iMyanmarHouse.com - Best Property Website for Myanmar
×







- နေလောင်ခံခြင်း



# Unicode Version ဖြင့် ဖတ်ပါ #
ဝက်ခြံအမျိုးအစားပေါင်းများစွာရှိတဲ့အနက် ဆားဝက်ခြံတွေကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လူအများစုက ဒါကိုဝက်ခြံလို့မထင်ဘဲ အရေပြားအောက်က အညစ်အကြေးတွေလို့ထင်ပြီး မှားယွင်းတဲ့နည်းတွေနဲ့ ဒါတွေကိုရှင်းလင်းတတ်ကြပါတယ်။ ဒီနည်းတွေက ဆားဝက်ခြံတွေကို ပျောက်မသွားစေတဲ့အပြင် ပိုပြီးတောင်ဆိုးရွားလာစေနိုင်ပြီး အခြားအရေပြားရောဂါပိုးအမျိုးမျိုးအဖြစ် ထွက်ရှိလာစေပါတယ်။

 ဒါ့ကြောင့် ဆားဝက်ခြံတွေကိုရှင်းတဲ့နေရာမှာ အောက်ပါအချက်တွေ မလုပ်မိအောင် ဂရုစိုက်ကြဖို့ လိုပါတယ်။

- အရေပြားကို ပြင်းထန်စွာသန့်ရှင်းခြင်း၊ ပွတ်တိုက်ခြင်း

- ပူလွန်း၊ အေးလွန်းသောရေဖြင့် မျက်နှာသစ်ခြင်း

- Toner ၊ exfoliants ၊ အပြင်းစားဆပ်ပြာများ၊ ဂွမ်းစများဖြင့် မျက်နှာကို မလိုအပ်ဘဲ အလွန်အကျွံ ပွတ်တိုက်ခြင်း

- ဆားဝက်ခြံများကို ညှစ်ခြင်း၊ ပွတ်တိုက်ခြင်း၊ လက်ဖြင့် မကြာခဏကိုင်တွယ်ခြင်း

- နေလောင်ခံခြင်း

- မျက်နှာအရေပြားပေါ်ရှိအပေါက်များကို ပိတ်ဆို့စေသော အလှကုန်ပစ္စည်းများအသုံးပြုခြင်း

ဆားဝက်ခြံတွေရှင်းဖို့အကောင်းဆုံးနည်းကတော့ အပျော့စားဆပ်ပြာ၊ ဓာတုပစ္စည်းပါဝင်မှုနည်းသော လိမ်းဆေးများသုံးပြီး ညင်သာစွာဆေးကြောသန့်စင်ခြင်းပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (drmyanmar)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top