ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အိမ္ေထာင္က်ၿပီးတဲ့အခါ သားသမီးရတနာေလးေတြကို ေမွ်ာ္လင့္တတ္ၾကတာ သဘာဝပါ။ ကေလးေလးေတြေတာ့ ေမွ်ာ္လင့္မိပါရဲ႕။ ကိုယ္ဝန္ရွိရင္ ဘယ္လိုလကၡဏာေတြျပတယ္။ ဘာေတြလုပ္ရမယ္၊ဘယ္လိုေတြ ေနရမယ္ဆိုတာေတြ မသိေသးရင္ေတာ့ မဟုတ္ေသးဘူးေလ ေနာ္.. ဒါေၾကာင့္ ကိုယ္ဝန္ရွိလာၿပီဆို ဘယ္လို လကၡဏာေတြျပတယ္ဆိုတာကို အရင္ၾကည့္ၾကရေအာင္ေနာ္…

၁။ ရင္သားေတြ ဖူးေရာင္ၿပီး နာက်င္လာမယ္။

ကိုယ္ဝန္ရလာတဲ့ အေစာပိုင္းလကၡဏာ တစ္ခုမွာ ရင္သားေတြ နာက်င္လာၿပီး အရြယ္အစားက ပံုမွန္ထက္ႀကီးသေယာင္ျဖစ္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ကိုယ့္ရဲ႕ ရင္သားက ပံုမွန္ထက္ ေလးသေယာင္ ၊ ႀကီးသေယာင္ ျဖစ္ေနတတ္ပါတယ္။

၂။ ေမာပန္းႏြမ္းနယ္လာမယ္။
ေမာပန္းႏြမ္းနယ္ေနၿပီး ပင္ပန္းတာကလည္း ကိုယ္ဝန္ရတဲ့ လကၡဏာထဲမွာ ပါဝင္ပါတယ္။ ကိုယ္ဝန္ရခါစမွာ သားအိမ္မွာ သားဥတည္နိုင္ေအာင္ ကူညီေပးတဲ့ ေဟာ္မုန္း Progesterone က ခႏၶာကိုယ္ကို ေမာပန္းႏြမ္းနယ္ေစၿပီး တစ္ခါတေလဆို ကိုယ္အိပ္ေနက် အခ်ိန္မဟုတ္ဘဲ အိပ္ေပ်ာ္သြားတာေတြ ျဖစ္ေစပါတယ္။

၃။ ေသြးဆင္းတာနဲ႔ ဗိုက္ေအာင့္တာ
မိန္းမကိုယ္မွာ ေသြးဆင္းတာကလည္း ကိုယ္ဝန္ရတဲ့ လကၡဏာပါ။ ရာသီလာခ်ိန္ ေသြးဆင္းတာနဲ႔ ဘာကြာလဲဆိုေတာ့ ေသြးအေရာင္ေဖ်ာ့ေနတာ ၊ နည္းနည္းပဲဆင္းတာ ၊ ေစာေစာၿပီးသြားတာတို႔ ကြာပါတယ္။ တစ္ခါတေလ ဗိုက္ေအာင့္တတ္ပါတယ္။ အဲဒါကလည္း ရာသီလာေနစဥ္ ေအာင့္တာနဲ႔ေတာ့ အတူတူေလာက္ပါပဲ..

၄။ ပ်ိဳ႕အန္ခ်င္တာ
ျမန္မာကားေတြထဲကလိုပါပဲ။ ပ်ိဳ႕အန္ခ်င္တာကလည္း ကိုယ္ဝန္ရွိေနတဲ့ လကၡဏာထဲမွာ ပါဝင္ပါတယ္။ ကိုယ္ဝန္ရွိေနတဲ့ အမ်ိဳးသမီးေတြဟာ ပံုမွန္လူေတြထက္ အနံ႔အာရုံ ပိုစူးရွေနတတ္ပါတယ္။ ကိုယ္ဝန္၂ပတ္ေလာက္ဆိုရင္ ဒီလကၡဏာ ျပတတ္ပါတယ္။

၅။ ခ်ဥ္ျခင္းတပ္တာ
ေယာင္းတို့လည္း ၾကားဖူးမွာပါ။ ကိုယ္ဝန္ရွိေနတဲ့ အမ်ိိဳးသမီးေတြက စားစရာတစ္ခုခု (အခ်ိဳ၊ အခ်ဥ္၊ အသီး တစ္ခုခု ) ကို မစားရရင္ မေနနိုင္ေလာက္ေအာင္ ေတာင့္တေနတတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလကၡဏာကေတာ့ ဟို ေရွးဘိုးဘြားလက္ထက္ထဲက ေတာ္ေတာ္မ်ားမ်ား သိထားၿပီးတဲ့ လကၡဏာပါ။

၆။ ေခါင္းကိုက္တာ ၊ မူးေမ့တာ
ကိုယ္ဝန္ရခ်ိန္ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ေသြးလည္အားျပင္းလာမႈက ေခါင္းကိုက္တာကို ျဖစ္ေစပါတယ္။တစ္ခါတေလမွာ ေသြးေပါင္က်တာေတြလည္း ျဖစ္တတ္တာမို႔ မူးတာ ၊ ေမ့လဲတာေတြလည္း ျဖစ္တတ္ပါတယ္။

၇။စိတ္မၾကည္တာ
ကိုယ္ဝန္ရခါစမွာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ စိတ္မၾကည္မလင္ ျဖစ္ေနတတ္ပါတယ္။ စိတ္တိုလိုက္ ၊ ဝမ္းနည္းလိုက္ ၊ စိတ္မရွည္ျဖစ္လိုက္နဲ႔ အမ်ိဳးမ်ိဳးျဖစ္ေနတတ္ပါတယ္။

ဒီလကၡဏာေတြကေတာ့ ကိုယ္ဝန္ရခါစမွာ ျဖစ္တတ္တဲ့ လကၡဏာအမ်ားစုပါ။ ဒါေပမဲ့လည္း တစ္ခ်ိဳ႕ကေတာ့ ဒီလကၡဏာေတြ တစ္ခုမွမျဖစ္ဘဲ ကိုယ္ဝန္ရေနတတ္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အေကာင္းဆံုးကေတာ့ ကိုယ့္ကိုယ္ကိုယ္ မသကၤာျဖစ္လာၿပီဆိုရင္ ကိုယ္ဝန္စစ္ကိရိယာနဲ႔ စစ္တာ ဒါမွမဟုတ္ ဆရာဝန္နဲ႔ ျပၾကည့္တာပါပဲ.. ကိုယ္ဝန္စစ္တဲ့ ကိရိယာေလးေတြကိုလည္း City Mart က City Care တို႔လို ေဆးဆိုင္မ်ိဳးေတြမွာ အလြယ္တကူ ရရွိႏုိင္ပါတယ္ေနာ္..

ကဲ.. က်န္းမာေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစ ေယာင္းတို႔ေရ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana( For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်ထောင်ကျပြီးတဲ့အခါ သားသမီးရတနာလေးတွေကို မျှော်လင့်တတ်ကြတာ သဘာဝပါ။ ကလေးလေးတွေတော့ မျှော်လင့်မိပါရဲ့။ ကိုယ်ဝန်ရှိရင် ဘယ်လိုလက္ခဏာတွေပြတယ်။ ဘာတွေလုပ်ရမယ်၊ဘယ်လိုတွေ နေရမယ်ဆိုတာတွေ မသိသေးရင်တော့ မဟုတ်သေးဘူးလေ နော်.. ဒါကြောင့် ကိုယ်ဝန်ရှိလာပြီဆို ဘယ်လို လက္ခဏာတွေပြတယ်ဆိုတာကို အရင်ကြည့်ကြရအောင်နော်…

၁။ ရင်သားတွေ ဖူးရောင်ပြီး နာကျင်လာမယ်။

ကိုယ်ဝန်ရလာတဲ့ အစောပိုင်းလက္ခဏာ တစ်ခုမှာ ရင်သားတွေ နာကျင်လာပြီး အရွယ်အစားက ပုံမှန်ထက်ကြီးသယောင်ဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ ရင်သားက ပုံမှန်ထက် လေးသယောင် ၊ ကြီးသယောင် ဖြစ်နေတတ်ပါတယ်။

၂။ မောပန်းနွမ်းနယ်လာမယ်။
မောပန်းနွမ်းနယ်နေပြီး ပင်ပန်းတာကလည်း ကိုယ်ဝန်ရတဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကိုယ်ဝန်ရခါစမှာ သားအိမ်မှာ သားဥတည်နိုင်အောင် ကူညီပေးတဲ့ ဟော်မုန်း Progesterone က ခန္ဓာကိုယ်ကို မောပန်းနွမ်းနယ်စေပြီး တစ်ခါတလေဆို ကိုယ်အိပ်နေကျ အချိန်မဟုတ်ဘဲ အိပ်ပျော်သွားတာတွေ ဖြစ်စေပါတယ်။

၃။ သွေးဆင်းတာနဲ့ ဗိုက်အောင့်တာ
မိန်းမကိုယ်မှာ သွေးဆင်းတာကလည်း ကိုယ်ဝန်ရတဲ့ လက္ခဏာပါ။ ရာသီလာချိန် သွေးဆင်းတာနဲ့ ဘာကွာလဲဆိုတော့ သွေးအရောင်ဖျော့နေတာ ၊ နည်းနည်းပဲဆင်းတာ ၊ စောစောပြီးသွားတာတို့ ကွာပါတယ်။ တစ်ခါတလေ ဗိုက်အောင့်တတ်ပါတယ်။ အဲဒါကလည်း ရာသီလာနေစဉ် အောင့်တာနဲ့တော့ အတူတူလောက်ပါပဲ..

၄။ ပျို့အန်ချင်တာ
မြန်မာကားတွေထဲကလိုပါပဲ။ ပျို့အန်ချင်တာကလည်း ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေဟာ ပုံမှန်လူတွေထက် အနံ့အာရုံ ပိုစူးရှနေတတ်ပါတယ်။ ကိုယ်ဝန်၂ပတ်လောက်ဆိုရင် ဒီလက္ခဏာ ပြတတ်ပါတယ်။

၅။ ချဉ်ခြင်းတပ်တာ
ယောင်းတို့လည်း ကြားဖူးမှာပါ။ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေက စားစရာတစ်ခုခု (အချို၊ အချဉ်၊ အသီး တစ်ခုခု ) ကို မစားရရင် မနေနိုင်လောက်အောင် တောင့်တနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာကတော့ ဟို ရှေးဘိုးဘွားလက်ထက်ထဲက တော်တော်များများ သိထားပြီးတဲ့ လက္ခဏာပါ။

၆။ ခေါင်းကိုက်တာ ၊ မူးမေ့တာ
ကိုယ်ဝန်ရချိန် ဟော်မုန်းအပြောင်းအလဲကြောင့် သွေးလည်အားပြင်းလာမှုက ခေါင်းကိုက်တာကို ဖြစ်စေပါတယ်။တစ်ခါတလေမှာ သွေးပေါင်ကျတာတွေလည်း ဖြစ်တတ်တာမို့ မူးတာ ၊ မေ့လဲတာတွေလည်း ဖြစ်တတ်ပါတယ်။

၇။စိတ်မကြည်တာ
ကိုယ်ဝန်ရခါစမှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်မကြည်မလင် ဖြစ်နေတတ်ပါတယ်။ စိတ်တိုလိုက် ၊ ဝမ်းနည်းလိုက် ၊ စိတ်မရှည်ဖြစ်လိုက်နဲ့ အမျိုးမျိုးဖြစ်နေတတ်ပါတယ်။

ဒီလက္ခဏာတွေကတော့ ကိုယ်ဝန်ရခါစမှာ ဖြစ်တတ်တဲ့ လက္ခဏာအများစုပါ။ ဒါပေမဲ့လည်း တစ်ချို့ကတော့ ဒီလက္ခဏာတွေ တစ်ခုမှမဖြစ်ဘဲ ကိုယ်ဝန်ရနေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် မသင်္ကာဖြစ်လာပြီဆိုရင် ကိုယ်ဝန်စစ်ကိရိယာနဲ့ စစ်တာ ဒါမှမဟုတ် ဆရာဝန်နဲ့ ပြကြည့်တာပါပဲ.. ကိုယ်ဝန်စစ်တဲ့ ကိရိယာလေးတွေကိုလည်း City Mart က City Care တို့လို ဆေးဆိုင်မျိုးတွေမှာ အလွယ်တကူ ရရှိနိုင်ပါတယ်နော်..

ကဲ.. ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ယောင်းတို့ရေ…

ဖိုးသူတော် (www.phothutaw.com)
Credit: Hana( For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top