×

"ဟိုင္း…."

"ဟိုင္း……"

"မဂၤလာပါ..။ သူငယ္ခ်င္းမရွိလို႕ ခင္ခ်င္လို႕ပါ…"

သူမ ကၽြန္ေတာ့္ကို လာမိတ္ဆက္ခဲ့ပံုက ရိုးရိုးေလးပင္ျဖစ္သည္။ ဒီလိုနဲ႕ ဟိုအေၾကာင္း ဒီအေၾကာင္း ေရာက္တတ္ရာရာေျပာရင္း ကၽြန္ေတာ္တို႕ online ေပၚက သူငယ္ခ်င္းျဖစ္ခဲ့ၾကသည္။ အမွန္တိုင္း ၀န္ခံရလွ်င္ ကၽြန္ေတာ္သည္ စာရိုက္ျပီး chatting လုပ္ရတာကို ပ်င္းရိေသာ လူအမ်ိဳးအစားထဲတြင္ ပါ၀င္သည္။ ေျပာတိုင္းလိုင္း အေပါက္အလမ္းက တည့္ခ်င္မွတည့္သည္။ လူဘုကလန္႕လို႕လည္း တစ္ခ်ိဳ႕က ေခၚၾကသည္။ ဒါေၾကာင့္ ကၽြန္ေတာ့္တြင္း online သူငယ္ခ်င္းလည္း မ်ားမ်ားစားစားမရွိခဲ့..။

ဒါေပမယ့္ သူမနဲ႕ chatting လုပ္ရင္း သတိထားမိလာတာက ကၽြန္ေတာ္ chatting လုပ္ရတာကို ေပ်ာ္ေနမိသည္။ သူမက ဟာသဥာဏ္ရႊင္သည္။ လူတစ္ဖက္သား မခံခ်င္ေအာင္လည္း စတတ္သည္။ သူစလို႕ ကၽြန္ေတာ္ စိတ္ဆိုးေနျပီဆိုရင္ သူမမွာ ေပ်ာ္လို႕မဆံုး..။ ျပီးလွ်င္ စကားတတ္ေသာ သူမက ကၽြန္ေတာ္စိတ္ဆိုးေျပေအာင္ ရီစရာေတြ ျပန္ေျပာျပေနတတ္သည္။ ဒါေတြသည္ကပဲ ကၽြန္ေတာ့္ကို သူမနဲ႕ chatting လုပ္ရတာ ေပ်ာ္ေနေစသည္လား မေျပာတတ္။

ကၽြန္ေတာ္ နာရီကို တစ္ခ်က္ၾကည့္လိုက္သည္။ အခ်ိန္က ည ၁၁း၄၅..။ ေနာက္ ၁၅ မိနစ္ဆိုရင္ ၁၂း၀၀ နာရီထိုးျပီ..။ ၁၂း၀၀ နာရီဆိုရင္ chatbox မွာ သူမရဲ႕ account မီးစိမ္းေလးလင္းလာလိမ့္မည္။ ၾကိဳေတြးထားသည့္ အတိုင္းပင္ ၁၂း၀၀ နာရီထိုးသည္ႏွင့္….

"ဟိုင္း…အစ္ကို…"

"ဟိုင္း..ညီမ..." ….. ဒီလိုနဲ႕ပဲ ကၽြန္ေတာ္တို႕အၾကား သံေဃာဇဥ္ဟူေသာ ၾကိဳးသည္ ေလလႈိင္းထဲမွတစ္ဆင့္ အသံမၾကား ရုပ္မျမင္ရေသာ စာလံုးေတြနဲ႕ ျဖစ္တည္လာခဲ့ရေလျပီ..။

ဒီေန႕ လျပည့္ေန႕…။ ကၽြန္ေတာ့္မွာ ရည္ရြယ္ခ်က္ တစ္ခုရွိသည္။ ကၽြန္ေတာ္ သူမကို အျပင္မွာ ေတြ႕ခြင့္ေတာင္း မည္။ ဖုန္းနံပါတ္ ေတာင္းမည္။ စကားေတြ ေျပာၾကမည္။ သူမရဲ႕ အသံကို ကၽြန္ေတာ္ၾကားဖူးခ်င္သည္။ သူမကို ကၽြန္ေတာ္ ျမင္ဖူးခ်င္သည္။ ေတြးရင္းနဲ႕ပင္ ရင္ခံုသံ ဆူညံလာသည္။ ကိုယ့္ကိုယ္ကို သတိျပန္ေပးမိသည္။ ေၾသာ္… ရုပ္မျမင္.. အသံမၾကားပဲနဲ႕လဲ… ဒီလိုျဖစ္တတ္ၾကတာပါပဲလား..။

"အစ္ကိုတို႕ အျပင္မွာေတြ႕ၾကရေအာင္…"

"မေတြ႕ခ်င္ပါဘူး…"

"အာ.. ညီမကလည္း…. အစ္ကိုတို႕ ဒီေလာက္ေတာင္ ခင္ေနျပီပဲ.. အကို႕ကို မယံုတာလား.."

"အဲ့ဒီလိုမဟုတ္ပါဘူး.. ညီမ မေတြ႕ခ်င္ဘူး.. ညီမ လာေတြ႕လို႕မရဘူး.."

"ဘာလို႕ လာေတြ႕လို႕ မရတာလဲ.. အိမ္ကမလြတ္တာလား.."

"အဲ့ဒီလိုလည္း မဟုတ္ပါဘူး…. အကို မသိတာေတြ အမ်ားၾကီး ရွိပါေသးတယ္…"

"ဒါဆို ဒီလိုလုပ္…"

"အင္း…ေျပာေလ…"

"အကို ေမးခြန္းေတြ ေမးမယ္… ညီမ အကိုေမးတာ ေျဖႏိုင္ရင္ အျပင္မွာ မေတြ႕ဘူး..၊ မေျဖႏိုင္ရင္ေတာ့ အျပင္မွာ ေတြ႕ၾကမယ္…"

"သေဘာတူတယ္… ေမးေတာ့…"

ကၽြန္ေတာ့္အကြက္ထဲ သူမေရာက္လာသည္။ ကၽြန္ေတာ္ လူလည္က်ေတာ့မည္။ ေမးမွေတာ့ သူမ မေျဖႏိုင္တာပဲ ေမးမွာေပါ့လို႕..။

"အကို အခု၀တ္ထားတဲ့ အက်ၤီဘာအေရာင္လဲ…"

"အနီေရာင္ေလ… T-shirt ေလး.."

အမေလးဗ်… ကၽြန္ေတာ္အမေလးကို တမိသည္။ ကၽြန္ေတာ္ ဘာ၀တ္ထားမွန္း သူမဘယ္လိုသိေနရတာလဲ..။ ရမ္းတုတ္လို႕ မွန္သြားတာျဖစ္ႏိုင္သည္။

"အကို႔ ေဘာင္းဘီ ဘာအေရာင္လဲ…၊ အကို အခု ဘာလုပ္ေနလဲ.."

"အကို ပုဆိုး၀တ္ထားတယ္..၊ အညိဳေရာင္ေလး..၊ အခုက အကို ေကာ္ဖီေသာက္ရင္း စာရိုက္ေနတယ္…"

အား…. ကၽြန္ေတာ္ ေၾကာက္လန္႕တၾကား ေယာင္ေအာ္မိသည္။ ကၽြန္ေတာ္ ေနာက္ေက်ာ မလံုသလို ခံစားလာျပီး ေဘးဘီ ပတ္ၾကည့္လိုက္သည္။ ကၽြန္ေတာ့္ အခန္းထဲတြင္ ကၽြန္ေတာ္ကလြဲျပီး ၾကြက္တစ္ေကာင္ ေၾကာင္တျမီွးမွ မရွိ။ ကၽြန္ေတာ္ေယာင္ယမ္းျပီး laptop က camera ကို ပိတ္လိုက္မိသည္။ သူမ ဒီ camera ေနမ်ား ကၽြန္ေတာ့္ကို ၾကည့္ေနတာလား..။ ျဖစ္ႏိုင္စရာအေၾကာင္းလံုး၀မရွိ။

"အကို႕ အခန္းထဲမွာ ဘာပစၥည္းေတြရွိလဲ…"

"စာၾကည့္စားပြဲ၊ TV၊ ဂစ္တာ၊ ဗီဒို..၊ ထိုင္ခံု ၂ လံုး…၊ တစ္လံုးက ၾကိမ္ခံုေလး…ဟိ..ဟိ…."

ကၽြန္ေတာ့္တစ္ကိုယ္လံုး ေခၽြးေတြနဲ႕ စိုရႊဲေနျပီ…။ ကၽြန္ေတာ္ ကြန္ပ်ဴတာကို ပိတ္ျပီး ဒီေနရာကေန ထြက္ေျပးသြားလိုက္ခ်င္သည္။ ဒါေပမယ့္ ကၽြန္ေတာ္ အရဲတင္းျပီး

"ေနာက္ဆံုးတစ္ခုေမးမယ္.... မင္း … ဘယ္သူလဲ…."
သူမထံမွ စာရိုက္ေနတဲ့ သေကၤေလးျမင္လိုက္ရသည္။

"အကို ..ဘာလို႕ အဲ့ေလာက္ထိ ေၾကာက္သြားရတာလဲ…"
ဟင္….. ဘုရား…ဘုရား…..

"ေမးတာေျဖပါ…။ မင္းဘယ္သူလဲ..။"

"အမွန္အတိုင္းေျပာရင္ ညီမကို မခင္ေတာ့မွာ ေၾကာက္တယ္.."

" ညာေနတာက ပိုဆိုးတယ္.. အမွန္အတိုင္းေျပာပါ…"

"ညီမက …….. လူမဟုတ္ဘူး…"
ဘုရား ကယ္ေတာ္မူပါ…။ လူမဟုတ္ဘူးတဲ့…။

"….. မေနာက္ပါနဲ႕…"

"ညီမ နာမည္.. ဆုသက္ေ၀..၊ ေနတာက ေတာင္ဒဂံု၊ ညီမ အသက္ က ၂၀၊ ညီမ ဆံုးတာ ဒီေန႕က ၁ လ ျပည့္တဲ့ ေန႕ပဲ…"

"မယံုဘူး…မျဖစ္ႏိုင္တာေတြ…"

"ညီမ ဖုန္းနဲ႕ အင္တာနက္သံုးရင္း လမ္းျဖတ္အကူးမွာ ကားတိုက္ခံရျပီး.. အဲ့ဒီစိတ္နဲ႕ပဲ ခုလိုျဖစ္ေနရတာ…"

"မယံုဘူး.."

"ညီမ လိပ္စာေပးလိုက္မယ္..၊ သြားစံုစမ္းၾကည့္လုိက္…"

"မင္းမဟုတ္တဲ့ တစ္ကယ္ ကားတိုက္ခံရတဲ့သူရဲ႕ လိပ္စာကို မင္းက ေျပာျပလို႕ ရတာပဲေလ.. "

"အကို မယံုဘူးေပါ့…"

"မယံုဘူး.."

"ဒါဆို.. အကို႕ပါးစပ္ကေလ… ဆုသက္ေ၀ေရ…၊ ညီမကို အကို႕ျခံ၀န္းနဲ႕ အခန္းထဲကို ၀င္ခြင့္ျပဳပါတယ္လို႕ ပါးစပ္ကေန သံုးခါပဲ ရႊတ္လုိက္.. အကို႕ ေရွ႕ ညီမေရာက္လာမယ္…."

ကၽြန္ေတာ္ စဥ္းစားရၾကပ္သြားသည္။ ေၾကာက္ကလည္းေၾကာက္… အေလ်ာ့ကလည္း မေပးခ်င္တာနဲ႕… လူလည္က်ျပီး ဘာမွ မေျပာပဲနဲ႕…

"ကဲ..ေျပာျပီးျပီ.. ေပၚမလာပါလား…"

"အကိုေၾကာက္ေနတယ္မွတ္လား..၊ အကို ဘာမွမေျပာပါဘူး..၊ ညီမသိတယ္…"

ကၽြန္ေတာ္ အားတင္းလိုက္သည္။ ရွိသမွ် သတၱိေတြကို ရင္ဘတ္ထဲအကုန္ထည့္လုိက္သည္။ ကၽြန္ေတာ့္ သိခ်င္စိတ္က ေၾကာက္စိတ္ကို အႏိုင္ရသြားခဲ့သည္။

"ဆုသက္ေ၀ေရ…၊ ညီမကို အကို႕ျခံ၀န္းနဲ႕ အခန္းထဲကို ၀င္ခြင့္ျပဳပါတယ္.."
မ်က္စိမိတ္ျပီး ပါးစပ္ကေန အသံထြက္ျပီး အားရပါးရ သံုးခါ ေျပာခ်ပစ္လိုက္သည္။

ကၽြန္ေတာ့္ ကြန္ပ်ဴတာ ခ်က္ခ်င္းပိတ္သြားသည္။ ကၽြန္ေတာ့္ အခန္းမီးေတြ အကုန္မိွိတ္သြားသည္။ သြားျပီ..။ ကၽြန္ေတာ္ မဟုတ္တာလုပ္မိျပီဟု ေတြးမိခ်ိန္သည္ ေနာက္က်သြားခဲ့ျပီ..။ ကၽြန္ေတာ့္ရဲ႕ မသိစိတ္ေတြက ကၽြန္ေတာ့္ရဲ႕ အခန္းေထာင့္ အေမွာင္တစ္ေနရာကို တြန္းပို႕ေနသည္။ အဲ့ဒီေနရာမွာ တစ္စံုတစ္ခု ရွိေနသည္။

ကၽြန္ေတာ့္မ်က္စိ အဲ့ဒီေနရာကို မၾကည့္ခ်င္ေပမယ့္ ၾကည့္ေနမိသည္။ အဲ့ဒီ ေမွာင္မွဲေနတဲ့ ကၽြန္ေတာ့္အခန္းေထာင့္မွာ… တစ္ျဖည္းျဖည္း ေပၚထြက္လာတာက ေခါင္းက ဦးေႏွာက္ထြက္ေနျပီး ေသြးသံတရဲရဲႏွင့္ လက္ထဲမွာ ဖုန္းေလးတစ္လံုးကိုင္ထားေသာ ေကာင္မေလး တစ္ေယာက္…။ ကၽြန္ေတာ္ ေၾကာက္လန္႕တၾကား ေအာ္ဟစ္ဖို႕အခ်ိန္မရေသးခင္ သူမထံမွ စကားသံကုိၾကားလိုက္ရသည္။

"ညီမနဲ႕ ေနရာလဲေပးတဲ့အတြက္ ေက်းဇူးပါပဲ အကို…"

ကၽြန္ေတာ္လည္း အခုေတာ့ ကၽြန္ေတာ္နဲ႕ Chat မယ့္ online သူငယ္ခ်င္းကို ည ၁၂း၀၀ နာရီထိုးသည္ႏွင့္ လုိက္ရွာေနမိေတာ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thayae
# Unicode Version ျဖင့္ ဖတ္ပါ #
"ဟိုင်း…."

"ဟိုင်း……"

"မင်္ဂလာပါ..။ သူငယ်ချင်းမရှိလို့ ခင်ချင်လို့ပါ…"

သူမ ကျွန်တော့်ကို လာမိတ်ဆက်ခဲ့ပုံက ရိုးရိုးလေးပင်ဖြစ်သည်။ ဒီလိုနဲ့ ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာပြောရင်း ကျွန်တော်တို့ online ပေါ်က သူငယ်ချင်းဖြစ်ခဲ့ကြသည်။ အမှန်တိုင်း ဝန်ခံရလျှင် ကျွန်တော်သည် စာရိုက်ပြီး chatting လုပ်ရတာကို ပျင်းရိသော လူအမျိုးအစားထဲတွင် ပါဝင်သည်။ ပြောတိုင်းလိုင်း အပေါက်အလမ်းက တည့်ချင်မှတည့်သည်။ လူဘုကလန့်လို့လည်း တစ်ချို့က ခေါ်ကြသည်။ ဒါကြောင့် ကျွန်တော့်တွင်း online သူငယ်ချင်းလည်း များများစားစားမရှိခဲ့..။

ဒါပေမယ့် သူမနဲ့ chatting လုပ်ရင်း သတိထားမိလာတာက ကျွန်တော် chatting လုပ်ရတာကို ပျော်နေမိသည်။ သူမက ဟာသဉာဏ်ရွှင်သည်။ လူတစ်ဖက်သား မခံချင်အောင်လည်း စတတ်သည်။ သူစလို့ ကျွန်တော် စိတ်ဆိုးနေပြီဆိုရင် သူမမှာ ပျော်လို့မဆုံး..။ ပြီးလျှင် စကားတတ်သော သူမက ကျွန်တော်စိတ်ဆိုးပြေအောင် ရီစရာတွေ ပြန်ပြောပြနေတတ်သည်။ ဒါတွေသည်ကပဲ ကျွန်တော့်ကို သူမနဲ့ chatting လုပ်ရတာ ပျော်နေစေသည်လား မပြောတတ်။

ကျွန်တော် နာရီကို တစ်ချက်ကြည့်လိုက်သည်။ အချိန်က ည ၁၁း၄၅..။ နောက် ၁၅ မိနစ်ဆိုရင် ၁၂း၀၀ နာရီထိုးပြီ..။ ၁၂း၀၀ နာရီဆိုရင် chatbox မှာ သူမရဲ့ account မီးစိမ်းလေးလင်းလာလိမ့်မည်။ ကြိုတွေးထားသည့် အတိုင်းပင် ၁၂း၀၀ နာရီထိုးသည်နှင့်….

"ဟိုင်း…အစ်ကို…"

"ဟိုင်း..ညီမ..." ….. ဒီလိုနဲ့ပဲ ကျွန်တော်တို့အကြား သံဃောဇဉ်ဟူသော ကြိုးသည် လေလှိုင်းထဲမှတစ်ဆင့် အသံမကြား ရုပ်မမြင်ရသော စာလုံးတွေနဲ့ ဖြစ်တည်လာခဲ့ရလေပြီ..။

ဒီနေ့ လပြည့်နေ့…။ ကျွန်တော့်မှာ ရည်ရွယ်ချက် တစ်ခုရှိသည်။ ကျွန်တော် သူမကို အပြင်မှာ တွေ့ခွင့်တောင်း မည်။ ဖုန်းနံပါတ် တောင်းမည်။ စကားတွေ ပြောကြမည်။ သူမရဲ့ အသံကို ကျွန်တော်ကြားဖူးချင်သည်။ သူမကို ကျွန်တော် မြင်ဖူးချင်သည်။ တွေးရင်းနဲ့ပင် ရင်ခုံသံ ဆူညံလာသည်။ ကိုယ့်ကိုယ်ကို သတိပြန်ပေးမိသည်။ သြော်… ရုပ်မမြင်.. အသံမကြားပဲနဲ့လဲ… ဒီလိုဖြစ်တတ်ကြတာပါပဲလား..။

"အစ်ကိုတို့ အပြင်မှာတွေ့ကြရအောင်…"

"မတွေ့ချင်ပါဘူး…"

"အာ.. ညီမကလည်း…. အစ်ကိုတို့ ဒီလောက်တောင် ခင်နေပြီပဲ.. အကို့ကို မယုံတာလား.."

"အဲ့ဒီလိုမဟုတ်ပါဘူး.. ညီမ မတွေ့ချင်ဘူး.. ညီမ လာတွေ့လို့မရဘူး.."

"ဘာလို့ လာတွေ့လို့ မရတာလဲ.. အိမ်ကမလွတ်တာလား.."

"အဲ့ဒီလိုလည်း မဟုတ်ပါဘူး…. အကို မသိတာတွေ အများကြီး ရှိပါသေးတယ်…"

"ဒါဆို ဒီလိုလုပ်…"

"အင်း…ပြောလေ…"

"အကို မေးခွန်းတွေ မေးမယ်… ညီမ အကိုမေးတာ ဖြေနိုင်ရင် အပြင်မှာ မတွေ့ဘူး..၊ မဖြေနိုင်ရင်တော့ အပြင်မှာ တွေ့ကြမယ်…"

"သဘောတူတယ်… မေးတော့…"

ကျွန်တော့်အကွက်ထဲ သူမရောက်လာသည်။ ကျွန်တော် လူလည်ကျတော့မည်။ မေးမှတော့ သူမ မဖြေနိုင်တာပဲ မေးမှာပေါ့လို့..။

"အကို အခုဝတ်ထားတဲ့ အင်္ကျီဘာအရောင်လဲ…"

"အနီရောင်လေ… T-shirt လေး.."

အမလေးဗျ… ကျွန်တော်အမလေးကို တမိသည်။ ကျွန်တော် ဘာဝတ်ထားမှန်း သူမဘယ်လိုသိနေရတာလဲ..။ ရမ်းတုတ်လို့ မှန်သွားတာဖြစ်နိုင်သည်။

"အကို့ ဘောင်းဘီ ဘာအရောင်လဲ…၊ အကို အခု ဘာလုပ်နေလဲ.."

"အကို ပုဆိုးဝတ်ထားတယ်..၊ အညိုရောင်လေး..၊ အခုက အကို ကော်ဖီသောက်ရင်း စာရိုက်နေတယ်…"

အား…. ကျွန်တော် ကြောက်လန့်တကြား ယောင်အော်မိသည်။ ကျွန်တော် နောက်ကျော မလုံသလို ခံစားလာပြီး ဘေးဘီ ပတ်ကြည့်လိုက်သည်။ ကျွန်တော့် အခန်းထဲတွင် ကျွန်တော်ကလွဲပြီး ကြွက်တစ်ကောင် ကြောင်တမြှီးမှ မရှိ။ ကျွန်တော်ယောင်ယမ်းပြီး laptop က camera ကို ပိတ်လိုက်မိသည်။ သူမ ဒီ camera နေများ ကျွန်တော့်ကို ကြည့်နေတာလား..။ ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိ။

"အကို့ အခန်းထဲမှာ ဘာပစ္စည်းတွေရှိလဲ…"

"စာကြည့်စားပွဲ၊ TV၊ ဂစ်တာ၊ ဗီဒို..၊ ထိုင်ခုံ ၂ လုံး…၊ တစ်လုံးက ကြိမ်ခုံလေး…ဟိ..ဟိ…."

ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲနေပြီ…။ ကျွန်တော် ကွန်ပျူတာကို ပိတ်ပြီး ဒီနေရာကနေ ထွက်ပြေးသွားလိုက်ချင်သည်။ ဒါပေမယ့် ကျွန်တော် အရဲတင်းပြီး

"နောက်ဆုံးတစ်ခုမေးမယ်.... မင်း … ဘယ်သူလဲ…."
သူမထံမှ စာရိုက်နေတဲ့ သင်္ကေလေးမြင်လိုက်ရသည်။

"အကို ..ဘာလို့ အဲ့လောက်ထိ ကြောက်သွားရတာလဲ…"
ဟင်….. ဘုရား…ဘုရား…..

"မေးတာဖြေပါ…။ မင်းဘယ်သူလဲ..။"

"အမှန်အတိုင်းပြောရင် ညီမကို မခင်တော့မှာ ကြောက်တယ်.."

" ညာနေတာက ပိုဆိုးတယ်.. အမှန်အတိုင်းပြောပါ…"

"ညီမက …….. လူမဟုတ်ဘူး…"
ဘုရား ကယ်တော်မူပါ…။ လူမဟုတ်ဘူးတဲ့…။

"….. မနောက်ပါနဲ့…"

"ညီမ နာမည်.. ဆုသက်ဝေ..၊ နေတာက တောင်ဒဂုံ၊ ညီမ အသက် က ၂၀၊ ညီမ ဆုံးတာ ဒီနေ့က ၁ လ ပြည့်တဲ့ နေ့ပဲ…"

"မယုံဘူး…မဖြစ်နိုင်တာတွေ…"

"ညီမ ဖုန်းနဲ့ အင်တာနက်သုံးရင်း လမ်းဖြတ်အကူးမှာ ကားတိုက်ခံရပြီး.. အဲ့ဒီစိတ်နဲ့ပဲ ခုလိုဖြစ်နေရတာ…"

"မယုံဘူး.."

"ညီမ လိပ်စာပေးလိုက်မယ်..၊ သွားစုံစမ်းကြည့်လိုက်…"

"မင်းမဟုတ်တဲ့ တစ်ကယ် ကားတိုက်ခံရတဲ့သူရဲ့ လိပ်စာကို မင်းက ပြောပြလို့ ရတာပဲလေ.. "

"အကို မယုံဘူးပေါ့…"

"မယုံဘူး.."

"ဒါဆို.. အကို့ပါးစပ်ကလေ… ဆုသက်ဝေရေ…၊ ညီမကို အကို့ခြံဝန်းနဲ့ အခန်းထဲကို ဝင်ခွင့်ပြုပါတယ်လို့ ပါးစပ်ကနေ သုံးခါပဲ ရွှတ်လိုက်.. အကို့ ရှေ့ ညီမရောက်လာမယ်…."

ကျွန်တော် စဉ်းစားရကြပ်သွားသည်။ ကြောက်ကလည်းကြောက်… အလျော့ကလည်း မပေးချင်တာနဲ့… လူလည်ကျပြီး ဘာမှ မပြောပဲနဲ့…

"ကဲ..ပြောပြီးပြီ.. ပေါ်မလာပါလား…"

"အကိုကြောက်နေတယ်မှတ်လား..၊ အကို ဘာမှမပြောပါဘူး..၊ ညီမသိတယ်…"

ကျွန်တော် အားတင်းလိုက်သည်။ ရှိသမျှ သတ္တိတွေကို ရင်ဘတ်ထဲအကုန်ထည့်လိုက်သည်။ ကျွန်တော့် သိချင်စိတ်က ကြောက်စိတ်ကို အနိုင်ရသွားခဲ့သည်။

"ဆုသက်ဝေရေ…၊ ညီမကို အကို့ခြံဝန်းနဲ့ အခန်းထဲကို ဝင်ခွင့်ပြုပါတယ်.."
မျက်စိမိတ်ပြီး ပါးစပ်ကနေ အသံထွက်ပြီး အားရပါးရ သုံးခါ ပြောချပစ်လိုက်သည်။

ကျွန်တော့် ကွန်ပျူတာ ချက်ချင်းပိတ်သွားသည်။ ကျွန်တော့် အခန်းမီးတွေ အကုန်မှိတ်သွားသည်။ သွားပြီ..။ ကျွန်တော် မဟုတ်တာလုပ်မိပြီဟု တွေးမိချိန်သည် နောက်ကျသွားခဲ့ပြီ..။ ကျွန်တော့်ရဲ့ မသိစိတ်တွေက ကျွန်တော့်ရဲ့ အခန်းထောင့် အမှောင်တစ်နေရာကို တွန်းပို့နေသည်။ အဲ့ဒီနေရာမှာ တစ်စုံတစ်ခု ရှိနေသည်။

ကျွန်တော့်မျက်စိ အဲ့ဒီနေရာကို မကြည့်ချင်ပေမယ့် ကြည့်နေမိသည်။ အဲ့ဒီ မှောင်မှဲနေတဲ့ ကျွန်တော့်အခန်းထောင့်မှာ… တစ်ဖြည်းဖြည်း ပေါ်ထွက်လာတာက ခေါင်းက ဦးနှောက်ထွက်နေပြီး သွေးသံတရဲရဲနှင့် လက်ထဲမှာ ဖုန်းလေးတစ်လုံးကိုင်ထားသော ကောင်မလေး တစ်ယောက်…။ ကျွန်တော် ကြောက်လန့်တကြား အော်ဟစ်ဖို့အချိန်မရသေးခင် သူမထံမှ စကားသံကိုကြားလိုက်ရသည်။

"ညီမနဲ့ နေရာလဲပေးတဲ့အတွက် ကျေးဇူးပါပဲ အကို…"

ကျွန်တော်လည်း အခုတော့ ကျွန်တော်နဲ့ Chat မယ့် online သူငယ်ချင်းကို ည ၁၂း၀၀ နာရီထိုးသည်နှင့် လိုက်ရှာနေမိတော့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: thayae
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top