×

ကိုယ့္အသိေတြထဲမွာ ႀကိတ္ၿပီးအားက်ရတဲ့ စံုတြဲေတြရွိလား။ အရမ္းခ်စ္ သစၥာရွိတယ္လို႔ ထင္ၿပီး ကိုယ့္ဘက္က ႀကိတ္အားက်ခဲ့ရတဲ့အတြဲေတြ ျပတ္သြားတုိင္း အံ့ၾသရတယ္။ ဘာေၾကာင့္မ်ား ႏွစ္အၾကာႀကီးတြဲၿပီးမွ လမ္းခြဲၾကရတာလဲ။
၁။ ရင္းႏွီးမႈမ႐ွိဘူး
စိတ္ခ်င္းေရာ လူခ်င္းပါ ရင္းႏွီးဖုိ႔ လိုပါတယ္။ အေနေဝးသြားတဲ့အခါ တစ္ေယာက္အေပၚတစ္ေယာက္ အရင္လို မေႏြးေထြးႏိုင္ေတာ့ဘူး။ အဲ့ဒီအခါ ေႏြးေထြးမႈနဲ႔ ရင္းႏွီးမႈ လိုအပ္လာရင္ နီးစပ္သူေတြေနာက္ကို ပါသြားတတ္တယ္။
၂။ ပိုက္ဆံကိစၥ

ပိုက္ဆံကို ဒုတိယဘုရားသခင္လို႔ေတာင္ ေခၚၾကတယ္မဟုတ္လား။ ေငြေရးေၾကးေရးပိုင္း ျပႆနာျဖစ္လာၿပီဆုိ ႏွစ္ေပါင္းမ်ားစြာ ခ်စ္လာတဲ့လူနဲ႔လည္း ရန္သူေတြျဖစ္သြားတာပဲ။
၃။ ငဲ့စရာရွိလို႔တြဲရတာမ်ိဳး

ႏွစ္ေယာက္ၾကားမွာ အျပန္အလွန္ ငဲ့စရာေတြ ေက်းဇူးေတြ ရွိေနလုိ႔ တြဲရတာမ်ိဳးက တကယ္မခ်စ္ဘူးဆုိရင္ အလကားပဲ။ ၅ နွစ္ မကလို႔ ၁၀ ႏွစ္ေလာက္ပဲတြဲတြဲ စိတ္ထဲကမွ တကယ္မခ်စ္တာေလ။ အဲ့ဒီ ငဲ့ညႇာစရာေတြေၾကာင့္ စိတ္ပင္ပန္းလာတဲ့အခါ အခ်စ္ကလည္း အျပစ္ေတြျဖစ္လာရတယ္။
၄။ စိတ္ထိခိုက္စရာျဖစ္ရပ္မ်ိဳး

ႀကိဳတင္တြက္ဆထားတာမ်ိဳးမဟုတ္ဘူး။ ရုတ္တရက္ ေပၚေပါက္လာတဲ့ ဒုကၡဆင္းရဲေတြကလည္း ခ်စ္သူေတြကို ခြဲခြာဖုိ႔ ျဖစ္လာေစတယ္။
၅။ မတူညီမႈေတြကို လက္မခံႏိုင္တဲ့အခါ

ခ်စ္သူေတြဆုိတာ စိတ္တူကိုယ္တူ ျဖစ္မွ ခ်စ္ရတာေတာ့ မဟုတ္ဘူးေလ။ ဒါေပမဲ့ ကိုယ့္ရဲ႕ ျပဳျပင္လုိ႔မရတဲ့ အရာေတြကို သူ႔အေနနဲ႔ လက္ခံေပးဖုိ႔ေကာင္းတယ္။ အဲ့တာကို လက္မခံေပးႏိုင္ဘဲနဲ႔ နားလည္ေပးသလိုမ်ိဳး သည္းခံလာရင္းက အခ်ိန္ၾကာလာလို႔ သည္းမခံႏုိင္တဲ့အခါ ျပတ္ၾကေရာမဟုတ္လား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
ကိုယ့်အသိတွေထဲမှာ ကြိတ်ပြီးအားကျရတဲ့ စုံတွဲတွေရှိလား။ အရမ်းချစ် သစ္စာရှိတယ်လို့ ထင်ပြီး ကိုယ့်ဘက်က ကြိတ်အားကျခဲ့ရတဲ့အတွဲတွေ ပြတ်သွားတိုင်း အံ့သြရတယ်။ ဘာကြောင့်များ နှစ်အကြာကြီးတွဲပြီးမှ လမ်းခွဲကြရတာလဲ။
၁။ ရင်းနှီးမှုမရှိဘူး
စိတ်ချင်းရော လူချင်းပါ ရင်းနှီးဖို့ လိုပါတယ်။ အနေဝေးသွားတဲ့အခါ တစ်ယောက်အပေါ်တစ်ယောက် အရင်လို မနွေးထွေးနိုင်တော့ဘူး။ အဲ့ဒီအခါ နွေးထွေးမှုနဲ့ ရင်းနှီးမှု လိုအပ်လာရင် နီးစပ်သူတွေနောက်ကို ပါသွားတတ်တယ်။
၂။ ပိုက်ဆံကိစ္စ

ပိုက်ဆံကို ဒုတိယဘုရားသခင်လို့တောင် ခေါ်ကြတယ်မဟုတ်လား။ ငွေရေးကြေးရေးပိုင်း ပြဿနာဖြစ်လာပြီဆို နှစ်ပေါင်းများစွာ ချစ်လာတဲ့လူနဲ့လည်း ရန်သူတွေဖြစ်သွားတာပဲ။
၃။ ငဲ့စရာရှိလို့တွဲရတာမျိုး

နှစ်ယောက်ကြားမှာ အပြန်အလှန် ငဲ့စရာတွေ ကျေးဇူးတွေ ရှိနေလို့ တွဲရတာမျိုးက တကယ်မချစ်ဘူးဆိုရင် အလကားပဲ။ ၅ နှစ် မကလို့ ၁၀ နှစ်လောက်ပဲတွဲတွဲ စိတ်ထဲကမှ တကယ်မချစ်တာလေ။ အဲ့ဒီ ငဲ့ညှာစရာတွေကြောင့် စိတ်ပင်ပန်းလာတဲ့အခါ အချစ်ကလည်း အပြစ်တွေဖြစ်လာရတယ်။
၄။ စိတ်ထိခိုက်စရာဖြစ်ရပ်မျိုး

ကြိုတင်တွက်ဆထားတာမျိုးမဟုတ်ဘူး။ ရုတ်တရက် ပေါ်ပေါက်လာတဲ့ ဒုက္ခဆင်းရဲတွေကလည်း ချစ်သူတွေကို ခွဲခွာဖို့ ဖြစ်လာစေတယ်။
၅။ မတူညီမှုတွေကို လက်မခံနိုင်တဲ့အခါ

ချစ်သူတွေဆိုတာ စိတ်တူကိုယ်တူ ဖြစ်မှ ချစ်ရတာတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကိုယ့်ရဲ့ ပြုပြင်လို့မရတဲ့ အရာတွေကို သူ့အနေနဲ့ လက်ခံပေးဖို့ကောင်းတယ်။ အဲ့တာကို လက်မခံပေးနိုင်ဘဲနဲ့ နားလည်ပေးသလိုမျိုး သည်းခံလာရင်းက အချိန်ကြာလာလို့ သည်းမခံနိုင်တဲ့အခါ ပြတ်ကြရောမဟုတ်လား။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top