ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဒိန္ခ်ဥ္က ကယ္လ္ဆီယမ္ဓာတ္အျပည့္အ၀ပါလို႕ အရိုးေတြကို သန္မာေစပါတယ္။ အသားအေရကို စိုျပည္လွပေစျပီးေတာ့ အာဟာရဓာတ္ေတြအမ်ားၾကီးပါလုိ႕လည္း ခြန္အားကို ျပည့္စံုေစတဲ့အျပင္ ၀မ္းမွန္ေစပါတယ္။ ကိုယ္၀န္ေဆာင္သည္ေတြ ၀မ္းခ်ဳပ္တဲ့အခါမ်ိဳးမွာ ဒိန္ခ်ဥ္ကို ေန႕စဥ္ပံုမွန္ေသာက္သံုးေပးရင္ ၀မ္းခ်ဳပ္ျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။ ကေလးေတြ ေသာက္သံုးရင္ ဥာဏ္ရည္ကို ဖြံ႕ျဖိဳးေစတဲ့အျပင္ ခႏၶာကိုယ္ၾကီးထြားမႈကိုလည္း အေထာက္အပံ့ေပးတာေၾကာင့္ က်န္းမာေရးနဲ႕ သင့္ေတာ္တဲ့ အစားအစာတစ္ခုလည္း ျဖစ္ပါတယ္။

ဒိန္ခ်ဥ္ကို သၾကားနဲ႕ေရာျပီး စားသံုးၾကသလို၊ ထန္းလ်က္ရည္နဲ႔ ေရာျပီးေတာ့လည္း စားသံုးၾကပါတယ္။ ခ်ဥ္စူးစူးအရသာေလးမွာ အခ်ိဳဓာတ္ေလးနည္းနည္းျဖည့္ေပးလိုက္ေတာ့ ခ်ိဳခ်ဥ္အရသာေလးကို ခံစားရတာေပါ့။ ဒီေန႔မွာေတာ့ ဒိန္ခ်ဥ္ကို သစ္သီးေလးေတြနဲ႕ ေရာယွက္ျပိး စားသံုးလို႕ရေအာင္ သစ္သီးစံုဒိန္ခ်ဥ္ ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။
ပါ၀င္ပစၥည္းမ်ား

ဒိန္ခ်ဥ္ (၁) ကီလို၊ လိေမၼာ္ရည္ စားပြဲတင္ဇြန္း (၂) ဇြန္း၊ သံပုရာအခြံ လက္ဖက္ရည္ဇြန္း (၂)ဇြန္း၊ သၾကား (၁/၄) ဇြန္း၊ တရုတ္ဇီးသီး (သို႔) မက္မြန္သီး ေဖ်ာ္ရည္ (၁၀) ဘူး (ဘူးေသး)၊ ဘလူးဘယ္ရီသီး (၁) ခြက္၊ ကီ၀ီသီး အနည္းငယ္၊ သီဟိုေစ့ အနည္းငယ္တို႔ကို လိုအပ္ပါတယ္။
ျပဳလုပ္နည္း

Baking Paper (ေပါင္းခံစကၠဴ) ကို အနက္ ၇ စင္တီမီတာ၊ အလ်ားအနံ ၉ စင္တီမီတာနဲ႕ ၂၅ စင္တီမီတာရွိေသာ သံျဖဴခြက္ေပၚသို႔  ျဖန္႕ခင္းပါ။ ပန္းကန္လံုးအၾကီးထဲကို ဒိန္ခ်ဥ္၊ လိေမၼာ္ရည္၊ သံပုရာအခြံ နဲ႕ သၾကားတို႕ကို ေလာင္းထည့္ပါ။ တရုတ္ဇီးသီး (သို႕) မက္မြန္သီးေဖ်ာ္ရည္၊ ဘလူးဘယ္ရီ နဲ႕ ကီ၀ီသီးတို႕ကိုလည္း ေရာျပီး အျခားပန္းကန္(သို႕) ဘူးတစ္ခုအတြင္းသို႕ ျဖည္းညင္းစြာေလာင္းခ်ေပးျပီး မိနစ္ (၂၀) ခန္႕ အေအးခံေပးပါ။

အေအးခံျပီးရင္ေတာ့ ဘူးကို ျပန္လည္ထုတ္ယူျပီး ၾကိဳတင္ျပဳလုပ္ထားတဲ့ ဒိန္ခ်ဥ္နဲ႕သစ္သီးရည္ေတြကို သမသြားေအာင္ ျဖည္းညင္းစြာ ေမႊေပးရပါမယ္။ ျပီးရင္ေတာ့ လင္ပန္းတစ္ခုအတြင္းကို ဒိန္ခ်ဥ္သစ္သီးရည္၊ ဘလူးဘယ္ရီနဲ႕အသီးေတြျပဳလုပ္ထားတာေတြကို ေရာထည့္လို႕ရပါျပီ။ ျပီးရင္ေတာ့ မိမိၾကိဳက္ႏွစ္သက္သေလာက္ အေအးခံျပီးေတာ့ အရသာနဲ႕ျပည့္စံုတဲ့ သစ္သီးစံုဒိန္ခ်ဥ္ကို သံုးေဆာင္လို႕ရပါျပီ။

Source : healthyfood

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ဒိန်ချဉ်က ကယ်လ်ဆီယမ်ဓာတ်အပြည့်အဝပါလို့ အရိုးတွေကို သန်မာစေပါတယ်။ အသားအရေကို စိုပြည်လှပစေပြီးတော့ အာဟာရဓာတ်တွေအများကြီးပါလို့လည်း ခွန်အားကို ပြည့်စုံစေတဲ့အပြင် ဝမ်းမှန်စေပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ ဝမ်းချုပ်တဲ့အခါမျိုးမှာ ဒိန်ချဉ်ကို နေ့စဉ်ပုံမှန်သောက်သုံးပေးရင် ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ကလေးတွေ သောက်သုံးရင် ဉာဏ်ရည်ကို ဖွံ့ဖြိုးစေတဲ့အပြင် ခန္ဓာကိုယ်ကြီးထွားမှုကိုလည်း အထောက်အပံ့ပေးတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။

ဒိန်ချဉ်ကို သကြားနဲ့ရောပြီး စားသုံးကြသလို၊ ထန်းလျက်ရည်နဲ့ ရောပြီးတော့လည်း စားသုံးကြပါတယ်။ ချဉ်စူးစူးအရသာလေးမှာ အချိုဓာတ်လေးနည်းနည်းဖြည့်ပေးလိုက်တော့ ချိုချဉ်အရသာလေးကို ခံစားရတာပေါ့။ ဒီနေ့မှာတော့ ဒိန်ချဉ်ကို သစ်သီးလေးတွေနဲ့ ရောယှက်ပြိး စားသုံးလို့ရအောင် သစ်သီးစုံဒိန်ချဉ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ

ဒိန်ချဉ် (၁) ကီလို၊ လိမ္မော်ရည် စားပွဲတင်ဇွန်း (၂) ဇွန်း၊ သံပုရာအခွံ လက်ဖက်ရည်ဇွန်း (၂)ဇွန်း၊ သကြား (၁/၄) ဇွန်း၊ တရုတ်ဇီးသီး (သို့) မက်မွန်သီး ဖျော်ရည် (၁၀) ဘူး (ဘူးသေး)၊ ဘလူးဘယ်ရီသီး (၁) ခွက်၊ ကီဝီသီး အနည်းငယ်၊ သီဟိုစေ့ အနည်းငယ်တို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း

Baking Paper (ပေါင်းခံစက္ကူ) ကို အနက် ၇ စင်တီမီတာ၊ အလျားအနံ ၉ စင်တီမီတာနဲ့ ၂၅ စင်တီမီတာရှိသော သံဖြူခွက်ပေါ်သို့  ဖြန့်ခင်းပါ။ ပန်းကန်လုံးအကြီးထဲကို ဒိန်ချဉ်၊ လိမ္မော်ရည်၊ သံပုရာအခွံ နဲ့ သကြားတို့ကို လောင်းထည့်ပါ။ တရုတ်ဇီးသီး (သို့) မက်မွန်သီးဖျော်ရည်၊ ဘလူးဘယ်ရီ နဲ့ ကီဝီသီးတို့ကိုလည်း ရောပြီး အခြားပန်းကန်(သို့) ဘူးတစ်ခုအတွင်းသို့ ဖြည်းညင်းစွာလောင်းချပေးပြီး မိနစ် (၂၀) ခန့် အအေးခံပေးပါ။

အအေးခံပြီးရင်တော့ ဘူးကို ပြန်လည်ထုတ်ယူပြီး ကြိုတင်ပြုလုပ်ထားတဲ့ ဒိန်ချဉ်နဲ့သစ်သီးရည်တွေကို သမသွားအောင် ဖြည်းညင်းစွာ မွှေပေးရပါမယ်။ ပြီးရင်တော့ လင်ပန်းတစ်ခုအတွင်းကို ဒိန်ချဉ်သစ်သီးရည်၊ ဘလူးဘယ်ရီနဲ့အသီးတွေပြုလုပ်ထားတာတွေကို ရောထည့်လို့ရပါပြီ။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်သလောက် အအေးခံပြီးတော့ အရသာနဲ့ပြည့်စုံတဲ့ သစ်သီးစုံဒိန်ချဉ်ကို သုံးဆောင်လို့ရပါပြီ။

Source : healthyfood

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top