×

ေယာက္်ားေလးအမ်ားစုက သူတို႔ရဲ႕ေကာင္မေလးေတြကိုေပြ႕ဖက္ၿပီး အားေပးႏွစ္သိမ့္တာမ်ိဳး တယုတယဖက္ထားၿပီး တီတီတာတာစကားေလးေတြေျပာရတာမ်ိဳးကိုသိပ္ၿပီးမလုပ္ခ်င္ၾကပါဘူး။ လုပ္ဖို႔လည္းဝါသနာမပါသလို အဲဒီလို ယုယၾကင္နာေပးရေကာင္းမွန္းလည္း မသိၾကပါဘူး။

မိန္းကေလးေတြကေတာ့ ေယာက္်ားေလးေတြနဲ႔ဆန္႔က်င္ဖက္ပါပဲ။ ကိုယ္ခ်စ္တဲ့သူက တယုတယဖက္ ထားၿပီး အားေပးႏွစ္သိမ့္တာမ်ိဳးကိုဘယ္ေတာ့မွလုံေလာက္တယ္လို႔မယူဆသလို သူတို႔ခ်စ္သူနားမွာ လည္း ပြတ္သီးပြတ္သပ္နဲ႔ခၽြဲခၽြဲႏြဲ႔ႏြ႔ဲေနရတာကိုလည္းႀကိဳက္ၾကျပန္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မိန္းကေလးေတြအဲဒီလို ေပြ႔ဖက္ခံရတာကိုသေဘာက်မယ္ဆိုလည္းက်စရာပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ သိပၸံပညာရွင္ေတြရဲ႕ေလ့လာစမ္းသပ္မႈအရ ေပြ႕ဖက္ျခင္းဟာ အမ်ိဳးသမီးေတြရဲ႕က်န္းမာေရး အတြက္ မ်ားစြာအေထာက္အကူျပဳတယ္ဆိုတဲ့ ရလဒ္ေၾကာင့္ပဲျဖစ္ပါတယ္။

ကိုယ္ခ်စ္တဲ့ခင္တဲ့သူေတြရဲ႕ ၾကင္ၾကင္နာနာေပြ႕ဖက္ခံရတဲ့အခါ အမ်ိဳးသမီးေတြမွာ ဘယ္လို က်န္းမာေရးေကာင္းက်ိဳးေတြခံစားရလဲဆိုတာသိရေအာင္ ျမန္မာ့ပလက္ေဖာင္းပရိသတ္ႀကီးအတြက္ ဗဟုသုတအျဖစ္ေဖာ္ျပ ေပးလုိက္ပါတယ္။

ေပ်ာ္ရႊင္မႈကိုခံစားရတယ္

မိန္းကေလးေတြအေနနဲ႔ ေပြ႕ဖက္ခံရတဲ့အခ်ိန္မွာ သူတို႔ရဲ႕ခႏၶာကိုယ္မွာ Oxytocin အမည္ရွိ ေဟာ္မုန္း တစ္မ်ိဳးထြက္ရွိပါတယ္။ အဲဒီေဟာ္မုန္းက အမ်ိဳးသမီးေတြ ကေလးေမြးတဲ့အခ်ိန္နဲ႔ ကေလးႏို႔တိုက္တဲ့ အခ်ိန္ေတြမွာလည္း အဆင္ေျပေအာင္ အကူအညီေပးပါတယ္။ အဲဒါေၾကာင့္ အဲဒီ ေဟာ္မုန္းထြက္ရွိတဲ့ ပမာဏျမင့္ေလေလ ေပ်ာ္ရႊင္မႈကိုပိုခံစားရေလျဖစ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားေတြအေနနဲ႔ ကိုယ့္ခ်စ္သူ၊ ဇနီးသည္ကိုေပ်ာ္ေစခ်င္ရင္ တစ္ေန႔ကို ၈ ႀကိမ္ထက္မနည္းေပြ႕ဖက္ေပးပါလို႔ သုေတသန ပညာရွင္ေတြကအႀကံျပဳထားပါတယ္။

ေရာဂါခုခံအားစနစ္ပိုေကာင္းလာတယ္

တယုတယေပြ႕ဖက္ခံရတဲ့အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္မွာ ေရာဂါခုခံအားစနစ္ဟာ အဲဒီလိုေပြ႕ဖက္မခံ ရတဲ့အမ်ိဳးသမီးေတြထက္ပိုၿပီးေကာင္းမြန္ၾကတယ္လို႔ဆိုပါတယ္။ အလြယ္ကူဆံုးဥပမာေပးရရင္ ေအး တဲ့ရာသီေတြမွာ တုပ္ေကြးျဖစ္ရင္ သင့္အေနနဲ႔ ေဆးဆိုင္ကိုလမ္းေလွ်ာက္သြားမယ့္အစား ခ်စ္သူ၊ အိမ္ေထာင္ဖက္ရဲ႕ေပြ႕ဖက္ႏွစ္သိမ့္တာကိုခံယူျခင္းအားျဖင့္သက္သာေစႏိုင္ပါတယ္။ အရြယ္ေရာက္ၿပီးသား လူေပါင္း ၄၀၀ ေက်ာ္ရဲ႕ေလ့လာဆန္းစစ္မႈမွာ အခ်ိဳ႕ဟာတုပ္ေကြးျဖစ္ေနခ်ိန္မွာ တစ္စံုတစ္ေယာက္ ရဲ႕ေပြ႕ဖက္မႈကိုခံရတဲ့အခါ ျပင္ပဘက္တီးရီးယားပိုးမႊားေတြကို ပိုၿပီးခုခံကာကြယ္ႏိုင္တာကိုေတြ႕ ရတယ္လို႔ဆိုပါတယ္။ မ်ားမ်ားေပြ႕ဖက္ခံရေလ ဖ်ားနာမႈကိုေလွ်ာ့ခ်ႏိုင္ေလးပဲလို႔လည္းသိရပါတယ္။

ပူပန္ေသာကကင္းေဝးေစတယ္

အေမရိကန္ျပည္ေထာင္စု လူေပါင္း သန္း ၄၀ ခန္႔ဟာပူပန္ေသာကေတြခံစားေနရပါတယ္။ ေပြ႕ဖက္ျခင္း နဲ႔ ဒီလိုပူပင္ေသာကေတြ ကိုေလွ်ာ့ခ်ႏိုင္တယ္ဆိုတာမသိခင္ကအခ်ိန္အထိပဲဆိုပါေတာ့။ ဒါေပမဲ့ အမ်ိဳးသမီး ၁၆ ေယာက္ဟာ သူစိမ္းေယာက္်ားတစ္ေယာက္ရဲ႕လက္နဲ႔ သူတို႔ရဲ႕ပါတနာရဲ႕လက္ကို ကိုင္တဲ့အခါ လွ်ပ္စစ္ဓာတ္လိုက္သလို ကြဲျပားတဲ့ခံစားမႈေတြအေၾကာင္းဖြင့္ဟဝန္ခံခဲ့ၾကပါတယ္။ အိမ္ေထာင္ဖက္၊ ခင္ပြန္းသည္ရဲ႕လက္ကိုဆုပ္ကိုင္ထားတဲ့အခ်ိန္မွာ စိတ္ဖိစီးမႈေတြသက္သာသလိုခံစားရၿပီး ပူပင္ေသာကျဖစ္တာေတြလည္း ေလ်ာ့နည္းသြားတယ္လို႔ဆိုပါတယ္။ အဲဒီခံစားမႈမ်ိဳးကို သူစိမ္းေယာက္်ားတစ္ေယာက္ရဲ႕လက္ကိုဆုပ္ကိုင္ေနခ်ိန္မွာေတာ့ မခံစားရဘူးလို႔လည္းဆိုပါတယ္။

ေသြးဖိအားကိုေလ်ာ့က်ေစတယ္

တခ်ိဳ႕ေသြးဖိအားမ်ားတဲ့သူေတြကို ဆရာဝန္ေတြက အစားအေသာက္၊ ေလ့က်င့္ခန္းဒါမွမဟုတ္ တရားထိုင္ျခင္းတို႔နဲ႔ ထိန္းညိႇဖို႔အႀကံေပးေလ့ရွိၾကပါတယ္။ ေသြးတိုးျခင္း၊ ေသြးဖိအားမ်ားျခင္းကို အသည္းအသန္ကာကြယ္ဟန္႔တားမႈေတြျပဳလုပ္ေစပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေသြးတိုးျခင္း၊ ေသြးဖိအားမ်ားျခင္းဟာ ခႏၶာကိုယ္ အစိတ္အပိုင္း ေတြရဲ႕က်န္းမာသန္စြမ္းမႈကိုအႀကီး အက်ယ္ပ်က္ စီးေစလို႔ပဲျဖစ္ပါတယ္။ ဆိုလိုတာက ေသြးဖိအားမ်ားၿပီဆိုရင္ ႏွလံုးဆီကို ေအာက္ဆီဂ်င္နဲ႔ေသြးစီးဆင္းမႈ ကိုမွ်တေအာင္ ေသြးလႊတ္ေၾကာေတြက မပို႔ေပးႏိုင္ေတာ့ပါဘူး။ အဲဒီလိုအေျခအေနမွာ ႏွလံုးရဲ႕ လုပ္ေဆာင္မႈေတြရုတ္တရက္ရပ္တန္႔တာအျပင္ က်န္တဲ့ ဦးေႏွာက္၊ ေက်ာက္ကပ္စတဲ့ ကလီစာေတြကို လည္းပ်က္စီးေစမွာျဖစ္ပါတယ္။ ဒါေပမဲ့ ခ်စ္သူ၊ ခင္ပြန္းသည္ရဲ႕ တယုတယေပြ႕ဖက္မႈကိုခံရတဲ့ အမ်ိဳးသမီးေတြမွာေတာ့ဒီလို ေဝဒနာေတြကိုခံစားရဖို႔ ရာခိုင္ႏႈန္းအရမ္းနည္းၿပီး မ်ားမ်ားေပြ႕ဖက္ခံရေလ ေသြးဖိအားေလ်ာ့က်ေလျဖစ္ေစပါတယ္။

ကဲ ဒါဆိုရင္ေတာ့ ကိုကိုတို႔၊ ေမာင္ေမာင္တို႔ ကိုယ့္ရဲ႕မေဟသီေလးေတြကိုတကယ္ခ်စ္ျမတ္ႏိုးတယ္၊ ေပ်ာ္ေစခ်င္တယ္ဆိုရင္ တျခားတန္ဖိုးႀကီးလက္ေဆာင္ေတြေပးတာအျပင္ ေန႔စဥ္မပ်က္မကြက္ေပြ႕ ဖက္ၿပီးအားေပးႏွစ္သိမ့္ေပးဖို႔လည္းလိုပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ယောက်ျားလေးအများစုက သူတို့ရဲ့ကောင်မလေးတွေကိုပွေ့ဖက်ပြီး အားပေးနှစ်သိမ့်တာမျိုး တယုတယဖက်ထားပြီး တီတီတာတာစကားလေးတွေပြောရတာမျိုးကိုသိပ်ပြီးမလုပ်ချင်ကြပါဘူး။ လုပ်ဖို့လည်းဝါသနာမပါသလို အဲဒီလို ယုယကြင်နာပေးရကောင်းမှန်းလည်း မသိကြပါဘူး။

မိန်းကလေးတွေကတော့ ယောက်ျားလေးတွေနဲ့ဆန့်ကျင်ဖက်ပါပဲ။ ကိုယ်ချစ်တဲ့သူက တယုတယဖက် ထားပြီး အားပေးနှစ်သိမ့်တာမျိုးကိုဘယ်တော့မှလုံလောက်တယ်လို့မယူဆသလို သူတို့ချစ်သူနားမှာ လည်း ပွတ်သီးပွတ်သပ်နဲ့ချွဲချွဲနွဲ့နွ့ဲနေရတာကိုလည်းကြိုက်ကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတွေအဲဒီလို ပွေ့ဖက်ခံရတာကိုသဘောကျမယ်ဆိုလည်းကျစရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သိပ္ပံပညာရှင်တွေရဲ့လေ့လာစမ်းသပ်မှုအရ ပွေ့ဖက်ခြင်းဟာ အမျိုးသမီးတွေရဲ့ကျန်းမာရေး အတွက် များစွာအထောက်အကူပြုတယ်ဆိုတဲ့ ရလဒ်ကြောင့်ပဲဖြစ်ပါတယ်။

ကိုယ်ချစ်တဲ့ခင်တဲ့သူတွေရဲ့ ကြင်ကြင်နာနာပွေ့ဖက်ခံရတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေခံစားရလဲဆိုတာသိရအောင် မြန်မာ့ပလက်ဖောင်းပရိသတ်ကြီးအတွက် ဗဟုသုတအဖြစ်ဖော်ပြ ပေးလိုက်ပါတယ်။

ပျော်ရွှင်မှုကိုခံစားရတယ်

မိန်းကလေးတွေအနေနဲ့ ပွေ့ဖက်ခံရတဲ့အချိန်မှာ သူတို့ရဲ့ခန္ဓာကိုယ်မှာ Oxytocin အမည်ရှိ ဟော်မုန်း တစ်မျိုးထွက်ရှိပါတယ်။ အဲဒီဟော်မုန်းက အမျိုးသမီးတွေ ကလေးမွေးတဲ့အချိန်နဲ့ ကလေးနို့တိုက်တဲ့ အချိန်တွေမှာလည်း အဆင်ပြေအောင် အကူအညီပေးပါတယ်။ အဲဒါကြောင့် အဲဒီ ဟော်မုန်းထွက်ရှိတဲ့ ပမာဏမြင့်လေလေ ပျော်ရွှင်မှုကိုပိုခံစားရလေဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူ၊ ဇနီးသည်ကိုပျော်စေချင်ရင် တစ်နေ့ကို ၈ ကြိမ်ထက်မနည်းပွေ့ဖက်ပေးပါလို့ သုတေသန ပညာရှင်တွေကအကြံပြုထားပါတယ်။

ရောဂါခုခံအားစနစ်ပိုကောင်းလာတယ်

တယုတယပွေ့ဖက်ခံရတဲ့အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ရောဂါခုခံအားစနစ်ဟာ အဲဒီလိုပွေ့ဖက်မခံ ရတဲ့အမျိုးသမီးတွေထက်ပိုပြီးကောင်းမွန်ကြတယ်လို့ဆိုပါတယ်။ အလွယ်ကူဆုံးဥပမာပေးရရင် အေး တဲ့ရာသီတွေမှာ တုပ်ကွေးဖြစ်ရင် သင့်အနေနဲ့ ဆေးဆိုင်ကိုလမ်းလျှောက်သွားမယ့်အစား ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ပွေ့ဖက်နှစ်သိမ့်တာကိုခံယူခြင်းအားဖြင့်သက်သာစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူပေါင်း ၄၀၀ ကျော်ရဲ့လေ့လာဆန်းစစ်မှုမှာ အချို့ဟာတုပ်ကွေးဖြစ်နေချိန်မှာ တစ်စုံတစ်ယောက် ရဲ့ပွေ့ဖက်မှုကိုခံရတဲ့အခါ ပြင်ပဘက်တီးရီးယားပိုးမွှားတွေကို ပိုပြီးခုခံကာကွယ်နိုင်တာကိုတွေ့ ရတယ်လို့ဆိုပါတယ်။ များများပွေ့ဖက်ခံရလေ ဖျားနာမှုကိုလျှော့ချနိုင်လေးပဲလို့လည်းသိရပါတယ်။

ပူပန်သောကကင်းဝေးစေတယ်

အမေရိကန်ပြည်ထောင်စု လူပေါင်း သန်း ၄၀ ခန့်ဟာပူပန်သောကတွေခံစားနေရပါတယ်။ ပွေ့ဖက်ခြင်း နဲ့ ဒီလိုပူပင်သောကတွေ ကိုလျှော့ချနိုင်တယ်ဆိုတာမသိခင်ကအချိန်အထိပဲဆိုပါတော့။ ဒါပေမဲ့ အမျိုးသမီး ၁၆ ယောက်ဟာ သူစိမ်းယောက်ျားတစ်ယောက်ရဲ့လက်နဲ့ သူတို့ရဲ့ပါတနာရဲ့လက်ကို ကိုင်တဲ့အခါ လျှပ်စစ်ဓာတ်လိုက်သလို ကွဲပြားတဲ့ခံစားမှုတွေအကြောင်းဖွင့်ဟဝန်ခံခဲ့ကြပါတယ်။ အိမ်ထောင်ဖက်၊ ခင်ပွန်းသည်ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေသက်သာသလိုခံစားရပြီး ပူပင်သောကဖြစ်တာတွေလည်း လျော့နည်းသွားတယ်လို့ဆိုပါတယ်။ အဲဒီခံစားမှုမျိုးကို သူစိမ်းယောက်ျားတစ်ယောက်ရဲ့လက်ကိုဆုပ်ကိုင်နေချိန်မှာတော့ မခံစားရဘူးလို့လည်းဆိုပါတယ်။

သွေးဖိအားကိုလျော့ကျစေတယ်

တချို့သွေးဖိအားများတဲ့သူတွေကို ဆရာဝန်တွေက အစားအသောက်၊ လေ့ကျင့်ခန်းဒါမှမဟုတ် တရားထိုင်ခြင်းတို့နဲ့ ထိန်းညှိဖို့အကြံပေးလေ့ရှိကြပါတယ်။ သွေးတိုးခြင်း၊ သွေးဖိအားများခြင်းကို အသည်းအသန်ကာကွယ်ဟန့်တားမှုတွေပြုလုပ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးတိုးခြင်း၊ သွေးဖိအားများခြင်းဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တွေရဲ့ကျန်းမာသန်စွမ်းမှုကိုအကြီး အကျယ်ပျက် စီးစေလို့ပဲဖြစ်ပါတယ်။ ဆိုလိုတာက သွေးဖိအားများပြီဆိုရင် နှလုံးဆီကို အောက်ဆီဂျင်နဲ့သွေးစီးဆင်းမှု ကိုမျှတအောင် သွေးလွှတ်ကြောတွေက မပို့ပေးနိုင်တော့ပါဘူး။ အဲဒီလိုအခြေအနေမှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေရုတ်တရက်ရပ်တန့်တာအပြင် ကျန်တဲ့ ဦးနှောက်၊ ကျောက်ကပ်စတဲ့ ကလီစာတွေကို လည်းပျက်စီးစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်သူ၊ ခင်ပွန်းသည်ရဲ့ တယုတယပွေ့ဖက်မှုကိုခံရတဲ့ အမျိုးသမီးတွေမှာတော့ဒီလို ဝေဒနာတွေကိုခံစားရဖို့ ရာခိုင်နှုန်းအရမ်းနည်းပြီး များများပွေ့ဖက်ခံရလေ သွေးဖိအားလျော့ကျလေဖြစ်စေပါတယ်။

ကဲ ဒါဆိုရင်တော့ ကိုကိုတို့၊ မောင်မောင်တို့ ကိုယ့်ရဲ့မဟေသီလေးတွေကိုတကယ်ချစ်မြတ်နိုးတယ်၊ ပျော်စေချင်တယ်ဆိုရင် တခြားတန်ဖိုးကြီးလက်ဆောင်တွေပေးတာအပြင် နေ့စဉ်မပျက်မကွက်ပွေ့ ဖက်ပြီးအားပေးနှစ်သိမ့်ပေးဖို့လည်းလိုပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top