စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ဧရာ၀တီတိုင္း ပုသိမ္ျမိဳ႕ရွိ တည္းခိုခန္းမ်ားကို ျမိဳ႕နယ္ေထြအုပ္၊ စည္ပင္၊ ဟိုတယ္နွင့္ခရီးႏွင့္ ရဲတပ္ဖြဲ႔မ်ား ပူးေပါင္း၍ ေဖေဖာ္ဝါရီ ၁၄ ရက္ ခ်စ္သူမ်ားေန႕တြင္ ၀င္ေရာက္စစ္ေဆးေၾကာင္း သတင္းရသည္။

“လက္ရွိဖြင့္ထားတဲ့တည္းခိုခန္းေတြဟာ တရားဝင္ လိုင္စင္ရွိလား၊ မရွိလား စည္းကမ္းနဲ႔ညီလား၊ မညီလား တခ်က္၊ ဒုတိယကေတာ့ ခ်စ္သူမ်ားေန႔ျဖစ္တဲ့အတြက္ လာတည္းတဲ့လူေတြ အသက္ျပည့္လား၊ မိန္းကေလးဆိုအသက္ျပည့္လား၊ သူတို႔လာေရာက္တဲ႕အေၾကာင္းအရင္းက ကိုယ္ေရးကိုယ္တာျဖစ္တဲ့အတြက္ အေရးယူစရာ မရွိပါဘူး။

(၁၆)ႏွစ္ေအာက္ဆိုရင္ေတာ့ ျပစ္မႈေၾကာင္းအရ အေရးယူလို႕ရတယ္။ တည္းခိုခန္းေတြကို မွတ္ပံုတင္ပါမွ အသက္ျပည့္မွ လက္ခံဖို႔အသိပညာေပး၊ လိုက္လံစစ္ေဆးေမးျမန္းျခင္းျဖစ္ပါတယ္။ စံုတြဲေတြကိုေတာ့ ဥပေဒအရ အေရးယူဖို႕မရွိပါဘူး”ဟု ပူးေပါင္းအဖြဲ႕မွ ပုသိမ္ျမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ထြန္းျမင့္နိင္က ေျပာသည္။

ပုသိမ္ျမိဳ႕တြင္ တည္းခိုခန္းေပါင္း ၄၀ ခန္႔ရွိျပီး ပူးေပါင္းအဖြဲ႕သည္ မနက္ပိုင္းတြင္ ကင္မလင္းကြ်န္း-တဲၾကီးကုန္း ပုသိမ္တဘက္ကမ္း သေဘာၤက်ဥ္းဘက္ရွိ တည္းခိုခန္းမ်ားကို စစ္ေဆးခဲ့ျပီး ညေနပိုင္းတြင္ ပုသိမ္ျမိဳ႕တြင္းရွိ တည္းခိုခန္းမ်ားကို စစ္ေဆးမည္ဟုသိရွိရသည္။

ယခုစစ္ေဆးမႈမွာ မလိုလားအပ္ေသာျပစ္မူမ်ားမျဖစ္ေအာင္ အသိပညာေပးျခင္းျဖစ္ေၾကာင္း၊ တည္းခိုခန္းမ်ားအေနနွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ လုပ္ကိုင္ေဆာင္ရြက္ၾကေစရန္ လိုက္လံစစ္ေဆးျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ေအာင္ေအာင္(ပုသိမ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: NewsWatchJournal
# Unicode Version ျဖင့္ ဖတ္ပါ #
ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ တည်းခိုခန်းများကို မြို့နယ်ထွေအုပ်၊ စည်ပင်၊ ဟိုတယ်နှင့်ခရီးနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့တွင် ဝင်ရောက်စစ်ဆေးကြောင်း သတင်းရသည်။

“လက်ရှိဖွင့်ထားတဲ့တည်းခိုခန်းတွေဟာ တရားဝင် လိုင်စင်ရှိလား၊ မရှိလား စည်းကမ်းနဲ့ညီလား၊ မညီလား တချက်၊ ဒုတိယကတော့ ချစ်သူများနေ့ဖြစ်တဲ့အတွက် လာတည်းတဲ့လူတွေ အသက်ပြည့်လား၊ မိန်းကလေးဆိုအသက်ပြည့်လား၊ သူတို့လာရောက်တဲ့အကြောင်းအရင်းက ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက် အရေးယူစရာ မရှိပါဘူး။

(၁၆)နှစ်အောက်ဆိုရင်တော့ ပြစ်မှုကြောင်းအရ အရေးယူလို့ရတယ်။ တည်းခိုခန်းတွေကို မှတ်ပုံတင်ပါမှ အသက်ပြည့်မှ လက်ခံဖို့အသိပညာပေး၊ လိုက်လံစစ်ဆေးမေးမြန်းခြင်းဖြစ်ပါတယ်။ စုံတွဲတွေကိုတော့ ဥပဒေအရ အရေးယူဖို့မရှိပါဘူး”ဟု ပူးပေါင်းအဖွဲ့မှ ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထွန်းမြင့်နိင်က ပြောသည်။

ပုသိမ်မြို့တွင် တည်းခိုခန်းပေါင်း ၄၀ ခန့်ရှိပြီး ပူးပေါင်းအဖွဲ့သည် မနက်ပိုင်းတွင် ကင်မလင်းကျွန်း-တဲကြီးကုန်း ပုသိမ်တဘက်ကမ်း သဘောၤကျဉ်းဘက်ရှိ တည်းခိုခန်းများကို စစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ပုသိမ်မြို့တွင်းရှိ တည်းခိုခန်းများကို စစ်ဆေးမည်ဟုသိရှိရသည်။

ယခုစစ်ဆေးမှုမှာ မလိုလားအပ်သောပြစ်မူများမဖြစ်အောင် အသိပညာပေးခြင်းဖြစ်ကြောင်း၊ တည်းခိုခန်းများအနေနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြစေရန် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်အောင်(ပုသိမ်)

ဖိုးသူတော် (www.phothutaw.com)
Credit: NewsWatchJournal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top