iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္ၿမိဳ႕တြင္း သန္႔ ရွင္းလွပေစရန္ လူ ၂၀၀ ေက်ာ္ ပါဝင္သည့္ အမိႈက္ေကာက္ပြဲ ေတာ္ကို ေဖေဖာ္ဝါရီ ၁၂ ရက္က ျပဳလုပ္ခဲ့သည္။

 ျမန္မာ - ဂ်ပန္ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းႏွင့္ ရန္ ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ပတ္ဝန္းက်င္ထိန္း သိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာနတုိ႔ ပူးေပါင္းကာ ဗိုလ္ခ်ဳပ္လမ္းမွ ကမ္းနားလမ္းအထိ ျပဳလုပ္ခဲ့ ေၾကာင္း ျမန္မာ-ဂ်ပန္ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း ဒုတိယဥကၠ႒ ဦးေအးမင္းက ေျပာသည္။


အမိႈက္ေကာက္ပြဲေတာ္တြင္ အဖြဲ႕ေလးဖြဲ႕ခြဲကာ အမိႈက္အမ်ား ဆံုး ေကာက္ႏိုင္သည့္ ၿပိဳင္ပြဲလည္း ျပဳလုပ္ခဲ့သည္။

ရန္ကုန္ၿမိဳ႕တြင္ ေန႔စဥ္အ မိႈက္ထြက္ေနသည္မွာ ျပႆနာ တစ္ရပ္ မဟုတ္ေသာ္လည္း အ မိႈက္ကို စည္းကမ္းတက် မပစ္ျခင္းသည္သာ ျပႆနာတစ္ရပ္ျဖစ္၍ အမိႈက္ေကာက္ပြဲေတာ္မ်ား မၾကာခဏျပဳလုပ္ကာ  ျပည္သူမ်ား အမိႈက္စနစ္တက် စြန္႔ပစ္တတ္ေစရန္ အသိပညာေပးျခင္းမ်ား ျပဳလုပ္မည္ဟု ဦးေအးမင္းက ေျပာသည္။

 အမိႈက္ေကာက္ပြဲေတာ္အ တြက္ သန္႔ရွင္းေရးဝန္ထမ္း ၃၀ ေက်ာ္ အမိႈက္သယ္ယာဥ္ေလးစီး၊ အမိႈက္သယ္လွည္း ေျခာက္စီး ေဆာင္ရြက္ေပးထားေၾကာင္း ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာန လက္ေထာက္ဌာန မွဴး ဦးေဇာ္ဝင္းႏုိင္က ေျပာသည္။

‘‘အမိႈက္ေကာက္တာ ရွက္ စရာမဟုတ္ပါဘူး။ အမိႈက္ကို စည္းကမ္းမဲ့ စြန္႔ပစ္တာကမွ ရွက္ စရာပါ။ ကြၽန္ေတာ္တုိ႔ ဌာနအေန နဲ႔လည္း ေက်ာင္းသား၊ ေက်ာင္း သူေတြကို ပညာေပးစည္း႐ံုးတာ ေတြလုပ္ပါတယ္’’ဟု ဦးေဇာ္ဝင္း ႏိုင္က ေျပာသည္။

YCDC ပတ္ဝန္းက်င္ထိန္း သိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာန သည္ ရန္ကုန္ၿမိဳ႕ေတာ္ သန္႔ရွင္း သာယာေရး ဗိုလ္တေထာင္ၿမိဳ႕ နယ္အတြင္း ပရဟိတအဖြဲ႕ ၄၀ ေက်ာ္ျဖင့္ အမိႈက္ေကာက္ကမ္ ပိန္းေဆာင္ရြက္ေနသည္မွာ (၁၀)ႀကိမ္ရွိၿပီျဖစ္ေၾကာင္း ဦးေဇာ္ဝင္း ႏိုင္က ေျပာသည္။

ဆူးေလအနီးတြင္ ျမန္မာ- ဂ်ပန္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ ေရးအသင္းက အမိႈက္ေကာက္ပြဲ ေတာ္ျပဳလုပ္ျခင္းသည္ ပထမဆံုး အႀကိမ္ျဖစ္ေသာ္လည္း ယခင္က ေဆး႐ံုး ေက်ာင္း၊ ရပ္ကြက္မ်ား တြင္ အမိႈက္ေကာက္ကမ္ပိန္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ယင္းအသင္းဝင္ မ်ားက ဆုိသည္။

  ျမန္မာ - ဂ်ပန္ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းသည္ ၂၀၁၂ တြင္ ဂ်ပန္ျပန္ ျမန္မာႏုိင္ငံ သားမ်ား ပါဝင္ဖြဲ႕စည္းထားသည့္ အသင္းျဖစ္ၿပီး သစ္ပင္စိုက္ပ်ိဳး ျခင္း၊ အမိႈက္ေကာက္ျခင္း၊ သဘာ ဝေဘးက်ေရာက္ေသာ ေနရာမ်ားသို႔ လွဴဒါန္းျခင္းမ်ား ျပဳလုပ္ ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily





#Unicode Version#
ရန်ကုန်မြို့တွင်း သန့် ရှင်းလှပစေရန် လူ ၂၀၀ ကျော် ပါဝင်သည့် အမှိုက်ကောက်ပွဲ တော်ကို ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

 မြန်မာ - ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနတို့ ပူးပေါင်းကာ ဗိုလ်ချုပ်လမ်းမှ ကမ်းနားလမ်းအထိ ပြုလုပ်ခဲ့ ကြောင်း မြန်မာ-ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။


အမှိုက်ကောက်ပွဲတော်တွင် အဖွဲ့လေးဖွဲ့ခွဲကာ အမှိုက်အများ ဆုံး ကောက်နိုင်သည့် ပြိုင်ပွဲလည်း ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့တွင် နေ့စဉ်အ မှိုက်ထွက်နေသည်မှာ ပြဿနာ တစ်ရပ် မဟုတ်သော်လည်း အ မှိုက်ကို စည်းကမ်းတကျ မပစ်ခြင်းသည်သာ ပြဿနာတစ်ရပ်ဖြစ်၍ အမှိုက်ကောက်ပွဲတော်များ မကြာခဏပြုလုပ်ကာ  ပြည်သူများ အမှိုက်စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေးခြင်းများ ပြုလုပ်မည်ဟု ဦးအေးမင်းက ပြောသည်။

 အမှိုက်ကောက်ပွဲတော်အ တွက် သန့်ရှင်းရေးဝန်ထမ်း ၃၀ ကျော် အမှိုက်သယ်ယာဉ်လေးစီး၊ အမှိုက်သယ်လှည်း ခြောက်စီး ဆောင်ရွက်ပေးထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာန မှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

‘‘အမှိုက်ကောက်တာ ရှက် စရာမဟုတ်ပါဘူး။ အမှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်တာကမှ ရှက် စရာပါ။ ကျွန်တော်တို့ ဌာနအနေ နဲ့လည်း ကျောင်းသား၊ ကျောင်း သူတွေကို ပညာပေးစည်းရုံးတာ တွေလုပ်ပါတယ်’’ဟု ဦးဇော်ဝင်း နိုင်က ပြောသည်။

YCDC ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန သည် ရန်ကုန်မြို့တော် သန့်ရှင်း သာယာရေး ဗိုလ်တထောင်မြို့ နယ်အတွင်း ပရဟိတအဖွဲ့ ၄၀ ကျော်ဖြင့် အမှိုက်ကောက်ကမ် ပိန်းဆောင်ရွက်နေသည်မှာ (၁၀)ကြိမ်ရှိပြီဖြစ်ကြောင်း ဦးဇော်ဝင်း နိုင်က ပြောသည်။

ဆူးလေအနီးတွင် မြန်မာ- ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအသင်းက အမှိုက်ကောက်ပွဲ တော်ပြုလုပ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သော်လည်း ယခင်က ဆေးရုံး ကျောင်း၊ ရပ်ကွက်များ တွင် အမှိုက်ကောက်ကမ်ပိန်းများ ပြုလုပ်ခဲ့ကြောင်း ယင်းအသင်းဝင် များက ဆိုသည်။

  မြန်မာ - ဂျပန် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် ၂၀၁၂ တွင် ဂျပန်ပြန် မြန်မာနိုင်ငံ သားများ ပါဝင်ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုး ခြင်း၊ အမှိုက်ကောက်ခြင်း၊ သဘာ ဝဘေးကျရောက်သော နေရာများသို့ လှူဒါန်းခြင်းများ ပြုလုပ် ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top