိုယ္ဝန္မေဆာင္ခင္ ကတည္းက folic acid ကိုေန႔စဥ္ေသာက္သံုးေပးတာက သေႏၶသားေလာင္းေလးရဲ႕ ဖြံ႔ၿဖိဳးမႈ ကို အေထာက္အကူျပဳပါတယ္။ ေမြးဖြားလာမယ့္ သားသားမီးမီးေလးေတြ အတြက္လည္း ေမြးရာပါ ခ်ိဳ႕ယြင္းတာေတြကို ကာကြယ္ေပးပါတယ္။
၄။ ခႏၶာကိုယ္ အေလးခ်ိန္ထိန္းပါ

ခႏၶာကိုယ္ အေလးခ်ိန္ထိန္းေပးပါ

ခႏၶာကိုယ္ အေလးခ်ိန္ထိန္းေပးပါ။ အဝလြန္တာေတြက ကိုယ္ဝန္ရဖုိ႔ ခက္ခဲေစတာေၾကာင့္ ေန႔စဥ္ေလ့က်င့္ခန္း ျပဳလုပ္ေပးပါ။
၅။ သြားက်န္းမာေရး

ကိုယ္ဝန္ေဆာင္ဖို႔ ျပင္ဆင္ေနသူေတြ ခံတြင္းက်န္းမာေရးကို မေမ့သင့္ပါဘူး

ကိုယ္ဝန္ေဆာင္ဖို႔ ျပင္ဆင္ေနသူေတြ ခံတြင္းက်န္းမာေရးကို မေမ့သင့္ပါဘူး။ ကိုယ္ဝန္ေဆာင္တဲ့အခါမွာ သြားဖံုးေရာဂါရွိခဲ့ရင္ ေရာဂါပိုးေတြ ကူးစက္လြယ္ေစလို႔ပါ။ သြားဖံုးေရာဂါရွိတဲ့ ကိုယ္ဝန္ေမေမေတြမွာ ကိုယ္ဝန္ပ်က္က်တာေတြနဲ႔ ေရာဂါပိုး ဝင္ေရာက္တာေတြ ျဖစ္ပြားႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kalay
# Unicode Version ျဖင့္ ဖတ္ပါ #
ကြိုတင်ပြင်ဆင်တာက သန္ဓေသားလောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူပြုပေးတဲ့အပြင် မွေးဖွားလာမယ့် သားသားမီးမီးလေးတွေ အတွက်လည်း အလွန်အကျိုးရှိပါတယ်။

ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ထားပြီးပြီလား။ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်ဖို့နဲ့  မကြာခင် ရရှိလာတော့မယ် သန္ဓေသားလေးရဲ့ ကျန်းမာရေးအတွက် နည်းလမ်းကောင်းလေးတွေကို ကိုယ်ဝန်မဆောင်ခင်ကတည်းက ကြိုတင်ပြင်ဆင် ထားဖို့ လိုပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေအတွက် သိထားသင့်တဲ့ နည်းလမ်း(၅)ချက်ကို Kalay ကနေ ဝေမျှပေးပါမယ်။

လေ့ကျင့်ခန်း ကစားတာ၊ ဆေးလိပ်၊အရက်နဲ့ မူးယစ်ဆေးကို ဖြတ်တာတွေကို ပြုလုပ်ဖို့ အစီအစဉ် ချထားပေးပါ
၁။ အစီအစဉ်ဆွဲထားပါ

ကိုယ်ဝန်ယူတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစီစဉ်တွေ ချဖို့လိုလာပါပြီ

ကိုယ်ဝန်ယူတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစီစဉ်တွေ ချဖို့လိုလာပါပြီ။ လေ့ကျင့်ခန်း ကစားတာ၊ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးကို ဖြတ်တာတွေကို ပြုလုပ်ဖို့ အစီအစဉ် ချထားပေးပါ။ မွေးရာပါရောဂါ ရှိမရှိစစ်ဆေးထားပါ။ နှလုံး၊ သွေးတိုးနဲ့ ဆီးချိုရောဂါ ရှိတယ်ဆိုရင်လည်း ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။
၂။ မျိုးရိုးဗီဇ

ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေ စစ်ဆေးသင့်ပါတယ်

ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေ စစ်ဆေးသင့်ပါတယ်။ မျိုးရိုးရာဇာဝင်မှာ ရောဂါရှိမရှိ၊ ကိုယ်ဝန်ရဖို့ ခက်ခဲတဲ့ မျိုးရိုးရှိမရှိ၊ အမွှာကိုယ်ဝန်ဆောင်နိုင်ခြေ ရှိခြင်းမရှိခြင်း စတာတွေကို စစ်ဆေးထားတာ ပိုပြီး ထိရောက်မှု ရှိပါတယ်။ မွေးရာပါရောဂါက သန္ဓေသားလောင်းလေးအပေါ် သက်ရောက်မှု ရှိမရှိ စတာတွေကိုလည်း ကြိုတင်စစ်ဆေးပေးထားတာ ပိုပြီးထိရောက်မှု ရှိပါတယ်။ ဇနီးမောင်နှံ (၂)ဦးစလုံး စစ်ဆေးပေးရမှာပါ။
၃။ ဖောလိတ်

ကိုယ်ဝန်ယူဖို့ ကြိုးစားတော့မယ်ဆိုရင် folic acid ကိုနေ့စဉ် သောက်သုံးပေးဖို့ လိုလာပါပြီ

ကိုယ်ဝန်ယူဖို့ ကြိုးစားတော့မယ်ဆိုရင် folic acid ကိုနေ့စဉ် သောက်သုံးပေးဖို့ လိုလာပါပြီ။ ကိုယ်ဝန်မဆောင်ခင် ကတည်းက folic acid ကိုနေ့စဉ်သောက်သုံးပေးတာက သန္ဓေသားလောင်းလေးရဲ့ ဖွံ့ဖြိုးမှု ကို အထောက်အကူပြုပါတယ်။ မွေးဖွားလာမယ့် သားသားမီးမီးလေးတွေ အတွက်လည်း မွေးရာပါ ချို့ယွင်းတာတွေကို ကာကွယ်ပေးပါတယ်။
၄။ ခန္ဓာကိုယ် အလေးချိန်ထိန်းပါ

ခန္ဓာကိုယ် အလေးချိန်ထိန်းပေးပါ

ခန္ဓာကိုယ် အလေးချိန်ထိန်းပေးပါ။ အဝလွန်တာတွေက ကိုယ်ဝန်ရဖို့ ခက်ခဲစေတာကြောင့် နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
၅။ သွားကျန်းမာရေး

ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူတွေ ခံတွင်းကျန်းမာရေးကို မမေ့သင့်ပါဘူး

ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူတွေ ခံတွင်းကျန်းမာရေးကို မမေ့သင့်ပါဘူး။ ကိုယ်ဝန်ဆောင်တဲ့အခါမှာ သွားဖုံးရောဂါရှိခဲ့ရင် ရောဂါပိုးတွေ ကူးစက်လွယ်စေလို့ပါ။ သွားဖုံးရောဂါရှိတဲ့ ကိုယ်ဝန်မေမေတွေမှာ ကိုယ်ဝန်ပျက်ကျတာတွေနဲ့ ရောဂါပိုး ဝင်ရောက်တာတွေ ဖြစ်ပွားနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kalay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top